မိသားစု ကျန်းမာရေးအတွက် ရေချိုးခန်းကို ဘယ်လို သန့်ရှင်းရေးလုပ်ကြမလဲ

မိသားစု ကျန်းမာရေးအတွက် ရေချိုးခန်းကို ဘယ်လို သန့်ရှင်းရေးလုပ်ကြမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
6 Dec 2020 12:03 pm တွင် တင်ခဲ့သည်
900 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ကျန်းမာတဲ့မိသားစုအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ပတ်ဝန်းကျင် လိုအပ်ပါတယ်။ ကိုယ်နေထိုင်တဲ့ အိမ်မှာ ပိုးမွှားကင်းစင်ပြီး သန့်ရှင်းသပ်ရပ်နေမှ မိသားစုဝင်တွေလည်း ရောဂါဘယကင်းရှင်းပြီး ကျန်းမာနေမှာ ဖြစ်ပါတယ်။ ရေချိုးခန်းဆိုတာ အိမ်တွင်းအခန်းတစ်ခန်းဖြစ်တာကြောင့် သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရောဂါပိုးမွှားနဲ့ ဖုန်၊အညစ်အကြေးတွေ အများဆုံးစုနိုင်တာ ရေချိုးခန်းပဲမဟုတ်လား။

ရေချိုးခန်းမှာ တစ်နေ့တာတွေ့ကြုံလာတဲ့ အညစ်အကြေးတွေ၊ အမှိုက်တွေကို ရေနဲ့ ဆေးကြောသန့်စင်ကြတာပါ။ ဒါ့အပြင် ရေအိမ်ပါ တွဲလျက်ရှိတဲ့ ရေချိုးခန်းအဖို့တော့ ဘက်တီးရီးယားပိုးမွှားက ပိုလို့တောင် ခိုအောင်းနိုင်ပါသေးတယ်။ ဒါကြောင့် ရေချိုးခန်းသန့်ရှင်းနေဖို့ဆိုတာ မိသားစုတစ်စုရဲ့ ကျန်းမာရေးအတွက် အလွန်ကို အရေးကြီးပါတယ်။

ရေချိုးခန်းကို ဘယ်နှရက်တစ်ခါ သန့်ရှင်းရေး လုပ်ပေးရမလဲ

ပုံမှန်အားဖြင့်တော့ ရေချိုးခန်းကို တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ရေချိုးခန်းနံရံတွေ၊ ကြမ်းပြင်တွေ၊ တံခါးတွေကို တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် ဆပ်ပြာဆေးရည်နဲ့ ဆေးကြောသန့်စင်ပေးပါ။ ရေချိုးခန်းသုံးပစ္စည်းတွေဖြစ်တဲ့ ရေဘုံဘိုင်၊ ရေပုံးတွေ၊ ရေခွက် စတာတွေကိုလည်း ပုံမှန်ဆေးကြောပေးရပါမယ်။ အကယ်၍အိမ်မှာ မိသားစုဝင်တွေ များပြီး ရေချိုးခန်းတစ်ခုတည်းက ဘုံသုံးဖြစ်နေတယ်ဆိုရင်တော့ တစ်ကြိမ်ထပ်ပိုပြီး သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ အထူးသဖြင့် ရေချိုးခန်းမှာ ရေအိမ်ပါတွဲပါနေရင်တော့ မပျက်မကွက်ကို သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

ရေချိုးခန်းကို အမြဲသန့်ရှင်းအောင် ဘယ်လိုထားကြမလဲ

အောက်မှာဆက်လက်ဖော်ပြပေးမယ့် နည်းနာတချို့ကို လိုက်နာမယ်ဆိုရင်တော့ ရေချိုးခန်းသန့်ရှင်းရေးကို ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ ရောဂါစုဝေးနိုင်တဲ့ ရေချိုးခန်းကို ပိုးကင်းရှင်းအောင် သန့်ရှင်းရေး လုပ်ပေးမယ်ဆိုရင် မိသားစုလည်း ကျန်းမာနေမှာ ဖြစ်ပါတယ်။

