ဆောင်းတွင်းမှာ အသားလေးတွေ စိုပြည်လှပနေစေဖို့ ဘာတွေလုပ်ကြမလဲ။

ဆောင်းတွင်းမှာ အသားလေးတွေ စိုပြည်လှပနေစေဖို့ ဘာတွေလုပ်ကြမလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
30 Nov 2020 11:34 am တွင် တင်ခဲ့သည်
1192 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ခန္ဓါကိုယ်မှာ ရာသီဥတုဒဏ်ကို အများဆုံးခံရတာ အရေပြားပါ။ ခန္ဓါကိုယ်ရဲ့ အကြီးမားဆုံးသောအစိတ်အပိုင်းဖြစ်တဲ့ အရေပြားကျန်းမာဖို့ကလည်းမေ့ထားလို့မဖြစ်ပါဘူး။ဆောင်းရာသီလိုအခါမျိုးမှာဆိုရင် အရေပြားကနေရောင်ခြည်ဒဏ်အပြင် ရာသီဥတုအေးတဲ့ဒဏ်နဲ့ လေဒဏ်ကိုပါအပိုဆောင်းခံရပါတယ်။ ဒီလိုအချိန်မျိုးမှာ အရေပြားကို အစိုဓါတ်ရှိအောင် ထိန်းသိမ်းဖို့ မဖြစ်မနေလိုအပ်ပါတယ်။

ဆောင်းရာသီမှာ ဘာလို့ အသားခြောက်တာလဲ

ဆောင်းရာသီမှာအေးမြတဲ့ ရာသီဥတုအနေအထားကြောင့်ရေသိပ်မသောက်ဖြစ်တဲ့အတွက် အရေပြားမှာ လုံလောက်တဲ့ရေဓါတ်မရတာကြောင့် အသားအရေတွေခြောက်သွေ့လာရတာပါ။ အရေပြားကလိုအပ်တဲ့အာဟာရကို မရရှိတဲ့အခါ အလွယ်တကူခြောက်သွေ့ကွဲအက်လာပါတယ်။ အရမ်းပြင်းထန်တဲ့အခါမျိုးဆိုရင် အရေပြားကွဲအက်မှုတွေကသွေးစို့တာမျိုးလေးတွေတောင်ဖြစ်လာနိုင်ပါတယ်။ အရေပြားအပေါ်ယံလွှာ ထိခိုက်တဲ့အခါ အရေပြားပြဿနာနဲ့ အခြားသောကျန်းမာရေးပြဿနာတွေ အလွယ်တကူဖြစ်လာနိုင်ပါတယ်။

ဒီအချက်တွေကြောင့် အရေပြားခြောက်သွေ့ရတာပါ

အရေပြားခြောက်သွေ့တာကို မဖြစ်အောင် ကြိုတင်ကာကွယ်ထားလို့လည်းရပါတယ်။ အရေပြားခြောက်သွေ့တာကို ကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင် အရေပြားခြောက်သွေ့မှုဖြစ်ရတဲ့ အကြောင်းအရင်းတွေကို သိထားဖို့လိုပါမယ်။ အရေပြားခြောက်သွေ့မှုကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းတွေက –

♦ အေးတဲ့ရာသီဥတုအခြေအနေနဲ့ထိတွေ့မှု

♦ ရေနွေးနဲ့ရေချိုးတာ၊ မျက်နှာသစ်တာ

♦ အရေပြားပြဿနာ အခံရှိနေတာ

♦ မီးလှုံတာ၊ အခန်းထဲမှာ အနွေးပေးစက်ဖွင့်ထားတာမျိုး

♦ မကြာခဏ မျက်နှာသစ်တာ၊လက်တွေ၊ခြေတွေဆေးတာ

ဆောင်းရာသီမှာ လှပစိုပြည်တဲ့အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့

