ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ရုံးခန်း၌ စာရေးသူရှိနေစဉ် စာဖတ်ပရိသတ်တစ်ဦးပါဟု မိတ်ဆက် ၍ အသက်ငါးဆယ်ခန့်အရွယ် အမျိုး သားတစ်ဦး ရောက်ရှိလာပါသည်။
''ဟုတ်ကဲ့၊ ထိုင်ပါခင်ဗျာ။ ကျွန် တော်ဘာများ အကူအညီပေးရမလဲ'' ဟု ခရီးဦးကြိုပြုလိုက်ပါသည်။
''လွန်ခဲ့တဲ့နှစ် အစိတ်လောက်ရှိ ပြီ ဆရာ။ အမေ့အမည်ရယ်၊ ကျွန်တော့်အမည်ရယ်နဲ့ အခုနေတဲ့ အိမ် မြေကို ဝယ်ခဲ့တယ်''
''ဂရန်မြေလား၊ ဘယ်လိုမြေ အမျိုးအစားလဲ''
''ဂရန်မြေပါ ဆရာ။ ယာယီမှတ် ပုံတင် အရောင်းအဝယ် စာချုပ်ချုပ် ဆိုထားပြီး ဆက်မသွားဖြစ်တော့ဘူး ဆရာ။ အခုမှ ကြည့်မိပြီး သိရတယ်။ ဘယ်လို ဆောင်ရွက်လို့ရမလဲဆိုတာ သိချင်လို့ပါ''
''ဘယ်လိုဖြစ်လို့ နှစ်ပေါင်း ၂၅ နှစ်လောက်ကြာသွားရတာလဲ''
''ကျွန်တော်က နိုင်ငံခြားမှာ အလုပ်လုပ်တော့ ဒီကိစ္စကိုလည်း သတိမရတော့ဘူး ဆရာ။ အခုမှ ဂရန် သက်တမ်းကုန်ခါနီးဖြစ်တော့ ကြည့်မိရာကနေ သတိပြုမိရတာပါ''
''ရောင်းသူက ဘယ်မှာရှိတယ် ဆိုတာသိပါသလား''
''ဘယ်ပြောင်းသွားတယ်ဆိုတာလည်း မသိဘူးဆရာ။ သူကိုယ်တိုင်လည်း သက်ရှိထင်ရှားရှိ မရှိ မသိတော့ဘူး''
''ရောင်းသူနဲ့ ဆက်စပ်တဲ့ သားသမီးဆွေမျိုးတွေလည်း ဘယ်မှာနေ မှန်းမသိဘူးပေါ့''
''ဟုတ်တယ်ဆရာ၊ ကျွန်တော် ကလည်း နိုင်ငံခြားမှာ အနေများ တော့ ဘယ်သူနဲ့မှ အဆက်အသွယ် မသိဘူး။ ပိုဆိုးသွားတာက အမေကလည်း ပြီးခဲ့တဲ့လပိုင်းက ဆုံးသွားတော့ ဘယ်လိုမှ ဆက်စပ်မသိတော့ဘူး''
''ဂရန်စာချုပ်တော့ မူရင်းရှိတယ်ပေါ့''
''ဟုတ်ကဲ့ ရှိပါတယ်။ စာချုပ်စာတမ်းရုံးကို သွားမေးကြည့်တော့ ယာယီစာချုပ်က သက်တမ်းကာလ ကုန်သွားလို့ ဆက်ချုပ်ဆိုမရတော့ဘူး။ တရားရုံးမှာ တရားစွဲဆောင် ရွက်ရမယ်ပြောပါတယ်။ ဒါကြောင့် ဆရာ့ဆီလာရောက်ဆွေးနွေးတာပါ''
''ဂရန်အမည်ပေါက်က စာချုပ်ပါ ရောင်းသူအမည်ပဲ မဟုတ်လား''
''ဟုတ်ပါတယ် ဆရာ''
