၃(ခ) မြေကွက်နဲ့ ၃(က) မြေကွက်တူလား။ ဝယ်ယူမည်ဆိုလျှင် ?

၃(ခ) မြေကွက်နဲ့ ၃(က) မြေကွက်တူလား။ ဝယ်ယူမည်ဆိုလျှင် ? - Property Knowledge in Myanmar from iMyanmarHouse.com
2 Dec 2020 11:46 am တွင် တင်ခဲ့သည်
784 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

၃(ခ) မြေကွက်သည် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ ၃ (ခ) အရ အကျုံးမဝင်သောမြေကိုဆိုလိုပြီး ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေပြဌာန်းပြီး ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေကို ရုပ်သိမ်းလိုက်သောကြောင့် ယခုအခါ ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ ၃(က)အရ ကင်လွတ်ခွင့်ပြုတာဖြစ်တဲ့အတွက် ၃(က)လို့ ပြောင်းလဲခေါ်ဆိုရပါမည်။ ထို့ကြောင့် ၃(ခ)မြေကွက်နှင့် ၃(က) မြေကွက်တူတူဘဲဖြစ်ပါသည်။ အရပ်အခေါ် ၃(က)ဆိုတာ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃(က)အရ လယ်ယာမြေဟူသော စကားရပ်တွင် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် Certificateထုတ်ပေးခြင်းဖြစ်ပါတယ်။ ၃(က) လက်မှတ် ထုတ်ပေးခြင်းသည် အိမ်ရာမြေသတ်မှတ်ပေးခြင်းသာဖြစ်ပါသည်။

ယခု ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ ၃(က)အရ လယ်ယာမြေဟူသော စကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အဦနှင့် ပရိဝုဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများမပါဝင်ဟူသော စကားရပ်အရဆိုပါက လယ်ယာမြေမှ ကင်းလွတ်ကြောင်း ဝန်ခံချက်လက်မှတ်ကို ၃(က) လို့သုံးရမှာ ဖြစ်ပါတယ်။

၃(က) Certificate ထုတ်ပေးရန် ရန်ကုန်မြို့တော်စည်ပင်ယာရေးကော်မတီမှလုပ်ထုံးလုပ်နည်း ထုတ်ပြန်ဆောင်ရွက်နေသော်လည်း ကျန်ဒေသများအတွက် ဗဟိုလယ်စီအဖွဲ့မှ ယနေ့ထိ ညွှန်ကြားချက်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ဒါကြောင့် ညွှန်ကြားချက်ရမှသာရရှိနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ထို့ကြောင့် ၃(က)မြေကို ဝယ်ယူမည်ဆိုလျှင် အဆိုပါသက်သေခံလက်မှတ်ကို စစ်ဆေးယူရမှာ ဖြစ်ပါတယ်။ အဆိုပါ သက်သေခံလက်မှတ်မှန်ကံခြင်းရှိ/မရှိကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းဆိုလျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန တွင် စစ်ဆေးနိုင်ပါတယ်။ ဝယ်ယူတဲ့အခါတွင် အရောင်းအဝယ်စာချုပ်အဆက်ဆက်ကို စစ်ဆေးရယူဖို့ လိုပါတယ်။ ၃(က)မြေကို ဝယ်ယူသူသည် မှတ်ပုံတင်စာချုပ်ဖြင့် ဝယ်ယူရမှာဖြစ်ပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် ဝယ်ခွန်၊ တံဆိပ်ခေါင်းခွန်၊ မှတ်ပုံတင်ခများကို ပေးသွင်းရမှာဖြစ်ပါတယ်။

အဆိုပါမှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကို တင်ပြပြီး ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃(က)အရ လယ်ယာမြေဟူသော စကားရပ်တွင် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် Certificate တွင် ဝယ်ယူသူအမည်သို့ အမည်ပြောင်း လျှောက်ထားရမှာဖြစ်ပါသည်။ အထက်ပါနည်းလမ်းအတိုင်းဝယ်ယူဆောင်ရွက်မည်ဆိုလျှင် တရားဝင်ပိုင်ဆိုင်မှု ခိုင်မာမည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

၃(ခ) ေျမကြက္နဲ႔ ၃(က) ေျမကြက္တူလား။ ၀ယ္ယူမည္ဆိုလွ်င္ ?

