ကန်စွန်းရွက် ကြော် ဟင်းတစ်ခွက် ကနေ ရလာမယ့် အကျိုးကျေးဇူးများ

ကန်စွန်းရွက် ကြော် ဟင်းတစ်ခွက် ကနေ ရလာမယ့် အကျိုးကျေးဇူးများ - Property Knowledge in Myanmar from iMyanmarHouse.com
3 Dec 2020 10:36 am တွင် တင်ခဲ့သည်
7106 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ကန်စွန်းရွက် ဆိုတာနဲ့ ကန်စွန်းပလိန်း ပူပူလေးကို ပြေးမြင်ကြမှာပါပဲ။ ကန်စွန်းရွက်ကို ကြော်စား၊ ချဉ်ရည်ချက်စားကြသလို လူကြိုက်များတဲ့ ကော်ရည်ခေါက်ဆွဲ၊ ဟော့ပေါ့၊ မာလာရှမ်းကော တို့မှာလည်း သူပါတာပဲလေ။

ဒီလို အမြဲစားနေကျ ကန်စွန်းရွက်က ဘယ်လို အာဟာရဓာတ်တွေ ပါတယ်၊ ဘာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးနိုင်သလဲ ဆိုတာ မသိချင်ကြဘူးလား။ ဒီဆောင်းပါးလေး ဖတ်ပြီး ကန်စွန်းရွက် မကြာမကြာ စားဖြစ်တယ်ဆို ဘယ်လောက် အကျိုးထူးသွားလိုက်မလဲ။ ကန်စွန်းရွက်က –

သွေးတွင်းကိုလက်စထရော ကျစေတယ်

ကန်စွန်းရွက်က ကိုလက်စထရော ကျစေခြင်းနဲ့ ကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူပြုပါတယ်။ ကန်စွန်းရွက် စားပေးတာက Triglycoside လိုမျိုး မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေတာပါ။

အသည်း အတွက် ကောင်းတယ်

ကန်စွန်းရွက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက အသည်းကို အဆိပ်အတောက် ကင်းစင်စေဖို့နဲ့ အသည်းနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ပြန်လည်ကုစားရာမှာ အထောက်အကူပေးပါတယ်။ အဆိပ်ပြေစေတယ် လို့ဆိုကြတဲ့ ကန်စွန်းရွက်ရဲ့ အစွမ်းသတ္တိတွေပေါ့။

သွေးအားနည်းရောဂါ ကာကွယ်တယ်

သံဓာတ် လုံလုံလောက်လောက် ရရှိမယ်ဆိုရင် သွေးအားနည်းရောဂါတွေ မဖြစ်စေနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာဆို သံဓာတ်ကို ပိုပြီး အရေးတကြီး လိုအပ်ပါတယ်။ သံဓာတ် ပြည့်ဝနေမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်မှုကို အားပေးပြီး သွေးအားကောင်းစေမှာပါ။ ကန်စွန်းရွက်နုနုလေးတွေဟာ သွေးအားနည်းသူတွေအတွက် အကောင်းဆုံး ဓာတ်စာပါပဲ။

အစာကြေ စေတယ်၊ ဝမ်း မှန်စေတယ်

ကန်စွန်းရွက် ရဲ့ အမျှင်ဓာတ်တွေ က အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ အပြင် အစာအိမ်လမ်းကြောင်းမှာ ပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ် လုံလောက်အောင် ရရှိတဲ့အခါ အစာချေဖျက်နိုင်စွမ်း ပိုကောင်းစေတယ်၊ ဝမ်းမှန်စေတယ်။ ဝမ်းချုပ်တဲ့အခါမှာ ကန်စွန်းရွက်ကို ကြော်စားတာနဲ့ ရေလုံပြုတ်စားတာမျိုး ပြုလုပ်ပေးပါ။

မျက်စိ အားကောင်းစေတယ်

မျက်စိအားကောင်းချင်တယ်ဆို ကန်စွန်းရွက်လေး စားပေးပါ။ ကန်စွန်းရွက် မှာ မျက်စိကျန်းမာရေးအတွက် အဓိက အရေးပါတဲ့ ဗီတာမင် အေ နဲ့ lutein ဓာတ်တွေ ပါဝင်တယ်လေ။ ကန်စွန်းရွက်က မျက်စိအတွင်းတိမ် ဖြစ်ခြင်းကို ကာကွယ်ပေးတဲ့ glutathione ပမာဏ ကိုလည်း မြှင့်တင်ပေးပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

