နှာခေါင်း အကြောင်း သောင်းပြောင်းထွေလာ စိတ်ဝင်စားစရာ

နှာခေါင်း အကြောင်း သောင်းပြောင်းထွေလာ စိတ်ဝင်စားစရာ - Property Knowledge in Myanmar from iMyanmarHouse.com
7 Dec 2020 12:14 pm တွင် တင်ခဲ့သည်
1280 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

နှာခေါင်း ဆိုတာ အသက်ရှူဖို့ သက်သက်ပဲ မကပါဘူးနော်။ ဒါဆို အလှအပ အတွက်လား။ နှာခေါင်း၊ နှာတံ အစိတ်အပိုင်းတွေဟာ သွင်ပြင်ပုံသဏ္ဍာန်အတွက် အရေးပါသလို အောက်ဆီဂျင်ရရှိဖို့၊ ရောဂါပိုးတွေ ကာကွယ်ဖို့၊ အနံ့ခံနိုင်ဖို့ စတဲ့ လုပ်ဆောင်ချက်တွေ အများကြီးကို တာဝန်ယူထားပါတယ်။

အခု ဒီနှာခေါင်းနဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အကြောင်းလေးတွေကို ပြောပြချင်ပါတယ်။

ဒါတွေ သင်သိပါသလား –

(၁) နှာခေါင်း ပုံစံ အမျိုးအစား အနည်းဆုံး ၁၄ မျိုး ရှိတယ်

လူ့နှာခေါင်းပုံစံတွေက ၁၄ မျိုး အနည်းဆုံး ရှိတယ်လို့ Journal of Craniofacial Surgery မှာ ဖော်ပြခဲ့တဲ့ သုတေသနစစ်တမ်း က ဆိုပါတယ်။ ဒါပေမယ့် ပညာရှင်အတော်များများကတော့ ဒီဖော်ပြချက်က နှာခေါင်းပုံစံ အမျိုးအစား အားလုံးကို အကုန်မပါလောက်ဘူးလို့ ပြောကြပါတယ်။ နှာခေါင်းဆိုတာ အရိုးနု၊ အရိုးတွေရဲ့ရှုပ်ထွေးတဲ့ ဖွဲ့စည်းပုံနဲ့ တည်ဆောက်ထားတဲ့ အစိတ်အပိုင်း မဟုတ်လား။

နှာခေါင်းရိုး နဲ့ နှာခေါင်း အရိုးနုတွေရဲ့ ပေါင်းစပ်မှုတိုင်းက နှာခေါင်းပုံစံကို သူများနဲ့မတူတဲ့ သီးခြားအသွင်သဏ္ဍာန်တွေ သတ်မှတ်ဖြစ်တည်စေတာ ဖြစ်တယ်လို့ University of Virginia Health System မှ တွဲဘက်ပါမောက္ခ Spencer Payne ကပြောပါတယ်။ နှာခေါင်း ပုံစံက လူမျိုးနဲ့လည်း မူတည်ပြီး ကွဲပြားတယ်လို့ သူက ပြောပါတယ်။

(၂) နှာချေတဲ့ ပုံစံက မျိုးရိုးလိုက်တယ်

ဟပ်ချိုး၊ အားချိုး၊ ဟပ်ချိ၊ စတဲ့ အသံပေါင်းစုံနဲ့ နှာချေလိုက်တာ ကိုယ့်စတိုင်နဲ့ကိုယ်ပဲ မဟုတ်လား။ ဘယ်လိုလဲဆိုတော့ ဥပမာ ဟိုးအိမ်ထောင့်မှာ ဖုန်ခါလိုက်တာ ၁၂ ပေလောက်ဝေးတဲ့နေရာမှာ နှာထချေတာမျိုး၊ တစ်ခါ ချေပြီးရင် မရပ်မနား တရစပ်ချေတော့တာမျိုး၊ နှာရည် မျက်ရည်ထွက်တဲ့အထိ နှာချေတာမျိုး။

