မြန်မာ ဖေ့စ်ဘုတ်သုံးစွဲသူများအကြား သတင်းပျံ့နှံ့နေသော “ကိုရိုနာဗိုင်းရပ်စ်ထက် ကြောက်စရာကောင်းတဲ့ Zombie Virus” ဟူသော သတင်းမှာ အထင်အမြင်မှားစေမည့် သတင်းမှားသာဖြစ်ကြောင်း AFP သတင်းဌာန၏ အချက်အလက်စစ်ဆေးချက်အရ ပေါ်ပေါက်

မြန်မာ ဖေ့စ်ဘုတ်သုံးစွဲသူများအကြား သတင်းပျံ့နှံ့နေသော “ကိုရိုနာဗိုင်းရပ်စ်ထက် ကြောက်စရာကောင်းတဲ့ Zombie Virus” ဟူသော သတင်းမှာ အထင်အမြင်မှားစေမည့် သတင်းမှားသာဖြစ်ကြောင်း AFP သတင်းဌာန၏ အချက်အလက်စစ်ဆေးချက်အရ ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
1 Dec 2020 11:06 am တွင် တင်ခဲ့သည်
1694 ကြိမ် ကြည့်ရှု့ပြီး

[Unicode] မြန်မာနိုင်ငံရှိ ဖေ့စ်ဘုတ်သုံးစွဲသူများစွာအတွင်း သတင်းတစ်ခုကို မျှဝေသူအလွန်များပြားနေရာ အဆိုပါသတင်းတွင် ဖော်ပြထားချက်အရ ပညာရှင်တို့က Zombie Virus ဟုခေါ်သော ဗိုင်းရပ်စ်တစ်မျိုးနှင့် ပတ်သက်ပြီး အလွန်စိုးရိမ်နေကြောင်း၊ အဆိုပါဗိုင်းရပ်စ်သည် ကိုရိုနာဗိုင်းရပ်စ်ထက် ကြောက်မက်ဖွယ်ကောင်းကြောင်း၊ ယင်းဗိုင်းရပ်စ်သည် သမင်တို့အကြားတွင် ပျံ့နှံ့နိုင်ကြောင်း ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်လာခဲ့ချိန်အတွင်း အဆိုပါ သတင်းမှာ အွန်လိုင်းတွင် ပျံ့နှံ့လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါသတင်းတွင် ရေးသားဖော်ပြချက်အရ ယင်းဗိုင်းရပ်စ်သည် ကူးစက်ခံရသည့် သမင်တို့၏ ဦးနှောက်လုပ်ဆောင်ချက်အပေါ် ထိခိုက်စေကာ လူတို့ကို တိုက်ခိုက်လိုစိတ်နှင့် သွေးစုပ်လိုစိတ်များ ဖြစ်ပေါ်လာစေကြောင်း ရေးသားဖော်ပြထားသည်။

အဆိုပါ ရေးသားချက်တို့မှာ အထင်အမြင်မှားစေမည့် သတင်းမှားသာဖြစ်ကြောင်း၊ ကျွမ်းကျင်ပညာရှင်တို့က ပြောကြားရာတွင် သမင်တို့အား တိုက်ခိုက်လိုစိတ်နှင့် သွေးစုပ်လိုစိတ်ဖြစ်စေသည့် ဗိုင်းရပ်စ်မျိုး မရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအထိ အချက်အလက်များအရ chronic wasting disease (CWD) ဟူသော ရောဂါမျိုး အပါအဝင် သမင်တို့တွင် ကျရောက်သည့် အာရုံကြောဆိုင်ရာ ရောဂါမျိုး တိရ စ္ဆာန်မှ လူသို့ ကူးစက်သည့် မှတ်တမ်းမှတ်ရာလည်း မရှိကြောင်း ပြောကြားသည်ဟု AFP သတင်းဌာန၏ အချက်အလက်စစ်ဆေးမှုတွင် ဖော်ပြသည်။