ကန်စွန်းရွက်မှာ ဗီတာမင် စီ လည်း များများ ပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေပါသေးတယ်။ ကန်စွန်းရွက်က ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ free radicals တွေကို လျှော့ချပေးတဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ရှိနေတဲ့အပြင် ဗီတာမင် နဲ့ သတ္တုဓာတ်တွေ အစွမ်းကြောင့် ကိုယ်ခံအားစနစ် ကျန်းမာစေဖို့ အထောက်အကူဖြစ်စေတာပါ။

နှလုံး ကျန်းမာစေတယ်

ကိုလက်စထရော တွေကို လျှော့ချပေးတဲ့အတွက် သွေးကြော ပိတ်ဆို့တာတွေ မဖြစ်စေတော့ဘဲ နှလုံးနဲ့ လေဖြတ်တာတွေ လျှော့ကျစေပါတယ်။

ဗီတာမင် အေ နဲ့ စီ တို့လို မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါရှိတဲ့ အပြင် သွေးတွင်းကိုလက်စထရောပါ ကျဆင်းစေတဲ့အတွက် နှလုံးသွေးကြောပိတ်တာ၊ နှလုံးထိခိုက်တာ၊ လေဖြတ်တာတွေ ကာကွယ်ပြီးသားဖြစ်စေပါတယ်။

ဖောလိတ်ဓာတ် ပါဝင်မှု ကြောင့် နှလုံးထိခိုက်၊ လေဖြတ်ခြင်း တို့ကို ဖြစ်စေတဲ့ အန္တရာယ်ဓာတ်ပစ္စည်း homocysteine ကို ဟန့်တားပေးနိုင်တယ်၊ မဂ္ဂနီဆီယမ် ကြောင့် သွေးဖိအားကို ကျစေပြီး နှလုံးရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ဆီး နဲ့ ကျောက်ကပ် ကျန်းမာရေးကို ကောင်းကျိုးပြုတယ်

ကျောက်ကပ် မကျန်းမာလို့၊ ဆီး ပြဿနာတွေ ရှိလို့ ခံစားနေရတယ် ဆိုရင်လည်း ကန်စွန်းရွက် စားပေးတာ ကောင်းပါတယ်။ ကန်စွန်းရွက်မှာ ရေဓာတ် ပါဝင်မှု များတာကြောင့် ဆီးသွားစေဖို့ အထောက်အကူပြုတာပါ။ ဒါဆိုရင် ကျောက်ကပ် ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ ကူညီပေးပါတယ်။

အရေပြား ကျန်းမာရေး အတွက် ကောင်းတယ်

ကန်စွန်းရွက်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ အရေပြားဆဲလ်တွေ အသစ် ပြန်လည်ဖြစ်ပေါ်ဖို့အတွက် ကူညီပေးပါတယ်။

အရေပြားမှာ အမာရွတ် ဖြစ်ပေါ်ခြင်း၊ အနီစက်တွေ ဖြစ်ပေါ်စေခြင်းကို သက်သာစေနိုင်ပါတယ်။ အင်းဆက် ကိုက်တာကြောင့် အမာရွတ် ကျန်ခြင်းကို သက်သာစေချင်တယ် ဆိုရင် အနာပေါ် ကန်စွန်းရွက် အေးအေးလေး ကပ်ပေးတာနဲ့ အဆင်ပြေသွားနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ကန္စြန္း႐ြက္ ေၾကာ္ ဟင္းတစ္ခြက္ ကေန ရလာမယ့္ အက်ိဳးေက်းဇူးမ်ား

ကန္စြန္း႐ြက္ ဆိုတာနဲ႔ ကန္စြန္းပလိန္း ပူပူေလးကို ေျပးျမင္ၾကမွာပါပဲ။ ကန္စြန္း႐ြက္ကို ေၾကာ္စား၊ ခ်ဥ္ရည္ခ်က္စားၾကသလို လူႀကိဳက္မ်ားတဲ့ ေကာ္ရည္ေခါက္ဆြဲ၊ ေဟာ့ေပါ့၊ မာလာ႐ွမ္းေကာ တို႔မွာလည္း သူပါတာပဲေလ။