ဒီလို အလေ့အထမျိုး ကိုယ့်မိဘ သို့မဟုတ် မိသားစုဝင်ထဲမှာ ရှိတယ်ဆို ကိုယ့်မှာလည်း ပါတတ်ပါတယ်။ မယုံရင် အိမ်မှာ သေချာစောင့်ကြည့်။

(၃) အသက်ကြီးလာတဲ့အခါ နှာခေါင်း က အောက်ဘက်ကို တွဲလာတယ်

နှာခေါင်းရဲ့ ပုံစံ အနေအထားက အသက် ၁၀ နှစ်လောက်မှာ ဖွဲ့စည်းလာပြီး မိန်းကလေးတွေမှာ ၁၅ – ၁၇ နှစ်အတွင်း၊ ယောက်ျားလေးတွေမှာ ၁၇ – ၁၉ နှစ်အတွင်း ဖြည်းဖြည်းချင်း ဆက်လက်ဖွံ့ဖြိုးလာပါတယ်။

ဒါပေမယ့် အသက်အရွယ် ကြီးလာတာနဲ့အမျှ အရေပြားမှာ‌ ကော်လာဂျင်နဲ့ ကျုံ့ဆန့်နိုင်အား လျော့နည်းလာတာရယ်၊ ကမ္ဘာ့ဆွဲအားရယ်ကြောင့် နှာခေါင်းက ရှည်ထွက်လာပြီး အရေပြား လျော့တွဲလာပါတယ်(အထူးသဖြင့် နှာခေါင်းထိပ်နားလေးပေါ့)။

(၄) အသက်ရှူလမ်းကြောင်း အတွက် လေစစ်အကာ လည်းဖြစ်တယ်

အသက်ရှူလမ်းကြောင်း ထဲ ဝင်ရောက်လာမယ့် လေတွေကို နှာခေါင်းလမ်းကြောင်းထဲမှာ စစ်ထုတ်ပေးပြီး အမှုန်တွေ၊ ပိုးမွှားတွေရန်က ကာကွယ်ပေးထားပါတယ်။ ပန်းဝတ်မှုန်၊ ဖုန်မှုန့် တို့ကို နှာခေါင်းတွင်းနံရံက အချွဲတွေမှာ ကပ်ငြိစေတဲ့နည်းနဲ့ စစ်ထုတ်ပေးပါတယ်။

သူရဲ့ဒီလုပ်ဆောင်ချက်ကြောင့် ရှူသွင်းလိုက်တဲ့လေကို ပူနွေးစေပြီး အစိုဓာတ်ဖြစ်စေတဲ့နည်းနဲ့ အဆုတ်တစ်ရှူးကို ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် ရာသီဥတုအေးတဲ့အချိန် အသက်ရှူရင် ပါးစပ်နဲ့ မဟုတ်ဘဲ နှာခေါင်းနဲ့ ရှူတာ ပိုကောင်းပါတယ်။

နှာခေါင်းနဲ့ နှာခေါင်းလမ်းကြောင်းမှာ အချွဲတွေ နေ့စဉ်ထုတ်ပေးပါတယ်။ အဲဒီအချွဲတွေမှာ ရောဂါပိုးခုခံနိုင်တဲ့ အင်ဇိုင်းတွေနဲ့ သွေးဖြူဥဆဲလ်တွေပါဝင်ပြီး သူတို့က ရှူသွင်းလေကို အစိုဓာတ်ပေးတယ်၊ စစ်ထုတ်ထားတဲ့ အမှုန်အမွှားတွေကို နှာခေါင်းလမ်းကြောင်းကနေ ဖယ်ရှားဖို့ ကူညီပေးတယ်။

နေမကောင်းတဲ့အချိန် နှာရည်ကျတယ်ဆိုတာ ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို အချွဲတွေပိုထုတ်ပြီး တိုက်ဖျက်နိုင်ဖို့ နှာခေါင်းရဲ့စနစ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

