ဘာပဲ သင်သင် ခဏလေးနဲ့ တက်အောင်
ဘာပဲ သင်သင် ခဏလေးနဲ့ တက်အောင် - Property Knowledge in Myanmar from iMyanmarHouse.com
4 Dec 2020 1:58 pm တွင် တင်ခဲ့သည်
623 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
အသစ်အသစ်တွေကို အမြန်လေ့လာနိုင်ဖို့ နည်းလမ်း ၁၀ ခု
အမြန်လေ့လာသင်ကြားနိုင်မှုဟာ စွမ်းရည်တစ်ခုပါပဲ။ အခုလိုမျိုး တစ်နှစ်နဲ့ တစ်နှစ် ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ လေ့လာနိုင်စွမ်း မြင့်မားဖို့ လိုအပ်ပါတယ်။ ပညာတစ်ခုကို အတတ်လွယ်သူတွေက ဘယ်လိုနည်းစနစ်တွေကို သုံးကြပါသလဲ။ လေ့လာနိုင်စွမ်းမြင့်မားစေမယ့် အိုင်ဒီယာတစ်ချို့ကို ကျွန်တော်တို့ ရွေးထားပါတယ်။ အောက်မှာ ဖတ်ကြည့်ပါ။
၁. ပြသနာတစ်ခုကို နားလည်နိုင်ဖို့ ဘာကြောင့်လဲ ငါးကြိမ် မေးပါ။
ဒီအိုင်ဒီယာကတော့ ပြသနာဖြစ်ရတဲ့ အခြေခံအကြောင်းအရင်းကို သိရှိဖို့ပါ။ ဥပမာတစ်ခု ပြပါမယ်။
က. အခု Update မှာ Feature တစ်ခု ဖြုတ်ထားခဲ့ပါတယ်။ ဘာကြောင့်လဲ?? ဆာဗာ မနိုင်လို့ပါ။
ခ. ဘာလို့ ဆာဗာမနိုင်ရတာလဲ? စနစ်တစ်ခုကို နေရာမှားသုံးထားလို့ပါ။
ဂ. ဘာလို့ နေရာမှားရတာလဲ? အဲဒိနေရာမှာလုပ်တဲ့ အင်ဂျင်နီယာက အဲဒိစနစ်ကို မသုံးတတ်လို့ပါ။
ဃ. ဘာကြောင့် မသုံးတတ်ရတာလဲ? သူ့ကို Training မပေးရသေးလို့ပါ။
င. ဘာကြောင့် Training မပေးရသေးတာလဲ? သူ့မန်နေဂျာက အင်ဂျင်နီယာအသစ်တွေကို အချိန်မပေးနိုင်ရလောက်အောင်မအားလို့ပါ။
ဘာကြောင့်လဲ ငါးကြိမ်မေးလိုက်တာနဲ့ အကုန်ပေါ်လာပါပြီ။
၂. အကောင်းမြင်တတ်ပါ
ငါ ဒါမလုပ်နိုင်ဘူးလို့ စဉ်းစားနေတာဟာ စိတ်ဓာတ်ခွန်အားကို လျော့စေပါတယ်။ စိတ်ညစ်ခြင်းဟာ လေ့လာမှုကို နှေးကွေးစေပါတယ်။ အကောင်းဘက်ကို စဉ်းစားရင်တော့ လေ့လာရာမှု ပိုပြီး လွယ်ကူစေနိုင်ပါတယ်။ ဖြစ်လာနိုင်သမျှအကောင်းဘက်ကို ကြိုပြီး စဉ်းစားထားပါ။
၃. လေ့လာပြီးရင် လေ့ကျင့်ပါ
ဂေါက်ရိုက်တာကို လေ့လာရုံနဲ့ မတတ်ပါဘူး။ ကိုယ်တိုင် ရိုက်ကြည့်ရမှာပါ။ ဘာကိုပဲ ဖြစ်ဖြစ် လေ့လာပြီးရင် လက်တွေ့လုပ်ကြည့်လိုက်ပါ။
၄. ပညာရှင်တစ်ယောက်ရှာပါ။ သူ့ဆီက သင်ယူပါ။
တစ်ခုခုကိုလေ့လာရမယ်ဆို အဲဒိ နယ်ပယ်မှာ ကျွမ်းကျင်တဲ့ သူတစ်ယောက်ယောက်ဆီသွားပါ။ ဒင်နာတစ်ဝိုင်းလောက်ရှင်းပြီး သူတို့အလုပ်အကြောင်း မေးကြည့်ပါ။
