ပရဟိတ လုပ်ဆောင်ခြင်းရဲ့ အကျိုးကျေးဇူးများ

ပရဟိတ လုပ်ဆောင်ခြင်းရဲ့ အကျိုးကျေးဇူးများ - Property Knowledge in Myanmar from iMyanmarHouse.com
6 Dec 2020 12:09 pm တွင် တင်ခဲ့သည်
2876 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

စေတနာ့ဝန်ထမ်းအဖြစ် ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်ခြင်း တနည်းအားဖြင့် လုပ်အားပေးခြင်း (Volunteering) ဆိုတာကတော့ လူတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုအတွက် အကျိုးအမြတ်ရယူခြင်းမရှိပဲ ဝန်ဆောင်မှုပေးတာ၊ လုပ်ငန်းလုပ်ဆောင်ပေးတာကို ဆိုလိုပါတယ်။

Volunteering (စေတနာ့ဝန်ထမ်း)ဆိုတဲ့ စကားလုံးကတော့ ၁၈၅၁ ခုနှစ် အမေရိကန်ပြည်တွင်းစစ်ပွဲကာလမှာ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သူ Clara Barton က စတင်ပြီး စစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူတွေနဲ့ နာမကျန်းဖြစ်သူတွေကို အစားအသောက်၊ အဝတ်အစားနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပံ့ပိုးပေးတဲ့ လုပ်အားပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန် ကြက်ခြေနီအဖွဲ့အစည်းကို တည်ထောင်ခဲ့ပြီး သဘာ၀ဘေး ကယ်ဆယ်ထောက်ပံ့ရေး စေတနာ့ဝန်ထမ်းအလုပ်တွေကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာတော့ စေတနာ့ဝန်ထမ်းအလုပ်ဟာ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတွေရဲ့ ပင်မကျောရိုးတစ်ခုဖြစ်နေပါပြီ။ လုပ်အားပေး စေတနာ့ဝန်ထမ်းလုပ်ခြင်းဟာ အများကောင်းကျိုးလုပ်ဆောင်တာဖြစ်တဲ့အတွက် ကုသိုလ်ရတာ သေချာပါတယ်။ ဒါ့အပြင် သင့်အတွက် လက်ငင်း အကျိုးရှိစေနိုင်တာတွေလည်း ရှိပါတယ်။ လုပ်အားပေးစေတနာ့ဝန်တမ်း လုပ်ဆောင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။

ကိုယ်ရောစိတ်ပါ ကျန်းမာစေတယ်။

သုတေသနရလဒ်တွေအရ စေတနာ့ဝန်ထမ်းအလုပ်ဟာ သင့်ကို ကိုယ်ရောစိတ်ပါ ကျန်းမာစေပြီး ခံစားမှုကို ပိုမိုကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ စေတနာ့ဝန်ထမ်းလုပ်သူတွေဟာ စိတ်ခံစားမှု တိုးတက်ကောင်းမွန်ပြီး မိမိကိုယ်ကို ယုံကြည်မှု၊ တန်ဖိုးထားမှုလည်း ပိုအားကောင်းကြပါတယ်။ စိတ်ဖိစီးမှုကိုလည်း အကောင်းဆုံး ဖြေဖျောက်နိုင်ကြပြီး ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့လည်း ပိုမိုကောင်းမွန်ခိုင်မာတဲ့ ဆက်ဆံရေးရှိကြတာကြောင့် အခြားသူတွေထက် ကျန်းမာပျော်ရွှင်နေနိုင်ကြတာ ဖြစ်ပါတယ်။

