ကန်ထရိုက်တ်ိုက် ဆောက်လုပ်မှုကြောင့် ချို့ယွင်းပျက်စီးခြင်းအတွက် လျော်ကြေး

ကန်ထရိုက်တ်ိုက် ဆောက်လုပ်မှုကြောင့် ချို့ယွင်းပျက်စီးခြင်းအတွက် လျော်ကြေး - Property Knowledge in Myanmar from iMyanmarHouse.com
8 Dec 2020 12:20 pm တွင် တင်ခဲ့သည်
1158 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ကန်ထရိုက်တိုက်ဆောက်လုပ်တဲ့အခါ လုပ်ငန်းခွင်မတော်တဆကြောင့်၊ ပေါ့ဆမှုကြောင့် ဘေးမြေကွက်ရှိ အဆောက်အဦချို့ယွင်းပျက်စီးခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ ထိုအခါ မည်သို့ဆောင်ရွက်ရမည်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၄ ဖြင့် ထုတ်ပြန်ခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဆိုင်ရာနည်းဥပဒေများ ၁၂၊၁၃၊၁၁ တို့တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။

နည်းဥပဒေ-၁၂ ကော်မတီခွင့်ပြုချက်ဖြင့် အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်ရာတွင် ယင်းလုပ်ငန်းကြောင့် ပတ်ဝန်းကျင်အဆောက်အအုံ တစ်ခုခု (သို့မဟုတ်) ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုခု၊ ပျက်စီးချို့ယွင်းမှု ပေါ်ပေါက်ပါက နစ်နာသူသည် ကော်မတီသို့ ကန့်ကွက်လွှာတင်နိုင်သည်။

နည်းဥပဒေ-၁၃ ကော်မတီသည် နည်းဥပဒေ-၁၂ အရ နစ်နာသူတင်ပြပေးသော ကန့်ကွက်လွှာနှင့် စပ်လျဉ်း၍ အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး အမှန်တကယ်နစ်နာကြောင်း တွေ့ရှိရပါက အဆောက်အအုံဆောင်လုပ်ခြင်းလုပ်ငန်း လုပ်ပိုင်ခွင့်ရသူနှင့် ညှိနှိုင်း၍ ပျက်စီးမှုတန်ဖိုးနှင့်လျော်ညီသည့် လျော်ကြေးကို သတ်မှတ်ပေးရမည်။

နည်းဥပဒေ-၁၄ နည်းဥပဒေ-၁၃ အရ ကော်မတီသည် ညှိနှိုင်းသတ်မှတ်ထားသည့် နစ်နာကြေးကို ကာယကံရှင်များ လက်မခံလျှင်ဖြစ်စေ၊ ကော်မတီသည် ညှိနှိုင်းသတ်မှတ် ပေးနိုင်ခြင်းမရှိလျှင်ဖြစ်စေ နစ်နာသူသည် တည်ဆဲဥပဒေများနှင့်အညီ လျော်ကြေးရရှိရန် သက်ဆိုင်ရာ တရားရုံးသို့ လျှောက်ထားရန် ညွှန်ကြား နိုင်ပြီး ကော်မတီသည် ယင်းအဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းကို ဆက်လက်ဆောက်လုပ်ရန် (သို့မဟုတ်) ရပ်ဆိုင်းရန် ညွှန်ကြားနိုင်သည်။

သို့ဖြစ်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ခွင့်ပြုချက်ဖြင့် အဆောက်အအုံဆောက်လုပ်ရာတွင် ပတ်ဝန်းကျင်ရှိ အဆောက်အအုံတစ်ခုခု ပျက်စီးချို့ယွင်းမှု ပေါ်ပေါက်ပါက နစ်နာသူအား လျော် ကြေးပေးရမည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သတ်မှတ်ပေးသော နစ်နာကြေးကို နှစ်ဖက်ကာယကံရှင်များအနေနှင့် လက်ခံလိုက်နာရမည်ဟု သတ်မှတ်ထားခြင်းမရှိပါ။ နစ်နာသူသည် တည်ဆဲဥပဒေနှင့်အညီ နစ်နာကြေးပေးရန် တရားရုံးတွင်လျှောက်ထားနိုင်သည်။ သို့ဖြစ်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သတ်မှတ်သည့် နစ်နာကြေးကို တရားရုံးများက မလွဲမသွေ လိုက်နာရမည်မဟုတ်ဘဲ တရားရုံးက အမှုတွဲတွင် ပေါ်ပေါက်သော သက်သေခံချက်များအရ နစ်နာကြေးကိုသတ်မှတ်ရမည်သာဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်းလိုင်စင်ထုတ်ပေးရာတွင် အဆောက်အအုံလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရ ကန်ထရိုက်တာ၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့်စည်းကမ်းများကို သတ်မှတ်ပြဋ္ဌာန်းထားရာ အဆိုပါပြဌာန်းထားချက်တွင် အိမ်အဆောက်အအုံ ဆောက်လုပ်မှုကြောင့် လမ်း၊ ရေမြောင်း၊ အဆောက်အအုံများနှင့် အခြားပတ်ဝန်းကျင်ရှိ တစ်စုံတစ်ရာ ပျက်စီးယိုယွင်းမှုများအား ပြန်လည်ပြင်ဆင်လျော်ကြေးပေးရေးအတွက် တာဝန်ယူဆောင်ရွက်ရမည်ဟုပါရှိပြီး မိမိ အဆောက်အအုံဆောက်လုပ်မှုကြောင့် ကပ်လျက်ရှိသည့် အိုးအိမ်တိုက်တာတစ်ခုလုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) ပတ်ဝန်းကျင်ရှိ တစ်စုံတစ်ရာထိခိုက်ပျက်စီးပါက ၎င်းပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ပြင်ဆင် လျော်ကြေးပေးရေးအတွက် တာဝန်ယူဖြေရှင်းရမည်ဟု ဖော်ပြထားချက်ပါရှိသည်။