ရေများများသောက်ပါ -ဆောင်းရာသီလိုအေးတဲ့ သဘာဝပတ်ဝန်းကျင် အနေအထားမှာတော်တော်များများကရေသောက်ဖို့မေ့နေတတ်ကြပြီးကော်ဖီ၊ရေနွေးကြမ်းနဲ့ လက်ဖက်ရည်လိုမျိုးနွေးထွေးမှုကို ရစေမယ့် အရာတွေကိုပိုသောက်ဖြစ်ကြပါတယ်။ ဒီသောက်စရာတွေက လိုအပ်တဲ့ရေဓါတ်ကိုဖြည့်မပေးနိုင်ပါဘူး။ ဒါကြောင့် အရေပြားကျန်းမာဖို့ လိုအပ်တဲ့ရေကိုသောက်ဖို့ မမေ့ပါနဲ့။

Humidifier (အစိုဓါတ်ထိန်းစက်) အသုံးပြုပါ -ဆောင်းရာသီရဲ့ ရာသီဥတုအနေအထားနဲ့ အနွေးဓါတ်ရရှိအောင်လုပ်ဆောင်မှုတွေကြောင့်ခြောက်သွေ့သွားတဲ့ အသားအကေို အစိုဓါတ်ရရှိစေဖို့နေအိမ်မှာ Humidifier တပ်ဆင်ထားပါ။ ဒီလိုလုပ်ပေးတာက အရေပြားခြောက်သွေ့တာကို ကာကွယ်ပေးတဲ့ နည်းလမ်းတစ်ခုပါ။

ရေချိုးတဲ့အခါ အသားအရေကို ထိန်းသိမ်းပေးနိုင်တဲ့ အဆီတစ်ခုခုကိုထည့်ချိုးပေးပါ – ဒီလိုချိုးပေးတာက အရေပြားကို အစိုဓါတ်ထိန်းပေးဖို့ အကောင်းဆုံး အထောက်အပံ့ဖြစ်စေမှာပါ။ရေချိုးတဲ့အခါ စံပယ်ပန်း၊ ချာမိုမိုင်း၊ သံပရိုသီး၊rosemary နဲ့ ပူစီနံတို့ကနေထုတ်ထားတဲ့ အဆီတစ်မျိုးမျိုးကို ချိုးမယ့်ရေထဲ ထည့်ချိုးပေးပါ။

Exfoliation လုပ်တာကို ကန့်သတ်ပါ–နွေရာသီမှာ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့ ကမဖြစ်မနေလုပ်သင့်တဲ့အရာဆိုပေမယ့်ဆောင်းရာသီမှာတော့ ခဏခဏExfoliation မလုပ်ဖို့သတိပေးပါရစေ။ တစ်ပတ် တစ်ခါ ဒါမှမဟုတ် နှစ်ပတ်တစ်ခါလောက်ပဲ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပါ။ ခဏခဏလုပ်တဲ့အခါ အရေပြားကိုချောမွေ့စေတာထက် ထိခိုက်နိုင်ခြေ ပိုများသွားနိုင်ပါတယ်။

Moisturizer လိမ်းပေးပါ -ရေချိုးပြီးတဲ့အခါတိုင်း အရေပြားကို အစိုဓါတ်ထိန်းပေးနိုင်တဲ့ ခရင်မ်တစ်မျိုးမျိုး လိမ်းပေးပါ။ ဒီလိုလုပ်ပေးတာက အအေးဒဏ်ကြောင့် အရေပြားခြောက်သွေ့နိုင်ခြေကို သိသိသာသာနည်းပါးသွားစေမှာပါ။ ဒါကြောင့်Moisturizer လိမ်းပေးဖို့ မမေ့ပါနဲ့။

နေလောင်ကာခရင်မ်လိမ်းပေးပါ -နွေရာသီမှာပဲနေလောင်ကာခရင်မ်လိုအပ်တာမဟုတ်ပါဘူး။ဆောင်းရာသီမှာလည်းနေရောင်ခြည်ကရှိနေမှာဖြစ်တာကြောင့် အရေပြားထိခိုက်ပျက်စီးမှုမဖြစ်စေဖို့ အတွက်နေလောင်ကာခရင်မ်လူးပေးဖို့ လိုပါမယ်။ အပြင်မထွက်ခင် ၁၅ မိနစ် ဒါမှမဟုတ် နာရီဝက်ခန့်ကြိုပြီးနေလောင်ကာခရင်မ်လူးပေးပါ။ အပြင်ထွက်တဲ့အချိန်က ကြာမြင့်မယ်ဆိုရင် လိုအပ်တဲ့အခါ ထပ်လူးဖို့နေလောင်ကာခရင်မ်ကို တစ်ပါတည်းယူသွားပေးပါ။