အဆိုပါသတင်းကို မြန်မာနိုင်ငံအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၁ ရက်က ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီး https://yawtharlay.com/archives/14954  လင့်ခ်တွင် အဆိုပါ အထင်မြင်မှားစေသည့် သတင်းကို တွေ့ရှိရကြောင်း AFP က ဖော်ပြသည်။

မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော သတင်း၏ ခေါင်းစဉ်မှာ “ပညာရှင်တွေ စိုးရိမ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ထက် ကြောက်စရာကောင်းတဲ့ Zombie Virus” ဟု ဖော်ပြထားပြီး အင်္ဂလိပ်ဘာသာအရဆိုလျှင် “Experts express concerns about the Zombie Virus, scarier than the novel coronavirus” ဟု ဖြစ်သည်။

သတင်း၏ တစ်နေရာတွင် ရေးသားထားပုံမှာ “လတ်တလော ဖြစ်ပွားနေသည့် COVID-19 အပြင် ပညာရှင်တွေ စိုးရိမ်နေတဲ့ Virus တစ်မျိုးရှိနေပါတယ်။ သူကတော့ Zombie Virus (CDC) ပဲ ဖြစ်ပါတယ်။ Zombie Virus ဆိုတာ ရုပ်ရှင်တွေထဲကလို လူတွေဟာ လူစိတ်ပျောက်သွားပြီး လူအချင်းချင်း သွေးလိုက်စုပ်ကြတဲ့ လူတစ်ပိုင်း ဖုတ်ကောင်တစ်ပိုင်းတွေနဲ့ ဆင်တူပါတယ်” ဟု ရေးသားထားသည်။

ထို့အပြင် သတင်း၏ တစ်နေရာတွင်လည်း “Zombie Virus ကူးစက်ခံထားရတဲ့ သမင်တွေကို Zombie Deer လို့ ခေါ်ဝေါ်ကြပါတယ်။ Virus ကူးစက်ခံရတဲ့ သမင်တွေဟာ သူတို့ရဲ့ ဦးနှောက်ကို ထိန်းချုပ်ခံလိုက်ရပြီး အသိစိတ်ပျောက်ကာ တိုက်ခိုက်ချင်စိတ်တွေ ဖြစ်ပွားလာပါတယ်” ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရကြောင်း AFP က ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေကြောင်း AFP သတင်းဌာနက ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက်တွင် သတင်းဖော်ပြခဲ့ (https://news.yahoo.com/yangon-under-strain-myanmar-coronavirus-114708402.html) ပြီးနောက် ရက်သတ္တ အနည်းငယ်အကြာတွင် Zombie Virus အကြောင်းရေးသားထားသည့် အဆိုပါသတင်းမှာ မြန်မာနိုင်ငံအတွင်း ပျံ့နှံ့လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါသတင်းကို မြန်မာနိုင်ငံအတွင်းရှိ အောက်ဖော်ပြပါ ဖေ့စ်ဘုတ်စာမျက်နှာများတွင်လည်း ဖော်ပြခဲ့ကြသည်ဟု AFP ၏ အချက်အလက် စစ်ဆေးမှုတွင် ဖော်ပြသည်။

(၁) “Cele Myanmar News” ပို့စ်တင်ချိန် November 11 နံနက် 7:31

(https://archive.vn/pBM64 )

(၂) “1 9 9 5” ပို့စ်တင်ချိန် November 11 နံနက် 7:29

(https://archive.vn/RkrxO )

(၃) “I Like You” ပို့စ်တင်ချိန် November 11 နံနက် 7:30

(https://archive.vn/8jKNg )

(၄) “Hadaya News” ပို့စ်တင်ချိန် November 11 နံနက် 07:30

(https://archive.vn/cuoP2 )

(၅) “Phyu Phyu Fan” ပို့စ်တင်ချိန် November 11 နံနက် 07:08

(https://archive.vn/juiQx )

