မီးလောင်သွားသည့် ပါမစ်ကို ပါမစ်အသစ်ပြန်လျှောက်ထားလို့ရလား

မီးလောင်သွားသည့် ပါမစ်ကို ပါမစ်အသစ်ပြန်လျှောက်ထားလို့ရလား - Property Knowledge in Myanmar from iMyanmarHouse.com
7 Dec 2020 1:03 pm တွင် တင်ခဲ့သည်
2495 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

မြို့ပြရပ်ကွက်သစ်များ ဖေါ်ထုတ်ရေး စသည်တို့အတွက် မြို့နယ်နိမိတ်အစပ်က လယ်ယာမြေများကို မြို့ရပ်ကွက်သစ်များအဖြစ် တိုင်းတာဖေါ်ထုတ် အကွက်ရိုက် နေရာချထားမှု ဆောင်ရွက်ကျပါသည်။ မြို့မြေနှင့် ပတ်သက်ပြီး အောက်မြန်မာ ပြည် မြို့နှင့်ကျေးရွာမြေများလက်စွဲဥပဒေပါ ပြဌာန်းချက်များအရ ဆောင်ရွက်ရ သည့်အခါ မြေပိုင်ဆိုင်မှုပေးရေး၊ မြေရှင်ဆိုင်ရာ အခွင့်အရေးပေးရေးတို့အတွက် သတ်မှတ်ချက်များ ရှိပါသည်။

အစိုးရမှ စီမံချက်ဖြင့်ချထားပေးသည့် မြေသည် မြေသုံးစွဲရန်အခွင့်အရေး နေထိုင်ခွင့်ဖြင့်သာ ကော်လိပ် တော်အရာရှိက ခွင့်ပြုခြင်းဖြစ်ပါသည်။ အဆိုပါ ဥပဒေများတွင် ကော်လိပ်တော်အရာရှိ၏ မြေချထားခွင့်၌ ပါမစ် ဆိုသည့် မြေအမျိုးအစား သတ်မှတ်ထားတာမပါရှိပါဘူး။

ထို့ကြောင့် မြို့သစ်ဖေါ်ထုတ်ရာမှာ ကော်လိပ်တော်မှ ဂရန်လုပ်ထုံးလုပ်နည်းများနှင့် ချထားမှုမပြုဘဲ သင့်လျော်သည့်ဌာနဆိုင်ရာများနှင့် ဖွဲ့စည်းထားသည့် မြို့ကွက်သစ် ဖေါ်ထုတ်ချထားရေးကော်မတီများမှသာ မြေပေးမိန့် ထုတ်ပြန်နေရာချထား ပေးခြင်းဖြစ်ပါသည်။ ပါမစ် သည် မြေနေရာချထားသည့် မြေပေးမိန့်တစ်ရပ်ဖြစ်ပြီး နေထိုင်ရန်အတွက်သာ ခွင့်ပြုမိန့်ဖြစ်ပါတယ်။

တရားဝင် မြေသုံးစွဲပိုင်ဆိုင်ခွင့် မဟုတ်ပါဘူး။ အစိုးရမြေအဖြစ်သာ သတ်မှတ်တည်ရှိပါသည်။ ထိုပါမစ်ကို ဂရန်ဆက် လျှောက်မှသာ တရားဝင် မြေအမည်ပေါက် သုံးစွဲခွင့်ရမှာ ဖြစ်ပါသည်။ ပါမစ်သည် မြေပိုင်ဆိုင်ခွင့် မဟုတ်သည့် အတွက် အမွေဆက်ခံခွင့်မရှိသလို စာချုပ်စာတမ်း မှတ်ပုံတင်ခွင့်လည်းမရှိပါဘူး။

မြို့သစ်မြေကွက် ရိုက်ပြီး မြေချထားရာမှာ မြို့သစ်ဖေါ်ထုတ်ကြီးကြပ်ရေးကော်မတီ သို့မဟုတ် မြို့ကွက် သစ်မြေနေရာချထားရေးကော်မတီများဖွဲ့စည်း ဆောင်ရွက်ကြသည့်အခါ မြေကွက်များကို တန်ဘိုး သတ်မှတ်၊ ရောင်းချ၊ မြေစလစ်များ ပါမစ်များကို ကော်မတီအနေဖြင့် ထုတ်ပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။