(၅) အနံ့ပေါင်း ၁၀၀၀၀ ကျော်ကို ခွဲခြားအနံ့ခံနိုင်တယ်

လူတွေမှာ အနံ့အာရုံခံဆဲလ် ၁၂ သန်းလောက် ရှိပြီး အသက်ကြီးလာတဲ့အခါ လျော့နည်းလာတတ်တာဖြစ်ပါတယ်။ နှာခေါင်း ဟာ အနံ့ပေါင်း ၁၀၀၀၀ ကျော်ကို အနံ့ခံ၊ အာရုံခံပြီး သိရှိ၊ မှတ်သား နိုင်ပါတယ်တဲ့။

တချို့ဆို အနံ့ခံအာရုံ ကောင်းလွန်းလို့ သေချာ သရုပ်ခွဲပြီး အနံ့တွေကို ခွဲခြားနိုင်ပါတယ်။ ဥပမာ ဟင်းချက်ကျွမ်းသူ တစ်ဦးဟာ အနံ့ရတာနဲ့ ဘယ်ချက်နည်းနဲ့ ဘယ်လိုချက်ပြုတ်ထားလဲ ချက်ပြုတ်ပုံအဆင့်ဆင့်ကို ခန့်မှန်းပြောနိုင်ပါတယ်။

(၆) မှတ်ဉာဏ် ကဏ္ဍနဲ့ ဆက်နွှယ်နေတယ်

အမြင်နဲ့ အထိအတွေ့ တို့လို တခြားအာရုံတွေအတွက် အာရုံကြောအချက်ပို့မှုတွေက thalamus ခေါ် ဦးနှောက်အပိုင်းကို ဖြတ်သန်းရတာဖြစ်ပေမယ့် အနံ့ခံအာရုံကတော့ ဦးနှောက်ရဲ့ hippocampus (မှတ်ဉာဏ်တည်ဆောက်တဲ့အပိုင်း) နဲ့ amygdala (စိတ်ခံစားချက်နဲ့ မှတ်ဉာဏ်ဆိုင်ရာအပိုင်း) တို့ဆီ တိုက်ရိုက် ဖြတ်သန်းတာပါ။

ဒါ့ကြောင့် ကိုယ့်စိတ်ထဲ ခံစားမှုရှိခဲ့တဲ့ ဒါမှမဟုတ် အမှတ်တရရှိခဲ့တဲ့ ဖြစ်ရပ်တွေတုန်းက ရခဲ့တဲ့အနံ့တွေက မှတ်ဉာဏ်နဲ့ ဆက်နွှယ်နေပြီး အဲဒီအနံ့မျိုးရတိုင်း ဟိုတုန်းကခံစားချက်ကို ပြန်ရနိုင်ပါတယ်။ ဥပမာ မြေသင်းနံ့လေးရရင် မိုးဦးကာလ အမှတ်တရ တစ်ခုခုတွေးမိတာ၊ ပန်းနံ့ သို့မဟုတ် အစားအသောက်အနံ့ တစ်ခုခုရရင် သက်ဆိုင်ရာမှတ်ဉာဏ်တွေ ပေါ်လာတာတွေ ရှိတတ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

ႏွာေခါင္း အေၾကာင္း ေသာင္းေျပာင္းေထြလာ စိတ္ဝင္စားစရာ

ႏွာေခါင္း ဆိုတာ အသက္႐ွဴဖို႔ သက္သက္ပဲ မကပါဘူးေနာ္။ ဒါဆို အလွအပ အတြက္လား။ ႏွာေခါင္း၊ ႏွာတံ အစိတ္အပိုင္းေတြဟာ သြင္ျပင္ပုံသ႑ာန္အတြက္ အေရးပါသလို ေအာက္ဆီဂ်င္ရ႐ွိဖို႔၊ ေရာဂါပိုးေတြ ကာကြယ္ဖို႔၊ အနံ႔ခံႏိုင္ဖို႔ စတဲ့ လုပ္ေဆာင္ခ်က္ေတြ အမ်ားႀကီးကို တာဝန္ယူထားပါတယ္။

