ရက်ပေါင်း ၂၅၆ ရက်လုံးမနားရသော ဆရာဝန်က ဗိုင်းရပ်စ်ကာကွယ်ရေးစည်းမျဉ်းများကို လိုက်နာကြရန် ပြည်သူတို့အား တောင်းပန်

ရက်ပေါင်း ၂၅၆ ရက်လုံးမနားရသော ဆရာဝန်က ဗိုင်းရပ်စ်ကာကွယ်ရေးစည်းမျဉ်းများကို လိုက်နာကြရန် ပြည်သူတို့အား တောင်းပန် - Property News in Myanmar from iMyanmarHouse.com
7 Dec 2020 11:25 am တွင် တင်ခဲ့သည်
7639 ကြိမ် ကြည့်ရှု့ပြီး

[Unicode] ဖော်ပြပါ ဓာတ်ပုံတွင် ဆရာဝန်တစ်ဦးက Covid-19 အထူးကြပ်မတ်ကုသဆောင်အတွင်း လူနာတစ်ဦးကို ပွေ့ဖက်နှစ်သိမ့်နေပုံ တွေ့မြင်ရမည်ဖြစ်ပြီး ရိုက်ကူးထားသည့်နေရာမှာ အမေရိကန်ပြည်ထောင်စု ၊ တက္ကဆပ်ပြည်နယ်တွင် ဖြစ်သည်။

သီးခြားခွဲနေရကြရသည့် သက်ကြီးရွယ်အိုလူနာများ၏ ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ရပ်များကို အဆိုပါ ဆရာဝန်က ပြန်လည်ပြောပြခဲ့ပြီး ပြည်သူတို့အနေဖြင့် ရောဂါကာကွယ်ရေးဆိုင်ရာ အခြေခံစည်းမျဉ်းများကို လိုက်နာကြပြီး ဆေးရုံသို့ မရောက်အောင် နေထိုင်ကြပါရန် တောင်းပန်လိုက်သည်။

အမေရိကန်ပြည်ထောင်စုတွင် Covid-19 လူနာများ ဆေးရုံတက်ရမှု ပမာဏမှာ ယခုရက်သတ္တပတ်အတွင်း စံချိန်တင်မြင့်တက်ခဲ့သည်။

ဆေးရုံများတွင် လူနာများပြည့်နှက်လာမည်ကို ပြည်နယ်များစွာရှိ အကြီးအကဲများ ရတက်မအေးဖြစ်လျက်ရှိနေသည်။ ဓာတ်ပုံအတွင်းမှ ဆရာဝန်မှာ အမေရိကန်ပြည်ထောင်စု၊ ဟတ်စ်တန်မြို့၊ United Memorial Medical Center မှ အကြီးအကဲဆရာဝန် ဒေါက်တာ ဂျိုးဇက် ဗာရွန်ဖြစ်သည်။

ဒေါက်တာ ဂျိုးဇက် ဗာရွန်က CNN သတင်းဌာနမှ New Day အစီအစဉ်သို့ ပြောကြားခဲ့ရာတွင် ကပ်ဘေးကာလအတွင်း လက်ရှိအချိန်အထိ ရက်ပေါင်း ၂၅၆ ရက် မရပ်မနား တာဝန်ထမ်းဆောင်နေခဲ့ကြောင်း၊ ဆေးရုံတက်ရသူ ပမာဏ မြင့်တက်လာနေမှုအပေါ် များစွာစိတ်ပျက်မိကြောင်း ပြောကြားသည်။

ဗာရွန်က သူ၏ ဆေးရုံဆောင်များမှ Covid-19 လူနာများသည် ဗိုင်းရပ်စ်အပြင် အထီးကျန်မှုကိုပါ ရင်ဆိုင်တိုက်ပွဲဝင်နေကြရကြောင်း ပြောပြသည်။

ဓာတ်ပုံထဲတွင် နှစ်သိမ့်ခဲ့သော အဘိုးအိုဆိုလျှင် သူ၏မိသားစုနှင့် ပြန်လည်ဆုံစည်းလိုနေခြင်းဖြစ်ကြောင်း ဒေါက်တာဗာရွန်က ပြောသည်။

