ဗြိတိန်၏ အဲလစ်ဇဘက် ဘုရင်မကြီး Pfizer Covid-19 ကာကွယ်ဆေးထိုးခံမည်

ဗြိတိန်၏ အဲလစ်ဇဘက် ဘုရင်မကြီး Pfizer Covid-19 ကာကွယ်ဆေးထိုးခံမည် - Property News in Myanmar from iMyanmarHouse.com
7 Dec 2020 11:32 am တွင် တင်ခဲ့သည်
667 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်၏ အဲလစ်ဇဘက် ဘုရင်မကြီးသည် Pfizer နှင့် BioNTechတို့ ပူးပေါင်းထုတ်လုပ်ခဲ့သည့် Covid-19ကာကွယ်ဆေးထိုးနှံခံသွားမည်ဖြစ်ပြီးဆေးထိုးပြီးပါကအများပြည်သူသို့ အသိပေးသွားမည်ဖြစ်ကြောင်းThe Timesသတင်းစာတွင် ဖော်ပြသည်။

ဗြိတိန်သည် Pfizer ၏ ကာကွယ်ဆေးကိုအသုံးပြုခွင့် အတည်ပြုပေးခဲ့သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်သည်။

ဒီဇင်ဘာလ ၂ ရက်တွင် Pfizer ကာကွယ်ဆေးကိုအတည်ပြုပေးခဲ့ပြီးနောက် ကာကွယ်ဆေးထိုးမှုများစတင်ချိန်တွင် သက်ကြီးရွယ်အိုများကိုဦးစားပေးရန် စီစဉ်ထားရာသက်တော် ၉၄ နှစ်ရှိပြီဖြစ်သောဘုရင်မကြီးနှင့် သက်တော် ၉၉ နှစ်ရှိပြီဖြစ်သော ကြင်ယာတော် ဖိလစ်မင်းသားတို့မှာအစောဆုံးကာကွယ်ဆေးထိုးခံရမည့်သူများတွင် ပါဝင်ဖွယ်ရာရှိသည်။

ဗြိတိန်တွင် ဘုရင်မကြီးအပေါ် များစွာချစ်ခင်လေးစားမှုများရှိသည်။ အွန်လိုင်းသတင်းများတွင် ကာကွယ်ဆေးထိုးမှု ဆန့်ကျင်သည့် သတင်းမှားများများစွာပျံ့နှံ့လျက်ရှိချိန်တွင် ဘုရင်မကြီးကကာကွယ်ဆေးကိုထောက်ခံကြောင်းတရားဝင်ပြောကြားမှုမှာအဆိုပါ သတင်းမှားများကိုတုန့်ပြန်နိုင်မည့် သြဇာကြီးမားသောသတင်းစကားတစ်ခုလည်း ဖြစ်သည်။

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၀၀၀၀ ကျော်ပြီဖြစ်ပြီးရောဂါကူးစက်ခံရသူမှာ ၁ ဒသမ ၇ သန်းကျော် ရှိခဲ့ပြီ ဖြစ်သည်။

တော်ဝင်မိသားစုသည်လည်းကိုရိုနာဗိုင်းရပ်စ်ဘေးမှ မလွတ်ကင်းခဲ့ချေ။ ချားလ်စ်မင်းသားနှင့် သူ၏ သားတော်ကြီးဝီလျံတို့မှာယခုနှစ် အစောပိုင်းတွင် COVID-19 ရောဂါ ကူးစက်ခံခဲ့ရသည်။

ကာကွယ်ဆေးဖြန့်ဖြူးချိန်တွင် ဗြိတိန်အစိုးရ၏ ဦးစားပေးအစီအစဉ်အရဘိုးဘွားဂေဟာများရှိသက်ကြီးရွယ်အိုများနှင့် ၎င်းတို့ကိုစောင့်ရှောက်သူများအားပထမဆုံးထိုးနှံပေးမည်ဖြစ်ပြီးယင်းနောက်တွင် အသက် ၈၀ အထက်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ ဖြစ်သည်။

အများပြည်သူများတွင်လည်းအသက်အရွယ်အလိုက် ဦးစားပေးမှု အစီအစဉ် ထားရှိမည် ဖြစ်သည်။

အဲလစ်ဇဘက်ဘုရင်မကြီးကာကွယ်ဆေးထိုးနှံရေးအကြောင်းရပ်နှင့် စပ်လျဉ်းပြီးဘက်ကင်ဟမ်နန်းတော်ကမှတ်ချက်တစုံတရာမပြုသေးချေ။

ဗြိတိန်သည် ကာကွယ်ဆေးစုစုပေါင်းသန်း ၄၀ ကြိုတင်မှာယူထားပြီးလာမည့်ရက်သတ္တပတ်တွင် ဆေးအလုံးရေ ၈၀၀,၀၀၀ ကိုကနဦးအသုတ်အဖြစ် စတင်ဖြန့်ဝေမည် ဖြစ်သည်။