အခု ဒီႏွာေခါင္းနဲ႔ ပတ္သက္ၿပီး လူသိနည္းတဲ့ အေၾကာင္းေလးေတြကို ေျပာျပခ်င္ပါတယ္။

ဒါေတြ သင္သိပါသလား –

(၁) ႏွာေခါင္း ပုံစံ အမ်ိဳးအစား အနည္းဆုံး ၁၄ မ်ိဳး ႐ွိတယ္

လူ႕ႏွာေခါင္းပုံစံေတြက ၁၄ မ်ိဳး အနည္းဆုံး ႐ွိတယ္လို႔ Journal of Craniofacial Surgery မွာ ေဖာ္ျပခဲ့တဲ့ သုေတသနစစ္တမ္း က ဆိုပါတယ္။ ဒါေပမယ့္ ပညာ႐ွင္အေတာ္မ်ားမ်ားကေတာ့ ဒီေဖာ္ျပခ်က္က ႏွာေခါင္းပုံစံ အမ်ိဳးအစား အားလုံးကို အကုန္မပါေလာက္ဘူးလို႔ ေျပာၾကပါတယ္။ ႏွာေခါင္းဆိုတာ အ႐ိုးႏု၊ အ႐ိုးေတြရဲ႕႐ႈပ္ေထြးတဲ့ ဖြဲ႕စည္းပုံနဲ႔ တည္ေဆာက္ထားတဲ့ အစိတ္အပိုင္း မဟုတ္လား။

ႏွာေခါင္း႐ိုး နဲ႔ ႏွာေခါင္း အ႐ိုးႏုေတြရဲ႕ ေပါင္းစပ္မႈတိုင္းက ႏွာေခါင္းပုံစံကို သူမ်ားနဲ႔မတူတဲ့ သီးျခားအသြင္သ႑ာန္ေတြ သတ္မွတ္ျဖစ္တည္ေစတာ ျဖစ္တယ္လို႔ University of Virginia Health System မွ တြဲဘက္ပါေမာကၡ Spencer Payne ကေျပာပါတယ္။ ႏွာေခါင္း ပုံစံက လူမ်ိဳးနဲ႔လည္း မူတည္ၿပီး ကြဲျပားတယ္လို႔ သူက ေျပာပါတယ္။

(၂) ႏွာေခ်တဲ့ ပုံစံက မ်ိဳး႐ိုးလိုက္တယ္

ဟပ္ခ်ိဳး၊ အားခ်ိဳး၊ ဟပ္ခ်ိ၊ စတဲ့ အသံေပါင္းစုံနဲ႔ ႏွာေခ်လိုက္တာ ကိုယ့္စတိုင္နဲ႔ကိုယ္ပဲ မဟုတ္လား။ ဘယ္လိုလဲဆိုေတာ့ ဥပမာ ဟိုးအိမ္ေထာင့္မွာ ဖုန္ခါလိုက္တာ ၁၂ ေပေလာက္ေဝးတဲ့ေနရာမွာ ႏွာထေခ်တာမ်ိဳး၊ တစ္ခါ ေခ်ၿပီးရင္ မရပ္မနား တရစပ္ေခ်ေတာ့တာမ်ိဳး၊ ႏွာရည္ မ်က္ရည္ထြက္တဲ့အထိ ႏွာေခ်တာမ်ိဳး။

ဒီလို အေလ့အထမ်ိဳး ကိုယ့္မိဘ သို႔မဟုတ္ မိသားစုဝင္ထဲမွာ ႐ွိတယ္ဆို ကိုယ့္မွာလည္း ပါတတ္ပါတယ္။ မယုံရင္ အိမ္မွာ ေသခ်ာေစာင့္ၾကည့္။

