တရုတ်ပြည်ရှိတောနက်များထဲတွင် ကိုရိုနာဗိုင်းရပ်စ်အနွှယ် ဗိုင်းရပ်စ်ပေါင်းများစွာရှိနေသေးကြောင်းဝူဟန်မှ သိပ္ပံပညာရှင် ပြောကြား

တရုတ်ပြည်ရှိတောနက်များထဲတွင် ကိုရိုနာဗိုင်းရပ်စ်အနွှယ် ဗိုင်းရပ်စ်ပေါင်းများစွာရှိနေသေးကြောင်းဝူဟန်မှ သိပ္ပံပညာရှင် ပြောကြား - Property News in Myanmar from iMyanmarHouse.com
8 Dec 2020 11:32 am တွင် တင်ခဲ့သည်
1188 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်၏ တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းအစွန်အဖျားဒေသများတွင် အခြားသောကိုရိုနာဗိုင်းရပ်စ်နွှယ်ဝင် ဗိုင်းရပ်စ်များရှိသည့် လင်းနို့များရှိနေကြောင်း၊ အဆိုပါဗိုင်းရပ်စ်များသည် လူတို့ကိုကူးစက်နိုင်ကြောင်းအထင်ကရတရုတ်သိပ္ပံပညာရှင်တစ်ဦးကပြောကြားလိုက်သည်။

ဝူဟန်ဗိုင်းရပ်စ်အင်စတီကျုမှ ဒေါက်တာရှီကျန့်လီ (Dr Shi Zhengli) က ပြောကြားရာတွင် Sars-CoV-2ဗိုင်းရပ်စ် (Covid-19 ရောဂါဖြစ်စေသောကိုရိုနာဗိုင်းရပ်စ်မျိုး)နှင့် နီးစပ်သည့် မျိုးစိတ်များအပါအဝင် ဗိုင်းရပ်စ်ပေါင်းများစွာသည် တရုတ်ပြည်ရှိတောနက်ကြီးများထဲတွင် ရှိနေဖွယ်ရာရှိကြောင်းပြောကြားသည်။

“ဒီဗိုင်းရပ်စ်တွေကိုတရုတ်ပြည်မှာတင်မကဘဲအရှေ့တောင်အာရှနိုင်ငံတွေမှာပါ ရှာဖွေသင့်ပါတယ်” ဟုဒေါက်တာရှီကျန့်လီကပြောသည်။ ဒေါက်တာရှီကျန့်လီ၏ သုတေသနအဖွဲ့သည် လင်းနို့များတွင် တွေ့ရှိရသည့် ကိုရိုနာဗိုင်းရပ်စ်များကိုလေ့လာသည့်အတွက် “လင်းနို့အမျိုးသမီး” ဟုလည်းနာမည်ကျော်သည်။

ပြင်သစ် ဆေးပညာနှင့် တိရစ္ဆာန်ဆေးပညာအကယ်ဒမီများမှ ကမကထပြုကျင်းပသောအွန်လိုင်းဆွေးနွေးပွဲတစ်ခုတွင် ရှီကျန့်လီကယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ အဖွဲ့တစ်ခုနှင့် Lancet ဆေးပညာဂျာနယ်မှ ဖွဲ့စည်းထားသောအဖွဲ့တစ်ခုတို့ပါဝင်သော နိုင်ငံတကာအဖွဲ့ ၂ ခုကကပ်ဘေးကြီး၏ ဇာစ်မြစ်ကိုစုံစမ်းရန် စီစဉ်ကြခြင်းလည်း ဖြစ်သည်။

အမေရိကန်နှင့် တရုတ်တို့အကြားကုန်သွယ်ရေးစစ်ပွဲနှင့်အတူကပ်ဘေးကြီး၏ ဇာစ်မြစ်အပေါ် အပြန်အလှန် စွပ်စွဲလျက်ရှိကြသည်။

ထို့အပြင် အိန္ဒိယအပါအဝင် အခြားနိုင်ငံများသည်လည်းဗိုင်းရပ်စ်စတင်ပေါ်ပေါက်နိုင်ဖွယ်ရာရှိသောနေရာများအဖြစ် ဝေဖန်ခြင်းခံကြရသည်။ ဒေါက်တာရှီကျန့်လီ၏ ဝူဟန်ဓာတ်ခွဲခန်းမှာမူဗိုင်းရပ်စ် မတော်တဆပျံ့ထွက်သည့်နေရာရင်းမြစ်ဖြစ်သည်ဟုအဓိကစွပ်စွဲခံရသည်။

