ဘီလူးစီးတာကို ဘယ်သူတွေ အများဆုံး ခံရသလဲ

ဘီလူးစီးတာကို ဘယ်သူတွေ အများဆုံး ခံရသလဲ - Property Knowledge in Myanmar from iMyanmarHouse.com
1 Dec 2020 12:02 pm တွင် တင်ခဲ့သည်
1891 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

လူက အသိစိတ် ရှိနေတယ်။ နိုးနေတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က တက်ဖိထားသလိုမျိုး ခြေတွေ၊ လက်တွေလည်း လှုပ်မရ၊ အော်လို့လည်းမရ၊ ဘာမှ လုပ်မရဘဲ အတော်ကို ကြောက်စရာကောင်းတဲ့ အခြေအနေမျိုး ကြုံဖူးကြလား။ မြန်မာတွေကတော့ ဒါကို ဘီလူးစီးတယ်လို့ ခေါပြီး အနောက်တိုင်း ဆေးပညာအရတော့ ဒါကို Sleep Paralysis လို့ ခေါ်ပါတယ်။ ထမင်းလုံး တစ္ဆေခြောက်တာလို့လည်း တချို့တွေက ပြောကြသေးတယ်။ ဘယ်လိုပဲခေါ်ခေါ် ကျိန်းသေတာကတော့ တစ်ခါကြုံပြီး နောက်တစ်ခါဆိုတာ ယောင်လို့တောင် မကြုံချင်၊ မကြားချင်တော့တဲ့ အခြေအနေပါပဲ။

ဒီလို ဘီလူးစီးခြင်းက ဘယ်အချိန်တွေမှာ အများအားဖြင့် ဖြစ်တတ်တာလဲ။

ဘီလူးစီးခြင်းဟာ အချိန်နှစ်ချိန်မှာ ဖြစ်တတ်ပါတယ်။ အိပ်ပျော်နေချိန်မှာနဲ့ နိုးနေချိန်မှာ ဖြစ်တာပါ။ အိပ်ပျော်နေချိန်မှာ ဖြစ်တာကိုတော့ predormital sleep paralysis လို့ခေါပြီး နိုးနေချိန်မှာ ဖြစ်တဲ့ ဘီလူးစီးခြင်းကိုတော့ Postdormital sleep paralysis လို့ ခေါ်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ Hello Sayarwon မှာ မကြာခဏ ဖော်ပြခဲ့ပြီးပြီမို့ ဘယ်သူတွေမှာ အများဆုံးဖြစ်တတ်လဲဆိုတာကို ဖော်ပြပေးပါမယ်။

တကယ်တော့ လူ(၁၀) ယောက်မှာ (၄) ယောက်က ဘီလူးစီး ခံရတတ်ပါတယ်တဲ့။ တစ်သက်လုံး တစ်ခါမှ ဘီလူးစီး မခံရသေးတဲ့ ကျွန်တော်တို့တွေကတော့ အင်မတန် ကံကောင်းကြတဲ့ လူတွေပေါ့ ခင်ဗျာ။ ဒီ အခြေအနေကို အများအားဖြင့် ဆယ်ကျော်သက် အရွယ်တွေမှာ အတွေ့ရများတယ်ဆိုပေမဲ့ ကျား၊မ အသက်အရွယ်မရွေး ဘီလူးစီး ခံရနိုင်ပါတယ်။ မျိုးရိုးလိုက်တာမျိုးလည်း ရှိသလို တခြား ဘီလူးစီးခြင်းနဲ့ ဆက်နွယ်နေတဲ့ အကြောင်းအရာတွေကတော့

အိပ်ရေးပျက်ခြင်း

အိပ်ချိန်မမှန်ခြင်း (နေ့ဆိုင်း၊ ညဆိုင်း အဆိုင်းမတူဘဲ အလုပ်ဆင်းရတာမျိုး အပါအဝင်)

လေယာဉ်ကြောင့် ခရီးပန်းခြင်း (အချိန်ဇုန်တွေ မတူတော့တဲ့ အခါမျိုးတွေမှာပါ။)

စိတ်ဖိစီးမှုများခြင်း

စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု (ဥပမာ- စိတ်ကြွစိတ်ကျ ဝေဒနာ) ခံစားနေရခြင်း

ပက်လက်အိပ်ခြင်း

အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ (ဥပမာ- ညပိုင်း ခြေထောက် ကြွက်တက်ခြင်း)

