စင်္ကာပူတွင် COVID-19 ရောဂါခုခံနိုင်သည့် ပဋိပစ္စည်းများပါဝင်သောကလေးငယ်တစ်ဦးမွေးဖွား
စင်္ကာပူတွင် COVID-19 ရောဂါခုခံနိုင်သည့် ပဋိပစ္စည်းများပါဝင်သောကလေးငယ်တစ်ဦးမွေးဖွား - Property News in Myanmar from iMyanmarHouse.com
1 Dec 2020 11:23 am တွင် တင်ခဲ့သည်
1479 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
စင်္ကာပူနိုင်ငံတွင် ကိုယ်ဝန်ဆောင်ကာလအတွင်း Covid-19 ရောဂါကူးစက်ခြင်းခံခဲ့ရဖူးသည့် မိခင်တစ်ဦးသည် ကလေးငယ်ဖွားမြင်လာချိန်တွင် အဆိုပါကလေးငယ်၏ ခန္ဓာကိုယ်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်သည့် ပဋိပစ္စည်းများရှိနေသည်ကိုတွေ့ခဲ့ရသည်။
အသက် ၃၁ နှစ်အရွယ်ရှိ Celine Ng-Chan ဆိုသူအမျိုးသမီးကသားယောက်ျားလေးမွေးဖွားခဲ့ရာအဆိုပါကလေးငယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမခံရကြောင်းနက်ဂတစ် စစ်ဆေးတွေ့ရှိခဲ့ကာ ခန္ဓာကိုယ်အတွင်းတွင် ပဋိပစ္စည်းများရှိနေသည်ကိုတွေ့ရှိခဲ့ကြောင်းThe Straits Times သတင်းစာတွင် ဖော်ပြသည်။
“ကျွန်မရဲ့ ဆရာဝန် သုံးသပ်တာကတော့ ကိုယ်ဝန်ဆောင်ထားချိန်မှာကလေးဆီကို ကျွန်မရဲ့ Covid-19 ပဋိပစ္စည်းတွေ ကူးပြောင်းရောက်ရှိသွားခဲ့တာလို့ သုံးသပ်ပါတယ်”ဟု Celine Ng-Chan က The Straits Times သို့ ပြောသည်။
ယခုနှစ် မတ်လအတွင်းကိုယ်ဝန် ၁၀ ပတ်တာကာလရှိနေချိန်တွင် Celine သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကာအပျော့စားဝေဒနာခံစားခဲ့ရပြီးရက်သတ္တ ၂ ပတ်ကျော်ကြာဆေးရုံတက်ခဲ့ရသည်။
Covid-19 ရောဂါ ကူးစက်ခံခဲ့ရသော်လည်းကိုယ်ဝန်ဆောင်မှုနှင့် မွေးဖွားမှုတို့မှာအဆင်ပြေချောမွေ့ခဲ့ကြောင်း Celine က ပြောသည်။
ကျန်းမာရေးအလွန်ကောင်းမွန်သည့် သားလေးမွေးဖွားနိုင်ခဲ့ခြင်းအတွက် အလွန်ရင်ခုန်စိတ်လှုပ်ရှားမိကြောင်း၊ သားလေးကိုအယ်လ်ဒရင်း (Aldrin) ဟုအမည်ပေးထားပြီး National University ဆေးရုံတွင် နိုဝင်ဘာလ ၇ ရက်ကမွေးဖွားခဲ့ကြောင်း Celine က ဆက်လက်ပြောကြားသည်။
သားလေးအားမွေးဖွားပေးသည့် ဆရာဝန်ကပြောရာတွင် မိခင်ဖြစ်သူတွင် Covid-19 ပဋိပစ္စည်းများမရှိတော့ဘဲသားလေးတွင်မူပဋိပစ္စည်းများတွေ့ရသည်ဟုပြောလာခြင်းမှာအလွန်စိတ်ဝင်စားဖွယ်ကောင်းကြောင်းလည်း Celine က ဖြည့်စွက်ပြောကြားသည်။
ကျွမ်းကျင်ပညာရှင်များ၏ ပြောကြားချက်အရပဋိပစ္စည်းရှိသည်ဆိုခြင်းမှာလူတစ်ဦးတစ်ယောက်အတွက် ဗိုင်းရပ်စ်အပေါ် ကိုယ်ခံအားတုံ့ပြန်မှု ရှိနေသည်ကို ပြသခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ရောဂါကူးစက်မှုကိုမည်မျှ ကာကွယ်နိုင်မည်ကိုမူမသိရသေးကြောင်းပြောကြားကြသည်။
ကိုယ်ဝန်ဆောင်မိခင်တစ်ဦးထံမှတဆင့် သူ၏ရင်သွေးထံသို့ Covid-19 ရောဂါ ကူးစက်နိုင်ခြင်းရှိ၊ မရှိဟူသောအချက်နှင့် စပ်လျဉ်း၍လည်းလက်ရှိတွင် သိရှိထားသောအချက်အလက်များနည်းပါးသည်။
ဗြိတိန်မှ သုတေသနပညာရှင်တို့၏ လေ့လာချက်အရယခုနှစ် မတ်လ ၁ ရက်မှ ဧပြီလ ၃၀ ရက်အတွင်းဆေးရုံများတွင် မွေးဖွားခဲ့သောကလေးငယ်ပေါင်း ၁၀,၀၀၀ အနက် ၆၆ ဦးတွင်သာရောဂါကူးစက်ခံရကြောင်းတွေ့ခဲ့ရရာကူးစက်မှု ရှားပါးသည်ဟုသတ်မှတ်ကြသည်။
သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ထုတ်ပြန်ထားသည်မှာမူကိုယ်ဝန်ဆောင်မိခင်တစ်ဦးထံမှ ကိုယ်ဝန်ဆောင်ချိန်ကာလ (သို့မဟုတ်) မွေးဖွားချိန်ကာလအတွင်းရင်သွေးထံရောဂါကူးစက်နိုင်သည်ဟူသောလုံလောက်သည့် အထောက်အထားမရှိကြောင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်ထိမူသားအိမ်အတွင်းကလေးငယ်ကိုဝန်းပတ်ထားသည့် အရည်နမူနာများနှင့် မိခင်နို့တို့တွင် ကိုရိုနာဗိုင်းရပ်စ်ကိုတွေ့ရှိရမှု မရှိသေးကြောင်း ကျွမ်းကျင်ပညာရှင်များကပြောသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Singapore mom reportedly gives birth to baby with COVID-19 antibodies(The New York Post)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Ponnami Estate
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service