Body Lotion (ဘော်ဒီလိုးရှင်း) လိမ်းပါ –ဘော်ဒီလိုးရှင်းလိမ်းပေးတာကဆောင်းတွင်းမှာ အသားအရေခြောက်သွေ့မှုဖြစ်တာနဲ့နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ပြီးသားဖြစ်နိုင်တယ်။ တကယ်လို့ သဘာဝထွက်ပစ္စည်းကိုပဲဘော်ဒီလိုးရှင်းအနေနဲ့ဖြစ်ဖြစ် အသားရေထိန်းသိမ်းတဲ့ပစ္စည်းလိုပဲဖြစ်ဖြစ် သုံးချင်တယ်ဆိုရင်တော့ သံလွင်ဆီကိုလူးပေးလို့ရတယ်။ သံလွင်ဆီက အသားအရေ၊ နှုတ်ခမ်းနဲ့ ဆံသားတွေကိုခြောက်သွေ့မှုကနေ ကာကွယ်ပေးပြီး စိုပြည်လှပနေစေပါလိမ့်မယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

ေဆာင္းတြင္းမွာ အသားေလးေတြ စိုျပည္လွပေနေစဖို႔ ဘာေတြလုပ္ၾကမလဲ။

ခႏၶါကိုယ္မွာ ရာသီဥတုဒဏ္ကို အမ်ားဆုံးခံရတာ အေရျပားပါ။ ခႏၶါကိုယ္ရဲ႕ အႀကီးမားဆုံးေသာအစိတ္အပိုင္းျဖစ္တဲ့ အေရျပားက်န္းမာဖို႔ကလည္းေမ့ထားလို႔မျဖစ္ပါဘူး။ေဆာင္းရာသီလိုအခါမ်ိဳးမွာဆိုရင္ အေရျပားကေနေရာင္ျခည္ဒဏ္အျပင္ ရာသီဥတုေအးတဲ့ဒဏ္နဲ႔ ေလဒဏ္ကိုပါအပိုေဆာင္းခံရပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ အေရျပားကို အစိုဓါတ္႐ွိေအာင္ ထိန္းသိမ္းဖို႔ မျဖစ္မေနလိုအပ္ပါတယ္။

ေဆာင္းရာသီမွာ ဘာလို႔ အသားေျခာက္တာလဲ

ေဆာင္းရာသီမွာေအးျမတဲ့ ရာသီဥတုအေနအထားေၾကာင့္ေရသိပ္မေသာက္ျဖစ္တဲ့အတြက္ အေရျပားမွာ လုံေလာက္တဲ့ေရဓါတ္မရတာေၾကာင့္ အသားအေရေတြေျခာက္ေသြ႕လာရတာပါ။ အေရျပားကလိုအပ္တဲ့အာဟာရကို မရ႐ွိတဲ့အခါ အလြယ္တကူေျခာက္ေသြ႕ကြဲအက္လာပါတယ္။ အရမ္းျပင္းထန္တဲ့အခါမ်ိဳးဆိုရင္ အေရျပားကြဲအက္မႈေတြကေသြးစို႔တာမ်ိဳးေလးေတြေတာင္ျဖစ္လာႏိုင္ပါတယ္။ အေရျပားအေပၚယံလႊာ ထိခိုက္တဲ့အခါ အေရျပားျပႆနာနဲ႔ အျခားေသာက်န္းမာေရးျပႆနာေတြ အလြယ္တကူျဖစ္လာႏိုင္ပါတယ္။

