အခွန်ပေးဆောင်ရန်ကင်းလွတ်ခွင့်ရှိသော ဝင်ငွေအမျိုးအစားများ

အခွန်ပေးဆောင်ရန်ကင်းလွတ်ခွင့်ရှိသော ဝင်ငွေအမျိုးအစားများ - Property Knowledge in Myanmar from iMyanmarHouse.com
30 Nov 2020 1:26 pm တွင် တင်ခဲ့သည်
6647 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

အခွန်ထမ်းပြည်သူများအနေနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံလျှက်ရှိသည့် ဝင်ငွေခွန်ထမ်းဆောင်ခြင်းမှ အခွန်ကင်းလွတ်ခွင့်များကိုတည်ဆဲဥပဒေနှင့်အညီရှင်းလင်းစွာသိရှိနိုင်ရန်ရည်ရွယ်ကာဖော်ပြခြင်းဖြစ်ပါသည်။

ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိသော ဝင်ငွေအမျိုးအစားများမှာ-

(က) ဘာသာရေး (သို့) ကုသိုလ်ရေးအဖွဲ့အစည်းတစ်ခုခုကရရှိ၍ ဘာသာရေး (သို့) ကုသိုလ်ရေးကိစ္စများ အတွက် သက်သက် အသုံးပြုသော ဝင်ငွေ၊

(ခ) ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ အခွန်အခရရှိငွေ (ဥပမာ -စည်ပင်သာယာရေးအဖွဲ့များ၊ ဆိပ်ကမ်းအာဏာပိုင်များမှ အခွန်အခကောက်ခံရရှိငွေ)၊

(ဂ) ပင်စင်၊ ပင်စင်မှ ပြောင်းလဲ၍ ရရှိသောငွေနှင့် လုပ်သက်ဆုငွေ (Gratuity)၊

(ဃ) သေဆုံး၍ (သို့) ဒဏ်ရာရ၍ရရှိသည့်လျော်ကြေး၊

(င) အာမခံပေါ်လစီအတွက် ထုတ်ပေး၍ ရရှိငွေ၊

(စ) အဖန်တလဲလဲမဟုတ်ပဲတစ်ခါတစ်ရံရရှိသည့်ငွေ (အခြေပစ္စည်းမှ မြတ်စွန်းငွေနှင့် လုပ်ငန်းတစ်ရပ်ရပ်မှ ရရှိသည့် ဝင်ငွေတို့ မပါဝင်ပါ)၊

(ဆ) ပုဂ္ဂိုလ်စုတစ်ခုခုမှ ဝင်ငွေခွန်ပေးဆောင်ပြီးရရှိသည့် အမြတ်ဝေစု၊

(ဇ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရဖမ်းဆီးရမှု (သို့)တရားမဝင်ပစ္စည်းများ ဖမ်းဆီးရမှုအပေါ် ဆုငွေချီးမြှင့်ခြင်းအစီအစဉ်အရ နှစ်တစ်နှစ်အတွင်းရရှိသည့် စုစုပေါင်း ဝင်ငွေ၏ ကျပ်သိန်း ၁၀၀ အထိ၊

(ဈ) နိုင်ငံတော်မှ ချီးမြှင့်သောဘွဲ့ထူးဂုဏ်ထူးတံဆိပ်များနှင့် အတူရရှိသည့် ချီးမြှင့်ငွေများ၊

(ည) ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့် ရရှိသောလစာခေါင်းစဉ်မှ ဝင်ငွေ၊

(ဋ) အစိုးရအောင်ဘာလေသိန်းဆုဆုမဲမှ ထုတ်ယူရရှိငွေ၊

(ဌ) ရှေးဟောင်းပစ္စည်းတွေ့ရှိမှုအပေါ် နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ငွေ၊

(ဍ) အသစ်ထူထောင်သောစက်မှုလက်မှုကိုအခြေခံသည့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတစ်ခု (သို့) လုပ်ငန်းတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လုပ်ငန်းစတင်သောနှစ် အပါအဝင် တစ်ဆက်တည်း ၃နှစ်ကာလအတွင်း ၁နှစ်စုစုပေါင်းအသားတင်အမြတ် ဝင်ငွေကျပ်သိန်း ၁၀၀ ထိ၊

(ဎ) ကုလသမဂ္ဂ၊ သံတမန်၊ ကောင်စစ်ရေးရာ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ရင်းနှီးမြှပ်နှံမှုနှင့် အထူးစီးပွားရေးဇုန်ဆိုင်ရာဥပဒေတစ်ရပ်ရပ်နှင့် အဆောင်အယောင်များဆိုင်ရာဥပဒေတစ်ရပ်ရပ်တို့တွင် ပြဋ္ဌာန်းပါရှိသော ဝင်ငွေခွန်နှင့် သက်ဆိုင်သည့် အကျိုးခံစားခွင့်များ၊ အစရှိသည့် ဝင်ငွေအမျိုးအစားတို့သည် အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားကြောင်း၊ ယင်းကင်းလွတ် ချက်များမှအပအခြားနည်းဖြင့်ရရှိသော ဝင်ငွေရလမ်းများသည် သတ်မှတ်ရာခ်ိုင်နှုန်းများနှင့်အညီအခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းတည်ဆဲအခွန်ဆိုင်ရာဥပဒေများအရအခွန်ထမ်းများမှ ရရှိနိုင်မည့် အခွန်ကင်းလွတ်ခွင့်များအကြောင်းသိကောင်းစရာတွင် ဖော်ပြထားပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

















(ဎ) ကုလသမဂ္ဂ၊ သံတမန်၊ ကောင်စစ်ရေးရာ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ရင်းနှီးမြှပ်နှံမှုနှင့် အထူးစီးပွားရေးဇုန်ဆိုင်ရာဥပဒေတစ်ရပ်ရပ်နှင့် အဆောင်အယောင်များဆိုင်ရာဥပဒေတစ်ရပ်ရပ်တို့တွင် ပြဋ္ဌာန်းပါရှိသော ၀င်ငွေခွန်နှင့် သက်ဆိုင်သည့် အကျိုးခံစားခွင့်များ၊ အစရှိသည့် ၀င်ငွေအမျိုးအစားတို့သည် အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားကြောင်း၊ ယင်းကင်းလွတ် ချက်များမှအပအခြားနည်းဖြင့်ရရှိသော ၀င်ငွေရလမ်းများသည် သတ်မှတ်ရာခိုင်နှုန်းများနှင့်အညီအခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းတည်ဆဲအခွန်ဆိုင်ရာဥပဒေများအရအခွန်ထမ်းများမှ ရရှိနိုင်မည့် အခွန်ကင်းလွတ်ခွင့်များအကြောင်းသိကောင်းစရာတွင် ဖော်ပြထားပါသည်။






နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service