၅. လေ့လာဖော် တစ်ယောက်ထားပါ
အချက်အပြုတ်ပဲဖြစ်ဖြစ် တောင်တက်သင်တန်းပဲဖြစ်ဖြစ် ဘာသာစကားပဲဖြစ်ဖြစ် တူတူလေ့လာဖော်တစ်ယောက် ရှာပါ။ တူတူလေ့လာဖို့ အချိန်တစ်ခု သတ်မှတ်ထားပါ။ လူကိုယ်တိုင်ပဲဖြစ်ဖြစ် Online ပေါ်ကဖြစ်ဖြစ် တူတူဆွေးနွေးလေ့လာပါ။
၆. နားမလည်ရင် နားမလည်ဘူးပြောပါ
နားလည်ချင်ယောင်ဆောင်တာ တော်တော်ဆိုးပါတယ်။ အစည်းအဝေးတွေမှာ တစ်ခုခုကို နားမလည်ရင် နောက်တစ်ခေါက် သေချာ ရှင်းပြခိုင်းပါ။ ပညာရှင်တွေက သင့်ရဲ့ လေ့လာလိုစိတ်ကို သဘောကျကြပါလိမ့်မယ်။
၇. ထပ်ခါထပ်ခါ လေ့လာပါ
Practice makes perfect တော့ မဟုတ်ပါဘူး။ အမှန်တကယ်က ထပ်ခါထပ်ခါလုပ်ရင် ပိုပြီးမြန်လာတာပါ။ တစ်ခုခုကို ထပ်ခါထပ်ခါလုပ်ရင် ဦးနှောက်ဆဲလ်တွေကြား အချိတ်အဆက်ကို တိုးပွားစေပါတယ်။ ပိုပြီးမြန်လာရင် အလုပ်ပိုပြီး တွင်ကျယ်ပါတယ်။
၈. စာတင်မက ပုံနဲ့ပါ လေ့လာပါ
ပြသနာဖြေရှင်းဖို့ အကြံဉာဏ်ထုတ်ရာမှာ အကောင်းဆုံးနည်းလမ်းက ပုံတွေနဲ့ စာတွေနဲ့ ရောသုံးဖို့ပါ။ ပုံတွေနဲ့ စာတွေဟာ လေ့လာရာမှာ အရမ်းအထောက်အကူ ပြုပါတယ်။
၉. ခက်တဲ့ဟာကို မနက်ပိုင်းမှာ လေ့လာပါ
စိတ်ခွန်အားဟာ အကန့်အသတ်ရှိပါတယ်။ နေ့တစ်နေ့ရဲ့ အစမှာ ခွန်အားပြည့်နေပေမယ့် ဆုံးဖြတ်ချက်တွေ အခက်အခဲတွေနဲ့ ကြုံလာတာနဲ့အမျှ လျော့သွားတတ်ပါတယ်။ တစ်ခုခု ရှုပ်ရှုပ်ထွေးထွေး လေ့လာချင်ရင် စိတ်အားတက်ကြွချိန် မနက်ပိုင်းမှာ လေ့လာပါ။
၁၀. ၈၀/၂၀ ဥပဒေသကို သုံးပါ
၈၀/၂၀ ဥပဒေသက သင်လုပ်တဲ့ အလုပ်ရဲ့ ၂၀% ဟာ လုပ်စရာ ၈၀% ကို ပြီးမြောက်စေနိုင်ပါတယ်။ စာအုပ်ရဲ့ ၂၀% လောက်မှာ ပညာရဲ့ ၈၀% လောက် ပါတတ်ပါတယ်။ လေ့လာမှုစွမ်းရည်ကောင်းတဲ့သူတွေဟာ အဲဒိ ဥပဒေသကို သုံးကြပါတယ်။ စာအုပ်တွေရဲ့ တော်တော်များများဟာ အရှည်ချဲ့ရေးထားတာများပါတယ်။ အသိဉာဏ်သုံးပြီး အချိန်နည်းနည်းနဲ့ အဲဒိစာအုပ်တွေက ပညာများများရအောင် လုပ်နိုင်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: mmgentleman
[Zawgyi]
၂. အကောင်းမြင်တတ်ပါ
၎. ပညာရှင်တစ်ယောက်ရှာပါ။ သူ့ဆီက သင်ယူပါ။
၇. ထပ်ခါထပ်ခါ လေ့လာပါ
Credit: mmgentleman
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Innwa Pyae Sone
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service