ADHD ကဲ့သို့သော ကျန်းမာရေးအခြေအနေများအတွက် ဆေးဝါးများ သုံးစွဲနေရခြင်း

မူးယစ်ဆေးတစ်ခုခုကို သုံးစွဲ/ စွဲလမ်းနေခြင်း စတာတွေနဲ့လည်း ဆက်နွယ်နေလေ့ရှိပါတယ်။

ပုံမှန်အားဖြင့်တော့ ဘီလူးစီးတာကို အိပ်ချိန်မှန်အောင် ထိန်းအိပ်တာ (တစ်ရက်ကို အနည်းဆုံး ၇နာရီကနေ ၉နာရီကြားအိပ်တာ)၊ စိတ်ကျဝေဒနာအတွက် ဆေးတွေ သုံးစွဲတာ (ဆရာဝန်က အိပ်ချိန်မှန်ဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ ညွှန်းခဲ့ရင်)၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအတွက် ကုသမှု ခံယူတာ နဲ့ ညပိုင်း ကြွက်တက်တာတွေ၊ နာတာရှည်ရောဂါတွေအတွက် ကုသမှု ခံယူခဲ့ရင် သက်သာနိုင်ပါတယ်။

အတိုချုပ်ပြောရမယ်ဆိုရင် အိပ်ရေးဝဝ အိပ်ပါ။ အိပ်ချိန်မှန်အောင် အိပ်ပါ။ စိတ်ဖိစီးမှု ကင်းဝေးအောင် နေပါ။ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေပါ။ ဒါဆိုရင်တော့ ဘီလူးစီးခြင်းကနေ ကင်းဝေးနိုင်ပါလိမ့်မယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

ဘီလူးစီးတာကို ဘယ္သူေတြ အမ်ားဆုံး ခံရသလဲ

လူက အသိစိတ္ ႐ွိေနတယ္။ ႏိုးေနတယ္။ ဒါေပမဲ့ တစ္ေယာက္ေယာက္က တက္ဖိထားသလိုမ်ိဳး ေျခေတြ၊ လက္ေတြလည္း လႈပ္မရ၊ ေအာ္လို႔လည္းမရ၊ ဘာမွ လုပ္မရဘဲ အေတာ္ကို ေၾကာက္စရာေကာင္းတဲ့ အေျခအေနမ်ိဳး ၾကဳံဖူးၾကလား။ ျမန္မာေတြကေတာ့ ဒါကို ဘီလူးစီးတယ္လို႔ ေခါၿပီး အေနာက္တိုင္း ေဆးပညာအရေတာ့ ဒါကို Sleep Paralysis လို႔ ေခၚပါတယ္။ ထမင္းလုံး တေစၧေျခာက္တာလို႔လည္း တခ်ိဳ႕ေတြက ေျပာၾကေသးတယ္။ ဘယ္လိုပဲေခၚေခၚ က်ိန္းေသတာကေတာ့ တစ္ခါၾကဳံၿပီး ေနာက္တစ္ခါဆိုတာ ေယာင္လို႔ေတာင္ မၾကဳံခ်င္၊ မၾကားခ်င္ေတာ့တဲ့ အေျခအေနပါပဲ။

ဒီလို ဘီလူးစီးျခင္းက ဘယ္အခ်ိန္ေတြမွာ အမ်ားအားျဖင့္ ျဖစ္တတ္တာလဲ။

ဘီလူးစီးျခင္းဟာ အခ်ိန္ႏွစ္ခ်ိန္မွာ ျဖစ္တတ္ပါတယ္။ အိပ္ေပ်ာ္ေနခ်ိန္မွာနဲ႔ ႏိုးေနခ်ိန္မွာ ျဖစ္တာပါ။ အိပ္ေပ်ာ္ေနခ်ိန္မွာ ျဖစ္တာကိုေတာ့ predormital sleep paralysis လို႔ေခါၿပီး ႏိုးေနခ်ိန္မွာ ျဖစ္တဲ့ ဘီလူးစီးျခင္းကိုေတာ့ Postdormital sleep paralysis လို႔ ေခၚပါတယ္။

ဘာေၾကာင့္ျဖစ္ရတာလဲဆိုတဲ့ အေၾကာင္းရင္းကိုေတာ့ Hello Sayarwon မွာ မၾကာခဏ ေဖာ္ျပခဲ့ၿပီးၿပီမို႔ ဘယ္သူေတြမွာ အမ်ားဆုံးျဖစ္တတ္လဲဆိုတာကို ေဖာ္ျပေပးပါမယ္။