အဆိုပါ စွပ်စွဲချက်မှန်ကန်ကြောင်း ပြသနိုင်သည့် အထောက်အထားကားမရှိချေ။ ရှီကျန့်လီကလည်းယင်းစွပ်စွဲချက်ကို ငြင်းပယ်ထားသည်။

Covid-19 ရောဂါဖြစ်စေသည့်Sars-CoV-2 ဗိုင်းရပ်စ်၏သဘာဝအရင်းအမြစ်စတင်ရာမှာလင်းနို့များဖြစ်သည်ဟုယူဆကြသည်။ ဒေါက်တာရှီကျန့်လီကပြောရာတွင် အဆိုပါဗိုင်းရပ်စ်သည် လူတို့ထံမရောက်မီအခြားတိရစ္ဆာန်များထံကူးစက်ခဲ့သေးကြောင်းပြောကြားထားရာအဆိုပါ ကြားခံတိရစ္ဆာန်ကိုဖော်ထုတ်သိနိုင်ရန် လိုသည်။

ပြီးခဲ့သော ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအဆိုပါဗိုင်းရပ်စ်ကိုဖော်ထုတ်တွေ့ရှိခြင်းမတိုင်မီတိရစ္ဆာန် (သို့မဟုတ်) လူတို့ထံတွင် မည်မျှကြာအောင် ပျံ့နှံ့နေခဲ့သည်ကိုမူမသိနိုင်ချေ။

ဆစ်ဒနီတက္ကသိုလ်မှ ဗိုင်းရပ်စ်ပညာရှင် ပါမောက္ခ အက်ဒ်ဝါ့ ဟုမ်းစ်ကကိုရိုနာဗိုင်းရပ်စ်သည် ကြားခံတိရစ္ဆာန်များထံတွင် ကာလအတန်ကြာရှိနေခဲ့နိုင်ပြီးလူသားများထံတွင်ပင် လအနည်းငယ်အကြာကူးစက်ခံရပြီးမှ ဖော်ထုတ်သိရှိလာခြင်းဖြစ်နိုင်ကြောင်းလက်ခံထားသည်။

“ကနဦးတိရစ္ဆာန်မျိုးစိတ်တွေကြားမှာကူးစက်နေတဲ့ဖြစ်ရပ်ဟာဝူဟန်ဝန်းကျင်မှာ ဖြစ်ခဲ့တာမဖြစ်နိုင်ဘူးဆိုတာ ဖြစ်တန်ရာချေရှိပါတယ်။ ဒါကဟူပေ့ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတောင် မဖြစ်နိုင်ပါဘူး” ဟုပါမောက္ခ ဟုမ်းစ်ကပြောသည်။

ဒေါက်တာရှီကျန့်လီ၏ အဖွဲ့သည် ဟူပေ့ပြည်နယ်၏ မြို့တော် ဝူဟန်မြို့ဝန်းကျင်ရှိယာတောတိရစ္ဆာန်များနှင့် တောရိုင်းတိရစ္ဆာန်များတွင် ကိုရိုနာဗိုင်းရပ်စ်ကိုစမ်းသပ်စစ်ဆေးခြင်းများမပြုလုပ်နိုင်ခဲ့ကြချေ။

ဒေါက်တာရှီကျန့်လီကပြောသည်မှာအချို့ယူဆချက်များအရ ကြားခံတိရစ္ဆာန်မှာသင်းခွေချပ် ဖြစ်သည်ဆိုပါကကိုရိုနာဗိုင်းရပ်စ်သည် တရုတ်ပြည် ပြင်ပတွင် လင်းနို့များမှတဆင့်သင်းခွေချပ်များထံကူးစက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ အဘယ့်ကြောင့်ဆိုလျှင် တရုတ်ပြည်သို့ ရောက်လာသည့်သင်းခွေချပ်အားလုံးမှာအိန္ဒိယအပါအဝင် အခြားသောအာရှနိုင်ငံများမှ မှောင်ခိုရောင်းဝယ်မှုများမှတဆင့် ရောက်ရှိလာခြင်းဖြစ်ကြောင်းပြောကြားသည်။

သို့သော် ဂလပ်စဂိုတက္ကသိုလ်တွင် ဗိုင်းရပ်စ်များကိုလေ့လာနေသည့် ပါမောက္ခ ဒေးဗစ် ရောဘတ်ဆန်ကပြောသည်မှာစုံစမ်းစစ်ဆေးမှုများကိုတရုတ်ပြည်တွင်သာဆက်လက်အာရုံစိုက် ပြုလုပ်သင့်ကြောင်းပြောကြားသည်။