အထက်ဖော်ပြသတင်းတွင် ဖော်ပြချက်များမှာ အထင်မြင်လွဲမှားစေမည့် အချက်အလက်များ ရောနှောပါဝင်နေသော သတင်းသာဖြစ်ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဗဟို (CDC) မှ ကပ်ရောဂါပညာရှင် Ryan Maddox PhD က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားရာတွင် အဆိုပါသတင်းတွင် ရေးသားချက်မှာ သမင်၊ အမေရိကန်မြောက်ပိုင်းတွင် တွေ့ရသော သမင်ကြီးမျိုး၊ ရေခဲဒေသ သမင်မျိုးနှင့် sika deer ဟူသော အရှေ့အာရှမျိုးရင်း သမင်လတ်မျိုးတို့တွင် ဖြစ်ပွားတတ်သော chronic wasting disease (CWD)ရောဂါကို ရည်ညွှန်းဟန်ရကြောင်း ပြောကြားသည်။

AFP သတင်းဌာနသို့ နိုဝင်ဘာလ ၂၁ ရက်တွင် Ryan Maddox က အီးမေးဖြင့် ပေးပို့ရေးသားခဲ့ရာတွင် “CWD ရောဂါဟာ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာအမျိုးမျိုး ဖြစ်ပေါ်စေပြီး နောက်ဆုံးမှာ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ကူးစက်ခံရတဲ့ တိရ စ္ဆာန်မှာ ရောဂါလက္ခဏာပေါ်ဖို့ တစ်နှစ်ကျော် ကြာမြင့်နိုင်ပါတယ်။ ရောဂါလက္ခဏာအားဖြင့် ကိုယ်အလေးချိန် ဆိုးဆိုးရွားရွားကျဆင်းတာ၊ ဒယိမ်းဒယိုင်ဖြစ်တာ၊ နုံးခွေတာနဲ့ တခြားအာရုံကြော ရောဂါလက္ခဏာတွေ ပြသနိုင်ပါတယ်။ CWD ရောဂါကူးစက်ခံရတဲ့ သမင်မျိုးစိတ်အမျိုးမျိုးမှာ သွေးစုပ်တာနဲ့ အခြားတိရ စ္ဆာန်တွေကို တိုက်ခိုက်တာကတော့ မတွေ့ရပါဘူး” ဟု ပြောကြားသည်။

CDC ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ တိရ စ္ဆာန်မှ လူသားသို့ CWD ရောဂါကူးစက်သည့် မှတ်တမ်းမှတ်ရာ အထောက်အထား မရှိကြောင်း ဖော်ပြသည်။

အောက်ဖော်ပြပါ screenshot မှာ CDC ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်တစ်ခုဖြစ်ပြီး အေအက်ဖ်ပီသတင်းဌာနမှ အနီရောင်ဖြင့် ကွင်းပြထားသည်။

“နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း CDC နဲ့ ကျန်းမာရေးမိတ်ဖက်အဖွဲ့အစည်းတွေဟာ လူသားတွေမှာ CWD ရောဂါဖြစ်နိုင်ချေကို စောင့်ကြည့်ခဲ့ကြပါတယ်။ ယနေ့အထိမှတ်တမ်းများအရတော့ လူသားတွေမှာ CWD ရောဂါကူးစက်ခံရတဲ့ မှတ်တမ်းမရှိပါဘူး” ဟု Maddox က ဖြည့်စွက်ပြောကြားသည်။

“ဒါပေမယ့် တချို့သော တိရ စ္ဆာန်လေ့လာမှုတွေရဲ့ သုံးသပ်ချက်အရ CWD ဟာ လူသားမဟုတ်တဲ့ မျောက်တွေလို နို့တိုက် Primate မျိုးစိတ်တွေမှာ အန္တရာယ်ရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ CWD ကူးစက်ခံထားရတဲ့ တိရ စ္ဆာန်တွေရဲ့ အသားကို စားသောက်တာ (ဒါမှမဟုတ်) ရောဂါကူးစက်ခံထားရတဲ့ သမင်တွေရဲ့ ဦးနှောက် သို့မဟုတ် ခန္ဓာကိုယ်ကအရည်တွေနဲ့ ထိတွေ့မိတဲ့အခါမျိုးမှာ ကူးစက်ခံရတာမျိုး ဖြစ်ပေါ်နိုင်ပါတယ် ” Keyword ရှာဖွေမှုများစွာအရ တွေ့ရှိရသည်မှာ ကျွမ်းကျင်ပညာရှင်များသည် လူသားများတွင် CWD ကူးစက်နိုင်ချေအတွက် ရတက်မအေးဖြစ်မှုများ မြင့်တက်နေသည်ဟူသော သတင်းအထောက်အထား မတွေ့ရကြောင်း AFP သတင်းဌာန၏ အချက်အလက်စစ်ဆေးမှုတွင် ဖော်ပြသည်။