“ကျွန်တော် ကိုဗစ်လူနာဆောင်ကို ဝင်လိုက်တဲ့အချိန် တွေ့ရတာက ဒီအဘိုးအိုဟာ သူ့ကုတင်ကနေ ဆင်းနေပြီး အခန်းထဲက ထွက်ဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ သူ ငိုနေပါတယ်” “ဒါနဲ့ ကျွန်တော်လည်း သူ့အနားသွားပြီး ဘာလို့ ငိုနေတာလဲ အဘလို့ မေးတော့ သူက…ငါ ဇနီးသည်နဲ့ အတူရှိချင်တယ်လို့ ပြန်ဖြေပါတယ်”

“ဒါနဲ့ ကျွန်တော်လည်း သူ့ကို ပွေ့ဖက်ထားလိုက်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ကို ဓာတ်ပုံရိုက်နေတယ်ဆိုတာ မသိပါဘူး”

အဘိုးအိုသည် နောက်ဆုံးတွင် စိတ်ထိန်းနိုင်သွားပြီး ငိုကြွေးမှုရပ်သွားကြောင်း ဒေါက်တာဗာရွန်က ပြောသည်။

ဒေါက်တာဗာရွန်က ပြောရာတွင် အဘိုးအိုအနေဖြင့် နက်ဂတစ် စစ်ဆေးတွေ့ရှိပြီး ရောဂါပျောက်ကင်းကာ ဆေးရုံမှ ဆင်းရသည်အထိ ဇနီးသည်အား တွေ့ရမည်မဟုတ်ကြောင်း ပြောကြားသည်။

(သိပ်ကို အထီးကျန်ပါတယ်)

“ဒါက သိပ်ခက်ပါတယ်။ ခင်ဗျားတို့ စဉ်းစားကြည့်ပါ။ ခင်ဗျားဟာ အခန်းတစ်ခန်းထဲကို ရောက်နေမယ်။ အဲဒီကို ဝင်လာတဲ့သူဆိုလို့ အာကာသဝတ်စုံလိုမျိုး ဝတ်ထားသူတွေပဲ ဝင်လာမယ်။ ခင်ဗျားအနေနဲ့ တခြားဘယ်သူနဲ့မှ ဆက်သွယ်လို့ မရပါဘူး။ ကံကောင်းရင်တော့ ဖုန်းနဲ့ဆက်သွယ်လို့ရတာရှိမယ်။ သက်ကြီးရွယ်အိုတွေအနေနဲ့ဆိုရင် အထီးကျန်နေရတဲ့ ဝေဒနာက ပိုဆိုးပါတယ်။ သိပ်ကို အထီးကျန်ဆန်ပါတယ်”

ဒေါက်တာ ဗာရွန်က ပြန်လည်ပြောပြရာတွင် အခြားလူနာများကိုလည်း အလားတူ နှစ်သိမ့်မှုများ ပေးခဲ့ကြောင်း ပြောပြသည်။

“ကျွန်တော် သူတို့ အခန်းတွေကို သွားပါတယ်။ သူတို့ရဲ့ ကုတင်ပေါ်မှာထိုင်ပြီး စကားစမြည်ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ကမ်းလင့်လာမယ့် လက်တစုံ တကယ်ကို လိုအပ်နေပါတယ်”

ဒါပေမယ့်လည်း ကျွန်တော်တို့မှာ လူနာတွေက အများကြီး။ တခါတလေမှာတော့ ကျွန်တော်တို့ဟာ လူနာတိုင်းကို မထွေးပွေ့နိုင်ပါဘူး၊ သူတို့ရဲ့ လက်တွေကို ဆုပ်ကိုင်မပေးနိုင်ဘူး၊ အနည်းဆုံးအားဖြင့် နည်းနည်းပိုပြီး လူသားဆန်မပေးနိုင်ကြပါဘူး” ဟု ဒေါက်တာ ဗာရွန်က ဆိုသည်။

