ဆလတ်ရွက်ကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ

ဆလတ်ရွက်ကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ - Property Knowledge in Myanmar from iMyanmarHouse.com
1 Dec 2020 11:58 am တွင် တင်ခဲ့သည်
1741 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ဆလတ်ရွက် (lettuce)

ဆလတ်ရွက်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အီဂျစ်မှာ စတင်စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ အီဂျစ်လူမျိုးတွေက ဆလတ်အစေ့ကို ဆီထုတ်ဖို့အတွက်အသုံးပြုခဲ့ကြပါတယ်။ ဆလတ်ပင်က အစေ့တင်မဟုတ်ဘူး အရွက်ကလည်း စားကောင်းပြီး အသုံးတည့်တာတွေရှိနေပါတယ်။ ဆလတ်ရွက်ကို အသားကင်တွေနဲ့တွဲဖက်စားသုံးလိုရ့သလို အကြော်တွေ၊အပြုတ်တွေနဲ့လည်းတွဲစားလို့ရပါတယ်။ အတို့အမြှုပ်အနေနဲ့ပါစားသုံးလို့ရပါတယ်။

ဆလတ်ရွက်မှာပါတဲ့ အာဟာရဓါတ်တွေ

ဆလတ်ရွက်မှာ ရေဓါတ်၊ ပရိုတင်း၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓါတ် နဲ့ သကြားဓါတ်တို့ပါဝင်နေပါတယ်။ ဒါတွေတင်မကသေးပါဘူး။ ဆလတ်ရွက်မှာ မဂ္ဂနီဆီယမ်၊ဖေ့စ်ဖရက် ၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ဇင့်၊ သီရာမင်း၊ရိုင်ဘိုဖလေဗင်၊ နီကာဆင်၊ဖောလိတ်၊ ဗီတာမင် ဘီ ဆစ် ၊ စီ၊ အေ၊ အီး နဲ့ ဗီတာမင် ကေ တို့ပါဝင်နေပါတယ်။

ဘယ်လိုကျန်းမာရေးကျေးဇူးတွေရနိုင်လဲ

ဆလတ်ရွက်ကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ

နှလုံးကျန်းမာစေနိုင်တယ်

ခန္ဓါကိုယ်ကျန်းမာနေစေဖို့အတွက်သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုစောင့်ကြည့်ဖို့လိုမှာပါ။သွေးထဲမှာ အကျိုးမပြုတဲ့ ကိုလက်စထရောများနေမယ်ဆိုရင် နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့အခြားရောဂါတွေခံစားရနိုင်ပါတယ်။ ကိုလက်စထရောအရမ်းများလာတဲ့အခါလေဖြတ်တာနဲ့ ရုတ်တရက် နှလုံးရပ်တာတွေခံစားရနိုင်ပါတယ်။လေ့လာမှုတွေအရ ဆလတ်ရွက်မှာပါတဲ့ဘီတာ ကယ်ရိုတင်း နဲ့ ဗီတာမင် စီ ကသွေးတွင်းမှာ ကိုလက်စထရောမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆလတ်ရွက်မှာပါတဲ့ အမျှင်ဓါတ်က လည်းနှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဆလတ်ရွက်မှာပါတဲ့ အိုမီဂါ-၃ ဖက်တီးအက်စစ် ကနှလုံးကိုကျန်းမာနေစေပါတယ်။

ဆီးချိုမဖြစ်အောင်ကာကွယ်ပေးတယ်

ဆလတ်ရွက်စားပေးရင် ဆီးချိုဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ ဆလတ်ရွက်မှာ ကယ်လိုရီပါဝင်မှုနည်းတာကြောင့်သွေးတွင်းသကြားဓါတ်ကို ထိန်းညှိနေရတဲ့ ဆီးချိုဝေဒနာသည်တွေအတွက်လည်း အထူးသင့်တော်ပါတယ်။ ဆလတ်ရွက်ကသွေးတွင်းသကြားဓါတ် ကိုထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။

ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တယ်

သွားဖုံးတွေရောင်ရမ်းပြီး သွားကိုက်တာ၊ခေါင်းတစ်ခြမ်းကိုက်တာနဲ့ အဆစ်တွေရောင်ရမ်းပြီး နာကျင်ကိုက်ခဲတာတွေကို သက်သာချင်တယ်ဆိုရင် ဆလတ်ရွက်စားသုံးပေးလို့ရပါတယ်။ ဆလတ်ရွက်မှာပါတဲ့ အဆီကရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာအောင်လုပ်ဆောင်ပေးပါတယ်။

ကင်ဆာရောဂါဆိုးရွားမှုအဆင့်ကို နှေးကွေးစေတယ်

ဆလတ်ရွက်မှာ ကင်ဆာရောဂါအမျိုးမျိုးကို ထိန်းချုပ်ရာမှာအထောက်အကူပြုနိုင်တဲ့ အာဟာရဓါတ်တွေပါဝင်နေပါတယ်။လေ့လာမှုတွေအရ ဆလတ်ရွက်ကသွေးကင်ဆာဆဲလ်တွေနဲ့ရင်သားကင်ဆာဆဲလ်တွေပြန့်ပွားမှုကို ထိန်းချုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဆလတ်ရွက်မှာပါတဲ့ ဗီတာမင် အေ ကခံတွင်းကင်ဆာနဲ့ အဆုတ်ကင်ဆာဖြစ်နိုင်ခြေကိုကျဆင်းစေနိုင်တယ်၊လို့လည်းသိရပါတယ်။

ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်

ဆလတ်ရွက်ကသွေးတွင်းကိုလက်စရောတွေကို ကျဆင်းစေနိုင်ပြီး နှလုံးသွေးကြောကျဉ်းတာနဲ့ အခြားအသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ရောဂါတွေခံစားရနိုင်ခြေကိုကျဆင်းစေနိုင်ပါတယ်။သွေးတွင်းမှာ အယ်လ်ဒီအယ်လ် ကိုလက်စထရောပမာဏ အရမ်းများနေတဲ့အခါ ရုတ်တရက် နှလုံးရပ်တာ နဲ့လေဖြတ်တာတွေဖြစ်နိုင်ပါတယ်။ ဆလတ်ရွက်ပုံမှန်စားသုံးပေးတာကသွေးတွင်းကိုလက်စထရောပမာဏကို ကျဆင်းစေပြီး ခန္ဓါကိုယ်ကို ကျန်းမာနေစေမှာပါ။

ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။

ဆလတ်ရွက်မှာ သတ္တုဓါတ်များစွာပါဝင်နေတာကြောင့် ကိုယ်တွင်းက အက်ဆစ်ဓါတ်တွေကို ထိန်းညှိပေးပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ကိုယ်အလေးချိန်ကျစေနိုင်တယ်

သင့်အနေနဲ့ ဝိတ်ချဖို့တွေးနေတယ်ဆိုရင်တော့ ဆလတ်ရွက်က စားသုံးပေးသင့်တဲ့ အရာတစ်ခုပါ။ ဆလတ်ရွက်မှာ ကယ်လိုရီ ပါဝင်မှုက ၅ ရာခိုင်နှုန်းသာရှိပြီးရေဓါတ်က ၉၅ ရာခိုင်နှုန်းနဲ့ အမျှင်ဓါတ်က ၁ ရာခိုင်နှုန်းသာပါဝင်နေပါတယ်။ အဆီပါဝင်မှုလည်းနည်းတာကြောင့် ဝိတ်ချနေသူတွေစားသုံးပေးသင့်တဲ့ အစားအသောက်တစ်ခုပါ။ ဆလတ်ရွက်ကို ခရမ်းချဉ်သီးနဲ့တွဲဖက်သုပ်စားပြီး ဝိတ်ချဖို့ ဓါတ်စာအနေနဲ့ စားသုံးပေးနိုင်ပါတယ်။