ဒီလို အၿမဲစားေနက် ကန္စြန္း႐ြက္က ဘယ္လို အာဟာရဓာတ္ေတြ ပါတယ္၊ ဘာ က်န္းမာေရး အက်ိဳးေက်းဇူးေတြ ေပးႏိုင္သလဲ ဆိုတာ မသိခ်င္ၾကဘူးလား။ ဒီေဆာင္းပါးေလး ဖတ္ၿပီး ကန္စြန္း႐ြက္ မၾကာမၾကာ စားျဖစ္တယ္ဆို ဘယ္ေလာက္ အက်ိဳးထူးသြားလိုက္မလဲ။ ကန္စြန္း႐ြက္က –

ေသြးတြင္းကိုလက္စထေရာ က်ေစတယ္

ကန္စြန္း႐ြက္က ကိုလက္စထေရာ က်ေစျခင္းနဲ႔ ကိုယ္အေလးခ်ိန္က်ေစဖို႔ အေထာက္အကူျပဳပါတယ္။ ကန္စြန္း႐ြက္ စားေပးတာက Triglycoside လိုမ်ိဳး မေကာင္းတဲ့ ကိုလက္စထေရာေတြကို ေလ်ာ့က်ေစတာပါ။

အသည္း အတြက္ ေကာင္းတယ္

ကန္စြန္း႐ြက္မွာ ပါဝင္တဲ့ ဓာတ္တိုးဆန္႔က်င္အာနိသင္ေတြက အသည္းကို အဆိပ္အေတာက္ ကင္းစင္ေစဖို႔နဲ႔ အသည္းနဲ႔ပတ္သက္တဲ့ ျပႆနာေတြကို ျပန္လည္ကုစားရာမွာ အေထာက္အကူေပးပါတယ္။ အဆိပ္ေျပေစတယ္ လို႔ဆိုၾကတဲ့ ကန္စြန္း႐ြက္ရဲ႕ အစြမ္းသတၱိေတြေပါ့။

ေသြးအားနည္းေရာဂါ ကာကြယ္တယ္

သံဓာတ္ လုံလုံေလာက္ေလာက္ ရ႐ွိမယ္ဆိုရင္ ေသြးအားနည္းေရာဂါေတြ မျဖစ္ေစႏိုင္ပါဘူး။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာဆို သံဓာတ္ကို ပိုၿပီး အေရးတႀကီး လိုအပ္ပါတယ္။ သံဓာတ္ ျပည့္ဝေနမယ္ဆိုရင္ ေသြးနီဥဆဲလ္ေတြ ျဖစ္ေပၚမႈကို အားေပးၿပီး ေသြးအားေကာင္းေစမွာပါ။ ကန္စြန္း႐ြက္ႏုႏုေလးေတြဟာ ေသြးအားနည္းသူေတြအတြက္ အေကာင္းဆုံး ဓာတ္စာပါပဲ။

အစာေၾက ေစတယ္၊ ဝမ္း မွန္ေစတယ္

ကန္စြန္း႐ြက္ ရဲ႕ အမွ်င္ဓာတ္ေတြ က အစာေျခစနစ္ကို ေကာင္းမြန္ေစတဲ့ အျပင္ အစာအိမ္လမ္းေၾကာင္းမွာ ျပႆနာေတြ မျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။ အမွ်င္ဓာတ္ လုံေလာက္ေအာင္ ရ႐ွိတဲ့အခါ အစာေခ်ဖ်က္ႏိုင္စြမ္း ပိုေကာင္းေစတယ္၊ ဝမ္းမွန္ေစတယ္။ ဝမ္းခ်ဳပ္တဲ့အခါမွာ ကန္စြန္း႐ြက္ကို ေၾကာ္စားတာနဲ႔ ေရလုံျပဳတ္စားတာမ်ိဳး ျပဳလုပ္ေပးပါ။

မ်က္စိ အားေကာင္းေစတယ္

မ်က္စိအားေကာင္းခ်င္တယ္ဆို ကန္စြန္း႐ြက္ေလး စားေပးပါ။ ကန္စြန္း႐ြက္ မွာ မ်က္စိက်န္းမာေရးအတြက္ အဓိက အေရးပါတဲ့ ဗီတာမင္ ေအ နဲ႔ lutein ဓာတ္ေတြ ပါဝင္တယ္ေလ။ ကန္စြန္း႐ြက္က မ်က္စိအတြင္းတိမ္ ျဖစ္ျခင္းကို ကာကြယ္ေပးတဲ့ glutathione ပမာဏ ကိုလည္း ျမႇင့္တင္ေပးပါတယ္။

