အပြောင်းအလဲဖြစ်သွားသည့် အဆောက်အဦဆောက်လုပ်ခွင့်
အပြောင်းအလဲဖြစ်သွားသည့် အဆောက်အဦဆောက်လုပ်ခွင့် - Property Knowledge in Myanmar from iMyanmarHouse.com
4 Dec 2020 1:31 pm တွင် တင်ခဲ့သည်
6960 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီ၊အဆောက်အအုံဌာနမှ (၁၁၊နိုဝင်ဘာလ၊၂၀၂၀) ရက်စွဲဖြင့်အများသိစေရန်ကြေညာချက်ဖြင့်ထုတ်ပြန်ကြေညာချက်ဖြင့်အောက်ပါအတိုင်းထုတ်ပြန်ခဲ့ပါသည်။
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မြေပိုင်ဆိုင်မှုအရပ်ကတိစာချုပ်များဖြင့် လျှောက်ထားသည့်ဆောက်လုပ်ခွင့်အမှုတွဲများ (Low Risk Without D-Map)နှင့်ပတ်သက်၍ အောက်ပါ အတိုင်းသာ စိစစ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည် -
(က) ဂရန်မြေနှင့်ပါမစ်မြေများဖြစ်ပါက မျက်နှာဖွင့် ၃၀'-၀" အောက်အကျယ်ရှိသော မြေကွက်များတွင် အမြင့် ၃၀'-၀" ထက်မပိုသော (၃)ထပ်ထိ ဆောက်လုပ်ခွင့်များ၊
(ခ) မိသားစုတစ်စုသာအသုံးပြုမည့် (ကန်ထရိုက်တိုက်ပုံစံ၊ စီးပွားရေးသုံးအဆောက်အအုံ မဟုတ်သည့်)ဆောက်လုပ်ခွင့်များ။
၂။ ဂရန်မြေ၊ ပါမစ်မြေများကိုဝယ်ယူ၍ ဆောက်လုပ်ခွင့်လျှောက်ထားမှုများကို (၁-၂-၂၀၂၁)ရက်နေ့ နောက်ပိုင်းတွင် Low Risk With D-Map ဖြင့်သာ ဆောက်လုပ်ခွင့်တင်ပြရန်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
အထက်ပါစာကိုအကျယ်အဝင့်ရှင်းပြရမည်ဆိုလျှင်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ၊ ၁ရက်နေ့အထိကို ပေ ၃၀အောက်ရှိတဲ့ ဂရန်မြေနှင့်ပါမစ်မြေ၊ ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေစတဲ့ မြေအမျိုးအစားတွေကို အမည်မပြောင်းပဲ အရပ်စာချုပ်နဲ့ဆောက်မည်ဆိုလျှင်ပေ ၃၀အောက်ဖြစ်သည့်၂၉ပေအထိခွင့်ပြုမည်။နောက်အရှည်ကတော့ကန့်သတ်ချက်မရှိဘူး ပေ ၅၀၊ ပေ ၆၀ပြသာနာမရှိပါဘူး။ (Low Risk Without DMap)
အရပ်စာချုပ်နဲ့ ပေးဆောက်ရာတွင်လည်းလူနေအိမ်ဖြစ်ရမည် ၃ထပ်၊ အမြင့် ပေ ၃၀ အထိသာခွင့်ပြုမည်။ ၃ထပ်ကို ကန်ထရိုက်တိုက်ပုံစံ တစ်ထပ်စီကို သီးခြားစီ တက်လို့ရတဲ့ ဘေးလှေကားဖြင့်ဆောက်လုပ်ခွင့်မပေးတော့ဘူး။ လှေကားကိုအဆောက်အဦအတွင်းထဲကသာ တက်ရတဲ့ အတွင်းလှေကားဖြင့် ခွင့်ပြုမည်။
ယခုလက်ရှိနှစ်မကုန်ခင်နိုဝင်ဘာလ ၁၀ရက်၊ ဒီဇင်ဘာလ၊ ဇန်နဝါရီ လ၊ ရက်ပေါင်း (၇၀) အတွင်း အရပ်စာချုပ်နဲ့ ဆောက်လုပ်ခွင့်တင်စရာရှိတာတွေ တင်ထားတာအကောင်းဆုံးပါ။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ၊ ၁ရက်နေ့ကျော်လို့ ၂ရက်နေ့ရောက်ရင်တော့ ပေ၃၀ကျော်တဲ့ ဂရန်မြေနဲ့ပါမစ်မြေတွေ (ဘိုးဘွားပိုင်၊မြေပိုင်မြေတွေမပါ) အဆောက်အဦဆောက်ချင်ရင် ဂရန်အမည်ပေါက်လျှောက်ကို လျှောက်ရတော့မည်။ ဂရန်ရှိမှ Demarcation Map (DMap) လျှောက်လို့ရမယ်။ ထိုအခါမှဌာနကပြောတဲ့Low Risk With DMapတင်လို့ရမည်။ ဂရန်ဖြစ်ပြီဆိုမှတော့ ကျန်တဲ့ သတ်မှတ်ချက်တွေကိုက်ရင် Medium Risk, High Risk ကြိုက်တာဆောက်လိုရပါတယ်။
ဂရန်မရှိလျှင်၊ဂရန်အမည်ပေါက်မဟုတ်လျှင်ပေ ၃၀ကျော်တဲ့ ဘယ်လို မြေမဆို အဆောက်အဦဆောက်လို့မရဘူးလို့ပြောချင်တာပါ။ ပေ၃၀ကျော်ရင်အခွန်ဆောင်ပြီးမှတ်ပုံတင်စာချုပ်ချုပ်ဂရန်အမည်ပေါက်ပြောင်းလဲမှာဆောက်လုပ်ခွင့်ရတော့မှာဖြစ်ပါသည်။နိုင်ငံတော်၏အခွန်ငွေဆုံးရှုံးမှုမရှိစေရန်အတွက်စည်းကမ်းတိုးမြှင့်လိုက်ခြင်းဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
MIngalardon Garden City
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service