၃(ခ) ေျမကြက္သည္ ၁၉၅၃ ခုုႏွစ္၊ လယ္ယာေျမ ႏိုင္ငံပိုင္ျပဳလုုပ္ေရးအက္ဥပေဒ ပုဒ္မ ၃ (ခ) အရ အက်ံဳးမ၀င္ေသာေျမကိုဆိုလိုၿပီး ၂၀၁၂ခုႏွစ္၊ လယ္ယာေျမဥပေဒျပဌာန္းၿပီး ၁၉၅၃ ခုုႏွစ္၊ လယ္ယာေျမ ႏိုင္ငံပိုင္ ျပဳလုုပ္ေရးအက္ဥပေဒကို ႐ုပ္သိမ္းလိုက္ေသာေၾကာင့္ ယခုအခါ ၂၀၁၂ခုႏွစ္ လယ္ယာေျမဥပေဒပုဒ္မ ၃(က)အရ ကင္လြတ္ခြင့္ျပဳတာျဖစ္တဲ့အတြက္ ၃(က)လို႔ ေျပာင္းလဲေခၚဆိုရပါမည္။ ထို႔ေၾကာင့္ ၃(ခ)ေျမကြက္ႏွင့္ ၃(က) ေျမကြက္တူတူဘဲျဖစ္ပါသည္။ အရပ္အေခၚ ၃(က)ဆိုတာ ၂၀၁၂ ခုႏွစ္၊ လယ္ယာေျမဥပေဒပုဒ္မ ၃(က)အရ လယ္ယာေျမဟူေသာ စကားရပ္တြင္ အက်ံဳးမ၀င္ေၾကာင္း ၀န္ခံခ်က္လက္မွတ္ Certificateထုတ္ေပးျခင္းျဖစ္ပါတယ္။ ၃(က) လက္မွတ္ ထုတ္ေပးျခင္းသည္ အိမ္ရာေျမသတ္မွတ္ေပးျခင္းသာျဖစ္ပါသည္။

ယခု ၂၀၁၂ ခုႏွစ္၊ လယ္ယာေျမဥပေဒ ပုုဒ္မ ၃(က)အရ လယ္ယာေျမဟူေသာ စကားရပ္တြင္ ၿမိဳ႕နယ္နိမိတ္၊ ေက်း႐ြာနယ္နိမိိတ္အတြင္း႐ွိ လူေနအိမ္ရာမ်ား၊ ဘာသာေရးအေဆာက္အဦႏွင့္ ပရိဝုဏ္မ်ား၊ အမ်ားပိုင္ဆိုင္၍ စိုက္ပ်ိဳးေရးအတြက္ အသုံးမျပဳေသာေျမမ်ားမပါ၀င္ဟူေသာ စကားရပ္အရဆိုပါက လယ္ယာေျမမွ ကင္းလြတ္ေၾကာင္း ၀န္ခံခ်က္လက္မွတ္ကို ၃(က) လို႔သုံးရမွာ ျဖစ္ပါတယ္။

၃(က) Certificate ထုတ္ေပးရန္္ ရန္ကုန္ၿမိဳ႕ေတာ္္စည္ပင္ယာေရးေကာ္မတီမွလုပ္ထုံးလုပ္နည္း ထုတ္ျပန္ေဆာင္႐ြက္ေနေသာ္လည္း က်န္ေဒသမ်ားအတြက္ ဗဟိုလယ္စီအဖြဲ႕မွ ယေန႔ထိ ၫႊန္ၾကားခ်က္ထုတ္ျပန္ထားျခင္းမ႐ွိေသးပါဘူး။ ဒါေၾကာင့္ ၫႊန္ၾကားခ်က္ရမွသာရ႐ွိႏိုင္မွာ ျဖစ္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

ထို႔ေၾကာင့္ ၃(က)ေျမကို ၀ယ္ယူမည္ဆိုလွ်င္ အဆိုပါသက္ေသခံလက္မွတ္ကို စစ္ေဆးယူရမွာ ျဖစ္ပါတယ္။ အဆိုပါ သက္ေသခံလက္မွတ္မွန္ကံျခင္းရွိ/မရွိကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ နယ္နိမိတ္အတြင္းဆိုလွ်င္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ေျမစီမံခန္႔ခြဲမႈဌာန တြင္ စစ္ေဆးႏိုင္ပါတယ္။ ၀ယ္ယူတဲ့အခါတြင္ အေရာင္းအ၀ယ္စာခ်ဳပ္အဆက္ဆက္ကို စစ္ေဆးရယူဖို႔ လိုပါတယ္။ ၃(က)ေျမကို ၀ယ္ယူသူသည္ မွတ္ပံုတင္စာခ်ဳပ္ျဖင့္ ၀ယ္ယူရမွာျဖစ္ၿပီး မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္ ၀ယ္ခြန္၊ တံဆိပ္ေခါင္းခြန္၊ မွတ္ပံုတင္ခမ်ားကို ေပးသြင္းရမွာျဖစ္ပါတယ္။

အဆိုပါမွတ္ပံုတင္အေရာင္းအ၀ယ္စာခ်ဳပ္ကို တင္ျပၿပီး ၂၀၁၂ခုႏွစ္၊ လယ္ယာေျမဥပေဒပုဒ္မ ၃(က)အရ လယ္ယာေျမဟူေသာ စကားရပ္တြင္ အက်ံဳးမ၀င္ေၾကာင္း ၀န္ခံခ်က္လက္မွတ္ Certificate တြင္ ၀ယ္ယူသူအမည္သို႔ အမည္ေျပာင္း ေလွ်ာက္ထားရမွာျဖစ္ပါသည္။ အထက္ပါနည္းလမ္းအတိုင္း၀ယ္ယူေဆာင္ရြက္မည္ဆိုလွ်င္ တရား၀င္ပိုင္ဆိုင္မႈ ခိုင္မာမည္ျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service