ထို့ကြောင့် ကန်ထရိုက်တ်ိုက် ဆောက်လုပ်မှုကြောင့် ချို့ယွင်းပျက်စီးခြင်းအတွက် နစ်နာသူသည် အထက်ပါလုပ်ငန်းစဉ်များအတိုင်း လျော်ကြေးတောင်းဆိုနိုင်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသား ဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကန္ထရုိက္တုိ္က္ ေဆာက္လုပ္မႈေၾကာင္႔ ခ်ဳိ႕ယြင္းပ်က္စီးျခင္းအတြက္ ေလ်ာ္ေၾကး

ကန္ထရိုက္တိုက္ေဆာက္လုပ္တဲ့အခါ လုပ္ငန္းခြင္မေတာ္တဆေၾကာင့္၊ ေပါ့ဆမႈေၾကာင့္ ေဘးေျမကြက္ရွိ အေဆာက္အဦခ်ိဳ႕ယြင္းပ်က္စီးျခင္းမ်ား ျဖစ္ေပၚတတ္ပါသည္။ ထိုအခါ မည္သို႔ေဆာင္ရြက္ရမည္ကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၏ အမိန္႔ေၾကာ္ျငာစာအမွတ္ ၂/၂၀၁၄ ျဖင္႔ ထုတ္ျပန္ခဲ႔သည္႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အေဆာက္အအုံဆုိင္ရာနည္းဥပေဒမ်ား ၁၂၊၁၃၊၁၁ တုိ႔တြင္ ေအာက္ပါအတုိင္း ျပ႒ာန္းထားသည္။

နည္းဥပေဒ-၁၂ ေကာ္မတီခြင့္ျပဳခ်က္ျဖင့္ အေဆာက္အအုံေဆာက္လုပ္ျခင္း လုပ္ငန္းလုပ္ကုိင္ရာတြင္ ယင္းလုပ္ငန္းေၾကာင္႔ ပတ္ဝန္းက်င္အေဆာက္အအုံ တစ္ခုခု (သုိ႔မဟုတ္) ယင္းအေဆာက္အအုံ၏ အစိတ္အပုိင္းတစ္ခုခု၊ ပ်က္စီးခ်ဳိ႕ယြင္းမႈ ေပၚေပါက္ပါက နစ္နာသူသည္ ေကာ္မတီသုိ႔ ကန္႔ကြက္လႊာတင္ႏုိင္သည္။

နည္းဥပေဒ-၁၃ ေကာ္မတီသည္ နည္းဥပေဒ-၁၂ အရ နစ္နာသူတင္ျပေပးေသာ ကန္႔ကြက္လႊာႏွင္႔ စပ္လ်ဥ္း၍ အျမန္ဆုံး စုံစမ္းစစ္ေဆးၿပီး အမွန္တကယ္နစ္နာေၾကာင္း ေတြ႕ရွိရပါက အေဆာက္အအုံေဆာင္လုပ္ျခင္းလုပ္ငန္း လုပ္ပုိင္ခြင္႔ရသူႏွင့္ ညွိႏႈိင္း၍ ပ်က္စီးမႈတန္ဖိုးႏွင့္ေလ်ာ္ညီသည့္ ေလ်ာ္ေၾကးကုိ သတ္မွတ္ေပးရမည္။