စည်ပင်မှသော် လည်းကောင်း၊ ထွေအုပ်မှသော်လည်းကောင်း၊ မြေစာရင်းမှသော်လည်းကောင်း ဌာနတစ်ရပ်ရပ်မှ တာဝန်ခံ ထုတ်ပေးခြင်း မဟုတ်ပါ။ ဌာနတစ်ခုမှ တာဝန်ခံ ဖေါ်ထုတ်ဆောင်ရွက်ရတာ မဟုတ်ဘဲ မြို့ကွက်သစ်ကော် မတီမှ သီးခြားဆောင်ရွက်ရသောကိစ္စဖြစ်၍ အကွက်ချမြေပုံနှင့်တစ်ကွ မြေကွက်ချစာရင်း၊ ပါမစ်ထုတ်ပေး စာရင်းများ၊ ငွေပေးသွင်း စာရင်းများကို မြေစာရင်းမှ ထိန်းသိမ်းကိုင်တွယ်ရမှုမရှိပါဘူး။ ကော်မတီထံမှာသာ ထိန်းသိမ်းထားရှိပါတယ်။

ယခုအခါ ပါမစ်ပြန်ထုတ်ပေးရန်မှာ ထိုစဉ်က မြေချထားခဲ့သည့် ကော်မတီလည်း ယခုမရှိနိုင်တော့ပါ။ မြေစာရင်းဌာနမှတ်တမ်းတွင်လည်း အဆိုပါ မြေချပါမစ်၏ မြေပုံစာရင်းများ မရှိနိုင်ပါ။

ဂရန်လျှောက်သည့်အခါမှသာ ခွင့်ပြုချထားသော ဂရန်အမှုတွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြေစာရင်းရုံးသို့ ပို့ရပြီး ၁-က စာရင်းတွင် မှတ်သားရသည့်အတွက် မြို့မြေဦးပိုင်မှတ်ပုံတင်စာရင်းတွင် မည်သူ ရရှိပိုင်ဆိုင်သည်ဆိုသည့် မှတ်တမ်း ၁-က ၌ ယင်းပုဂ္ဂိုလ်၏ အမည်ရှိနေမှာပါ။ မြို့ကွက်ကော်မတီမှ ချထားသော ပါမစ်များကို အစိုးရမြေသာဖြစ်သောကြောင့် မြေစာရင်းဌာနမှ မှတ်သားရန် လက်ခံရရှိခြင်း၊ မှတ်တမ်းတင်ခြင်း မရှိခဲ့ပါ။ မြို့ကွက်ကော်မတီရုံးခန်းဟောင်းတွင် စာရင်းမြေပုံဟောင်း ရှိသည်ဆိုစေကာမူ ယခုကာလကျမှ ယင်း ပါမစ်ကို တာဝန်ပေးအပ်ထားသည့် ကော်မတီမရှိတော့သည့်အတွက် တာဝန်ခံလက်မှတ်ရေးထိုး ပေးမည့်သူ မရှိပါဘူး။

ထို့ကြောင့် ပါမစ်ကို မီးလောင်ပျောက်ဆုံးပါက ပါမစ်ပြန်လည်လျှောက်ထားရန် မဖြစ်နိုင်ပါ။ အဆိုပါ မြေကွက်ကို မိမိအမည်ဖြင့် အမည်ပေါက် ပိုင်ဆိုင်နိုင်ရန် သက်ဆိုင်ရာမြေစီမံခန့်ခွဲရေးဌာနသို့ ဂရန် လျှောက်ထားဆောင်ရွက်ခြင်းသာပြုလုပ်နိုင်မည်ဖြစ်ကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ် ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