“ဗိုင်းရပ်စ် ကြားခံသယ်ဆောင်တဲ့သင်းခွေချပ်တွေဟာတရုတ်ပြည်တွင်းကိုတင်သွင်းခံရပြီးနောက်ပိုင်းမှ မြင်းခွာနှာခေါင်းရှိတဲ့ လင်းနို့တွေကတဆင့် ဗိုင်းရပ်စ် ကူးစက်သွားတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်” ဟုဒေးဗစ် ရောဘတ်ဆန်ကပြောသည်။

ပါမောက္ခ ရောဘတ်ဆန်ကပြောသည်မှာ ၎င်းတို့အဖွဲ့ သုတေသနပြုချက်အရSars-CoV-2ဗိုင်းရပ်စ်သည် လင်းနို့များထံရှိနေစဉ် အချိန်အတွင်းမှာပင် လူတို့ထံကူးစက်စေနိုင်မည့် သန္ဓေပြောင်းမှုများရှိထားပြီးဖြစ်သည်ကိုတွေ့ရကြောင်းပြောကြားသည်။

Lancet နှင့် WHOတို့ ပူးပေါင်းပါဝင်သည့် စုံစမ်းစစ်ဆေးမှုများသည် ကိုရိုနာဗိုင်းရပ်စ်ကလူတို့ထံကူးစက်လာပုံလမ်းကြောင်းကိုအတိအကျ သိနိုင်ရန်ဖြစ်ပြီးရည်ရွယ်ချက်မှာအနာဂတ်တွင် ထပ်မံမဖြစ်ပွားလာစေရေးအတွက်ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Wuhan virologist says more bat coronaviruses capable of crossing over (the guardian)

 

[Zawgyi]

တရုတ္ျပည္ရွိေတာနက္မ်ားထဲတြင္ ကိုရိုနာဗိုင္းရပ္စ္အႏႊယ္ ဗိုင္းရပ္စ္ေပါင္းမ်ားစြာရွိေနေသးေၾကာင္းဝူဟန္မွ သိပၸံပညာရွင္ ေျပာၾကား

တရုတ္ျပည္၏ ေတာင္ပိုင္းႏွင့္ အေနာက္ေတာင္ပိုင္းအစြန္အဖ်ားေဒသမ်ားတြင္ အျခားေသာကိုရိုနာဗိုင္းရပ္စ္ႏႊယ္ဝင္ ဗိုင္းရပ္စ္မ်ားရွိသည့္ လင္းႏို႔မ်ားရွိေနေၾကာင္း၊ အဆိုပါဗိုင္းရပ္စ္မ်ားသည္ လူတို႔ကိုကူးစက္ႏိုင္ေၾကာင္းအထင္ကရတရုတ္သိပၸံပညာရွင္တစ္ဦးကေျပာၾကားလုိက္သည္။

ဝူဟန္ဗိုင္းရပ္စ္အင္စတီက်ဳမွ ေဒါက္တာရွီက်န္႔လီ (Dr Shi Zhengli) က ေျပာၾကားရာတြင္ Sars-CoV-2ဗိုင္းရပ္စ္ (Covid-19 ေရာဂါျဖစ္ေစေသာကိုရိုနာဗိုင္းရပ္စ္မ်ဳိး)ႏွင့္ နီးစပ္သည့္ မ်ဳိးစိတ္မ်ားအပါအဝင္ ဗိုင္းရပ္စ္ေပါင္းမ်ားစြာသည္ တရုတ္ျပည္ရွိေတာနက္ၾကီးမ်ားထဲတြင္ ရွိေနဖြယ္ရာရွိေၾကာင္းေျပာၾကားသည္။

“ဒီဗိုင္းရပ္စ္ေတြကိုတရုတ္ျပည္မွာတင္မကဘဲအေရွ႕ေတာင္အာရွႏိုင္ငံေတြမွာပါ ရွာေဖြသင့္ပါတယ္” ဟုေဒါက္တာရွီက်န္႔လီကေျပာသည္။ ေဒါက္တာရွီက်န္႔လီ၏ သုေတသနအဖြဲ႔သည္ လင္းႏို႔မ်ားတြင္ ေတြ႔ရွိရသည့္ ကိုရိုနာဗိုင္းရပ္စ္မ်ားကိုေလ့လာသည့္အတြက္ “လင္းႏို႔အမ်ဳိးသမီး” ဟုလည္းနာမည္ေက်ာ္သည္။