“တချို့လူနာတွေက ငိုကြွေးကြတယ်။ တချို့က ထွက်ပြေးဖို့ ကြိုးစားကြတယ်။ လူနာတစ်ယောက်ဆိုရင် ပြတင်းပေါက်ကနေ ကျော်ပြီး ပြေးဖို့ ကြိုးစားတယ်”

ဓာတ်ပုံတွင်းမှ အဘိုးအိုမှာ ဇနီးဖြစ်သူနှင့် မကြာမီ ဆုံစည်းနိုင်ဖွယ်ရှိကြောင်း ဒေါက်တာဗာရွန်က ပြောသည်။

အဘိုးအို၏ အခြေအနေမှာ ကောင်းမွန်နေပြီး ယခုရက်သတ္တပတ်ကုန်ခန့်တွင် ဆေးရုံမှ ဆင်းနိုင်ဖွယ်ရာရှိသည်။

မိမိကိုယ်တိုင်မူ မည်သည့်အချိန်တွင် လဲပြိုကျမည်မသိကြောင်း၊ မိမိ၏ သူနာပြုဆရာမများမှာမူ ယခုကဲ့သို့ အခြေအနေမျိုး ရင်ဆိုင်ရချိန်မျိုးတွင် ငိုကြွေးနေကြရပြီဖြစ်ကြောင်း ဒေါက်တာ ဗာရွန်က ပြောသည်။

(လူမှုအလှမ်းခွာပါ။ လက်ကို မကြာခဏဆေးပါ။ ပါးစပ်နှာခေါင်းစည်းဝတ်ဆင်ပါ)

S ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်လူနာများ ဆက်လက်ဝင်ရောက်လာလျက်ရှိရာ ပြည်သူတို့သည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးစည်းမျဉ်းများ မလိုက်နာကြသည်ကို များစွာစိတ်ပျက်မိကြောင်း ဒေါက်တာဗာရွန်က ပြောသည်။

“ကျွန်တော်က ဒီမှာ နေ့ည ဒီလိုတွေ တာဝန်ထမ်းဆောင်နေတယ်။ အပြင်မှာ လူတွေက တလွဲတွေ လုပ်နေကြတယ်။ စားသောက်ဆိုင်တွေ၊ အရက်ဆိုင်တွေ၊ ဈေးဝယ်စင်တာတွေကို ထွက်ကြတယ်။ တကယ့်ကို အရူးလုံးလုံးပါပဲ။ ကျွန်တော်တို့က အလုပ်လုပ်…လုပ်..လုပ်…လုပ်။ လူတွေက လမ်းညွှန်ချက်တွေ နားမထောင်။ နောက်ဆုံး ကျွန်တော့်ရဲ့ အထူးကြပ်မတ်ကုသခန်း ထဲရောက်” ဟု ဒေါက်တာ ဗာရွန်က ပြောကြားသည်။

“ပြည်သူတွေ သိထားဖို့ လိုတဲ့အချက်က ..ကျွန်တော့်အနေနဲ့ သူတို့ကို ပွေ့ဖက်ရတာမျိုး မဖြစ်ချင်ပါဘူး။ သူတို့အနေနဲ့ အခြေခံ စည်းမျဉ်းတွေ လိုက်နာကြဖို့ လိုပါတယ်။ လူမှု အလှမ်းခွာနေထိုင်ကြပါ။ ပါးစပ်နှာခေါင်းစည်းတွေ တပ်ကြပါ။ လက်ကို မကြာခဏဆေးပါ။ လူထူထပ်တဲ့နေရာတွေကို ရှောင်ပါ။ သိပ်ကို ရိုးစင်းပါတယ်။ ဒီအချက်တွေကို ပြည်သူတွေ လိုက်နာနိုင်ကြမယ်ဆိုရင် ကျွန်တော့်လိုမျိုး ကျန်းမာရေးဝန်ထမ်းတွေ အနားရနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ဒေါက်တာ ဗာရွန်က CNN သတင်းဌာန၏ New Day အစီအစဉ်သို့ ပြောရာတွင် ကပ်ဘေးအကျပ်အတည်းမှာ ပိုမိုဆိုးရွားလာနေကြောင်း ပြောကြားသည်။