Pfizer ကာကွယ်ဆေးကို ဗြိတိန်ကအဆောတလျင် အတည်ပြုခွင့်ပြုခြင်းအပေါ် အမေရိကန်နှင့် အချို့နိုင်ငံများကဝေဖန်မှုများ ပြုလုပ်ကြသည်။ ဗြိတိန်ကအဆိုပါဝေဖန်မှုများကိုတုံ့ပြန်ရာတွင် ကာကွယ်ဆေးသည် ဘေးကင်းမှုဆိုင်ရာစံနှုန်းအားလုံးနှင့် ကိုက်ညီကြောင်းတုံ့ပြန်ခဲ့သည်။

Pfizer ၏ ကာကွယ်ဆေးကိုဘယ်လ်ဂျီယံနိုင်ငံ၊ Puurs မြို့ရှိ Pfizer ၏ စက်ရုံတွင် ထုတ်လုပ်မှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီးရေခဲခြောက်ကိုအသုံးပြုသောအအေးခန်းထိန်းချုပ်စနစ်ပါ သင်္ဘောများဖြင့် သယ်ဆောင်ရမည် လိုအပ်သည်။

The Observerတွင် ဖော်ပြသောသတင်းတစ်ရပ်အရ ဗြိတိန်ရှိဆိပ်ကမ်းများတွင် Brexit (ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ခြင်း) နှင့် ဆက်နွှယ်သည့် ရှုပ်ထွေးသောအခြေအနေများကြောင့် ဝန်ကြီးများသည် ကာကွယ်ဆေးသန်းပေါင်းများစွာကိုစစ်လေယာဉ်များဖြင့် သယ်ဆောင်ရန် သုံးသပ်နေကြသည်ဟုဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Britain's Queen Elizabeth to get Pfizer Covid-19 vaccine 'in weeks': Reports (mint, reuters)

[Zawgyi]

ျဗိတိန္၏ အဲလစ္ဇဘက္ ဘုရင္မၾကီး Pfizer Covid-19 ကာကြယ္ေဆးထုိးခံမည္

ျဗိတိန္၏ အဲလစ္ဇဘက္ ဘုရင္မၾကီးသည္ Pfizer ႏွင့္ BioNTechတို႔ ပူးေပါင္းထုတ္လုပ္ခဲ့သည့္ Covid-19ကာကြယ္ေဆးထိုးႏွံခံသြားမည္ျဖစ္ျပီးေဆးထိုးျပီးပါကအမ်ားျပည္သူသို႔ အသိေပးသြားမည္ျဖစ္ေၾကာင္းThe Timesသတင္းစာတြင္ ေဖာ္ျပသည္။

ျဗိတိန္သည္ Pfizer ၏ ကာကြယ္ေဆးကိုအသံုးျပဳခြင့္ အတည္ျပဳေပးခဲ့သည့္ ကမၻာ့ပထမဆံုးႏိုင္ငံျဖစ္သည္။

ဒီဇင္ဘာလ ၂ ရက္တြင္ Pfizer ကာကြယ္ေဆးကိုအတည္ျပဳေပးခဲ့ျပီးေနာက္ ကာကြယ္ေဆးထိုးမႈမ်ားစတင္ခ်ိန္တြင္ သက္ၾကီးရြယ္အိုမ်ားကိုဦးစားေပးရန္ စီစဥ္ထားရာသက္ေတာ္ ၉၄ ႏွစ္ရွိျပီျဖစ္ေသာဘုရင္မၾကီးႏွင့္ သက္ေတာ္ ၉၉ ႏွစ္ရွိျပီျဖစ္ေသာ ၾကင္ယာေတာ္ ဖိလစ္မင္းသားတို႔မွာအေစာဆံုးကာကြယ္ေဆးထုိးခံရမည့္သူမ်ားတြင္ ပါဝင္ဖြယ္ရာရွိသည္။

ျဗိတိန္တြင္ ဘုရင္မၾကီးအေပၚ မ်ားစြာခ်စ္ခင္ေလးစားမႈမ်ားရွိသည္။ အြန္လိုင္းသတင္းမ်ားတြင္ ကာကြယ္ေဆးထိုးမႈ ဆန္႔က်င္သည့္ သတင္းမွားမ်ားမ်ားစြာပ်ံ႕ႏွံ႔လ်က္ရွိခ်ိန္တြင္ ဘုရင္မၾကီးကကာကြယ္ေဆးကိုေထာက္ခံေၾကာင္းတရားဝင္ေျပာၾကားမႈမွာအဆိုပါ သတင္းမွားမ်ားကိုတုန္႔ျပန္ႏိုင္မည့္ ၾသဇာၾကီးမားေသာသတင္းစကားတစ္ခုလည္း ျဖစ္သည္။