လက်ရှိအားဖြင့် ရတက်မအေးဖြစ်မှု မြင့်တက်နေသည်မှာ ကမ္ဘာတစ်ဝန်းရှိ အစိုးရများနှင့် ဆရာဝန်များက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမည့် အရေးကို သတိပေးနေခြင်းများသာ မြင့်တက်နေသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Misleading viral posts shared in Myanmar warn of 'Zombie deer virus' outbreak after Covid-19 spike (AFP)

 

 

[Zawgyi]

ျမန္မာ ေဖ့စ္ဘုတ္သံုးစြဲသူမ်ားအၾကား သတင္းပ်ံ႕ႏွံ႔ေနေသာ “ကိုရိုနာဗိုင္းရပ္စ္ထက္ ေၾကာက္စရာေကာင္းတဲ့ Zombie Virus” ဟူေသာ သတင္းမွာ အထင္အျမင္မွားေစမည့္ သတင္းမွားသာျဖစ္ေၾကာင္း AFP သတင္းဌာန၏ အခ်က္အလက္စစ္ေဆးခ်က္အရ ေပၚေပါက္

ျမန္မာႏိုင္ငံရွိ ေဖ့စ္ဘုတ္သံုးစြဲသူမ်ားစြာအတြင္း သတင္းတစ္ခုကို မွ်ေဝသူအလြန္မ်ားျပားေနရာ အဆိုပါသတင္းတြင္ ေဖာ္ျပထားခ်က္အရ ပညာရွင္တို႔က Zombie Virus ဟုေခၚေသာ ဗိုင္းရပ္စ္တစ္မ်ဳိးႏွင့္ ပတ္သက္ျပီး အလြန္စိုးရိမ္ေနေၾကာင္း၊ အဆိုပါဗိုင္းရပ္စ္သည္ ကိုရိုနာဗိုင္းရပ္စ္ထက္ ေၾကာက္မက္ဖြယ္ေကာင္းေၾကာင္း၊ ယင္းဗိုင္းရပ္စ္သည္ သမင္တို႔အၾကားတြင္ ပ်ံ႕ႏွံ႔ႏိုင္ေၾကာင္း ေရးသားေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ား ျမင့္တက္လာခဲ့ခ်ိန္အတြင္း အဆိုပါ သတင္းမွာ အြန္လိုင္းတြင္ ပ်ံ႕ႏွံ႔လာခဲ့ျခင္း ျဖစ္သည္။

အဆိုပါသတင္းတြင္ ေရးသားေဖာ္ျပခ်က္အရ ယင္းဗိုင္းရပ္စ္သည္ ကူးစက္ခံရသည့္ သမင္တို႔၏ ဦးေႏွာက္လုပ္ေဆာင္ခ်က္အေပၚ ထိခိုက္ေစကာ လူတို႔ကို တိုက္ခိုက္လိုစိတ္ႏွင့္ ေသြးစုပ္လိုစိတ္မ်ား ျဖစ္ေပၚလာေစေၾကာင္း ေရးသားေဖာ္ျပထားသည္။