ကိုယ္ခံအား ေကာင္းေစတယ္

ကန္စြန္း႐ြက္မွာ ဗီတာမင္ စီ လည္း မ်ားမ်ား ပါဝင္တာေၾကာင့္ ကိုယ္ခံအားကို ေကာင္းမြန္ေစပါေသးတယ္။ ကန္စြန္း႐ြက္က ခႏၶာကိုယ္ထဲမွာ ႐ွိတဲ့ free radicals ေတြကို ေလွ်ာ့ခ်ေပးတဲ့ ဓာတ္တိုးဆန္႔က်င္ အာနိသင္ေတြ ႐ွိေနတဲ့အျပင္ ဗီတာမင္ နဲ႔ သတၱဳဓာတ္ေတြ အစြမ္းေၾကာင့္ ကိုယ္ခံအားစနစ္ က်န္းမာေစဖို႔ အေထာက္အကူျဖစ္ေစတာပါ။

ႏွလုံး က်န္းမာေစတယ္

ကိုလက္စထေရာ ေတြကို ေလွ်ာ့ခ်ေပးတဲ့အတြက္ ေသြးေၾကာ ပိတ္ဆို႔တာေတြ မျဖစ္ေစေတာ့ဘဲ ႏွလုံးနဲ႔ ေလျဖတ္တာေတြ ေလွ်ာ့က်ေစပါတယ္။

ဗီတာမင္ ေအ နဲ႔ စီ တို႔လို မ႐ွိမျဖစ္လိုအပ္တဲ့ အာဟာရဓာတ္ေတြ ပါ႐ွိတဲ့ အျပင္ ေသြးတြင္းကိုလက္စထေရာပါ က်ဆင္းေစတဲ့အတြက္ ႏွလုံးေသြးေၾကာပိတ္တာ၊ ႏွလုံးထိခိုက္တာ၊ ေလျဖတ္တာေတြ ကာကြယ္ၿပီးသားျဖစ္ေစပါတယ္။

ေဖာလိတ္ဓာတ္ ပါဝင္မႈ ေၾကာင့္ ႏွလုံးထိခိုက္၊ ေလျဖတ္ျခင္း တို႔ကို ျဖစ္ေစတဲ့ အႏၲရာယ္ဓာတ္ပစၥည္း homocysteine ကို ဟန္႔တားေပးႏိုင္တယ္၊ မဂၢနီဆီယမ္ ေၾကာင့္ ေသြးဖိအားကို က်ေစၿပီး ႏွလုံးေရာဂါ မျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္။

ဆီး နဲ႔ ေက်ာက္ကပ္ က်န္းမာေရးကို ေကာင္းက်ိဳးျပဳတယ္

ေက်ာက္ကပ္ မက်န္းမာလို႔၊ ဆီး ျပႆနာေတြ ႐ွိလို႔ ခံစားေနရတယ္ ဆိုရင္လည္း ကန္စြန္း႐ြက္ စားေပးတာ ေကာင္းပါတယ္။ ကန္စြန္း႐ြက္မွာ ေရဓာတ္ ပါဝင္မႈ မ်ားတာေၾကာင့္ ဆီးသြားေစဖို႔ အေထာက္အကူျပဳတာပါ။ ဒါဆိုရင္ ေက်ာက္ကပ္ ေကာင္းေကာင္း အလုပ္လုပ္ႏိုင္ဖို႔ ကူညီေပးပါတယ္။

အေရျပား က်န္းမာေရး အတြက္ ေကာင္းတယ္

ကန္စြန္း႐ြက္မွာ ပါဝင္တဲ့ အာဟာရဓာတ္ေတြဟာ အေရျပားဆဲလ္ေတြ အသစ္ ျပန္လည္ျဖစ္ေပၚဖို႔အတြက္ ကူညီေပးပါတယ္။

အေရျပားမွာ အမာ႐ြတ္ ျဖစ္ေပၚျခင္း၊ အနီစက္ေတြ ျဖစ္ေပၚေစျခင္းကို သက္သာေစႏိုင္ပါတယ္။ အင္းဆက္ ကိုက္တာေၾကာင့္ အမာ႐ြတ္ က်န္ျခင္းကို သက္သာေစခ်င္တယ္ ဆိုရင္ အနာေပၚ ကန္စြန္း႐ြက္ ေအးေအးေလး ကပ္ေပးတာနဲ႔ အဆင္ေျပသြားႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
MIngalardon Garden City
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service