''ရောင်းသူရဲ့ အမွေဆက်ခံသူ သားသမီးတစ်ဦးတစ်ယောက်နဲ့ ဆက် သွယ်မိရင်တော့ လွယ်ကူသွားတာ ပေါ့။ ရောင်းသူကိုယ်တိုင် သက်ရှိ ထင်ရှားရှိနေရင် ပိုအဆင်ပြေတယ်။ အခုတော့ လိပ်စာလည်းမသိ ဖြစ်နေ တယ်။ ဒီတော့ ပထမဦးဆုံးအနေနဲ့ သတင်းစာထဲမှာ ရောင်းသူကို စာ ချုပ်စာတမ်း မှတ်ပုံတင်ချုပ်ဆိုပေးဖို့ အကြောင်းကြားစာသဘော ထည့် သွင်းကြေညာရမှာဖြစ်တယ်''
''လိပ်စာမသိတော့ ဘယ်လို ထည့်မလဲဆရာ''
''ယခင်လိပ်စာပဲ ထည့်ရမှာပေါ့။ ယခုလိပ်စာမသိပေါ့။ လိပ်စာ သိရင် တော့ တိုက်ရိုက်နို့တစ်စာပေးပို့လို့ရ တယ်လေ''
''ယခင်လိပ်စာက အခုကျွန်တော် တို့ ဝယ်နေတဲ့ အိမ်လိပ်စာပဲ ဆရာ''
''အင်းပေါ့ အဲဒီလိပ်စာကို ယခင် လိပ်စာအဖြစ် ထည့်သွင်းဖော်ပြရမှာ ဖြစ်တယ်။ ယခုနေရပ်လိပ်စာမသိလို့ ဖော်ပြပြီး အရောင်းအဝယ်မှတ်ပုံ တင်စာချုပ် ချုပ်ဆိုပေးရန် ဆက် သွယ်ဖို့နဲ့ သတ်မှတ်ရက်ကျော်က ဥပဒေနဲ့အညီ ဆောင်ရွက်မယ်လို့ ကြေညာရမှာဖြစ်တယ်''
''သတ်မှတ်ရက်ကျော်သွားရင် တရားစွဲရမှာလား ဆရာ''
''ဟုတ်ပါတယ်။ အိမ်မြေအ ရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ် ဆိုပေးစေလိုမှုအဖြစ် တရားရုံးမှာ တရားစွဲဆိုရမှာဖြစ်ပါတယ်။ တစ်ခု အဆင်ပြေသွားတာက ဝယ်ထားတဲ့ အိမ်မြေကို လက်ရောက်ရယူနေထိုင် နေတဲ့အတွက် အရောင်းအဝယ်က အထမြောက်တဲ့ သဘောရှိနေပါတယ်''
''ဆရာပြောသလို၊ လက်ရောက် ရယူမနေထားရင် ဘယ်လိုဖြစ်နိုင်ပါ သလဲ''
''အဲဒီလို အခြေအနေမျိုးဆိုရင် မှတ်ပုံတင်အရောင်းအဝယ် စာချုပ် ချုပ်ဆိုပေးရန်အပြင် ပစ္စည်းလက် ရောက်ပါစွဲဆိုရပါတယ်။ အဲဒီမှာ ပြဿနာရှိတာက ကိုယ်မသိလိုက်ပဲ အိမ်မြေပိုင်ရှင်က တစ်ဦးတစ်ယောက် ကို ရောင်းထားတာတွေ အခြားဆွေ မျိုးများနေထိုင်လျက်ရှိနေတာတွေရဲ့ ကြုံရတတ်တယ်''
''အဲဒါမျိုးဆိုရင် နေတဲ့သူပါ ထည့်ပြီး တရားစွဲရမှာပေါ့နော်''
''ဟုတ်ပါတယ်။ သူတို့ကလည်း သူတို့ရဲ့ ပိုင်ဆိုင်ခွင့်၊ နေပိုင်ခွင့်နဲ့ ထု ချေတတ်တာကြောင့် အခက်အခဲရှိ လာတယ်။ အခုကိစ္စကတော့ မြေနဲ့ အိမ်က မိမိလက်ဝယ်မှာရှိပြီး နေထိုင် လျက်ရှိတာကြောင့် ပိုင်ဆိုင်မှုအငြင်း ပွားစရာ မရှိတော့ဘူးပေါ့''
