လယ်ယာမြေအငြင်းပွားမှု အဆုံးအဖြတ်ပေးရန် သတ်မှတ်ထားသည့် အချိန်ကာလ

လယ်ယာမြေအငြင်းပွားမှု အဆုံးအဖြတ်ပေးရန် သတ်မှတ်ထားသည့် အချိန်ကာလ - Property Knowledge in Myanmar from iMyanmarHouse.com
8 Dec 2020 12:11 pm တွင် တင်ခဲ့သည်
1235 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) အငြင်းပွားသည့်အခါ မြေယာမှုခင်းဖွင့်လှစ်ပြီးစစ်ဆေးခြင်းကို (၄) လနဲ့ (၁၅)ရက် (ရက်ပေါင်း ၁၃၅ ရက်) အတွင်း အဆုံးအဖြတ်ကို အပြီးအပြတ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ရပ်ကျေးမှ စတင်ပြီး ပြည်နယ်တိုင်းအဆင့်အထိ စုစုပေါင်းကြာချိန်ကို လယ်ယာမြေနည်းဥပဒေမှာ ပြဌာန်းထား ခြင်းဖြစ်ပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုခြင်းအတွက် အယူခံမှုများစစ်ဆေးဆုံးဖြတ်သည့်အခါ လယ်ယာမြေ နည်းဥပဒေ-၆၀ တွင် သတ်မှတ်ထားသည့် ကာလအပိုင်းအခြားအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

လယ်ယာမြေနည်းဥပဒေ-၆၀ တွင် အောက်ပါအတိုင်း ပြဌာန်းထားသည်။

(က) ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် မူလမြေယာမှုခင်းဖွင့်လှစ်ကိုစုံစမ်းခြင်း၊ စစ်ဆေးကြားနာခြင်းကိုနည်းဥပဒေ-၆၀(က)အရအမှုတွဲဖွင့်လှစ်သည့်နေ့မှ (၁၅)ရက်အတွင်းအမိန့် (သို့မဟုတ်) ဆုံးဖြတ်ချက် ချမှတ်ရမည်။

(ခ) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ နည်းဥပဒေ-၆၀(က)အရချမှတ်သည့် အမိန့် (သို့မဟုတ်) ဆုံးဖြတ်ချက်ကိုမကျေနပ်၍ဝင်ရောက်လာသောအယူခံလွှာကိုလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃၀)အတွင်းကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကချမှတ်သောအမိန့်(သို့မဟုတ်) ဆုံးဖြတ်ချက်ကိုအတည်ပြုခြင်း၊ ပြင်ဆင်ခြင်း (သို့မဟုတ်) ပယ်ဖျက်ခြင်း ပြုရမည်။

(ဂ) ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဥပဒေ-၆၀(ခ)အရချမှတ်သည့် အမိန့် (သို့မဟုတ်) ဆုံးဖြတ်ချက်ကိုမကျေနပ်၍ဝင်ရောက်လာသောအယူခံလွှာကိုလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃၀)အတွင်းမြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကချမှတ်သောအမိန့်(သို့မဟုတ်) ဆုံးဖြတ်ချက်ကိုအတည်ပြုခြင်း၊ ပြင်ဆင်ခြင်း (သို့မဟုတ်) ပယ်ဖျက်ခြင်း ပြုရမည်။

(ဃ) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဥပဒေ-၆၀(ဂ)အရချမှတ်သည့် အမိန့် (သို့မဟုတ်) ဆုံးဖြတ်ချက်ကိုမကျေနပ်၍ဝင်ရောက်လာသောအယူခံလွှာကိုလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၆၀)အတွင်းခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကချမှတ်သောအမိန့်(သို့မဟုတ်) ဆုံးဖြတ်ချက်ကိုအတည်ပြုခြင်း၊ ပြင်ဆင်ခြင်း (သို့မဟုတ်) ပယ်ဖျက်ခြင်း ပြုရမည်။

