လယ်ယာမြေအတွက်စစ်ဆေးတောင်းယူရမည့် စာရွက်စာတမ်းများ

လယ်ယာမြေအတွက်စစ်ဆေးတောင်းယူရမည့် စာရွက်စာတမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
7 Dec 2020 11:59 am တွင် တင်ခဲ့သည်
617 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ယခုနောက်ပိုင်းကာလတွင် လယ်ယာမြေသည်လည်းဈေးကွက်တွင်အရောင်း၊အဝယ်ဖြစ်ပွားနေသည့်မြေအမျိုးအစားတစ်မျိုးဖြစ်ပါသည်။

ဝယ်သူတဲ့အခါမှာအမှားအယွင်းမဖြစ်ပေါ်စေရန်မြေအမျိုးအစားအလိုက်စာရွက်စာတမ်းစစ်ဆေးရန်လိုအပ်ပါသည်။မြေအမျိုးအစားပေါ်မူတည်ပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းမတူညီသလိုစစ်ဆေးရမည့်လုပ်ငန်းစဉ်များလည်းမတူရှိနိုင်ပါဘူး။

လယ်ယာမြေကိုဝယ်ယူမည်ဆိုလှျှုင် ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့တွင်အစိုးရမှထုတ်ပေးထားသည့်စလစ်လက်ရှိနောက်ဆုံးဖြစ်/မဖြစ်၊လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇)တို့ကိုမှတ်ကန်မှုရှိ/မရှိစစ်ဆေးရမည်ဖြစ်ပါသည်။

စလစ်လက်ရှိနောက်ဆုံးဖြစ်/မဖြစ်ဆိုတာအစိုးရကိုအခွန်ပေးသွင်းထားတဲ့နှစ်ကအနီးဆုံးနှစ်ဖြစ်ရမည်။လယ်ယာမြေတွင်ပိုင်ဆိုင်မှုစာရွက်စာတမ်းသည် အခြားပိုင်ဆိုင်မှုများရှိမနေဘဲအခွန်စည်းကြပ်ထားတဲ့မြေခွန်စလစ်နှင့်လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇) စသည်တို့သာဖြစ်ပါသည်။ လယ်ယာမြေလုပ်ကိုင်သူတွေကိုမြေစာရင်းဌာနတွင်အခွန်စည်းကြပ်မှုမှတ်ပုံတင်စာရင်းစာအုပ်နှင့်မြေပုံတို့တွင် မှတ်သားထားလေ့ရှိပါသည်။

တစ်ချို့ကမြေစာရင်းပုံစံ၁၀၅၊၁၀၆ကိုလည်းရေးကူးရယူထားကြပါသည်။မြေစာရင်းပုံစံ၁၀၅၊၁၀၆ဆိုတာကမြေစာရင်းဌာနကတွင်မှတ်တမ်းထားရှိသည့်အတိုင်းမှတ်တမ်းအဖြစ်ထိန်းသိမ်းရန်အတွက် ပုံစံတူရေးကူးခွင့်ပြုထားသည့်မြေပုံ၊မြေရာဇင်ဖြစ်ပါသည်။မြေစာရင်းပုံစံ၁၀၅/၁၀၆တို့တွင်မြေကွက်နှင့်ပတ်သက်သည့်အချက်အလက်တွေကိုတစ်စုတစ်စည်းတည်းဖော်ပြထားပါသည်။မြေကွက်တည်ရှိသည့်မြို့၊ရပ်ကွက်၊ကျေးရွာ၊ကွင်း၊ဧရိယာ၊မြေအမျိုးအစားစသည့်တို့ကိုအလွယ်သိရှိနိုင်မည်ဖြစ်သည်။

အကောင်းဆုံးကတော့ လယ်ယာမြေဝယ်ယူမည်ဆိုလျှင်လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇) ရရှိပြီးသားကိုသာဝယ်ယူသင့်ပါသည်။ပုံစံ(၇)ရပြီးသာလယ်ယာမြေကိုဝယ်ယူမည်ဆိုလျှင် အခွန်ပေးဆောင်ပြီးတရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုဝယ်ယူနိုင်မည်ဖြစ်သည်။