အဆိုပါ ေရးသားခ်က္တို႔မွာ အထင္အျမင္မွားေစမည့္ သတင္းမွားသာျဖစ္ေၾကာင္း၊ ကၽြမ္းက်င္ပညာရွင္တို႔က ေျပာၾကားရာတြင္ သမင္တို႔အား တိုက္ခုိက္လိုစိတ္ႏွင့္ ေသြးစုပ္လိုစိတ္ျဖစ္ေစသည့္ ဗိုင္းရပ္စ္မ်ဳိး မရွိေၾကာင္း၊ ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလအထိ အခ်က္အလက္မ်ားအရ chronic wasting disease (CWD) ဟူေသာ ေရာဂါမ်ဳိး အပါအဝင္ သမင္တို႔တြင္ က်ေရာက္သည့္ အာရံုေၾကာဆိုင္ရာ ေရာဂါမ်ိဳး တိရ စၦာန္မွ လူသို႔ ကူးစက္သည့္ မွတ္တမ္းမွတ္ရာလည္း မရွိေၾကာင္း ေျပာၾကားသည္ဟု AFP သတင္းဌာန၏ အခ်က္အလက္စစ္ေဆးမႈတြင္ ေဖာ္ျပသည္။

အဆိုပါသတင္းကို ျမန္မာႏိုင္ငံအေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ၁၁ ရက္က ေရးသားေဖာ္ျပခဲ့ျခင္းျဖစ္ျပီး https://yawtharlay.com/archives/14954 လင့္ခ္တြင္ အဆိုပါ အထင္ျမင္မွားေစသည့္ သတင္းကို ေတြ႔ရွိရေၾကာင္း AFP က ေဖာ္ျပသည္။

ျမန္မာဘာသာျဖင့္ ေရးသားေဖာ္ျပထားေသာ သတင္း၏ ေခါင္းစဥ္မွာ “ပညာရွင္ေတြ စိုးရိမ္ေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ထက္ ေၾကာက္စရာေကာင္းတဲ့ Zombie Virus” ဟု ေဖာ္ျပထားျပီး အဂၤလိပ္ဘာသာအရဆိုလွ်င္ “Experts express concerns about the Zombie Virus, scarier than the novel coronavirus” ဟု ျဖစ္သည္။

သတင္း၏ တစ္ေနရာတြင္ ေရးသားထားပံုမွာ “လတ္တေလာ ျဖစ္ပြားေနသည့္ COVID-19 အျပင္ ပညာရွင္ေတြ စိုးရိမ္ေနတဲ့ Virus တစ္မ်ဳိးရွိေနပါတယ္။ သူကေတာ့ Zombie Virus (CDC) ပဲ ျဖစ္ပါတယ္။ Zombie Virus ဆိုတာ ရုပ္ရွင္ေတြထဲကလို လူေတြဟာ လူစိတ္ေပ်ာက္သြားျပီး လူအခ်င္းခ်င္း ေသြးလိုက္စုပ္ၾကတဲ့ လူတစ္ပိုင္း ဖုတ္ေကာင္တစ္ပိုင္းေတြနဲ႔ ဆင္တူပါတယ္” ဟု ေရးသားထားသည္။

ထို႔အျပင္ သတင္း၏ တစ္ေနရာတြင္လည္း “Zombie Virus ကူးစက္ခံထားရတဲ့ သမင္ေတြကို Zombie Deer လို႔ ေခၚေဝၚၾကပါတယ္။ Virus ကူးစက္ခံရတဲ့ သမင္ေတြဟာ သူတို႔ရဲ႕ ဦးေႏွာက္ကို ထိန္းခ်ဳပ္ခံလိုက္ရျပီး အသိစိတ္ေပ်ာက္ကာ တိုက္ခိုက္ခ်င္စိတ္ေတြ ျဖစ္ပြားလာပါတယ္” ဟု ေရးသားေဖာ္ျပထားသည္ကို ေတြ႔ရေၾကာင္း AFP က ေဖာ္ျပသည္။

ျမန္မာႏုိင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ား ျမင့္တက္ေနေၾကာင္း AFP သတင္းဌာနက ၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ ၂၆ ရက္တြင္ သတင္းေဖာ္ျပခဲ့ (https://news.yahoo.com/yangon-under-strain-myanmar-coronavirus-114708402.html) ျပီးေနာက္ ရက္သတၱ အနည္းငယ္အၾကာတြင္ Zombie Virus အေၾကာင္းေရးသားထားသည့္ အဆိုပါသတင္းမွာ ျမန္မာႏိုင္ငံအတြင္း ပ်ံ႕ႏံွ႔လာခဲ့ျခင္း ျဖစ္သည္။