ျဗိတိန္တြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၆၀၀၀၀ ေက်ာ္ျပီျဖစ္ျပီးေရာဂါကူးစက္ခံရသူမွာ ၁ ဒသမ ၇ သန္းေက်ာ္ ရွိခဲ့ျပီ ျဖစ္သည္။

ေတာ္ဝင္မိသားစုသည္လည္းကိုရိုနာဗိုင္းရပ္စ္ေဘးမွ မလြတ္ကင္းခဲ့ေခ်။ ခ်ားလ္စ္မင္းသားႏွင့္ သူ၏ သားေတာ္ၾကီးဝီလ်ံတို႔မွာယခုႏွစ္ အေစာပိုင္းတြင္ COVID-19 ေရာဂါ ကူးစက္ခံခဲ့ရသည္။

ကာကြယ္ေဆးျဖန္႔ျဖဴးခ်ိန္တြင္ ျဗိတိန္အစိုးရ၏ ဦးစားေပးအစီအစဥ္အရဘိုးဘြားေဂဟာမ်ားရွိသက္ၾကီးရြယ္အိုမ်ားႏွင့္ ၎တို႔ကိုေစာင့္ေရွာက္သူမ်ားအားပထမဆံုးထိုးႏွံေပးမည္ျဖစ္ျပီးယင္းေနာက္တြင္ အသက္ ၈၀ အထက္ရွိသူမ်ားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ား ျဖစ္သည္။

အမ်ားျပည္သူမ်ားတြင္လည္းအသက္အရြယ္အလိုက္ ဦးစားေပးမႈ အစီအစဥ္ ထားရွိမည္ ျဖစ္သည္။

အဲလစ္ဇဘက္ဘုရင္မၾကီးကာကြယ္ေဆးထုိးႏွံေရးအေၾကာင္းရပ္ႏွင့္ စပ္လ်ဥ္းျပီးဘက္ကင္ဟမ္နန္းေတာ္ကမွတ္ခ်က္တစံုတရာမျပဳေသးေခ်။

ျဗိတိန္သည္ ကာကြယ္ေဆးစုစုေပါင္းသန္း ၄၀ ၾကိဳတင္မွာယူထားျပီးလာမည့္ရက္သတၱပတ္တြင္ ေဆးအလံုးေရ ၈၀၀,၀၀၀ ကိုကနဦးအသုတ္အျဖစ္ စတင္ျဖန္႔ေဝမည္ ျဖစ္သည္။

Pfizer ကာကြယ္ေဆးကို ျဗိတိန္ကအေဆာတလ်င္ အတည္ျပဳခြင့္ျပဳျခင္းအေပၚ အေမရိကန္ႏွင့္ အခ်ဳိ႕ႏိုင္ငံမ်ားကေဝဖန္မႈမ်ား ျပဳလုပ္ၾကသည္။ ျဗိတိန္ကအဆိုပါေဝဖန္မႈမ်ားကိုတံု႔ျပန္ရာတြင္ ကာကြယ္ေဆးသည္ ေဘးကင္းမႈဆိုင္ရာစံႏႈန္းအားလံုးႏွင့္ ကိုက္ညီေၾကာင္းတုံ႔ျပန္ခဲ့သည္။

Pfizer ၏ ကာကြယ္ေဆးကိုဘယ္လ္ဂ်ီယံႏိုင္ငံ၊ Puurs ျမိဳ႕ရွိ Pfizer ၏ စက္ရံုတြင္ ထုတ္လုပ္မႈမ်ားဆက္လက္ျပဳလုပ္သြားမည္ျဖစ္ျပီးေရခဲေျခာက္ကိုအသံုးျပဳေသာအေအးခန္းထိန္းခ်ဳပ္စနစ္ပါ သေဘၤာမ်ားျဖင့္ သယ္ေဆာင္ရမည္ လိုအပ္သည္။

The Observerတြင္ ေဖာ္ျပေသာသတင္းတစ္ရပ္အရ ျဗိတိန္ရွိဆိပ္ကမ္းမ်ားတြင္ Brexit (ဥေရာပသမဂၢမွ ျဗိတိန္ႏႈတ္ထြက္ျခင္း) ႏွင့္ ဆက္ႏႊယ္သည့္ ရႈပ္ေထြးေသာအေျခအေနမ်ားေၾကာင့္ ဝန္ၾကီးမ်ားသည္ ကာကြယ္ေဆးသန္းေပါင္းမ်ားစြာကိုစစ္ေလယာဥ္မ်ားျဖင့္ သယ္ေဆာင္ရန္ သံုးသပ္ေနၾကသည္ဟုဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Britain's Queen Elizabeth to get Pfizer Covid-19 vaccine 'in weeks': Reports (mint, reuters)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service