''အခုထပ်ပြီး ချုပ်ရင်၊ ယာယီ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ကို ပထမဆုံးထပ်ချုပ်ရဦးမှာလားဆရာ''
''အခုခေတ်ကာလမှာတော့ ယာယီမှတ်ပုံတင် အရောင်းအဝယ် စာချုပ်အဆင့် မရှိတော့ဘူး။ ယခင်က ယာယီမှတ်ပုံတင်စာချုပ်ပြုလုပ်တယ် ဆိုတာက တံဆိပ်ခေါင်းတွေ ထပ်ကပ် ရန် လို မလို၊ အိမ်မြေတန်ဖိုးစိစစ်ရေး အဖွဲ့က ကွင်းဆင်းစစ်ဆေးတာတွေ၊ အမြတ်ခွန်ထမ်းဆောင်တာတွေအ တွက် ဆောင်ရွက်ဖို့ ယာယီလက်ခံ ထားတာပဲဖြစ်တယ်။ တန်ဖိုးစိစစ်ရေး အဖွဲ့ရဲ့ တင်ပြချက်အရ အမြတ်ခွန် ဆောင်ခြင်း လိုအပ်သည့် တံဆိပ် ခေါင်းထပ်မံ ထမ်းဆောင်ခြင်းပြုပြီးမှ ယာယီမှတ်ပုံတင်စာချုပ်ကို မှတ်ပုံ တင်အရောင်းအဝယ် စာချုပ်အဖြစ် ချုပ်ဆိုပေးတာဖြစ်ပါတယ်''
''အခုတော့ အခွန်ဆောင်တာ အရင်လုပ်ရတယ်လို့ ကြားတယ် ဆရာ''
''ဟုတ်ပါတယ်။ ပထမဦးဆုံး မြေပုံမြေရာဇဝင်ကူးရတယ်။ ပြီးရင် တန်ဖိုးစိစစ်ရေးအဖွဲ့ထံ တင်ပြရ တယ်။ လိုအပ်တဲ့ ဝယ်ခွန်ထမ်းဆောင်ပြီးမှ စာချုပ်စာတမ်းရုံးမှာ အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုပေးပါတယ်''
''ကျွန်တော်တို့ကိစ္စက တရားစွဲ တယ်ဆိုတော့ ဘယ်သူ့ကို တရားစွဲရ မှာလဲ။ ရောင်းသူကို စွဲရမှာလား''
''ဟုတ်ပါတယ်။ သတင်းစာထဲမှာ ဆက်သွယ်ဖို့အကြောင်းကြားပေ မယ့် အဆက်အသွယ်မရလို့ တရားရုံး မှာ ရောင်းသူကို တရားစွဲဆိုရမှာဖြစ် ပါတယ်''
''အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုပေးစေလိုမှုအဖြစ် တရားစွဲရမှာပေါ့''
''ဟုတ်ပါတယ်။ တရားရုံးကလည်း သတင်းစာကနေ ရုံးချိန်းလာ ရောက်ဖို့ သမ္မာန်စာ (အကြောင်း ကြားစာ) ထည့်သွင်းကြေညာပါ တယ်။ ကြေညာခကိုတော့ မိမိက တာဝန်ယူရမှာဖြစ်တယ်''
''တရားရုံးကိုလည်း မလာဘူးဆို ရင် ဆရာရယ်၊ ဘယ်လိုဖြစ်နိုင်သ လဲ''
''တရားသူကြီးက တစ်ဖက် သတ်လျှောက်ထားသူကို စစ်မယ်၊ သက်သေစစ်မယ်၊ စာရွက်စာတမ်း အရ ဝယ်ယူထားပြီး လက်ရှိနေလျက်ရှိတာ ပေါ်လွင်မယ်။ နှစ်ပေါင်း ၂၅ နှစ်အတွင်း ဘာကြောင့်မလျှောက် ထားရကြောင်း အကြောင်းပြချက် ခိုင်မာရင် ရောင်းသူအဖြစ် တရားရုံး ရှိ ဘိလစ်က တာဝန်ယူလက်မှတ် ရေးထိုးပြီး အရောင်းအဝယ်မှတ်ပုံ တင် စာချုပ်ကို မှတ်ပုံတင်ရုံးမှာ ချုပ် ဆိုခွင့်ရသွားမှာဖြစ်ပါတယ်''