ပြီးခဲ့သော ရက်အနည်းငယ်အတွင်း ရောဂါကူးစက်ခံရသူ မြင့်တက်လာနေကြောင်း၊ ဆေးရုံသို့ ရောက်လာသည့် လူနာများမှာ ရောဂါခံစားရမှု အခြေအနေ ပိုမိုဆိုးရွားလာကြောင်း၊ ထိုသို့ အခြေအနေပိုဆိုးလာရခြင်းအကြောင်းမှာ ဆေးရုံတက်ခွင့်ရရန် ကာလကြာမြင့်စွာ စောင့်ဆိုင်းနေကြရခြင်းကြောင့်ဖြစ်ကြောင်း ဒေါက်တာဗာရွန်က ပြောသည်။

“လာမယ့် ရက်သတ္တ ၆ ပတ်ကနေ ၁၂ ပတ်အတွင်း ကျွန်တော်တို့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို မလိုက်နာ မဆောင်ရွက်ဘဲနေမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်သစ်ဆေးပညာသမိုင်းမှာ အမှောင်မိုက်ဆုံးနေ့ရက်တွေကို ရင်ဆိုင်တွေ့မြင်ရတော့မှာကို ကျွန်တော်စိုးရိမ်မိပါတယ်”

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: After 256 days working nonstop, doctor pleads with public to help halt Covid-19 (CNN)

[Zawgyi]

ရက္ေပါင္း ၂၅၆ ရက္လံုးမနားရေသာ ဆရာဝန္က ဗိုင္းရပ္စ္ကာကြယ္ေရးစည္းမ်ဥ္းမ်ားကို လိုက္နာၾကရန္ ျပည္သူတို႔အား ေတာင္းပန္

ေဖာ္ျပပါ ဓာတ္ပံုတြင္ ဆရာဝန္တစ္ဦးက Covid-19 အထူးၾကပ္မတ္ကုသေဆာင္အတြင္း လူနာတစ္ဦးကို ေပြ႔ဖက္ႏွစ္သိမ့္ေနပံု ေတြ႔ျမင္ရမည္ျဖစ္ျပီး ရိုက္ကူးထားသည့္ေနရာမွာ အေမရိကန္ျပည္ေထာင္စု ၊ တကၠဆပ္ျပည္နယ္တြင္ ျဖစ္သည္။

သီးျခားခြဲေနရၾကရသည့္ သက္ၾကီးရြယ္အိုလူနာမ်ား၏ ဝမ္းနည္းေၾကကြဲဖြယ္ရာျဖစ္ရပ္မ်ားကို အဆိုပါ ဆရာဝန္က ျပန္လည္ေျပာျပခဲ့ျပီး ျပည္သူတို႔အေနျဖင့္ ေရာဂါကာကြယ္ေရးဆိုင္ရာ အေျခခံစည္းမ်ဥ္းမ်ားကို လိုက္နာၾကျပီး ေဆးရံုသို႔ မေရာက္ေအာင္ ေနထိုင္ၾကပါရန္ ေတာင္းပန္လိုက္သည္။

အေမရိကန္ျပည္ေထာင္စုတြင္ Covid-19 လူနာမ်ား ေဆးရံုတက္ရမႈ ပမာဏမွာ ယခုရက္သတၱပတ္အတြင္း စံခ်ိန္တင္ျမင့္တက္ခဲ့သည္။

ေဆးရံုမ်ားတြင္ လူနာမ်ားျပည့္ႏွက္လာမည္ကို ျပည္နယ္မ်ားစြာရွိ အၾကီးအကဲမ်ား ရတက္မေအးျဖစ္လ်က္ရွိေနသည္။ ဓာတ္ပံုအတြင္းမွ ဆရာဝန္မွာ အေမရိကန္ျပည္ေထာင္စု၊ ဟတ္စ္တန္ျမိဳ႕၊ United Memorial Medical Center မွ အၾကီးအကဲဆရာဝန္ ေဒါက္တာ ဂ်ဳိးဇက္ ဗာရြန္ျဖစ္သည္။