(၃) အသက္ႀကီးလာတဲ့အခါ ႏွာေခါင္း က ေအာက္ဘက္ကို တြဲလာတယ္

ႏွာေခါင္းရဲ႕ ပုံစံ အေနအထားက အသက္ ၁၀ ႏွစ္ေလာက္မွာ ဖြဲ႕စည္းလာၿပီး မိန္းကေလးေတြမွာ ၁၅ – ၁၇ ႏွစ္အတြင္း၊ ေယာက်ာ္းေလးေတြမွာ ၁၇ – ၁၉ ႏွစ္အတြင္း ျဖည္းျဖည္းခ်င္း ဆက္လက္ဖြံ႕ၿဖိဳးလာပါတယ္။

ဒါေပမယ့္ အသက္အ႐ြယ္ ႀကီးလာတာနဲ႔အမွ် အေရျပားမွာ‌ ေကာ္လာဂ်င္နဲ႔ က်ံဳ႕ဆန္႔ႏိုင္အား ေလ်ာ့နည္းလာတာရယ္၊ ကမ႓ာ့ဆြဲအားရယ္ေၾကာင့္ ႏွာေခါင္းက ႐ွည္ထြက္လာၿပီး အေရျပား ေလ်ာ့တြဲလာပါတယ္(အထူးသျဖင့္ ႏွာေခါင္းထိပ္နားေလးေပါ့)။

(၄) အသက္႐ွဴလမ္းေၾကာင္း အတြက္ ေလစစ္အကာ လည္းျဖစ္တယ္

အသက္႐ွဴလမ္းေၾကာင္း ထဲ ဝင္ေရာက္လာမယ့္ ေလေတြကို ႏွာေခါင္းလမ္းေၾကာင္းထဲမွာ စစ္ထုတ္ေပးၿပီး အမႈန္ေတြ၊ ပိုးမႊားေတြရန္က ကာကြယ္ေပးထားပါတယ္။ ပန္းဝတ္မႈန္၊ ဖုန္မႈန္႔ တို႔ကို ႏွာေခါင္းတြင္းနံရံက အခြၽဲေတြမွာ ကပ္ၿငိေစတဲ့နည္းနဲ႔ စစ္ထုတ္ေပးပါတယ္။

သူရဲ႕ဒီလုပ္ေဆာင္ခ်က္ေၾကာင့္ ႐ွဴသြင္းလိုက္တဲ့ေလကို ပူေႏြးေစၿပီး အစိုဓာတ္ျဖစ္ေစတဲ့နည္းနဲ႔ အဆုတ္တစ္႐ွဴးကို ကာကြယ္ေပးပါတယ္။ ဒါ့ေၾကာင့္ ရာသီဥတုေအးတဲ့အခ်ိန္ အသက္႐ွဴရင္ ပါးစပ္နဲ႔ မဟုတ္ဘဲ ႏွာေခါင္းနဲ႔ ႐ွဴတာ ပိုေကာင္းပါတယ္။

ႏွာေခါင္းနဲ႔ ႏွာေခါင္းလမ္းေၾကာင္းမွာ အခြၽဲေတြ ေန႔စဥ္ထုတ္ေပးပါတယ္။ အဲဒီအခြၽဲေတြမွာ ေရာဂါပိုးခုခံႏိုင္တဲ့ အင္ဇိုင္းေတြနဲ႔ ေသြးျဖဴဥဆဲလ္ေတြပါဝင္ၿပီး သူတို႔က ႐ွဴသြင္းေလကို အစိုဓာတ္ေပးတယ္၊ စစ္ထုတ္ထားတဲ့ အမႈန္အမႊားေတြကို ႏွာေခါင္းလမ္းေၾကာင္းကေန ဖယ္႐ွားဖို႔ ကူညီေပးတယ္။