၁။ ပုံမှန်သန့်ရှင်းရေး လုပ်ပါ

တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် ရေချိုးခန်းနံရံတွေ၊ ကြမ်းပြင်တွေ၊ ရေစည်ရှိတယ်ဆို ရေစည်နံရံတွေကို ပိုးသတ်ဆပ်ပြာဆေးရည်နဲ့ ပွတ်တိုက်ပြီး သန့်ရှင်းရေးလုပ်ပါ။ ရေအိမ်ရှိမယ်ဆို ရေအိမ်ကိုလည်း သန့်ရှင်းရေး လုပ်ပေးပါ။ မပျက်မကွက်နဲ့ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ကိုယ့်အိမ်သားမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်တာ၊ ဖျားနာတာဖြစ်တာဆိုရင် ဒီထက်ပိုစိပ်စိပ် သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

၂။ ရေချိုးခန်းသုံးပစ္စည်းတွေကိုလည်း သန့်ရှင်းပေးပါ

ရေချိုးခန်းသုံးပစ္စည်းဖြစ်တဲ့ ရေဘုံဘ်ိုင်ခေါင်း၊ ရေခွက်၊ ရေပန်းနဲ့ ရေပုံးတွေကိုလည်း သန့်ရှင်းရေး လုပ်ပေးရပါမယ်။ ရေဆင်းတဲ့ ရေထွက်ပေါက်ကိုလည်း ပိတ်ဆို့မှုမရှိအောင် ဂရုစိုက်ရပါမယ်။ မှန်ကန်စိတ်ချရတဲ့ ပိုးသတ်အာနိသင်ပါတဲ့ ဆေးရည်ကိုရွေးပြီး သန့်ရှင်းရေးလုပ်ပေးရပါမယ်။ ရေစင်၊ ရေချိုးခန်းသုံးမှန်ကို သုတ်ပေးပါ။ မှန်မှာကပ်ငြိနေတဲ့ မှိုတွေ၊အစွန်းအထင်းတွေကို ပွတ်တိုက်ပေးပါ။ သွားပွတ်တံအပိုတွေ၊ သွားတိုက်ဆေးအခွံတွေကို စွန့်ပစ်ပါ။ ရေချိုးခန်းက လိုက်ကာတွေ၊ ကန့်လန့်ကာတွေကိုလည်း ၃ လကနေ ၆ လ တစ်ကြိမ် လဲပေးဖို့လိုပါတယ်။

၃။ ရေအိမ်ကို အထူးဂရုစိုက်ပါ

ရေအိမ်က ရောဂါပိုးမွှားစုဝေးရာပါ။ ရေအိမ်သွားပြီးတိုင်း ရေဆွဲချပါ။ ရေအိမ်တွင်းကို ပိုးသတ်ဆေးရည်နဲ့ ဆပ်ပြာနဲ့ ဘရပ်ရှ်နဲ့ ပွတ်တိုက်ပြီး ၁၀ မိနစ်ခန့် ဆေးကြောပေးသင့်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်ဆေးကြောပေးပါ။ အိမ်သားများလေ ပိုပြီး အကြိမ်ရေများများ သန့်စင်ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ရေအိမ်အသုံးပြုပြီးတိုင်း အဖုံးကိုချပြီး ပိတ်ထားပါ။ ရောဂါပိုးပြန့်နှံ့တာကို ကာကွယ်ပေးနိုင်ပါတယ်။

၄။ အနံ့အသက်ကိုလည်း ဂရုစိုက်ပါ

ရေချိုးခန်းအနံ့အသက်ကလည်း အရေးကြီးပါတယ်။ ရေသန့်စင် Air Fresher ဖြန်းဆေးတွေသုံးတာမျိုး၊ လေဝင်လေထွက်ပေါက် ထားပေးတာမျိုးလည်း လိုအပ်ပါတယ်။ လေဝင်လေထွက်ကောင်းနေမှသာ အနံ့အသက်လည်း နည်းမှာဖြစ်ပြီး ရောဂါပိုးခိုအောင်းနိုင်ချေလည်း နည်းသွားမှာ ဖြစ်ပါတယ်။

၅။ အသစ်လဲလှယ်ပေးပါ

ကျန်းမာရေးအတွက် ကိုယ်သုတ်ပုဝါ၊ မျက်နှာသုတ်ပုဝါတွေကို လစဉ်လဲလှယ်ပေးပါ။ သွားတိုက်တံကို ၃ လ တစ်ခါ လဲလှယ်ပေးပါ။ ရေချိုးခန်းက ထွက်ရင်သုတ်တဲ့ လက်သုတ်ပုဝါ၊ ခြေသုတ်ခုံ စတာတွေကိုလည်း လစဉ် လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။