ေဒါက္တာ ဂ်ဳိးဇက္ ဗာရြန္က CNN သတင္းဌာနမွ New Day အစီအစဥ္သို႔ ေျပာၾကားခဲ့ရာတြင္ ကပ္ေဘးကာလအတြင္း လက္ရွိအခ်ိန္အထိ ရက္ေပါင္း ၂၅၆ ရက္ မရပ္မနား တာဝန္ထမ္းေဆာင္ေနခဲ့ေၾကာင္း၊ ေဆးရံုတက္ရသူ ပမာဏ ျမင့္တက္လာေနမႈအေပၚ မ်ားစြာစိတ္ပ်က္မိေၾကာင္း ေျပာၾကားသည္။

ဗာရြန္က သူ၏ ေဆးရံုေဆာင္မ်ားမွ Covid-19 လူနာမ်ားသည္ ဗိုင္းရပ္စ္အျပင္ အထီးက်န္မႈကိုပါ ရင္ဆိုင္တိုက္ပြဲဝင္ေနၾကရေၾကာင္း ေျပာျပသည္။

ဓာတ္ပံုထဲတြင္ ႏွစ္သိမ့္ခဲ့ေသာ အဘိုးအိုဆိုလွ်င္ သူ၏မိသားစုႏွင့္ ျပန္လည္ဆံုစည္းလိုေနျခင္းျဖစ္ေၾကာင္း ေဒါက္တာဗာရြန္က ေျပာသည္။

“ကၽြန္ေတာ္ ကိုဗစ္လူနာေဆာင္ကို ဝင္လိုက္တဲ့အခ်ိန္ ေတြ႔ရတာက ဒီအဘိုးအိုဟာ သူ႔ကုတင္ကေန ဆင္းေနျပီး အခန္းထဲက ထြက္ဖုိ႔ ၾကိဳးစားေနတာေတြ႔ရပါတယ္။ သူ ငိုေနပါတယ္” “ဒါနဲ႔ ကၽြန္ေတာ္လည္း သူ႔အနားသြားျပီး ဘာလို႔ ငိုေနတာလဲ အဘလို႔ ေမးေတာ့ သူက…ငါ ဇနီးသည္နဲ႔ အတူရွိခ်င္တယ္လို႔ ျပန္ေျဖပါတယ္”

“ဒါနဲ႔ ကၽြန္ေတာ္လည္း သူ႔ကို ေပြ႔ဖက္ထားလိုက္ပါတယ္။ အဲဒီအခ်ိန္မွာ ကၽြန္ေတာ့္ကို ဓာတ္ပံုရိုက္ေနတယ္ဆိုတာ မသိပါဘူး”

အဘိုးအိုသည္ ေနာက္ဆံုးတြင္ စိတ္ထိန္းႏိုင္သြားျပီး ငိုေၾကြးမႈရပ္သြားေၾကာင္း ေဒါက္တာဗာရြန္က ေျပာသည္။

ေဒါက္တာဗာရြန္က ေျပာရာတြင္ အဘိုးအိုအေနျဖင့္ နက္ဂတစ္ စစ္ေဆးေတြ႔ရွိျပီး ေရာဂါေပ်ာက္ကင္းကာ ေဆးရံုမွ ဆင္းရသည္အထိ ဇနီးသည္အား ေတြ႔ရမည္မဟုတ္ေၾကာင္း ေျပာၾကားသည္။

(သိပ္ကို အထီးက်န္ပါတယ္)

“ဒါက သိပ္ခက္ပါတယ္။ ခင္ဗ်ားတို႔ စဥ္းစားၾကည့္ပါ။ ခင္ဗ်ားဟာ အခန္းတစ္ခန္းထဲကို ေရာက္ေနမယ္။ အဲဒီကို ဝင္လာတဲ့သူဆိုလို႔ အာကာသဝတ္စံုလိုမ်ဳိး ဝတ္ထားသူေတြပဲ ဝင္လာမယ္။ ခင္ဗ်ားအေနနဲ႔ တျခားဘယ္သူနဲ႔မွ ဆက္သြယ္လို႔ မရပါဘူး။ ကံေကာင္းရင္ေတာ့ ဖုန္းနဲ႔ဆက္သြယ္လို႔ရတာရွိမယ္။ သက္ၾကီးရြယ္အိုေတြအေနနဲ႔ဆိုရင္ အထီးက်န္ေနရတဲ့ ေဝဒနာက ပိုဆိုးပါတယ္။ သိပ္ကို အထီးက်န္ဆန္ပါတယ္”