ဦးနှောက်ကိုကျန်းမာစေနိုင်တယ်

ဦးနှောက်ကို အပြင်းအထန်ထိခိုက်စေနိုင်တဲ့ဖြစ်စဉ်တွေက အာရုံကြောဆဲလ်တွေကို ပျက်စီးစေပြီး အယ်လ်ဇိုင်းမားရောဂါလိုမျိုးရောဂါတွေအထိခံစားရစေနိုင်ပါတယ်။လေ့လာမှုတွေအရတော့ ဆလတ်ရွက်မှာပါတဲ့ အဆီအနှစ်က အာရုံကြောဆဲလ်တွေထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးတယ်၊လို့သိရပါတယ်။

နောက်ထပ်လေ့လာမှုတစ်ရပ်အရ ဆလတ်ရွက်မှာ ခန္ဓါကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့နိုက်ထရိတ် ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းက ခန္ဓါကိုယ်ထဲရောက်ရှိသွားတဲ့အခါနိုက်ထရစ်အောက်ဆိုဒ် အဖြစ်ပြောင်းသွားပြီး ဆဲလ်အလွှာလေးတွေရဲ့ စွမ်းဆောင်ရည် ကိုတိုးတက်စေပါတယ်။ ဆဲလ်အလွှာလေးတွေရဲ့ စွမ်းဆောင်ရည် လုပ်ဆောင်မှုကျဆင်းသွားတဲ့အခါ သိမြင်မှုစွမ်းရည်ကျဆင်းသွားသလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ အာရုံကြော ထိခိုက်ပျက်စီးမှုတွေဖြစ်လာပါတော့တယ်။ ဆလတ်ရွက်စားပေးမယ်ဆိုရင် ဒီပြဿနာတွေကင်းဝေးစေမှာပါ။ ဒါတင်မကသေးပါဘူး။ ဆလတ်ရွက်မှာ အိုမီဂါ-၃ ဖက်တီးအက်စစ် ပါဝင်နေတာကြောင့် စိတ်ဓါတ်ကျတာနဲ့စိတ်ဖိစီးတာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါသေးတယ်။

အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေတယ်

အရိုးစတင်ဖြစ်ပေါ်ဖို့အတွက်လိုအပ်တဲ့ ကိုလာဂျင်အသားဓါတ် တွေကိုဖြစ်ပေါ်လာစေဖို့ဆိုရင် ဗီတာမင် ကေ၊ အေ နဲ့ စီ တို့ကအရေးပါပါတယ်။ ဆလတ်၇ါက်မှာ ဒီဗီတာမင်ဓါတ် ၃ မျိုးစလုံးကြွယ်ဝစွာပါဝင်နေပါတယ်။ ဗီတာမင် ကေ ကတွယ်ဆက်တစ်ရှုးတွေနဲ့ အရိုးနုတွေဖြစ်ပေါ်အောင် အထောက်ကူပြုပေးပါတယ်။ ဗီတာမင် အေ ကအရိုးဆဲလ်အသစ်တွေကိုဖြစ်ပေါ်အောင်လုပ်ဆောင်ပေးပါတယ်။ တကယ်လို့ ခန္ဓါကိုယ်မှာ ဗီတာမင် အေ နည်းနေမယ်ဆိုရင် အရိုးပွတာနဲ့ အရိုးကျိုးလွယ်တာတွေဖြစ်နိုင်ပါတယ်။ ဗီတာမင် စီ ကအသက်အရွယ်ကြောင့်ဖြစ်တဲ့ အရိုးပါးတာကိုတိုက်ဖျက်ပေးနိုင်ပါတယ်။ ဗီတာမင် ကေ ကတော့ အရိုးကျိုးလွယ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီး အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေနိုင်တယ်