''ဒါဆိုရင် တရားရုံးက တာဝန် ယူဆောင်ရွက်ပေးတဲ့ သဘောပေါ့''
''မှန်ပါတယ်။ ဒါကြောင့် တရားရုံးမှာ တရားစွဲ ဆောင်ရွက်ရမယ်ဖြစ်ပါတယ်''ဟု အကြံပြုဆွေးနွေး လိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)
[Zawgyi]
အိမ္ေျမ ၀ယ္ယူေနထုိင္ၿပီး ႏွစ္ကာလၾကာမွ မွတ္ပံုတင္ အေရာင္းအ၀ယ္စာခ်ဳပ္ခ်ဳပ္ဆုိလွ်င္
႐ုံးခန္း၌ စာေရးသူ႐ွိေနစဥ္ စာဖတ္ပရိသတ္တစ္ဦးပါဟု မိတ္ဆက္ ၍ အသက္ငါးဆယ္ခန္႔အ႐ြယ္ အမ်ိဳး သားတစ္ဦး ေရာက္႐ွိလာပါသည္။
''ဟုတ္ကဲ့၊ ထိုင္ပါခင္ဗ်ာ။ ကြၽန္ ေတာ္ဘာမ်ား အကူအညီေပးရမလဲ'' ဟု ခရီးဦးႀကိဳျပဳလိုက္ပါသည္။
''လြန္ခဲ့တဲ့ႏွစ္ အစိတ္ေလာက္႐ွိ ၿပီ ဆရာ။ အေမ့အမည္ရယ္၊ ကြၽန္ေတာ့္အမည္ရယ္နဲ႔ အခုေနတဲ့ အိမ္ ေျမကို ဝယ္ခဲ့တယ္''
''ဂရန္ေျမလား၊ ဘယ္လိုေျမ အမ်ိဳးအစားလဲ''
''ဂရန္ေျမပါ ဆရာ။ ယာယီမွတ္ ပုံတင္ အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္ ဆိုထားၿပီး ဆက္မသြားျဖစ္ေတာ့ဘူး ဆရာ။ အခုမွ ၾကည့္မိၿပီး သိရတယ္။ ဘယ္လို ေဆာင္႐ြက္လို႔ရမလဲဆိုတာ သိခ်င္လို႔ပါ''
''ဘယ္လိုျဖစ္လို႔ ႏွစ္ေပါင္း ၂၅ ႏွစ္ေလာက္ၾကာသြားရတာလဲ''
''ကြၽန္ေတာ္က ႏိုင္ငံျခားမွာ အလုပ္လုပ္ေတာ့ ဒီကိစၥကိုလည္း သတိမရေတာ့ဘူး ဆရာ။ အခုမွ ဂရန္ သက္တမ္းကုန္ခါနီးျဖစ္ေတာ့ ၾကည့္မိရာကေန သတိျပဳမိရတာပါ''
''ေရာင္းသူက ဘယ္မွာ႐ွိတယ္ ဆိုတာသိပါသလား''
''ဘယ္ေျပာင္းသြားတယ္ဆိုတာလည္း မသိဘူးဆရာ။ သူကိုယ္တိုင္လည္း သက္႐ွိထင္႐ွား႐ွိ မ႐ွိ မသိေတာ့ဘူး''
''ေရာင္းသူနဲ႔ ဆက္စပ္တဲ့ သားသမီးေဆြမ်ိဳးေတြလည္း ဘယ္မွာေန မွန္းမသိဘူးေပါ့''
''ဟုတ္တယ္ဆရာ၊ ကြၽန္ေတာ္ ကလည္း ႏိုင္ငံျခားမွာ အေနမ်ား ေတာ့ ဘယ္သူနဲ႔မွ အဆက္အသြယ္ မသိဘူး။ ပိုဆိုးသြားတာက အေမကလည္း ၿပီးခဲ့တဲ့လပိုင္းက ဆုံးသြားေတာ့ ဘယ္လိုမွ ဆက္စပ္မသိေတာ့ဘူး''
''ဂရန္စာခ်ဳပ္ေတာ့ မူရင္း႐ွိတယ္ေပါ့''