ေဒါက္တာ ဗာရြန္က ျပန္လည္ေျပာျပရာတြင္ အျခားလူနာမ်ားကိုလည္း အလားတူ ႏွစ္သိမ့္မႈမ်ား ေပးခဲ့ေၾကာင္း ေျပာျပသည္။

“ကၽြန္ေတာ္ သူတို႔ အခန္းေတြကို သြားပါတယ္။ သူတို႔ရဲ႕ ကုတင္ေပၚမွာထိုင္ျပီး စကားစျမည္ေျပာပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔မွာ ကမ္းလင့္လာမယ့္ လက္တစံု တကယ္ကို လိုအပ္ေနပါတယ္”

ဒါေပမယ့္လည္း ကၽြန္ေတာ္တို႔မွာ လူနာေတြက အမ်ားၾကီး။ တခါတေလမွာေတာ့ ကၽြန္ေတာ္တို႔ဟာ လူနာတိုင္းကို မေထြးေပြ႔ႏိုင္ပါဘူး၊ သူတို႔ရဲ႕ လက္ေတြကို ဆုပ္ကိုင္မေပးႏိုင္ဘူး၊ အနည္းဆံုးအားျဖင့္ နည္းနည္းပိုျပီး လူသားဆန္မေပးႏိုင္ၾကပါဘူး” ဟု ေဒါက္တာ ဗာရြန္က ဆိုသည္။

“တခ်ဳိ႕လူနာေတြက ငိုေၾကြးၾကတယ္။ တခ်ဳိ႕က ထြက္ေျပးဖို႔ ၾကိဳးစားၾကတယ္။ လူနာတစ္ေယာက္ဆိုရင္ ျပတင္းေပါက္ကေန ေက်ာ္ျပီး ေျပးဖို႔ ၾကိဳးစားတယ္”

ဓာတ္ပံုတြင္းမွ အဘိုးအိုမွာ ဇနီးျဖစ္သူႏွင့္ မၾကာမီ ဆံုစည္းႏိုင္ဖြယ္ရွိေၾကာင္း ေဒါက္တာဗာရြန္က ေျပာသည္။

အဘိုးအို၏ အေျခအေနမွာ ေကာင္းမြန္ေနျပီး ယခုရက္သတၱပတ္ကုန္ခန္႔တြင္ ေဆးရံုမွ ဆင္းႏိုင္ဖြယ္ရာရွိသည္။

မိမိကိုယ္တိုင္မူ မည္သည့္အခ်ိန္တြင္ လဲျပိိဳက်မည္မသိေၾကာင္း၊ မိမိ၏ သူနာျပဳဆရာမမ်ားမွာမူ ယခုကဲ့သို႔ အေျခအေနမ်ဳိး ရင္ဆိုင္ရခ်ိန္မ်ဳိးတြင္ ငိုေၾကြးေနၾကရျပီျဖစ္ေၾကာင္း ေဒါက္တာ ဗာရြန္က ေျပာသည္။

(လူမႈအလွမ္းခြာပါ။ လက္ကို မၾကာခဏေဆးပါ။ ပါးစပ္ႏွာေခါင္းစည္းဝတ္ဆင္ပါ)

S ေဆးရံုတြင္ ကိုရိုနာဗုိင္းရပ္စ္လူနာမ်ား ဆက္လက္ဝင္ေရာက္လာလ်က္ရွိရာ ျပည္သူတို႔သည္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေရးစည္းမ်ဥ္းမ်ား မလိုက္နာၾကသည္ကို မ်ားစြာစိတ္ပ်က္မိေၾကာင္း ေဒါက္တာဗာရြန္က ေျပာသည္။