အရည်အချင်းအသစ်တွေ သင်ယူနိုင်တယ်။

စေတနာ့ဝန်ထမ်းလုပ်ဆောင်တဲ့အခါမှာ ပညာရပ်အသစ်တွေ၊ အရည်အချင်းအသစ်တွေ အများကြီးကို လေ့လာသင်ယူရပါတယ်။ ဒီအရည်အချင်းတွေကလည်း စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေမှာ သင်ယူလို့မရနိုင်တဲ့ ပြောဆိုဆက်ဆံမှုစွမ်းရည်၊ အသင်းအဖွဲ့လိုက်လုပ်ဆောင်မှုစွမ်းရည်နဲ့ အခြေအနေကို လိုက်လျောညီထွေအောင်လုပ်ဆောင်နိုင်မှု စွမ်းရည် စတဲ့အရည်အချင်းတွေ ဖြစ်ပါတယ်။ ပရောဂျက်တစ်ခုမှာ သူစိမ်းတွေနဲ့အတူတူ အလုပ်လုပ်ရတာကလည်း သင့်ဘဝအတွက် အရေးပါတဲ့ အတွေ့အကြံနဲ့ အရည်အချင်းတွေ တိုးတက်လာစေပါတယ်။

 

မိတ်ဆွေသူငယ်ချင်း အသစ်တွေရနိုင်တယ်။

ဒီအချက်ကတော့ စေတနာ့ဝန်ထမ်းလုပ်ဆောင်ခြင်းရဲ့ အဓိကအချက်တစ်ခုပဲဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ မိတ်ဆွေသူငယ်ချင်းတွေများပေမယ့် တကယ့်လက်တွေ့မှာ ထိတွေ့ဆက်ဆံနေရတဲ့ ခင်မင်သူမိတ်ဆွေအပေါင်းအသင်းက သိပ်များများစားစားမရှိလှပါဘူး။ သင့်အသိမိတ်ဆွေတွေတင်သမျှကို Like ပေး၊ Comment ပေးနေတာက မျက်နှာချင်းဆိုင်ထိုင်ပြီးစကားပြောကြတာလောက် အကျိုးမရှိပါဘူး။ လုပ်အားပေး စေတနာ့ဝန်ထမ်းလုပ်ဆောင်ရင်း တွေ့ဆုံကြရသူတွေဟာ တူညီတဲ့လမ်းခရီးကို လျှောက်လှမ်းနေကြသူတွေဖြစ်ပြီး အပြန်အလှန်အားပေးကူညီတတ်တဲ့ ဝန်းကျင်တစ်ခုမှာ ရှိနေကြတာဖြစ်တဲ့အတွက် အရမ်းရင်းနှီးကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဖြစ်လာနိုင်ပါတယ်။ လူအများစုဟာ မျက်နှာချင်းဆိုင်တွေ့ဆုံစကားပြောကြရတဲ့ မိတ်ဆွေအပေါင်းအသင်း အနည်းငယ်သာရှိကြပါတယ်။ အရင်းနှီးဆုံးသူငယ်ချင်း၊ အခင်မင်ရဆုံးသူငယ်ချင်းဆိုတာတွေ သိပ်မရှိကြတော့ပါဘူး။ လုပ်အားပေးလုပ်ငန်းတွေ၊ ပရဟိတလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းလုပ်ဆောင်မယ်ဆိုရင်တော့ စိတ်တူကိုယ်တူ မိတ်ဆွေသူငယ်ချင်းအသစ်တွေရစေဖို့ အခွင့်အလမ်းရလာမှာဖြစ်ပါတယ်။

ပိုပြီးတော့ ပျော်ရွှင်အောင်မြင်စေနိုင်တယ်

လေ့လာမှုတွေအရ စေတနာ့ဝန်ထမ်းလုပ်ဆောင်ခဲ့ဖူးသူတွေဟာ မလုပ်ခဲ့ဖူးသူတွေထက် အလုပ်အကိုင်ရရှိမှုနဲ့ လုပ်ငန်းခွင်အတွင်း တိုးတက်အောင်မြင်မှုတို့မှာ ပိုမိုများပြာတယ်လို့ ဆိုပါတယ်။ လုပ်အားပေးအလုပ်တွေ၊ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ဖူးသူတွေဟာ လုပ်ငန်းခွင်ကျင့်ဝတ်ကို ပိုမိုနားလည်ကြသလို ပြောဆိုဆက်ဆံမှုစွမ်းရည် ပိုမိုကောင်းမွန်ပြီး လုပ်ငန်းခွင်က လိုအပ်တဲ့ အရည်အချင်းတွေကိုလည်း အမှီဖြည့်စွမ်းနိုင်စွမ်းရှိကြတာကြောင့် ဖြစ်ပါတယ်။