လေ့လာမှုတွေအရ ဆလတ်ရွက်မှာပါတဲ့ ဗီတာမင် အေ နဲ့ ဗီတာမင် စီ ကကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ ဆလတ်ရွက်ကရောဂါပိုးတွေကိုသေစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ဆလတ္႐ြက္ကေနရ႐ွိႏိုင္မယ့္ က်န္းမာေရးအက်ိဳးေက်းဇူးေတြ

ဆလတ္႐ြက္ (lettuce)

ဆလတ္႐ြက္ကို လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက အီဂ်စ္မွာ စတင္စိုက္ပ်ိဳးခဲ့တာျဖစ္ပါတယ္။ အီဂ်စ္လူမ်ိဳးေတြက ဆလတ္အေစ့ကို ဆီထုတ္ဖို႔အတြက္အသုံးျပဳခဲ့ၾကပါတယ္။ ဆလတ္ပင္က အေစ့တင္မဟုတ္ဘူး အ႐ြက္ကလည္း စားေကာင္းၿပီး အသုံးတည့္တာေတြ႐ွိေနပါတယ္။ ဆလတ္႐ြက္ကို အသားကင္ေတြနဲ႔တြဲဖက္စားသုံးလိုရ႕သလို အေၾကာ္ေတြ၊အျပဳတ္ေတြနဲ႔လည္းတြဲစားလို႔ရပါတယ္။ အတို႔အျမႇဳပ္အေနနဲ႔ပါစားသုံးလို႔ရပါတယ္။

ဆလတ္႐ြက္မွာပါတဲ့ အာဟာရဓါတ္ေတြ

ဆလတ္႐ြက္မွာ ေရဓါတ္၊ ပ႐ိုတင္း၊ အဆီ၊ ကာဗိုဟိုက္ဒရိတ္၊ အမွ်င္ဓါတ္ နဲ႔ သၾကားဓါတ္တို႔ပါဝင္ေနပါတယ္။ ဒါေတြတင္မကေသးပါဘူး။ ဆလတ္႐ြက္မွာ မဂၢနီဆီယမ္၊ေဖ့စ္ဖရက္ ၊ ပိုတက္ဆီယမ္၊ ဆိုဒီယမ္၊ဇင့္၊ သီရာမင္း၊႐ိုင္ဘိုဖေလဗင္၊ နီကာဆင္၊ေဖာလိတ္၊ ဗီတာမင္ ဘီ ဆစ္ ၊ စီ၊ ေအ၊ အီး နဲ႔ ဗီတာမင္ ေက တို႔ပါဝင္ေနပါတယ္။

ဘယ္လိုက်န္းမာေရးေက်းဇူးေတြရႏိုင္လဲ

ဆလတ္႐ြက္ကေနရ႐ွိႏိုင္မယ့္ က်န္းမာေရးအက်ိဳးေက်းဇူးေတြ

ႏွလုံးက်န္းမာေစႏိုင္တယ္

ခႏၶါကိုယ္က်န္းမာေနေစဖို႔အတြက္ေသြးတြင္းက အက်ိဳးမျပဳတဲ့ ကိုလက္စထေရာေတြကိုေစာင့္ၾကည့္ဖို႔လိုမွာပါ။ေသြးထဲမွာ အက်ိဳးမျပဳတဲ့ ကိုလက္စထေရာမ်ားေနမယ္ဆိုရင္ ႏွလုံးေသြးေၾကာဆိုင္ရာေရာဂါေတြနဲ႔အျခားေရာဂါေတြခံစားရႏိုင္ပါတယ္။ ကိုလက္စထေရာအရမ္းမ်ားလာတဲ့အခါေလျဖတ္တာနဲ႔ ႐ုတ္တရက္ ႏွလုံးရပ္တာေတြခံစားရႏိုင္ပါတယ္။ေလ့လာမႈေတြအရ ဆလတ္႐ြက္မွာပါတဲ့ဘီတာ ကယ္႐ိုတင္း နဲ႔ ဗီတာမင္ စီ ကေသြးတြင္းမွာ ကိုလက္စထေရာမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ဆလတ္႐ြက္မွာပါတဲ့ အမွ်င္ဓါတ္က လည္းႏွလုံးေရာဂါမျဖစ္ေအာင္ကာကြယ္ေပးပါတယ္။ ဆလတ္႐ြက္မွာပါတဲ့ အိုမီဂါ-၃ ဖက္တီးအက္စစ္ ကႏွလုံးကိုက်န္းမာေနေစပါတယ္။