''ဟုတ္ကဲ့ ႐ွိပါတယ္။ စာခ်ဳပ္စာတမ္း႐ုံးကို သြားေမးၾကည့္ေတာ့ ယာယီစာခ်ဳပ္က သက္တမ္းကာလ ကုန္သြားလို႔ ဆက္ခ်ဳပ္ဆိုမရေတာ့ဘူး။ တရား႐ုံးမွာ တရားစြဲေဆာင္ ႐ြက္ရမယ္ေျပာပါတယ္။ ဒါေၾကာင့္ ဆရာ့ဆီလာေရာက္ေဆြးေႏြးတာပါ''
''ဂရန္အမည္ေပါက္က စာခ်ဳပ္ပါ ေရာင္းသူအမည္ပဲ မဟုတ္လား''
''ဟုတ္ပါတယ္ ဆရာ''
''ေရာင္းသူရဲ႕ အေမြဆက္ခံသူ သားသမီးတစ္ဦးတစ္ေယာက္နဲ႔ ဆက္ သြယ္မိရင္ေတာ့ လြယ္ကူသြားတာ ေပါ့။ ေရာင္းသူကိုယ္တိုင္ သက္႐ွိ ထင္႐ွား႐ွိေနရင္ ပိုအဆင္ေျပတယ္။ အခုေတာ့ လိပ္စာလည္းမသိ ျဖစ္ေန တယ္။ ဒီေတာ့ ပထမဦးဆုံးအေနနဲ႔ သတင္းစာထဲမွာ ေရာင္းသူကို စာ ခ်ဳပ္စာတမ္း မွတ္ပုံတင္ခ်ဳပ္ဆိုေပးဖို႔ အေၾကာင္းၾကားစာသေဘာ ထည့္ သြင္းေၾကညာရမွာျဖစ္တယ္''
''လိပ္စာမသိေတာ့ ဘယ္လို ထည့္မလဲဆရာ''
''ယခင္လိပ္စာပဲ ထည့္ရမွာေပါ့။ ယခုလိပ္စာမသိေပါ့။ လိပ္စာ သိရင္ ေတာ့ တိုက္႐ိုက္ႏို႔တစ္စာေပးပို႔လို႔ရ တယ္ေလ''
''ယခင္လိပ္စာက အခုကြၽန္ေတာ္ တို႔ ဝယ္ေနတဲ့ အိမ္လိပ္စာပဲ ဆရာ''
''အင္းေပါ့ အဲဒီလိပ္စာကို ယခင္ လိပ္စာအျဖစ္ ထည့္သြင္းေဖာ္ျပရမွာ ျဖစ္တယ္။ ယခုေနရပ္လိပ္စာမသိလို႔ ေဖာ္ျပၿပီး အေရာင္းအဝယ္မွတ္ပုံ တင္စာခ်ဳပ္ ခ်ဳပ္ဆိုေပးရန္ ဆက္ သြယ္ဖို႔နဲ႔ သတ္မွတ္ရက္ေက်ာ္က ဥပေဒနဲ႔အညီ ေဆာင္႐ြက္မယ္လို႔ ေၾကညာရမွာျဖစ္တယ္''
''သတ္မွတ္ရက္ေက်ာ္သြားရင္ တရားစြဲရမွာလား ဆရာ''
''ဟုတ္ပါတယ္။ အိမ္ေျမအ ေရာင္းအဝယ္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ ဆိုေပးေစလိုမႈအျဖစ္ တရား႐ုံးမွာ တရားစြဲဆိုရမွာျဖစ္ပါတယ္။ တစ္ခု အဆင္ေျပသြားတာက ဝယ္ထားတဲ့ အိမ္ေျမကို လက္ေရာက္ရယူူေနထိုင္ ေနတဲ့အတြက္ အေရာင္းအဝယ္က အထေျမာက္တဲ့ သေဘာ႐ွိေနပါတယ္''
''ဆရာေျပာသလို၊ လက္ေရာက္ ရယူမေနထားရင္ ဘယ္လိုျဖစ္ႏိုင္ပါ သလဲ''
''အဲဒီလို အေျခအေနမ်ိဳးဆိုရင္ မွတ္ပုံတင္အေရာင္းအဝယ္ စာခ်ဳပ္ ခ်ဳပ္ဆိုေပးရန္အျပင္ ပစၥည္းလက္ ေရာက္ပါစြဲဆိုရပါတယ္။ အဲဒီမွာ ျပႆနာ႐ွိတာက ကိုယ္မသိလိုက္ပဲ အိမ္ေျမပိုင္႐ွင္က တစ္ဦးတစ္ေယာက္ ကို ေရာင္းထားတာေတြ အျခားေဆြ မ်ိဳးမ်ားေနထိုင္လ်က္႐ွိေနတာေတြရဲ႕ ၾကဳံရတတ္တယ္''