နည္းဥပေဒ-၁၄ နည္းဥပေဒ-၁၃ အရ ေကာ္မတီသည္ ညွိႏႈိင္းသတ္မွတ္ထားသည္႔ နစ္နာေၾကးကုိ ကာယကံရွင္မ်ား လက္မခံလွ်င္ျဖစ္ေစ၊ ေကာ္မတီသည္ ညွိႏႈိင္းသတ္မွတ္ ေပးႏုိင္ျခင္းမရွိလွ်င္ျဖစ္ေစ နစ္နာသူသည္ တည္ဆဲဥပေဒမ်ားႏွင္႔အညီ ေလ်ာ္ေၾကးရရွိရန္ သက္ဆုိင္ရာ တရားရုံးသုိ႔ ေလွ်ာက္ထားရန္ ညႊန္ၾကား ႏိုင္ၿပီး ေကာ္မတီသည္ ယင္းအေဆာက္အအံုေဆာက္လုပ္ျခင္းလုပ္ငန္းကို ဆက္လက္ေဆာက္လုပ္ရန္ (သို႔မဟုတ္) ရပ္ဆုိင္းရန္ ညႊန္ၾကားႏိုင္သည္။

သုိ႔ျဖစ္ရာ ရန္ကုန္ၿမဳိ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၏ခြင့္ျပဳခ်က္ျဖင္႔ အေဆာက္အအုံေဆာက္လုပ္ရာတြင္ ပတ္ဝန္းက်င္ရွိ အေဆာက္အအုံတစ္ခုခု ပ်က္စီးခ်ဳိ႕ယြင္းမႈ ေပၚေပါက္ပါက နစ္နာသူအား ေလ်ာ္ ေၾကးေပးရမည္။ ရန္ကုန္ၿမဳိ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက သတ္မွတ္ေပးေသာ နစ္နာေၾကးကုိ ႏွစ္ဖက္ကာယကံရွင္မ်ားအေနႏွင္႔ လက္ခံလုိက္နာရမည္ဟု သတ္မွတ္ထားျခင္းမရွိပါ။ နစ္နာသူသည္ တည္ဆဲဥပေဒႏွင္႔အညီ နစ္နာေၾကးေပးရန္ တရားရုံးတြင္ေလွ်ာက္ထားႏုိင္သည္။ သုိ႔ျဖစ္ရာ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက သတ္မွတ္သည္႔ နစ္နာေၾကးကုိ တရားရုံးမ်ားက မလြဲမေသြ လုိက္နာရမည္မဟုတ္ဘဲ တရားရုံးက အမႈတြဲတြင္ ေပၚေပါက္ေသာ သက္ေသခံခ်က္မ်ားအရ နစ္နာေၾကးကုိသတ္မွတ္ရမည္သာျဖစ္သည္။

ရန္ကုန္ၿမဳိ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ေဆာက္လုပ္ေရးကန္ထရုိက္လုပ္ငန္းလုိင္စင္ထုတ္ေပးရာတြင္ အေဆာက္အအုံလုပ္ငန္း လုပ္ကုိင္ခြင့္လုိင္စင္ရ ကန္ထရုိက္တာ၏ တာဝန္၊ လုပ္ပုိင္ခြင္႔ႏွင္႔စည္းကမ္းမ်ားကုိ သတ္မွတ္ျပ႒ာန္းထားရာ အဆိုပါျပဌာန္းထားခ်က္တြင္ အိမ္အေဆာက္အအုံ ေဆာက္လုပ္မႈေၾကာင္႔ လမ္း၊ ေရေျမာင္း၊ အေဆာက္အအုံမ်ားႏွင္႔ အျခားပတ္ဝန္းက်င္ရွိ တစ္စုံတစ္ရာ ပ်က္စီးယုိယြင္းမႈမ်ားအား ျပန္လည္ျပင္ဆင္ေလ်ာ္ေၾကးေပးေရးအတြက္ တာဝန္ယူေဆာင္ရြက္ရမည္ဟုပါရွိၿပီး မိမိ အေဆာက္အအုံေဆာက္လုပ္မႈေၾကာင္႔ ကပ္လ်က္ရွိသည္႔ အုိးအိမ္တုိက္တာတစ္ခုလုံး (သုိ႔မဟုတ္) တစ္စိတ္တစ္ပုိင္း (သုိ႔မဟုတ္) ပတ္ဝန္းက်င္ရွိ တစ္စုံတစ္ရာထိခုိက္ပ်က္စီးပါက ၄င္းပ်က္စီးဆုံးရႈံးမႈမ်ားအား ျပန္လည္ျပင္ဆင္ ေလ်ာ္ေၾကးေပးေရးအတြက္ တာဝန္ယူေျဖရွင္းရမည္ဟု ေဖာ္ျပထားခ်က္ပါရွိသည္။

ထို႔ေၾကာင့္ ကန္ထရုိက္တုိ္က္ ေဆာက္လုပ္မႈေၾကာင္႔ ခ်ဳိ႕ယြင္းပ်က္စီးျခင္းအတြက္ နစ္နာသူသည္ အထက္ပါလုပ္ငန္းစဥ္မ်ားအတိုင္း ေလ်ာ္ေၾကးေတာင္းဆိုႏိုင္ပါေၾကာင္း ဥပေဒဗဟုသုတရရွိေစရန္ ေရးသား ေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service