ေနမေကာင္းတဲ့အခ်ိန္ ႏွာရည္က်တယ္ဆိုတာ ဝင္ေရာက္လာတဲ့ ေရာဂါပိုးေတြကို အခြၽဲေတြပိုထုတ္ၿပီး တိုက္ဖ်က္ႏိုင္ဖို႔ ႏွာေခါင္းရဲ႕စနစ္က ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

(၅) အနံ႔ေပါင္း ၁၀၀၀၀ ေက်ာ္ကို ခြဲျခားအနံ႔ခံႏိုင္တယ္

လူေတြမွာ အနံ႔အာ႐ုံခံဆဲလ္ ၁၂ သန္းေလာက္ ႐ွိၿပီး အသက္ႀကီးလာတဲ့အခါ ေလ်ာ့နည္းလာတတ္တာျဖစ္ပါတယ္။ ႏွာေခါင္း ဟာ အနံ႔ေပါင္း ၁၀၀၀၀ ေက်ာ္ကို အနံ႔ခံ၊ အာ႐ုံခံၿပီး သိ႐ွိ၊ မွတ္သား ႏိုင္ပါတယ္တဲ့။

တခ်ိဳ႕ဆို အနံ႔ခံအာ႐ုံ ေကာင္းလြန္းလို႔ ေသခ်ာ သ႐ုပ္ခြဲၿပီး အနံ႔ေတြကို ခြဲျခားႏိုင္ပါတယ္။ ဥပမာ ဟင္းခ်က္ကြၽမ္းသူ တစ္ဦးဟာ အနံ႔ရတာနဲ႔ ဘယ္ခ်က္နည္းနဲ႔ ဘယ္လိုခ်က္ျပဳတ္ထားလဲ ခ်က္ျပဳတ္ပုံအဆင့္ဆင့္ကို ခန္႔မွန္းေျပာႏိုင္ပါတယ္။

(၆) မွတ္ဉာဏ္ က႑နဲ႔ ဆက္ႏႊယ္ေနတယ္

အျမင္နဲ႔ အထိအေတြ႕ တို႔လို တျခားအာ႐ုံေတြအတြက္ အာ႐ုံေၾကာအခ်က္ပို႔မႈေတြက thalamus ေခၚ ဦးေႏွာက္အပိုင္းကို ျဖတ္သန္းရတာျဖစ္ေပမယ့္ အနံ႔ခံအာ႐ုံကေတာ့ ဦးေႏွာက္ရဲ႕ hippocampus (မွတ္ဉာဏ္တည္ေဆာက္တဲ့အပိုင္း) နဲ႔ amygdala (စိတ္ခံစားခ်က္နဲ႔ မွတ္ဉာဏ္ဆိုင္ရာအပိုင္း) တို႔ဆီ တိုက္႐ိုက္ ျဖတ္သန္းတာပါ။

ဒါ့ေၾကာင့္ ကိုယ့္စိတ္ထဲ ခံစားမႈ႐ွိခဲ့တဲ့ ဒါမွမဟုတ္ အမွတ္တရ႐ွိခဲ့တဲ့ ျဖစ္ရပ္ေတြတုန္းက ရခဲ့တဲ့အနံ႔ေတြက မွတ္ဉာဏ္နဲ႔ ဆက္ႏႊယ္ေနၿပီး အဲဒီအနံ႔မ်ိဳးရတိုင္း ဟိုတုန္းကခံစားခ်က္ကို ျပန္ရႏိုင္ပါတယ္။ ဥပမာ ေျမသင္းနံ႔ေလးရရင္ မိုးဦးကာလ အမွတ္တရ တစ္ခုခုေတြးမိတာ၊ ပန္းနံ႔ သို႔မဟုတ္ အစားအေသာက္အနံ႔ တစ္ခုခုရရင္ သက္ဆိုင္ရာမွတ္ဉာဏ္ေတြ ေပၚလာတာေတြ ႐ွိတတ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service