ဆီးခ်ိဳမျဖစ္ေအာင္ကာကြယ္ေပးတယ္

ဆလတ္႐ြက္စားေပးရင္ ဆီးခ်ိဳျဖစ္ႏိုင္ေျခကို က်ဆင္းေစႏိုင္ပါတယ္။ ဆလတ္႐ြက္မွာ ကယ္လိုရီပါဝင္မႈနည္းတာေၾကာင့္ေသြးတြင္းသၾကားဓါတ္ကို ထိန္းညႇိေနရတဲ့ ဆီးခ်ိဳေဝဒနာသည္ေတြအတြက္လည္း အထူးသင့္ေတာ္ပါတယ္။ ဆလတ္႐ြက္ကေသြးတြင္းသၾကားဓါတ္ ကိုထိန္းညႇိေပးႏိုင္တာေၾကာင့္ ဆီးခ်ိဳေရာဂါျဖစ္ႏိုင္ေျခကို က်ဆင္းေစႏိုင္ပါတယ္။

ေရာင္ရမ္းမႈကိုေလ်ာ့ပါးသက္သာေစႏိုင္တယ္

သြားဖုံးေတြေရာင္ရမ္းၿပီး သြားကိုက္တာ၊ေခါင္းတစ္ျခမ္းကိုက္တာနဲ႔ အဆစ္ေတြေရာင္ရမ္းၿပီး နာက်င္ကိုက္ခဲတာေတြကို သက္သာခ်င္တယ္ဆိုရင္ ဆလတ္႐ြက္စားသုံးေပးလို႔ရပါတယ္။ ဆလတ္႐ြက္မွာပါတဲ့ အဆီကေရာင္ရမ္းမႈေတြကိုေလ်ာ့ပါးသက္သာေအာင္လုပ္ေဆာင္ေပးပါတယ္။

ကင္ဆာေရာဂါဆိုး႐ြားမႈအဆင့္ကို ေႏွးေကြးေစတယ္

ဆလတ္႐ြက္မွာ ကင္ဆာေရာဂါအမ်ိဳးမ်ိဳးကို ထိန္းခ်ဳပ္ရာမွာအေထာက္အကူျပဳႏိုင္တဲ့ အာဟာရဓါတ္ေတြပါဝင္ေနပါတယ္။ေလ့လာမႈေတြအရ ဆလတ္႐ြက္ကေသြးကင္ဆာဆဲလ္ေတြနဲ႔ရင္သားကင္ဆာဆဲလ္ေတြျပန္႔ပြားမႈကို ထိန္းခ်ဳပ္ေပးႏိုင္တယ္လို႔ သိရပါတယ္။ ဆလတ္႐ြက္မွာပါတဲ့ ဗီတာမင္ ေအ ကခံတြင္းကင္ဆာနဲ႔ အဆုတ္ကင္ဆာျဖစ္ႏိုင္ေျခကိုက်ဆင္းေစႏိုင္တယ္၊လို႔လည္းသိရပါတယ္။