လယ်ယာမြေနည်းဥပဒေ (၆၃)အရဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်တို့ကနည်းဥပဒေ(၆၀)၊ နည်းဥပဒေခွဲ (က)၊ (ခ)၊ (ဂ)နှင့် (ဃ)တို့ပါ သတ်မှတ်ကာလအတွင်းပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ကြန့်ကြာခြင်းနှင့်စပ်လျဉ်း၍သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွှဲမှုအဖွဲ့၏ အကြောင်းပြချက် ခိုင်လုံခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် လိုအပ်ပါကစစ်ဆေးပြီးနောက် ထိရောက်စွာအရေးယူခြင်းဆောင်ရွက်ရန် ပြဌာန်ထားပါသည်။

ထိုသို့ပြဌာန်းထားသော်လည်းလက်ရှိမြေပြင်တွင် မြေယာမှုခင်းကြန့်ကြာမှုများစွာရှိနေသည့်အတွက် ကြန့်ကြာမှုတွေဖြစ်ပွားပြီးဆောင်ရွက်နိုင်ခြင်းမရှိပါကလျှောက်ထားသူအနေဖြင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ကိုတင်ပြတိုင်ကြားနိုင်ပါကြောင်းဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လယ္ယာေျမအျငင္းပြားမႈ အဆံုးအျဖတ္ေပးရန္ သတ္မွတ္ထားသည့္ အခ်ိန္ကာလ

လယ္ယာေျမလုပ္ပိုင္ခြင့္ ပံုစံ(၇) အျငင္းပြားသည့္အခါ ေျမယာမႈခင္းဖြင့္လွစ္ၿပီးစစ္ေဆးျခင္းကို (၄) လနဲ႔ (၁၅)ရက္ (ရက္ေပါင္း ၁၃၅ ရက္) အတြင္း အဆုံးအျဖတ္ကို အၿပီးအျပတ္ေဆာင္ရြက္ရမည္ျဖစ္ပါသည္။ ရပ္ေက်းမွ စတင္ၿပီး ျပည္နယ္တိုင္းအဆင့္အထိ စုစုေပါင္းၾကာခ်ိန္ကို လယ္ယာေျမနည္းဥပေဒမွာ ျပဌာန္းထား ျခင္းျဖစ္ပါသည္္။

လယ္ယာေျမလုပ္ပိုင္ခြင့္ အျငင္းပြားမႈျခင္းအတြက္ အယူခံမႈမ်ားစစ္ေဆးဆံုးျဖတ္သည့္အခါ လယ္ယာေျမ နည္းဥပေဒ-၆၀ တြင္ သတ္မွတ္ထားသည့္ ကာလအပိုင္းအျခားအတြင္း ၿပီးျပတ္ေအာင္ ေဆာင္ရြက္ရမည္ ျဖစ္ပါသည္။

လယ္ယာေျမနည္းဥပေဒ-၆၀ တြင္ ေအာက္ပါအတုိင္း ျပဌာန္းထားသည္။

(က) ေက်းရြာလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႔သည္ မူလေျမယာမႈခင္းဖြင့္လွစ္ကိုစံုစမ္းျခင္း၊ စစ္ေဆးၾကားနာျခင္းကိုနည္းဥပေဒ-၆၀(က)အရအမႈတြဲဖြင့္လွစ္သည့္ေန႔မွ (၁၅)ရက္အတြင္းအမိန္႔ (သို႔မဟုတ္) ဆံုးျဖတ္ခ်က္ ခ်မွတ္ရမည္။