ထိုမှသာမိမိအမည်ပေါက်ပြောင်းလဲခြင်းဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။ပုံစံ(၇)မရသေးသည့်လယ်ယာမြေကိုဝယ်ယူမည်ဆိုလျှင် အခွန်ဆောင်ခြင်းမှကင်းလွတ်မည်ဖြစ်ပြီးမှတ်ပုံတင်စာချုပ်ဖြင့်တရားဝင်ဝယ်ယူလို့မရပါဘူး။

ဝယ်ယူအမည်ဖြင့်ပုံစံ(၇)ကိုတိုက်ရိုက်လျှောက်ထားနိုင်မည်ဖြစ်သော်လည်း လက်ရှိလက်ငုတ်လယ်ယာလုပ်ကိုင်မှသာလျှောက်ထားသူအမည်ဖြင့်ပုံစံ(၇)ထုတ်ပေးမှာဖြစ်ပါသည်။ နောက်တစ်ချက်အနေဖြင့် လယ်ယာမြေကိုမှအခြားနည်းအသုံးပြုခွင့်လယ(၃၀) ရရှိပြီးသည့်မြေကိုဝယ်ယူမည်ဆိုလျှင်လယ(၃၀)စာရွက်စာတမ်းကိုသက်ဆိုင်ရာဌာနတွင်စစ်ဆေးရန် လိုအပ်မည်။

လယ(၃၀)ရရှိထားသည့်လယ်ယာမြေသည်ခွင့်ပြုထားသည့်နည်းလမ်းအတိုင်း အိမ်ယာမြေ၊စက်မှုမြေစသည့်ဖြင့်ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

လယ္ယာေျမအတြက္စစ္ေဆးေတာင္းယူရမည့္ စာ႐ြက္စာတမ္းမ်ား

ယခုေနာက္ပိုင္းကာလတြင္ လယ္ယာေျမသည္လည္းေစ်းကြက္တြင္အေရာင္း၊အဝယ္ျဖစ္ပြားေနသည့္ေျမအမ်ိဳးအစားတစ္မ်ိဳးျဖစ္ပါသည္။

ဝယ္သူတဲ့အခါမွ ာအမွားအယြင္းမျဖစ္ေပၚေစရန္ေျမအမ်ိဳးအစားအလိုက္စာရြက္စာတမ္းစစ္ေဆးရန္လိုအပ္ပါသည္။ေျမအမ်ိဳးအစားေပၚမူတည္ၿပီး ပိုင္ဆိုင္မႈစာရြက္စာတမ္းမတူညီသလိုစစ္ေဆးရမည့္လုပ္ငန္းစဥ္မ်ားလည္းမတူရွိႏိုင္ပါဘူး။

လယ္ယာေျမကိုဝယ္ယူမည္ဆိုလႈွ်င္ ေက်းရြာလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ႏွင့္ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕တို႔တြင္အစိုးရမွထုတ္ေပးထားသည့္စလစ္လက္ရွိေနာက္ဆံုးျဖစ္/မျဖစ္၊လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ပံုစံ(၇)တို႔ကိုမွတ္ကန္မႈရွိ/မရွိစစ္ေဆးရမည္ျဖစ္ပါသည္။

စလစ္လက္ရွိေနာက္ဆံုးျဖစ္/မျဖစ္ဆိုတာအစိုးရကိုအခြန္ေပးသြင္းထားတဲ့ႏွစ္ကအနီးဆံုးႏွစ္ျဖစ္ရမည္။လယ္ယာေျမတြင္ပိုင္ဆိုင္မႈစာရြက္စာတမ္းသည္ အျခားပိုင္ဆိုင္မႈမ်ားရွိမေနဘဲအခြန္စည္းၾကပ္ထားတဲ့ေျမခြန္စလစ္ႏွင့္လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ပံုစံ(၇) စသည္တို႔သာျဖစ္ပါသည္။ လယ္ယာေျမလုပ္ကိုင္သူေတြကိုေျမစာရင္းဌာနတြင္အခြန္စည္းၾကပ္မႈမွတ္ပံုတင္စာရင္းစာအုပ္ႏွင့္ေျမပံုတို႔တြင္ မွတ္သားထားေလ့ရွိပါသည္။