ကိုလက္စထေရာပမာဏကို က်ဆင္းေစႏိုင္ပါတယ္

ဆလတ္႐ြက္ကေသြးတြင္းကိုလက္စေရာေတြကို က်ဆင္းေစႏိုင္ၿပီး ႏွလုံးေသြးေၾကာက်ဥ္းတာနဲ႔ အျခားအသက္အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ေရာဂါေတြခံစားရႏိုင္ေျခကိုက်ဆင္းေစႏိုင္ပါတယ္။ေသြးတြင္းမွာ အယ္လ္ဒီအယ္လ္ ကိုလက္စထေရာပမာဏ အရမ္းမ်ားေနတဲ့အခါ ႐ုတ္တရက္ ႏွလုံးရပ္တာ နဲ႔ေလျဖတ္တာေတြျဖစ္ႏိုင္ပါတယ္။ ဆလတ္႐ြက္ပုံမွန္စားသုံးေပးတာကေသြးတြင္းကိုလက္စထေရာပမာဏကို က်ဆင္းေစၿပီး ခႏၶါကိုယ္ကို က်န္းမာေနေစမွာပါ။

ကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ဖယ္႐ွားေပးတယ္။

ဆလတ္႐ြက္မွာ သတၱဳဓါတ္မ်ားစြာပါဝင္ေနတာေၾကာင့္ ကိုယ္တြင္းက အက္ဆစ္ဓါတ္ေတြကို ထိန္းညႇိေပးၿပီး ကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ဖယ္႐ွားေပးပါတယ္။

ကိုယ္အေလးခ်ိန္က်ေစႏိုင္တယ္

သင့္အေနနဲ႔ ဝိတ္ခ်ဖို႔ေတြးေနတယ္ဆိုရင္ေတာ့ ဆလတ္႐ြက္က စားသုံးေပးသင့္တဲ့ အရာတစ္ခုပါ။ ဆလတ္႐ြက္မွာ ကယ္လိုရီ ပါဝင္မႈက ၅ ရာခိုင္ႏႈန္းသာ႐ွိၿပီးေရဓါတ္က ၉၅ ရာခိုင္ႏႈန္းနဲ႔ အမွ်င္ဓါတ္က ၁ ရာခိုင္ႏႈန္းသာပါဝင္ေနပါတယ္။ အဆီပါဝင္မႈလည္းနည္းတာေၾကာင့္ ဝိတ္ခ်ေနသူေတြစားသုံးေပးသင့္တဲ့ အစားအေသာက္တစ္ခုပါ။ ဆလတ္႐ြက္ကို ခရမ္းခ်ဥ္သီးနဲ႔တြဲဖက္သုပ္စားၿပီး ဝိတ္ခ်ဖို႔ ဓါတ္စာအေနနဲ႔ စားသုံးေပးႏိုင္ပါတယ္။

ဦးေႏွာက္ကိုက်န္းမာေစႏိုင္တယ္

ဦးေႏွာက္ကို အျပင္းအထန္ထိခိုက္ေစႏိုင္တဲ့ျဖစ္စဥ္ေတြက အာ႐ုံေၾကာဆဲလ္ေတြကို ပ်က္စီးေစၿပီး အယ္လ္ဇိုင္းမားေရာဂါလိုမ်ိဳးေရာဂါေတြအထိခံစားရေစႏိုင္ပါတယ္။ေလ့လာမႈေတြအရေတာ့ ဆလတ္႐ြက္မွာပါတဲ့ အဆီအႏွစ္က အာ႐ုံေၾကာဆဲလ္ေတြထိခိုက္ပ်က္စီးမႈကို ကာကြယ္ေပးတယ္၊လို႔သိရပါတယ္။