“ကၽြန္ေတာ္က ဒီမွာ ေန႔ည ဒီလိုေတြ တာဝန္ထမ္းေဆာင္ေနတယ္။ အျပင္မွာ လူေတြက တလဲြေတြ လုပ္ေနၾကတယ္။ စားေသာက္ဆိုင္ေတြ၊ အရက္ဆိုင္ေတြ၊ ေစ်းဝယ္စင္တာေတြကို ထြက္ၾကတယ္။ တကယ့္ကို အရူးလံုးလံုးပါပဲ။ ကၽြန္ေတာ္တို႔က အလုပ္လုပ္…လုပ္..လုပ္…လုပ္။ လူေတြက လမ္းညႊန္ခ်က္ေတြ နားမေထာင္။ ေနာက္ဆံုး ကၽြန္ေတာ့္ရဲ႕ အထူးၾကပ္မတ္ကုသခန္း ထဲေရာက္” ဟု ေဒါက္တာ ဗာရြန္က ေျပာၾကားသည္။

“ျပည္သူေတြ သိထားဖုိိ႔ လိုတဲ့အခ်က္က ..ကၽြန္ေတာ့္အေနနဲ႔ သူတို႔ကို ေပြ႔ဖက္ရတာမ်ဳိး မျဖစ္ခ်င္ပါဘူး။ သူတို႔အေနနဲ႔ အေျခခံ စည္းမ်ဥ္းေတြ လိုက္နာၾကဖို႔ လိုပါတယ္။ လူမႈ အလွမ္းခြာေနထိုင္ၾကပါ။ ပါးစပ္ႏွာေခါင္းစည္းေတြ တပ္ၾကပါ။ လက္ကို မၾကာခဏေဆးပါ။ လူထူထပ္တဲ့ေနရာေတြကို ေရွာင္ပါ။ သိပ္ကို ရိုးစင္းပါတယ္။ ဒီအခ်က္ေတြကို ျပည္သူေတြ လိုက္နာႏိုင္ၾကမယ္ဆိုရင္ ကၽြန္ေတာ့္လိုမ်ဳိး က်န္းမာေရးဝန္ထမ္းေတြ အနားရႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”

ေဒါက္တာ ဗာရြန္က CNN သတင္းဌာန၏ New Day အစီအစဥ္သို႔ ေျပာရာတြင္ ကပ္ေဘးအက်ပ္အတည္းမွာ ပိုမိုဆိုးရြားလာေနေၾကာင္း ေျပာၾကားသည္။

ျပီးခဲ့ေသာ ရက္အနည္းငယ္အတြင္း ေရာဂါကူးစက္ခံရသူ ျမင့္တက္လာေနေၾကာင္း၊ ေဆးရံုသို႔ ေရာက္လာသည့္ လူနာမ်ားမွာ ေရာဂါခံစားရမႈ အေျခအေန ပိုမိုဆိုးရြားလာေၾကာင္း၊ ထုိသုိ႔ အေျခအေနပိုဆိုးလာရျခင္းအေၾကာင္းမွာ ေဆးရံုတက္ခြင့္ရရန္ ကာလၾကာျမင့္စြာ ေစာင့္ဆိုင္းေနၾကရျခင္းေၾကာင့္ျဖစ္ေၾကာင္း ေဒါက္တာဗာရြန္က ေျပာသည္။

“လာမယ့္ ရက္သတၱ ၆ ပတ္ကေန ၁၂ ပတ္အတြင္း ကၽြန္ေတာ္တို႔အေနနဲ႔ လုပ္သင့္လုုပ္ထိုက္တာေတြကို မလုိက္နာ မေဆာင္ရြက္ဘဲေနမယ္ဆိုရင္ အေမရိကန္ျပည္ေထာင္စုရဲ႕ ေခတ္သစ္ေဆးပညာသမိုင္းမွာ အေမွာင္မိုက္ဆံုးေန႔ရက္ေတြကို ရင္ဆိုင္ေတြ႔ျမင္ရေတာ့မွာကို ကၽြန္ေတာ္စိုးရိမ္မိပါတယ္”

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: After 256 days working nonstop, doctor pleads with public to help halt Covid-19 (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service