စေတနာ့ဝန်ထမ်းအလုပ်ဟာ နှစ်လမ်းသွား လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ အရည်အချင်းနဲ့ အတွေ့အကြံသစ်တွေ၊ မိတ်ဆွေအပေါင်းအသစ်တွေ ရရှိနိုင်ပေမယ့် သင့်ရဲ့အဖိုးတန်အချိန်နဲ့ ခွန်အားကို ပြန်ပေးဆပ်နိုင်ရမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: mmgentleman

 

[Zawgyi]

ပရဟိတ လုပ္ေဆာင္ျခင္းရဲ႕ အက်ိဳးေက်းဇူးမ်ား

ေစတနာ့၀န္ထမ္းအျဖစ္ ပရဟိတလုပ္ငန္းေတြ လုပ္ေဆာင္ျခင္း တနည္းအားျဖင့္ လုပ္အားေပးျခင္း (Volunteering) ဆိုတာကေတာ့ လူတစ္ေယာက္ ဒါမွမဟုတ္ အဖြဲ႕အစည္းတစ္ခုခုအတြက္ အက်ိဳးအျမတ္ရယူျခင္းမရွိပဲ ၀န္ေဆာင္မႈေပးတာ၊ လုပ္ငန္းလုပ္ေဆာင္ေပးတာကို ဆိုလိုပါတယ္။

Volunteering (ေစတနာ့၀န္ထမ္း)ဆိုတဲ့ စကားလံုးကေတာ့ ၁၈၅၁ ခုႏွစ္ အေမရိကန္ျပည္တြင္းစစ္ပြဲကာလမွာ စတင္ေပၚေပါက္လာခဲ့တာျဖစ္ပါတယ္။ ပညာေရး၀န္ထမ္းတစ္ဦးျဖစ္သူ Clara Barton က စတင္ၿပီး စစ္ပြဲအတြင္း ထိခိုက္ဒဏ္ရာရသူေတြနဲ႔ နာမက်န္းျဖစ္သူေတြကို အစားအေသာက္၊ အ၀တ္အစားနဲ႔ ေထာက္ပံ့ေရးပစၥည္းေတြ ပံ့ပိုးေပးတဲ့ လုပ္အားေပးအဖြဲ႕ကို ဖြဲ႔စည္းခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အေမရိကန္ ၾကက္ေျခနီအဖြဲ႕အစည္းကို တည္ေထာင္ခဲ့ၿပီး သဘာ၀ေဘး ကယ္ဆယ္ေထာက္ပံ့ေရး ေစတနာ့၀န္ထမ္းအလုပ္ေတြကို စတင္လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

အခုခ်ိန္မွာေတာ့ ေစတနာ့၀န္ထမ္းအလုပ္ဟာ အက်ိဳးအျမတ္မယူတဲ့အဖြဲ႕အစည္းေတြရဲ႕ ပင္မေက်ာရိုးတစ္ခုျဖစ္ေနပါၿပီ။ လုပ္အားေပး ေစတနာ့၀န္ထမ္းလုပ္ျခင္းဟာ အမ်ားေကာင္းက်ိဳးလုပ္ေဆာင္တာျဖစ္တဲ့အတြက္ ကုသိုလ္ရတာ ေသခ်ာပါတယ္။ ဒါ့အျပင္ သင့္အတြက္ လက္ငင္း အက်ိဳးရွိေစႏိုင္တာေတြလည္း ရွိပါတယ္။ လုပ္အားေပးေစတနာ့၀န္တမ္း လုပ္ေဆာင္ျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကို ေဖာ္ျပလိုက္ပါတယ္။