မိသားစုကျန်းမာရေး ကောင်းစေဖို့ ရေချိုးခန်းသန့်ရှင်းရေးထိန်းသိမ်းစို့

ကျန်းမာတဲ့ပတ်ဝန်းကျင်ကို ကျန်းမာတဲ့အမူအကျင့်တွေနဲ့ မပျက်မကွက်ထိန်းသိမ်းရပါမယ်။ ဒါမှသာ ကျန်းမာတဲ့မိသားစုတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ရေချိုးခန်းသန့်ရှင်းရေးဟာလည်း မိသားစုအတွက် ကျန်းမာတဲ့ပတ်ဝန်းကျင်ကို ဖြစ်စေနိုင်မှာမို့ ပိုးမွှားကင်းစင်ပြီး သန့်ရှင်းမွှေးပြန့်အောင် ထိန်းသိမ်းတာက အရေးကြီးတဲ့အတွက် လိုက်နာစရာနည်းလမ်းအသွယ်သွယ်ကို မျှဝေလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ဒေါက်တာသုတ (KKMM)

 

[Zawgyi]

မိသားစု က်န္းမာေရးအတြက္ ေရခ်ဳိးခန္းကို ဘယ္လို သန္႔ရွင္းေရးလုပ္ၾကမလဲ

က်န္းမာတဲ့မိသားစုအတြက္ က်န္းမာေရးနဲ႔ညီညြတ္တဲ့ပတ္ဝန္းက်င္ လိုအပ္ပါတယ္။ ကိုယ္ေနထုိင္တဲ့ အိမ္မွာ ပုိးမႊားကင္းစင္ၿပီး သန္႔ရွင္းသပ္ရပ္ေနမွ မိသားစုဝင္ေတြလည္း ေရာဂါဘယကင္းရွင္းၿပီး က်န္းမာေနမွာ ျဖစ္ပါတယ္။ ေရခ်ဳိးခန္းဆုိတာ အိမ္တြင္းအခန္းတစ္ခန္းျဖစ္တာေၾကာင့္ သန္႔ရွင္းေနဖုိ႔ လိုအပ္ပါတယ္။ ဒါ့အျပင္ ေရာဂါပုိးမႊားနဲ႔ ဖုန္၊အညစ္အေၾကးေတြ အမ်ားဆုံးစုႏုိင္တာ ေရခ်ဳိးခန္းပဲမဟုတ္လား။

ေရခ်ိဳးခန္းမွာ တစ္ေန႔တာေတြ႕ႀကံဳလာတဲ့ အညစ္အေၾကးေတြ၊ အမႈိက္ေတြကို ေရနဲ႔ ေဆးေၾကာသန္႔စင္ၾကတာပါ။ ဒါ့အျပင္ ေရအိမ္ပါ တြဲလ်က္ရွိတဲ့ ေရခ်ဳိးခန္းအဖုိ႔ေတာ့ ဘက္တီးရီးယားပိုးမႊားက ပိုလို႔ေတာင္ ခုိေအာင္းႏုိင္ပါေသးတယ္။ ဒါေၾကာင့္ ေရခ်ဳိးခန္းသန္႔ရွင္းေနဖို႔ဆုိတာ မိသားစုတစ္စုရဲ႕ က်န္းမာေရးအတြက္ အလြန္ကို အေရးႀကီးပါတယ္။