ျပင္သစ္ ေဆးပညာႏွင့္ တိရစၦာန္ေဆးပညာအကယ္ဒမီမ်ားမွ ကမကထျပဳက်င္းပေသာအြန္လိုင္းေဆြးေႏြးပြဲတစ္ခုတြင္ ရွီက်န္႔လီကယင္းသို႔ ေျပာၾကားလိုက္ျခင္း ျဖစ္သည္။

ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီးမွ အဖြဲ႔တစ္ခုႏွင့္ Lancet ေဆးပညာဂ်ာနယ္မွ ဖြဲ႔စည္းထားေသာအဖြဲ႔တစ္ခုတို႔ပါဝင္ေသာ ႏိုင္ငံတကာအဖြဲ႔ ၂ ခုကကပ္ေဘးၾကီး၏ ဇာစ္ျမစ္ကိုစံုစမ္းရန္ စီစဥ္ၾကျခင္းလည္း ျဖစ္သည္။

အေမရိကန္ႏွင့္ တရုတ္တို႔အၾကားကုန္သြယ္ေရးစစ္ပြဲႏွင့္အတူကပ္ေဘးၾကီး၏ ဇာစ္ျမစ္အေပၚ အျပန္အလွန္ စြပ္စြဲလ်က္ရွိၾကသည္။

ထို႔အျပင္ အိႏိၵယအပါအဝင္ အျခားႏိုင္ငံမ်ားသည္လည္းဗိုင္းရပ္စ္စတင္ေပၚေပါက္ႏိုင္ဖြယ္ရာရွိေသာေနရာမ်ားအျဖစ္ ေဝဖန္ျခင္းခံၾကရသည္။ ေဒါက္တာရွီက်န္႔လီ၏ ဝူဟန္ဓာတ္ခြဲခန္းမွာမူဗိုင္းရပ္စ္ မေတာ္တဆပ်ံ႕ထြက္သည့္ေနရာရင္းျမစ္ျဖစ္သည္ဟုအဓိကစြပ္စြဲခံရသည္။

အဆိုပါ စြပ္စြဲခ်က္မွန္ကန္ေၾကာင္း ျပသႏိုင္သည့္ အေထာက္အထားကားမရွိေခ်။ ရွီက်န္႔လီကလည္းယင္းစြပ္စြဲခ်က္ကို ျငင္းပယ္ထားသည္။

Covid-19 ေရာဂါျဖစ္ေစသည့္Sars-CoV-2 ဗိုင္းရပ္စ္၏သဘာဝအရင္းအျမစ္စတင္ရာမွာလင္းႏို႔မ်ားျဖစ္သည္ဟုယူဆၾကသည္။ ေဒါက္တာရွီက်န္႔လီကေျပာရာတြင္ အဆိုပါဗိုင္းရပ္စ္သည္ လူတို႔ထံမေရာက္မီအျခားတိရစၦာန္မ်ားထံကူးစက္ခဲ့ေသးေၾကာင္းေျပာၾကားထားရာအဆိုပါ ၾကားခံတိရစၦာန္ကိုေဖာ္ထုတ္သိႏိုင္ရန္ လိုသည္။

ျပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္ ႏွစ္ကုန္ပိုင္းအဆိုပါဗိုင္းရပ္စ္ကိုေဖာ္ထုတ္ေတြ႔ရွိျခင္းမတိုင္မီတိရစၦာန္ (သို႔မဟုတ္) လူတို႔ထံတြင္ မည္မွ်ၾကာေအာင္ ပ်ံ႕ႏွံ႔ေနခဲ့သည္ကိုမူမသိႏိုင္ေခ်။

ဆစ္ဒနီတကၠသိုလ္မွ ဗိုင္းရပ္စ္ပညာရွင္ ပါေမာကၡ အက္ဒ္ဝါ့ ဟုမ္းစ္ကကိုရိုနာဗိုင္းရပ္စ္သည္ ၾကားခံတိရစၦာန္မ်ားထံတြင္ ကာလအတန္ၾကာရွိေနခဲ့ႏိုင္ျပီးလူသားမ်ားထံတြင္ပင္ လအနည္းငယ္အၾကာကူးစက္ခံရျပီးမွ ေဖာ္ထုတ္သိရွိလာျခင္းျဖစ္ႏိုင္ေၾကာင္းလက္ခံထားသည္။