ကိုယ္ေရာစိတ္ပါ က်န္းမာေစတယ္။

သုေတသနရလဒ္ေတြအရ ေစတနာ့၀န္ထမ္းအလုပ္ဟာ သင့္ကို ကိုယ္ေရာစိတ္ပါ က်န္းမာေစၿပီး ခံစားမႈကို ပိုမိုေကာင္းမြန္ေစတယ္လို႔ ဆိုပါတယ္။ ေစတနာ့၀န္ထမ္းလုပ္သူေတြဟာ စိတ္ခံစားမႈ တိုးတက္ေကာင္းမြန္ၿပီး မိမိကိုယ္ကို ယုံၾကည္မႈ၊ တန္ဖိုးထားမႈလည္း ပိုအားေကာင္းၾကပါတယ္။ စိတ္ဖိစီးမႈကိုလည္း အေကာင္းဆံုး ေျဖေဖ်ာက္ႏိုင္ၾကၿပီး ပတ္၀န္းက်င္အသိုင္းအ၀ိုင္းနဲ႔လည္း ပိုမိုေကာင္းမြန္ခိုင္မာတဲ့ ဆက္ဆံေရးရွိၾကတာေၾကာင့္ အျခားသူေတြထက္ က်န္းမာေပ်ာ္ရႊင္ေနႏိုင္ၾကတာ ျဖစ္ပါတယ္။

အရည္အခ်င္းအသစ္ေတြ သင္ယူႏိုင္တယ္။

ေစတနာ့၀န္ထမ္းလုပ္ေဆာင္တဲ့အခါမွာ ပညာရပ္အသစ္ေတြ၊ အရည္အခ်င္းအသစ္ေတြ အမ်ားႀကီးကို ေလ့လာသင္ယူရပါတယ္။ ဒီအရည္အခ်င္းေတြကလည္း စာသင္ေက်ာင္းနဲ႔ တကၠသိုလ္ေတြမွာ သင္ယူလို႔မရႏိုင္တဲ့ ေျပာဆိုဆက္ဆံမႈစြမ္းရည္၊ အသင္းအဖြဲ႕လိုက္လုပ္ေဆာင္မႈစြမ္းရည္နဲ႔ အေျခအေနကို လိုက္ေလ်ာညီေထြေအာင္လုပ္ေဆာင္ႏိုင္မႈ စြမ္းရည္ စတဲ့အရည္အခ်င္းေတြ ျဖစ္ပါတယ္။ ပေရာဂ်က္တစ္ခုမွာ သူစိမ္းေတြနဲ႔အတူတူ အလုပ္လုပ္ရတာကလည္း သင့္ဘ၀အတြက္ အေရးပါတဲ့ အေတြ႕အၾကံနဲ႔ အရည္အခ်င္းေတြ တိုးတက္လာေစပါတယ္။