ေရခ်ဳိးခန္းကို ဘယ္ႏွရက္တစ္ခါ သန္႔ရွင္းေရး လုပ္ေပးရမလဲ

ပုံမွန္အားျဖင့္ေတာ့ ေရခ်ဳိးခန္းကို တစ္ပတ္ကို အနည္းဆုံးတစ္ႀကိမ္ သန္႔ရွင္းေရးလုပ္ေပးသင့္ပါတယ္။ ေရခ်ဳိးခန္းနံရံေတြ၊ ၾကမ္းျပင္ေတြ၊ တံခါးေတြကို တစ္ပတ္ကို အနည္းဆုံးတစ္ႀကိမ္ ဆပ္ျပာေဆးရည္နဲ႔ ေဆးေၾကာသန္႔စင္ေပးပါ။ ေရခ်ဳိးခန္းသုံးပစၥည္းေတြျဖစ္တဲ့ ေရဘုံဘုိင္၊ ေရပုံးေတြ၊ ေရခြက္ စတာေတြကိုလည္း ပုံမွန္ေဆးေၾကာေပးရပါမယ္။ အကယ္၍အိမ္မွာ မိသားစုဝင္ေတြ မ်ားၿပီး ေရခ်ဳိးခန္းတစ္ခုတည္းက ဘုံသုံးျဖစ္ေနတယ္ဆုိရင္ေတာ့ တစ္ႀကိမ္ထပ္ပိုၿပီး သန္႔ရွင္းေရးလုပ္ေပးသင့္ပါတယ္။ အထူးသျဖင့္ ေရခ်ဳိးခန္းမွာ ေရအိမ္ပါတြဲပါေနရင္ေတာ့ မပ်က္မကြက္ကို သန္႔ရွင္းေရးလုပ္ေပးသင့္ပါတယ္။

ေရခ်ဳိးခန္းကို အၿမဲသန္႔ရွင္းေအာင္ ဘယ္လိုထားၾကမလဲ

ေအာက္မွာဆက္လက္ေဖာ္ျပေပးမယ့္ နည္းနာတခ်ဳိ႕ကို လုိက္နာမယ္ဆုိရင္ေတာ့ ေရခ်ဳိးခန္းသန္႔ရွင္းေရးကို ထိန္းသိမ္းထားႏုိင္မွာ ျဖစ္ပါတယ္။ ေရာဂါစုေဝးႏုိင္တဲ့ ေရခ်ဳိးခန္းကို ပိုးကင္းရွင္းေအာင္ သန္႔ရွင္းေရး လုပ္ေပးမယ္ဆုိရင္ မိသားစုလည္း က်န္းမာေနမွာ ျဖစ္ပါတယ္။

၁။ ပုံမွန္သန္႔ရွင္းေရး လုပ္ပါ

တစ္ပတ္ကို အနည္းဆုံးတစ္ႀကိမ္ ေရခ်ဳိးခန္းနံရံေတြ၊ ၾကမ္းျပင္ေတြ၊ ေရစည္ရွိတယ္ဆုိ ေရစည္နံရံေတြကို ပုိးသတ္ဆပ္ျပာေဆးရည္နဲ႔ ပြတ္တုိက္ၿပီး သန္႔ရွင္းေရးလုပ္ပါ။ ေရအိမ္ရွိမယ္ဆုိ ေရအိမ္ကိုလည္း သန္႔ရွင္းေရး လုပ္ေပးပါ။ မပ်က္မကြက္နဲ႔ သန္႔ရွင္းေရးလုပ္ေပးသင့္ပါတယ္။ ကုိယ့္အိမ္သားမွာ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ ျဖစ္တာ၊ ဖ်ားနာတာျဖစ္တာဆုိရင္ ဒီထက္ပုိစိပ္စိပ္ သန္႔ရွင္းေရးလုပ္ေပးသင့္ပါတယ္။

၂။ ေရခ်ဳိးခန္းသုံးပစၥည္းေတြကိုလည္း သန္႔ရွင္းေပးပါ

ေရခ်ဳိးခန္းသုံးပစၥည္းျဖစ္တဲ့ ေရဘုံဘုိ္င္ေခါင္း၊ ေရခြက္၊ ေရပန္းနဲ႔ ေရပုံးေတြကိုလည္း သန္႔ရွင္းေရး လုပ္ေပးရပါမယ္။ ေရဆင္းတဲ့ ေရထြက္ေပါက္ကိုလည္း ပိတ္ဆုိ႔မႈမရွိေအာင္ ဂရုစုိက္ရပါမယ္။ မွန္ကန္စိတ္ခ်ရတဲ့ ပိုးသတ္အာနိသင္ပါတဲ့ ေဆးရည္ကိုေရြးၿပီး သန္႔ရွင္းေရးလုပ္ေပးရပါမယ္။ ေရစင္၊ ေရခ်ဳိးခန္းသုံးမွန္ကို သုတ္ေပးပါ။ မွန္မွာကပ္ၿငိေနတဲ့ မႈိေတြ၊အစြန္းအထင္းေတြကို ပြတ္တိုက္ေပးပါ။ သြားပြတ္တံအပိုေတြ၊ သြားတုိက္ေဆးအခြံေတြကို စြန္႔ပစ္ပါ။ ေရခ်ဳိးခန္းက လုိက္ကာေတြ၊ ကန္႔လန္႔ကာေတြကိုလည္း ၃ လကေန ၆ လ တစ္ႀကိမ္ လဲေပးဖုိ႔လုိပါတယ္။