မီးေလာင္သြားသည့္ ပါမစ္ကို ပါမစ္အသစ္ျပန္ေလွ်ာက္ထားလို႔ရလား

ၿမိဳ႕ျပရပ္ကြက္သစ္မ်ား ေဖၚထုတ္ေရး စသည္တို႔အတြက္ ၿမိဳ႕နယ္နိမိတ္အစပ္က လယ္ယာေျမမ်ားကို ၿမိဳ႕ရပ္ကြက္သစ္မ်ားအျဖစ္ တိုင္းတာေဖၚထုတ္ အကြက္ရိုက္ ေနရာခ်ထားမႈ ေဆာင္ရြက္က်ပါသည္။ ၿမိဳ႕ေျမႏွင့္ ပတ္သက္ၿပီး ေအာက္ျမန္မာ ျပည္ ၿမိဳ႕နွင့္ေက်းရြာေျမမ်ားလက္စြဲဥပေဒပါ ျပဌာန္းခ်က္မ်ားအရ ေဆာင္ရြက္ရ သည့္အခါ ေျမပိုင္ဆိုင္မႈေပးေရး၊ ေျမရွင္ဆိုင္ရာ အခြင့္အေရးေပးေရးတို႔အတြက္ သတ္မွတ္ခ်က္မ်ား ရွိပါသည္။

အစိုးရမွ စီမံခ်က္ျဖင့္ခ်ထားေပးသည့္ ေျမသည္ ေျမသံုးစြဲရန္အခြင့္အေရး ေနထိုင္ခြင့္ျဖင့္သာ ေကာ္လိပ္ ေတာ္အရာရွိက ခြင့္ျပဳျခင္းျဖစ္ပါသည္။ အဆိုပါ ဥပေဒမ်ားတြင္ ေကာ္လိပ္ေတာ္အရာရွိ၏ ေျမခ်ထားခြင့္၌ ပါမစ္ ဆိုသည့္ ေျမအမ်ိဳးအစား သတ္မွတ္ထားတာမပါရွိပါဘူး။

ထို႔ေၾကာင့္ ၿမိဳ႕သစ္ေဖၚထုတ္ရာမွာ ေကာ္လိပ္ေတာ္မွ ဂရန္လုပ္ထံုးလုပ္နည္းမ်ားနွင့္ ခ်ထားမႈမျပဳဘဲ သင့္ေလ်ာ္သည့္ဌာနဆိုင္ရာမ်ားႏွင့္ ဖြဲ႔စည္းထားသည့္ ၿမိဳ႕ကြက္သစ္္ ေဖၚထုတ္ခ်ထားေရးေကာ္မတီမ်ားမွသာ ေျမေပးမိန္႔ ထုတ္ျပန္ေနရာခ်ထား ေပးျခင္းျဖစ္ပါသည္။ ပါမစ္ သည္ ေျမေနရာခ်ထားသည့္ ေျမေပးမိန္႔တစ္ရပ္ျဖစ္ၿပီး ေနထိုင္ရန္အတြက္သာ ခြင့္ျပဳမိန္႔ျဖစ္ပါတယ္။

တရား၀င္ ေျမသံုးစြဲပိုင္ဆိုင္ခြင့္ မဟုတ္ပါဘူး။ အစိုးရေျမအျဖစ္သာ သတ္မွတ္တည္ရွိပါသည္။ ထိုပါမစ္ကို ဂရန္ဆက္ ေလွ်ာက္မွသာ တရား၀င္ ေျမအမည္ေပါက္ သံုးစြဲခြင့္ရမွာ ျဖစ္ပါသည္။ ပါမစ္သည္ ေျမပိုင္ဆိုင္ခြင့္ မဟုတ္သည့္ အတြက္ အေမြဆက္ခံခြင့္မရွိသလို စာခ်ဳပ္စာတမ္း မွတ္ပံုတင္ခြင့္လည္းမရွိပါဘူး။

ၿမိဳ႕သစ္ေျမကြက္ ရိုက္ၿပီး ေျမခ်ထားရာမွာ ၿမိဳ႕သစ္ေဖၚထုတ္ႀကီးၾကပ္ေရးေကာ္မတီ သို႔မဟုတ္ ၿမိဳ႕ကြက္ သစ္ေျမေနရာခ်ထားေရးေကာ္မတီမ်ားဖြဲ႔စည္း ေဆာင္ရြက္ၾကသည့္အခါ ေျမကြက္မ်ားကို တန္ဘိုး သတ္မွတ္၊ ေရာင္းခ်၊ ေျမစလစ္မ်ား ပါမစ္မ်ားကို ေကာ္မတီအေနျဖင့္ ထုတ္ေပးခဲ့ျခင္းသာ ျဖစ္ပါတယ္။