(ခ) ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႔သည္ ေက်းရြာလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႔၏ နည္းဥပေဒ-၆၀(က)အရခ်မွတ္သည့္ အမိန္႔ (သို႔မဟုတ္) ဆံုးျဖတ္ခ်က္ကိုမေက်နပ္၍ဝင္ေရာက္လာေသာအယူခံလႊာကိုလက္ခံရရွိသည့္ေန႔မွ ရက္ေပါင္း (၃၀)အတြင္းေက်းရြာလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႔ကခ်မွတ္ေသာအမိန္႔(သို႔မဟုတ္) ဆံုးျဖတ္ခ်က္ကိုအတည္ျပဳျခင္း၊ ျပင္ဆင္ျခင္း (သို႔မဟုတ္) ပယ္ဖ်က္ျခင္း ျပဳရမည္။

(ဂ) ခရုိင္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႔သည္ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႔၏ ဥပေဒ-၆၀(ခ)အရခ်မွတ္သည့္ အမိန္႔ (သို႔မဟုတ္) ဆံုးျဖတ္ခ်က္ကိုမေက်နပ္၍ဝင္ေရာက္လာေသာအယူခံလႊာကိုလက္ခံရရွိသည့္ေန႔မွ ရက္ေပါင္း (၃၀)အတြင္းၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႔ကခ်မွတ္ေသာအမိန္႔(သို႔မဟုတ္) ဆံုးျဖတ္ခ်က္ကိုအတည္ျပဳျခင္း၊ ျပင္ဆင္ျခင္း (သို႔မဟုတ္) ပယ္ဖ်က္ျခင္း ျပဳရမည္။

(ဃ) တုိင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႔သည္ ခရိုင္္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႔၏ ဥပေဒ-၆၀(ဂ)အရခ်မွတ္သည့္ အမိန္႔ (သို႔မဟုတ္) ဆံုးျဖတ္ခ်က္ကိုမေက်နပ္၍ဝင္ေရာက္လာေသာအယူခံလႊာကိုလက္ခံရရွိသည့္ေန႔မွ ရက္ေပါင္း (၆၀)အတြင္းခရိုင္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႔ကခ်မွတ္ေသာအမိန္႔(သို႔မဟုတ္) ဆံုးျဖတ္ခ်က္ကိုအတည္ျပဳျခင္း၊ ျပင္ဆင္ျခင္း (သို႔မဟုတ္) ပယ္ဖ်က္ျခင္း ျပဳရမည္။

လယ္ယာေျမနည္းဥပေဒ (၆၃)အရဗဟိုလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႔သည္ လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႔အဆင့္ဆင့္တို႔ကနည္းဥပေဒ(၆၀)၊ နည္းဥပေဒခြဲ (က)၊ (ခ)၊ (ဂ)ႏွင့္ (ဃ)တို႔ပါ သတ္မွတ္ကာလအတြင္းၿပီးစီးေအာင္ေဆာင္ရြက္ႏိုင္ျခင္းမရွိဘဲ ၾကန္႔ၾကာျခင္းႏွင့္စပ္လ်ဥ္း၍သက္ဆိုင္ရာလယ္ယာေျမစီမံခန္႔ခႊဲမႈအဖြဲ႔၏ အေၾကာင္းျပခ်က္ ခိုင္လံုျခင္းရွိ/မရွိစစ္ေဆးျခင္းႏွင့္ လိုအပ္ပါကစစ္ေဆးၿပီးေနာက္ ထိေရာက္စြာအေရးယူျခင္းေဆာင္ရြက္ရန္ ျပဌာန္ထားပါသည္။

ထိုသို႔ျပဌာန္းထားေသာ္လည္းလက္ရွိေျမျပင္တြင္ ေျမယာမႈခင္းၾကန္႔ၾကာမႈမ်ားစြာရွိေနသည့္အတြက္ ၾကန္႔ၾကာမႈေတြျဖစ္ပြားၿပီးေဆာင္ရြက္ႏိုင္ျခင္းမရွိပါကေလွ်ာက္ထားသူအေနျဖင့္ ဗဟိုလယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႔ကိုတင္ျပတိုင္ၾကားႏိုင္ပါေၾကာင္းဥပေဒဗဟုသုတရရွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service