ေနာက္ထပ္ေလ့လာမႈတစ္ရပ္အရ ဆလတ္႐ြက္မွာ ခႏၶါကိုယ္အတြက္ေန႔စဥ္လိုအပ္တဲ့ႏိုက္ထရိတ္ ႂကြယ္ဝစြာပါဝင္ေနပါတယ္။ ဒီျဒပ္ေပါင္းက ခႏၶါကိုယ္ထဲေရာက္႐ွိသြားတဲ့အခါႏိုက္ထရစ္ေအာက္ဆိုဒ္ အျဖစ္ေျပာင္းသြားၿပီး ဆဲလ္အလႊာေလးေတြရဲ႕ စြမ္းေဆာင္ရည္ ကိုတိုးတက္ေစပါတယ္။ ဆဲလ္အလႊာေလးေတြရဲ႕ စြမ္းေဆာင္ရည္ လုပ္ေဆာင္မႈက်ဆင္းသြားတဲ့အခါ သိျမင္မႈစြမ္းရည္က်ဆင္းသြားသလို အသက္အ႐ြယ္ေၾကာင့္ျဖစ္တဲ့ အာ႐ုံေၾကာ ထိခိုက္ပ်က္စီးမႈေတြျဖစ္လာပါေတာ့တယ္။ ဆလတ္႐ြက္စားေပးမယ္ဆိုရင္ ဒီျပႆနာေတြကင္းေဝးေစမွာပါ။ ဒါတင္မကေသးပါဘူး။ ဆလတ္႐ြက္မွာ အိုမီဂါ-၃ ဖက္တီးအက္စစ္ ပါဝင္ေနတာေၾကာင့္ စိတ္ဓါတ္က်တာနဲ႔စိတ္ဖိစီးတာေတြမျဖစ္ေအာင္ကာကြယ္ေပးႏိုင္ပါေသးတယ္။

အ႐ိုးေတြကို ၾကံ့ခိုင္သန္စြမ္းေစတယ္

အ႐ိုးစတင္ျဖစ္ေပၚဖို႔အတြက္လိုအပ္တဲ့ ကိုလာဂ်င္အသားဓါတ္ ေတြကိုျဖစ္ေပၚလာေစဖို႔ဆိုရင္ ဗီတာမင္ ေက၊ ေအ နဲ႔ စီ တို႔ကအေရးပါပါတယ္။ ဆလတ္၇ါက္မွာ ဒီဗီတာမင္ဓါတ္ ၃ မ်ိဳးစလုံးႂကြယ္ဝစြာပါဝင္ေနပါတယ္။ ဗီတာမင္ ေက ကတြယ္ဆက္တစ္႐ႈးေတြနဲ႔ အ႐ိုးႏုေတြျဖစ္ေပၚေအာင္ အေထာက္ကူျပဳေပးပါတယ္။ ဗီတာမင္ ေအ ကအ႐ိုးဆဲလ္အသစ္ေတြကိုျဖစ္ေပၚေအာင္လုပ္ေဆာင္ေပးပါတယ္။ တကယ္လို႔ ခႏၶါကိုယ္မွာ ဗီတာမင္ ေအ နည္းေနမယ္ဆိုရင္ အ႐ိုးပြတာနဲ႔ အ႐ိုးက်ိဳးလြယ္တာေတြျဖစ္ႏိုင္ပါတယ္။ ဗီတာမင္ စီ ကအသက္အ႐ြယ္ေၾကာင့္ျဖစ္တဲ့ အ႐ိုးပါးတာကိုတိုက္ဖ်က္ေပးႏိုင္ပါတယ္။ ဗီတာမင္ ေက ကေတာ့ အ႐ိုးက်ိဳးလြယ္တာမ်ိဳးမျဖစ္ေအာင္ကာကြယ္ေပးၿပီး အ႐ိုးေတြကို ၾကံ့ခိုင္သန္စြမ္းေစႏိုင္ပါတယ္။

ကိုယ္ခံအားေကာင္းေစႏိုင္တယ္

ေလ့လာမႈေတြအရ ဆလတ္႐ြက္မွာပါတဲ့ ဗီတာမင္ ေအ နဲ႔ ဗီတာမင္ စီ ကကိုယ္ခံအားကိုေကာင္းေစႏိုင္ပါတယ္။ ဆလတ္႐ြက္ကေရာဂါပိုးေတြကိုေသေစႏိုင္တဲ့ အာနိသင္လည္း႐ွိပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service