စည္ပင္မွေသာ္ လည္းေကာင္း၊ ေထြအုပ္မွေသာ္လည္းေကာင္း၊ ေျမစာရင္းမွေသာ္လည္းေကာင္း ဌာနတစ္ရပ္ရပ္မွ တာ၀န္ခံ ထုတ္ေပးျခင္း မဟုတ္ပါ။ ဌာနတစ္ခုမွ တာ၀န္ခံ ေဖၚထုတ္ေဆာင္ရြက္ရတာ မဟုတ္ဘဲ ၿမိဳ႕ကြက္သစ္ေကာ္ မတီမွ သီးျခားေဆာင္ရြက္ရေသာကိစၥျဖစ္၍ အကြက္ခ်ေျမပံုနွင့္တစ္ကြ ေျမကြက္ခ်စာရင္း၊ ပါမစ္ထုတ္ေပး စာရင္းမ်ား၊ ေငြေပးသြင္း စာရင္းမ်ားကို ေျမစာရင္းမွ ထိန္းသိမ္းကိုင္တြယ္ရမႈမရွိပါဘူး။ ေကာ္မတီထံမွာသာ ထိန္းသိမ္းထားရွိပါတယ္။

ယခုအခါ ပါမစ္ျပန္ထုတ္ေပးရန္မွာ ထိုစဥ္က ေျမခ်ထားခဲ့သည့္ ေကာ္မတီလည္း ယခုမရွိႏိုင္ေတာ့ပါ။ ေျမစာရင္းဌာနမွတ္တမ္းတြင္လည္း အဆိုပါ ေျမခ်ပါမစ္၏ ေျမပံုစာရင္းမ်ား မရွိႏိုင္ပါ။

ဂရန္ေလွ်ာက္သည့္အခါမွသာ ခြင့္ျပဳခ်ထားေသာ ဂရန္အမႈတြဲကို အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ေျမစာရင္းရံုးသို႔ ပို႔ရၿပီး ၁-က စာရင္းတြင္ မွတ္သားရသည့္အတြက္ ၿမိဳ႕ေျမဦးပိုင္မွတ္ပံုတင္စာရင္းတြင္ မည္သူ ရရွိပိုင္ဆိုင္သည္ဆိုသည့္ မွတ္တမ္း ၁-က ၌ ယင္းပုဂၢိဳလ္၏ အမည္ရွိေနမွာပါ။ ၿမိဳ႕ကြက္ေကာ္မတီမွ ခ်ထားေသာ ပါမစ္မ်ားကို အစိုးရေျမသာျဖစ္ေသာေၾကာင့္ ေျမစာရင္းဌာနမွ မွတ္သားရန္ လက္ခံရရွိျခင္း၊ မွတ္တမ္းတင္ျခင္း မရွိခဲ့ပါ။ ၿမိဳ႕ကြက္ေကာ္မတီရံုးခန္းေဟာင္းတြင္ စာရင္းေျမပံုေဟာင္း ရွိသည္ဆိုေစကာမူ ယခုကာလက်မွ ယင္း ပါမစ္ကို တာဝန္ေပးအပ္ထားသည့္ ေကာ္မတီမရွိေတာ့သည့္အတြက္ တာ၀န္ခံလက္မွတ္ေရးထိုး ေပးမည့္သူ မရွိပါဘူး။

ထို႔ေၾကာင့္ ပါမစ္ကို မီးေလာင္ေပ်ာက္ဆံုးပါက ပါမစ္ျပန္လည္ေလွ်ာက္ထားရန္ မျဖစ္ႏိုင္ပါ။ အဆိုပါ ေျမကြက္ကို မိမိအမည္ျဖင့္ အမည္ေပါက္ ပိုင္ဆိုင္ႏိုင္ရန္ သက္ဆိုင္ရာေျမစီမံခန္႔ခြဲေရးဌာနသို႔ ဂရန္ ေလွ်ာက္ထားေဆာင္ရြက္ျခင္းသာျပဳလုပ္ႏိုင္မည္ျဖစ္ေၾကာင္း ဥပေဒဗဟုသုတရရွိေစရန္ ေရးသားေဖာ္ျပအပ္ ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service