တစ္ခ်ိဳ႕ကေျမစာရင္းပံုစံ၁၀၅၊၁၀၆ကိုလည္းေရးကူူးရယူထားၾကပါသည္။ေျမစာရင္းပံုစံ၁၀၅၊၁၀၆ဆိုတာကေျမစာရင္းဌာနကတြင္မွတ္တမ္းထားရွိသည့္အတိုင္းမွတ္တမ္းအျဖစ္ထိန္းသိမ္းရန္အတြက္ ပံုစံတူေရးကူးခြင့္ျပဳထားသည့္ေျမပံု၊ေျမရာဇင္ျဖစ္ပါသည္။ေျမစာရင္းပံုစံ၁၀၅/၁၀၆တိုု႔တြင္ေျမကြက္ႏွင့္ပတ္သက္သည့္အခ်က္အလက္ေတြကိုတစ္စုတစ္စည္းတည္းေဖာ္ျပထားပါသည္။ေျမကြက္တည္ရွိသည့္ၿမိဳ႕၊ရပ္ကြက္၊ေက်းရြာ၊ကြင္း၊ဧရိယာ၊ေျမအမ်ိဳးအစားစသည့္တို႔ကိုအလြယ္သိရွိႏိုင္မည္ျဖစ္သည္။

အေကာင္းဆံုးကေတာ့ လယ္ယာေျမဝယ္ယူမည္ဆိုလွ်င္လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ပံုစံ(၇) ရရွိၿပီးသားကိုသာဝယ္ယူသင့္ပါသည္။ပံုစံ(၇)ရၿပီးသာလယ္ယာေျမကိုဝယ္ယူမည္ဆိုလွ်င္ အခြန္ေပးေဆာင္ၿပီးတရားဝင္မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုဝယ္ယူႏိုင္မည္ျဖစ္သည္။

ထိုမွသာမိမိအမည္ေပါက္ေျပာင္းလဲျခင္းဆက္လက္ေဆာင္ရြက္ရမည္ျဖစ္သည္။ပံုစံ(၇)မရေသးသည့္လယ္ယာေျမကိုဝယ္ယူမည္ဆိုလွ်င္ အခြန္ေဆာင္ျခင္းမွကင္းလြတ္မည္ျဖစ္ၿပီးမွတ္ပံုတင္စာခ်ဳပ္ျဖင့္တရားဝင္ဝယ္ယူလို႔မရပါဘူး။

ဝယ္ယူအမည္ျဖင့္ပံုစံ(၇)ကိုတုိက္ရုိက္ေလွ်ာက္ထားႏိုင္မည္ျဖစ္ေသာ္လည္း လက္ရွိလက္ငုတ္လယ္ယာလုပ္ကိုင္မွသာေလွ်ာက္ထားသူအမည္ျဖင့္ပံုစံ(၇)ထုတ္ေပးမွာျဖစ္ပါသည္။ ေနာက္တစ္ခ်က္အေနျဖင့္ လယ္ယာေျမကိုမွအျခားနည္းအသံုးျပဳခြင့္လယ(၃၀) ရရွိၿပီးသည့္ေျမကိုဝယ္ယူမည္ဆိုလွ်င္လယ(၃၀)စာရြက္စာတမ္းကိုသက္ဆိုင္ရာဌာနတြင္စစ္ေဆးရန္ လိုအပ္မည္။

လယ(၃၀)ရရွိထားသည့္လယ္ယာေျမသည္ခြင့္ျပဳထားသည့္နည္းလမ္းအတိုင္း အိမ္ယာေျမ၊စက္မႈေျမစသည့္ျဖင့္ေျပာင္းလဲအသံုးျပဳႏိုင္မွာျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service