ဒီအခ်က္ေတြေၾကာင့္ အေရျပားေျခာက္ေသြ႕ရတာပါ

အေရျပားေျခာက္ေသြ႕တာကို မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ထားလို႔လည္းရပါတယ္။ အေရျပားေျခာက္ေသြ႕တာကို ႀကိဳတင္ကာကြယ္ႏိုင္ဖို႔ဆိုရင္ အေရျပားေျခာက္ေသြ႕မႈျဖစ္ရတဲ့ အေၾကာင္းအရင္းေတြကို သိထားဖို႔လိုပါမယ္။ အေရျပားေျခာက္ေသြ႕မႈကို အမ်ားဆုံးျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြက –

♦ ေအးတဲ့ရာသီဥတုအေျခအေနနဲ႔ထိေတြ႕မႈ

♦ ေရေႏြးနဲ႔ေရခ်ိဳးတာ၊ မ်က္ႏွာသစ္တာ

♦ အေရျပားျပႆနာ အခံ႐ွိေနတာ

♦ မီးလႈံတာ၊ အခန္းထဲမွာ အေႏြးေပးစက္ဖြင့္ထားတာမ်ိဳး

♦ မၾကာခဏ မ်က္ႏွာသစ္တာ၊လက္ေတြ၊ေျခေတြေဆးတာ

ေဆာင္းရာသီမွာ လွပစိုျပည္တဲ့အသားအေရကို ပိုင္ဆိုင္ႏိုင္ေစဖို႔

ေရမ်ားမ်ားေသာက္ပါ -ေဆာင္းရာသီလိုေအးတဲ့ သဘာဝပတ္ဝန္းက်င္ အေနအထားမွာေတာ္ေတာ္မ်ားမ်ားကေရေသာက္ဖို႔ေမ့ေနတတ္ၾကၿပီးေကာ္ဖီ၊ေရေႏြးၾကမ္းနဲ႔ လက္ဖက္ရည္လိုမ်ိဳးေႏြးေထြးမႈကို ရေစမယ့္ အရာေတြကိုပိုေသာက္ျဖစ္ၾကပါတယ္။ ဒီေသာက္စရာေတြက လိုအပ္တဲ့ေရဓါတ္ကိုျဖည့္မေပးႏိုင္ပါဘူး။ ဒါေၾကာင့္ အေရျပားက်န္းမာဖို႔ လိုအပ္တဲ့ေရကိုေသာက္ဖို႔ မေမ့ပါနဲ႔။

Humidifier (အစိုဓါတ္ထိန္းစက္) အသုံးျပဳပါ -ေဆာင္းရာသီရဲ႕ ရာသီဥတုအေနအထားနဲ႔ အေႏြးဓါတ္ရ႐ွိေအာင္လုပ္ေဆာင္မႈေတြေၾကာင့္ေျခာက္ေသြ႕သြားတဲ့ အသားအေကို အစိုဓါတ္ရ႐ွိေစဖို႔ေနအိမ္မွာ Humidifier တပ္ဆင္ထားပါ။ ဒီလိုလုပ္ေပးတာက အေရျပားေျခာက္ေသြ႕တာကို ကာကြယ္ေပးတဲ့ နည္းလမ္းတစ္ခုပါ။

ေရခ်ိဳးတဲ့အခါ အသားအေရကို ထိန္းသိမ္းေပးႏိုင္တဲ့ အဆီတစ္ခုခုကိုထည့္ခ်ိဳးေပးပါ – ဒီလိုခ်ိဳးေပးတာက အေရျပားကို အစိုဓါတ္ထိန္းေပးဖို႔ အေကာင္းဆုံး အေထာက္အပံ့ျဖစ္ေစမွာပါ။ေရခ်ိဳးတဲ့အခါ စံပယ္ပန္း၊ ခ်ာမိုမိုင္း၊ သံပ႐ိုသီး၊rosemary နဲ႔ ပူစီနံတို႔ကေနထုတ္ထားတဲ့ အဆီတစ္မ်ိဳးမ်ိဳးကို ခ်ိဳးမယ့္ေရထဲ ထည့္ခ်ိဳးေပးပါ။