“ကနဦးတိရစၦာန္မ်ဳိးစိတ္ေတြၾကားမွာကူးစက္ေနတဲ့ျဖစ္ရပ္ဟာဝူဟန္ဝန္းက်င္မွာ ျဖစ္ခဲ့တာမျဖစ္ႏိုင္ဘူးဆိုတာ ျဖစ္တန္ရာေခ်ရွိပါတယ္။ ဒါကဟူေပ့ျပည္နယ္မွာ ျဖစ္ပ်က္ခဲ့တာေတာင္ မျဖစ္ႏိုင္ပါဘူး” ဟုပါေမာကၡ ဟုမ္းစ္ကေျပာသည္။

ေဒါက္တာရွီက်န္႔လီ၏ အဖြဲ႔သည္ ဟူေပ့ျပည္နယ္၏ ျမိဳ႕ေတာ္ ဝူဟန္ျမိဳ႕ဝန္းက်င္ရွိယာေတာတိရစၦာန္မ်ားႏွင့္ ေတာရိုင္းတိရစၦာန္မ်ားတြင္ ကိုရိုနာဗိုင္းရပ္စ္ကိုစမ္းသပ္စစ္ေဆးျခင္းမ်ားမျပဳလုပ္ႏိုင္ခဲ့ၾကေခ်။

ေဒါက္တာရွီက်န္႔လီကေျပာသည္မွာအခ်ဳိ႕ယူဆခ်က္မ်ားအရ ၾကားခံတိရစၦာန္မွာသင္းေခြခ်ပ္ ျဖစ္သည္ဆိုပါကကိုရိုနာဗိုင္းရပ္စ္သည္ တရုတ္ျပည္ ျပင္ပတြင္ လင္းႏို႔မ်ားမွတဆင့္သင္းေခြခ်ပ္မ်ားထံကူးစက္ခဲ့ျခင္းျဖစ္ႏိုင္ေၾကာင္း၊ အဘယ့္ေၾကာင့္ဆိုလွ်င္ တရုတ္ျပည္သို႔ ေရာက္လာသည့္သင္းေခြခ်ပ္အားလံုးမွာအိႏိၵယအပါအဝင္ အျခားေသာအာရွႏိုင္ငံမ်ားမွ ေမွာင္ခိုေရာင္းဝယ္မႈမ်ားမွတဆင့္ ေရာက္ရွိလာျခင္းျဖစ္ေၾကာင္းေျပာၾကားသည္။

သို႔ေသာ္ ဂလပ္စဂိုတကၠသိုလ္တြင္ ဗိုင္းရပ္စ္မ်ားကိုေလ့လာေနသည့္ ပါေမာကၡ ေဒးဗစ္ ေရာဘတ္ဆန္ကေျပာသည္မွာစုံစမ္းစစ္ေဆးမႈမ်ားကိုတရုတ္ျပည္တြင္သာဆက္လက္အာရံုစိုက္ ျပဳလုပ္သင့္ေၾကာင္းေျပာၾကားသည္။ “ဗိုင္းရပ္စ္ ၾကားခံသယ္ေဆာင္တဲ့သင္းေခြခ်ပ္ေတြဟာတရုတ္ျပည္တြင္းကိုတင္သြင္းခံရျပီးေနာက္ပိုင္းမွ ျမင္းခြာႏွာေခါင္းရွိတဲ့ လင္းႏို႔ေတြကတဆင့္ ဗိုင္းရပ္စ္ ကူးစက္သြားတယ္လို႔ ကၽြန္ေတာ္တို႔ ယူဆပါတယ္” ဟုေဒးဗစ္ ေရာဘတ္ဆန္ကေျပာသည္။

ပါေမာကၡ ေရာဘတ္ဆန္ကေျပာသည္မွာ ၎တို႔အဖြဲ႔ သုေတသနျပဳခ်က္အရSars-CoV-2ဗိုင္းရပ္စ္သည္ လင္းႏို႔မ်ားထံရွိေနစဥ္ အခ်ိန္အတြင္းမွာပင္ လူတို႔ထံကူးစက္ေစႏိုင္မည့္ သေႏၶေျပာင္းမႈမ်ားရွိထားျပီးျဖစ္သည္ကိုေတြ႔ရေၾကာင္းေျပာၾကားသည္။

Lancet ႏွင့္ WHOတို႔ ပူးေပါင္းပါဝင္သည့္ စံုစမ္းစစ္ေဆးမႈမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ကလူတို႔ထံကူးစက္လာပံုလမ္းေၾကာင္းကိုအတိအက် သိႏိုင္ရန္ျဖစ္ျပီးရည္ရြယ္ခ်က္မွာအနာဂတ္တြင္ ထပ္မံမျဖစ္ပြားလာေစေရးအတြက္ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Wuhan virologist says more bat coronaviruses capable of crossing over (the guardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service