အဆိုပါသတင္းကို ျမန္မာႏိုင္ငံအတြင္းရွိ ေအာက္ေဖာ္ျပပါ ေဖ့စ္ဘုတ္စာမ်က္ႏွာမ်ားတြင္လည္း ေဖာ္ျပခဲ့ၾကသည္ဟု AFP ၏ အခ်က္အလက္ စစ္ေဆးမႈတြင္ ေဖာ္ျပသည္။

(၁) “Cele Myanmar News” ပို႔စ္တင္ခ်ိန္ November 11 နံနက္ 7:31

(https://archive.vn/pBM64 )

(၂) “1 9 9 5” ပို႔စ္တင္ခ်ိန္ November 11 နံနက္ 7:29

(https://archive.vn/RkrxO )

(၃) “I Like You” ပို႔စ္တင္ခ်ိန္ November 11 နံနက္ 7:30

(https://archive.vn/8jKNg )

(၄) “Hadaya News” ပို႔စ္တင္ခ်ိန္ November 11 နံနက္ 07:30

(https://archive.vn/cuoP2 )

(၅) “Phyu Phyu Fan” ပို႔စ္တင္ခ်ိန္ November 11 နံနက္ 07:08

(https://archive.vn/juiQx )

အထက္ေဖာ္ျပသတင္းတြင္ ေဖာ္ျပခ်က္မ်ားမွာ အထင္ျမင္လြဲမွားေစမည့္ အခ်က္အလက္မ်ား ေရာေႏွာပါဝင္ေနေသာ သတင္းသာျဖစ္ေၾကာင္း AFP သတင္းဌာနက ေဖာ္ျပသည္။

အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ၾကိဳတင္ကာကြယ္ေရးဗဟို (CDC) မွ ကပ္ေရာဂါပညာရွင္ Ryan Maddox PhD က ေအအက္ဖ္ပီ သတင္းဌာနသို႔ ေျပာၾကားရာတြင္ အဆိုပါသတင္းတြင္ ေရးသားခ်က္မွာ သမင္၊ အေမရိကန္ေျမာက္ပိုင္းတြင္ ေတြ႔ရေသာ သမင္ၾကီးမ်ဳိး၊ ေရခဲေဒသ သမင္မ်ဳိးႏွင့္ sika deer ဟူေသာ အေရွ႕အာရွမ်ဳိးရင္း သမင္လတ္မ်ဳိးတို႔တြင္ ျဖစ္ပြားတတ္ေသာ chronic wasting disease (CWD)ေရာဂါကို ရည္ညႊန္းဟန္ရေၾကာင္း ေျပာၾကားသည္။

AFP သတင္းဌာနသို႔ ႏိုဝင္ဘာလ ၂၁ ရက္တြင္ Ryan Maddox က အီးေမးျဖင့္ ေပးပို႔ေရးသားခဲ့ရာတြင္ “CWD ေရာဂါဟာ အာရံုေၾကာဆိုင္ရာ ေရာဂါလကၡဏာအမ်ဳိးမ်ဳိး ျဖစ္ေပၚေစျပီး ေနာက္ဆံုးမွာ ေသဆံုးတဲ့အထိ ျဖစ္ႏိုင္ပါတယ္။ ကူးစက္ခံရတဲ့ တိရ စၦာန္မွာ ေရာဂါလကၡဏာေပၚဖို႔ တစ္ႏွစ္ေက်ာ္ ၾကာျမင့္ႏိုင္ပါတယ္။ ေရာဂါလကၡဏာအားျဖင့္ ကိုယ္အေလးခ်ိန္ ဆိုးဆိုးရြားရြားက်ဆင္းတာ၊ ဒယိမ္းဒယိုင္ျဖစ္တာ၊ ႏံုးေခြတာနဲ႔ တျခားအာရံုေၾကာ ေရာဂါလကၡဏာေတြ ျပသႏိုင္ပါတယ္။ CWD ေရာဂါကူးစက္ခံရတဲ့ သမင္မ်ဳိးစိတ္အမ်ဳိးမ်ဳိးမွာ ေသြးစုပ္တာနဲ႔ အျခားတိရ စၦာန္ေတြကို တိုက္ခိုက္တာကေတာ့ မေတြ႔ရပါဘူး” ဟု ေျပာၾကားသည္။