Exfoliation လုပ္တာကို ကန္႔သတ္ပါ–ေႏြရာသီမွာ အေရျပားေပၚက ဆဲလ္ေသေတြကို ဖယ္႐ွားဖို႔ ကမျဖစ္မေနလုပ္သင့္တဲ့အရာဆိုေပမယ့္ေဆာင္းရာသီမွာေတာ့ ခဏခဏExfoliation မလုပ္ဖို႔သတိေပးပါရေစ။ တစ္ပတ္ တစ္ခါ ဒါမွမဟုတ္ ႏွစ္ပတ္တစ္ခါေလာက္ပဲ အေရျပားေပၚက ဆဲလ္ေသေတြကို ဖယ္႐ွားပါ။ ခဏခဏလုပ္တဲ့အခါ အေရျပားကိုေခ်ာေမြ႕ေစတာထက္ ထိခိုက္ႏိုင္ေျခ ပိုမ်ားသြားႏိုင္ပါတယ္။

Moisturizer လိမ္းေပးပါ -ေရခ်ိဳးၿပီးတဲ့အခါတိုင္း အေရျပားကို အစိုဓါတ္ထိန္းေပးႏိုင္တဲ့ ခရင္မ္တစ္မ်ိဳးမ်ိဳး လိမ္းေပးပါ။ ဒီလိုလုပ္ေပးတာက အေအးဒဏ္ေၾကာင့္ အေရျပားေျခာက္ေသြ႕ႏိုင္ေျခကို သိသိသာသာနည္းပါးသြားေစမွာပါ။ ဒါေၾကာင့္Moisturizer လိမ္းေပးဖို႔ မေမ့ပါနဲ႔။

ေနေလာင္ကာခရင္မ္လိမ္းေပးပါ -ေႏြရာသီမွာပဲေနေလာင္ကာခရင္မ္လိုအပ္တာမဟုတ္ပါဘူး။ေဆာင္းရာသီမွာလည္းေနေရာင္ျခည္က႐ွိေနမွာျဖစ္တာေၾကာင့္ အေရျပားထိခိုက္ပ်က္စီးမႈမျဖစ္ေစဖို႔ အတြက္ေနေလာင္ကာခရင္မ္လူးေပးဖို႔ လိုပါမယ္။ အျပင္မထြက္ခင္ ၁၅ မိနစ္ ဒါမွမဟုတ္ နာရီဝက္ခန္႔ႀကိဳၿပီးေနေလာင္ကာခရင္မ္လူးေပးပါ။ အျပင္ထြက္တဲ့အခ်ိန္က ၾကာျမင့္မယ္ဆိုရင္ လိုအပ္တဲ့အခါ ထပ္လူးဖို႔ေနေလာင္ကာခရင္မ္ကို တစ္ပါတည္းယူသြားေပးပါ။

Body Lotion (ေဘာ္ဒီလိုး႐ွင္း) လိမ္းပါ –ေဘာ္ဒီလိုး႐ွင္းလိမ္းေပးတာကေဆာင္းတြင္းမွာ အသားအေရေျခာက္ေသြ႕မႈျဖစ္တာနဲ႔ေနာက္ဆက္တြဲျပႆနာေတြကို ကာကြယ္ၿပီးသားျဖစ္ႏိုင္တယ္။ တကယ္လို႔ သဘာဝထြက္ပစၥည္းကိုပဲေဘာ္ဒီလိုး႐ွင္းအေနနဲ႔ျဖစ္ျဖစ္ အသားေရထိန္းသိမ္းတဲ့ပစၥည္းလိုပဲျဖစ္ျဖစ္ သုံးခ်င္တယ္ဆိုရင္ေတာ့ သံလြင္ဆီကိုလူးေပးလို႔ရတယ္။ သံလြင္ဆီက အသားအေရ၊ ႏႈတ္ခမ္းနဲ႔ ဆံသားေတြကိုေျခာက္ေသြ႕မႈကေန ကာကြယ္ေပးၿပီး စိုျပည္လွပေနေစပါလိမ့္မယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service