တကယ္ေတာ့ လူ(၁၀) ေယာက္မွာ (၄) ေယာက္က ဘီလူးစီး ခံရတတ္ပါတယ္တဲ့။ တစ္သက္လုံး တစ္ခါမွ ဘီလူးစီး မခံရေသးတဲ့ ကြၽန္ေတာ္တို႔ေတြကေတာ့ အင္မတန္ ကံေကာင္းၾကတဲ့ လူေတြေပါ့ ခင္ဗ်ာ။ ဒီ အေျခအေနကို အမ်ားအားျဖင့္ ဆယ္ေက်ာ္သက္ အ႐ြယ္ေတြမွာ အေတြ႕ရမ်ားတယ္ဆိုေပမဲ့ က်ား၊မ အသက္အ႐ြယ္မေ႐ြး ဘီလူးစီး ခံရႏိုင္ပါတယ္။ မ်ိဳး႐ိုးလိုက္တာမ်ိဳးလည္း ႐ွိသလို တျခား ဘီလူးစီးျခင္းနဲ႔ ဆက္ႏြယ္ေနတဲ့ အေၾကာင္းအရာေတြကေတာ့

အိပ္ေရးပ်က္ျခင္း

အိပ္ခ်ိန္မမွန္ျခင္း (ေန႔ဆိုင္း၊ ညဆိုင္း အဆိုင္းမတူဘဲ အလုပ္ဆင္းရတာမ်ိဳး အပါအဝင္)

ေလယာဥ္ေၾကာင့္ ခရီးပန္းျခင္း (အခ်ိန္ဇုန္ေတြ မတူေတာ့တဲ့ အခါမ်ိဳးေတြမွာပါ။)

စိတ္ဖိစီးမႈမ်ားျခင္း

စိတ္ပိုင္းဆိုင္ရာ ျပႆနာတစ္ခုခု (ဥပမာ- စိတ္ႂကြစိတ္က် ေဝဒနာ) ခံစားေနရျခင္း

ပက္လက္အိပ္ျခင္း

အိပ္စက္ျခင္းဆိုင္ရာ ျပႆနာမ်ား (ဥပမာ- ညပိုင္း ေျခေထာက္ ႂကြက္တက္ျခင္း)

ADHD ကဲ့သို႔ေသာ က်န္းမာေရးအေျခအေနမ်ားအတြက္ ေဆးဝါးမ်ား သုံးစြဲေနရျခင္း

မူးယစ္ေဆးတစ္ခုခုကို သုံးစြဲ/ စြဲလမ္းေနျခင္း စတာေတြနဲ႔လည္း ဆက္ႏြယ္ေနေလ့႐ွိပါတယ္။

ပုံမွန္အားျဖင့္ေတာ့ ဘီလူးစီးတာကို အိပ္ခ်ိန္မွန္ေအာင္ ထိန္းအိပ္တာ (တစ္ရက္ကို အနည္းဆုံး ၇နာရီကေန ၉နာရီၾကားအိပ္တာ)၊ စိတ္က်ေဝဒနာအတြက္ ေဆးေတြ သုံးစြဲတာ (ဆရာဝန္က အိပ္ခ်ိန္မွန္ဖို႔ ကူညီေပးႏိုင္လိမ့္မယ္လို႔ ၫႊန္းခဲ့ရင္)၊ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြအတြက္ ကုသမႈ ခံယူတာ နဲ႔ ညပိုင္း ႂကြက္တက္တာေတြ၊ နာတာ႐ွည္ေရာဂါေတြအတြက္ ကုသမႈ ခံယူခဲ့ရင္ သက္သာႏိုင္ပါတယ္။

အတိုခ်ဳပ္ေျပာရမယ္ဆိုရင္ အိပ္ေရးဝဝ အိပ္ပါ။ အိပ္ခ်ိန္မွန္ေအာင္ အိပ္ပါ။ စိတ္ဖိစီးမႈ ကင္းေဝးေအာင္ ေနပါ။ က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ ေနပါ။ ဒါဆိုရင္ေတာ့ ဘီလူးစီးျခင္းကေန ကင္းေဝးႏိုင္ပါလိမ့္မယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service