CDC ၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပခ်က္အရ တိရ စၦာန္မွ လူသားသို႔ CWD ေရာဂါကူးစက္သည့္ မွတ္တမ္းမွတ္ရာ အေထာက္အထား မရွိေၾကာင္း ေဖာ္ျပသည္။

ေအာက္ေဖာ္ျပပါ screenshot မွာ CDC ၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပထားခ်က္တစ္ခုျဖစ္ျပီး ေအအက္ဖ္ပီသတင္းဌာနမွ အနီေရာင္ျဖင့္ ကြင္းျပထားသည္။

“ႏွစ္ေပါင္း ၂၀ ေက်ာ္ ကာလအတြင္း CDC နဲ႔ က်န္းမာေရးမိတ္ဖက္အဖြဲ႔အစည္းေတြဟာ လူသားေတြမွာ CWD ေရာဂါျဖစ္ႏိုင္ေခ်ကို ေစာင့္ၾကည့္ခဲ့ၾကပါတယ္။ ယေန႔အထိမွတ္တမ္းမ်ားအရေတာ့ လူသားေတြမွာ CWD ေရာဂါကူးစက္ခံရတဲ့ မွတ္တမ္းမရွိပါဘူး” ဟု Maddox က ျဖည့္စြက္ေျပာၾကားသည္။

“ဒါေပမယ့္ တခ်ဳိ႕ေသာ တိရ စၦာန္ေလ့လာမႈေတြရဲ႕ သံုးသပ္ခ်က္အရ CWD ဟာ လူသားမဟုတ္တဲ့ ေမ်ာက္ေတြလို ႏို႔တိုက္ Primate မ်ဳိးစိတ္ေတြမွာ အႏၱရာယ္ရွိႏိုင္တယ္လို႔ သံုးသပ္ၾကပါတယ္။ CWD ကူးစက္ခံထားရတဲ့ တိရ စၦာန္ေတြရဲ႕ အသားကို စားေသာက္တာ (ဒါမွမဟုတ္) ေရာဂါကူးစက္ခံထားရတဲ့ သမင္ေတြရဲ႕ ဦးေႏွာက္ သို႔မဟုတ္ ခႏၶာကိုယ္ကအရည္ေတြနဲ႔ ထိေတြ႔မိတဲ့အခါမ်ဳိးမွာ ကူးစက္ခံရတာမ်ဳိး ျဖစ္ေပၚႏိုင္ပါတယ္ ” Keyword ရွာေဖြမႈမ်ားစြာအရ ေတြ႔ရွိရသည္မွာ ကၽြမ္းက်င္ပညာရွင္မ်ားသည္ လူသားမ်ားတြင္ CWD ကူးစက္ႏိုင္ေခ်အတြက္ ရတက္မေအးျဖစ္မႈမ်ား ျမင့္တက္ေနသည္ဟူေသာ သတင္းအေထာက္အထား မေတြ႔ရေၾကာင္း AFP သတင္းဌာန၏ အခ်က္အလက္စစ္ေဆးမႈတြင္ ေဖာ္ျပသည္။

လက္ရွိအားျဖင့္ ရတက္မေအးျဖစ္မႈ ျမင့္တက္ေနသည္မွာ ကမၻာတစ္ဝန္းရွိ အစိုးရမ်ားႏွင့္ ဆရာဝန္မ်ားက ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရမည့္ အေရးကို သတိေပးေနျခင္းမ်ားသာ ျမင့္တက္ေနသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Misleading viral posts shared in Myanmar warn of 'Zombie deer virus' outbreak after Covid-19 spike (AFP)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service