၃။ ေရအိမ္ကို အထူးဂရုစုိက္ပါ

ေရအိမ္က ေရာဂါပိုးမႊားစုေဝးရာပါ။ ေရအိမ္သြားၿပီးတုိင္း ေရဆြဲခ်ပါ။ ေရအိမ္တြင္းကို ပုိးသတ္ေဆးရည္နဲ႔ ဆပ္ျပာနဲ႔ ဘရပ္ရွ္နဲ႔ ပြတ္တုိက္ၿပီး ၁၀ မိနစ္ခန္႔ ေဆးေၾကာေပးသင့္ပါတယ္။ တစ္ပတ္ကို အနည္းဆုံး တစ္ႀကိမ္ေဆးေၾကာေပးပါ။ အိမ္သားမ်ားေလ ပိုၿပီး အႀကိမ္ေရမ်ားမ်ား သန္႔စင္ေဆးေၾကာေပးရမွာ ျဖစ္ပါတယ္။ ေရအိမ္အသုံးျပဳၿပီးတုိင္း အဖုံးကိုခ်ၿပီး ပိတ္ထားပါ။ ေရာဂါပိုးျပန္႔ႏွံ႔တာကို ကာကြယ္ေပးႏိုင္ပါတယ္။

၄။ အနံ႔အသက္ကိုလည္း ဂရုစိုက္ပါ

ေရခ်ဳိးခန္းအနံ႔အသက္ကလည္း အေရးႀကီးပါတယ္။ ေရသန္႔စင္ Air Fresher ျဖန္းေဆးေတြသုံးတာမ်ဳိး၊ ေလဝင္ေလထြက္ေပါက္ ထားေပးတာမ်ဳိးလည္း လုိအပ္ပါတယ္။ ေလဝင္ေလထြက္ေကာင္းေနမွသာ အနံ႔အသက္လည္း နည္းမွာျဖစ္ၿပီး ေရာဂါပုိးခုိေအာင္းႏုိင္ေခ်လည္း နည္းသြားမွာ ျဖစ္ပါတယ္။

၅။ အသစ္လဲလွယ္ေပးပါ

က်န္းမာေရးအတြက္ ကုိယ္သုတ္ပုဝါ၊ မ်က္ႏွာသုတ္ပုဝါေတြကို လစဥ္လဲလွယ္ေပးပါ။ သြားတုိက္တံကို ၃ လ တစ္ခါ လဲလွယ္ေပးပါ။ ေရခ်ဳိးခန္းက ထြက္ရင္သုတ္တဲ့ လက္သုတ္ပုဝါ၊ ေျခသုတ္ခုံ စတာေတြကိုလည္း လစဥ္ လဲလွယ္ေပးဖုိ႔ လိုအပ္ပါတယ္။

မိသားစုက်န္းမာေရး ေကာင္းေစဖုိ႔ ေရခ်ဳိးခန္းသန္႔ရွင္းေရးထိန္းသိမ္းစို႔

က်န္းမာတဲ့ပတ္ဝန္းက်င္ကို က်န္းမာတဲ့အမူအက်င့္ေတြနဲ႔ မပ်က္မကြက္ထိန္းသိမ္းရပါမယ္။ ဒါမွသာ က်န္းမာတဲ့မိသားစုေတြ ျဖစ္လာမွာျဖစ္ပါတယ္။ ေရခ်ဳိးခန္းသန္႔ရွင္းေရးဟာလည္း မိသားစုအတြက္ က်န္းမာတဲ့ပတ္ဝန္းက်င္ကို ျဖစ္ေစႏိုင္မွာမုိ႔ ပိုးမႊားကင္းစင္ၿပီး သန္႔ရွင္းေမႊးျပန္႔ေအာင္ ထိန္းသိမ္းတာက အေရးႀကီးတဲ့အတြက္ လုိက္နာစရာနည္းလမ္းအသြယ္သြယ္ကို မွ်ေဝလုိက္ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ေဒါက္တာသုတ (KKMM)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service