မိတ္ေဆြသူငယ္ခ်င္း အသစ္ေတြရႏိုင္တယ္။

ဒီအခ်က္ကေတာ့ ေစတနာ့၀န္ထမ္းလုပ္ေဆာင္ျခင္းရဲ႕ အဓိကအခ်က္တစ္ခုပဲျဖစ္ပါတယ္။ အင္တာနက္ေပၚမွာ မိတ္ေဆြသူငယ္ခ်င္းေတြမ်ားေပမယ့္ တကယ့္လက္ေတြ႕မွာ ထိေတြ႕ဆက္ဆံေနရတဲ့ ခင္မင္သူမိတ္ေဆြအေပါင္းအသင္းက သိပ္မ်ားမ်ားစားစားမရွိလွပါဘူး။ သင့္အသိမိတ္ေဆြေတြတင္သမွ်ကို Like ေပး၊ Comment ေပးေနတာက မ်က္ႏွာခ်င္းဆိုင္ထိုင္ၿပီးစကားေျပာၾကတာေလာက္ အက်ိဳးမရွိပါဘူး။ လုပ္အားေပး ေစတနာ့၀န္ထမ္းလုပ္ေဆာင္ရင္း ေတြ႕ဆံုၾကရသူေတြဟာ တူညီတဲ့လမ္းခရီးကို ေလွ်ာက္လွမ္းေနၾကသူေတြျဖစ္ၿပီး အျပန္အလွန္အားေပးကူညီတတ္တဲ့ ၀န္းက်င္တစ္ခုမွာ ရွိေနၾကတာျဖစ္တဲ့အတြက္ အရမ္းရင္းႏွီးၾကတဲ့ မိတ္ေဆြသူငယ္ခ်င္းေတြ ျဖစ္လာႏိုင္ပါတယ္။ လူအမ်ားစုဟာ မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆံုစကားေျပာၾကရတဲ့ မိတ္ေဆြအေပါင္းအသင္း အနည္းငယ္သာရွိၾကပါတယ္။ အရင္းႏွီးဆံုးသူငယ္ခ်င္း၊ အခင္မင္ရဆံုးသူငယ္ခ်င္းဆိုတာေတြ သိပ္မရွိၾကေတာ့ပါဘူး။ လုပ္အားေပးလုပ္ငန္းေတြ၊ ပရဟိတလုပ္ငန္းေတြမွာ ေစတနာ့၀န္ထမ္းလုပ္ေဆာင္မယ္ဆိုရင္ေတာ့ စိတ္တူကုိယ္တူ မိတ္ေဆြသူငယ္ခ်င္းအသစ္ေတြရေစဖို႔ အခြင့္အလမ္းရလာမွာျဖစ္ပါတယ္။

ပိုၿပီးေတာ့ ေပ်ာ္ရႊင္ေအာင္ျမင္ေစႏိုင္တယ္

ေလ့လာမႈေတြအရ ေစတနာ့၀န္ထမ္းလုပ္ေဆာင္ခဲ့ဖူးသူေတြဟာ မလုပ္ခဲ့ဖူးသူေတြထက္ အလုပ္အကိုင္ရရွိမႈနဲ႔ လုပ္ငန္းခြင္အတြင္း တိုးတက္ေအာင္ျမင္မႈတို႔မွာ ပိုမိုမ်ားျပာတယ္လို႔ ဆိုပါတယ္။ လုပ္အားေပးအလုပ္ေတြ၊ ပရဟိတလုပ္ငန္းေတြကို လုပ္ေဆာင္ခဲ့ဖူးသူေတြဟာ လုပ္ငန္းခြင္က်င့္၀တ္ကို ပိုမိုနားလည္ၾကသလို ေျပာဆိုဆက္ဆံမႈစြမ္းရည္ ပိုမိုေကာင္းမြန္ၿပီး လုပ္ငန္းခြင္က လိုအပ္တဲ့ အရည္အခ်င္းေတြကိုလည္း အမွီျဖည့္စြမ္းႏိုင္စြမ္းရွိၾကတာေၾကာင့္ ျဖစ္ပါတယ္။

ေစတနာ့၀န္ထမ္းအလုပ္ဟာ ႏွစ္လမ္းသြား လမ္းေၾကာင္းတစ္ခုျဖစ္ပါတယ္။ သင့္အေနနဲ႔ အရည္အခ်င္းနဲ႔ အေတြ႕အၾကံသစ္ေတြ၊ မိတ္ေဆြအေပါင္းအသစ္ေတြ ရရွိႏိုင္ေပမယ့္ သင့္ရဲ႕အဖိုးတန္အခ်ိန္နဲ႔ ခြန္အားကို ျပန္ေပးဆပ္ႏိုင္ရမွာ ျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: mmgentleman

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာ
စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

sales-gallery
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service