''အဲဒါမ်ိဳးဆိုရင္ ေနတဲ့သူပါ ထည့္ၿပီး တရားစြဲရမွာေပါ့ေနာ္''
''ဟုတ္ပါတယ္။ သူတို႔ကလည္း သူတို႔ရဲ႕ ပိုင္ဆိုင္ခြင့္၊ ေနပိုင္ခြင့္နဲ႔ ထု ေခ်တတ္တာေၾကာင့္ အခက္အခဲ႐ွိ လာတယ္။ အခုကိစၥကေတာ့ ေျမနဲ႔ အိမ္က မိမိလက္ဝယ္မွာ႐ွိၿပီး ေနထိုင္ လ်က္႐ွိတာေၾကာင့္ ပိုင္ဆိုင္မႈအျငင္း ပြားစရာ မ႐ွိေတာ့ဘူးေပါ့''
''အခုထပ္ၿပီး ခ်ဳပ္ရင္၊ ယာယီ မွတ္ပုံတင္ အေရာင္းအဝယ္စာခ်ဳပ္ကို ပထမဆုံးထပ္ခ်ဳပ္ရဦးမွာလားဆရာ''
''အခုေခတ္ကာလမွာေတာ့ ယာယီမွတ္ပုံတင္ အေရာင္းအဝယ္ စာခ်ဳပ္အဆင့္ မ႐ွိေတာ့ဘူး။ ယခင္က ယာယီမွတ္ပုံတင္စာခ်ဳပ္ျပဳလုပ္တယ္ ဆိုတာက တံဆိပ္ေခါင္းေတြ ထပ္ကပ္ ရန္ လို မလို၊ အိမ္ေျမတန္ဖိုးစိစစ္ေရး အဖြဲ႕က ကြင္းဆင္းစစ္ေဆးတာေတြ၊ အျမတ္ခြန္ထမ္းေဆာင္တာေတြအ တြက္ ေဆာင္႐ြက္ဖို႔ ယာယီလက္ခံ ထားတာပဲျဖစ္တယ္။ တန္ဖိုးစိစစ္ေရး အဖြဲ႕ရဲ႕ တင္ျပခ်က္အရ အျမတ္ခြန္ ေဆာင္ျခင္း လိုအပ္သည့္ တံဆိပ္ ေခါင္းထပ္မံ ထမ္းေဆာင္ျခင္းျပဳၿပီးမွ ယာယီမွတ္ပုံတင္စာခ်ဳပ္ကို မွတ္ပုံ တင္အေရာင္းအဝယ္ စာခ်ဳပ္အျဖစ္ ခ်ဳပ္ဆိုေပးတာျဖစ္ပါတယ္''
''အခုေတာ့ အခြန္ေဆာင္တာ အရင္လုပ္ရတယ္လို႔ ၾကားတယ္ ဆရာ''
''ဟုတ္ပါတယ္။ ပထမဦးဆုံး ေျမပုံေျမရာဇဝင္ကူးရတယ္။ ၿပီးရင္ တန္ဖိုးစိစစ္ေရးအဖြဲ႕ထံ တင္ျပရ တယ္။ လိုအပ္တဲ့ ဝယ္ခြန္ထမ္းေဆာင္ၿပီးမွ စာခ်ဳပ္စာတမ္း႐ုံးမွာ အေရာင္းအဝယ္မွတ္ပုံတင္ စာခ်ဳပ္ ခ်ဳပ္ဆိုေပးပါတယ္''
''ကြၽန္ေတာ္တို႔ကိစၥက တရားစြဲ တယ္ဆိုေတာ့ ဘယ္သူ႕ကို တရားစြဲရ မွာလဲ။ ေရာင္းသူကို စြဲရမွာလား''
''ဟုတ္ပါတယ္။ သတင္းစာထဲမွာ ဆက္သြယ္ဖို႔အေၾကာင္းၾကားေပ မယ့္ အဆက္အသြယ္မရလို႔ တရား႐ုံး မွာ ေရာင္းသူကို တရားစြဲဆိုရမွာျဖစ္ ပါတယ္''
''အေရာင္းအဝယ္မွတ္ပုံတင္ စာခ်ဳပ္ ခ်ဳပ္ဆိုေပးေစလိုမႈအျဖစ္ တရားစြဲရမွာေပါ့''
''ဟုတ္ပါတယ္။ တရား႐ုံးကလည္း သတင္းစာကေန ႐ုံးခ်ိန္းလာ ေရာက္ဖို႔ သမၼာန္စာ (အေၾကာင္း ၾကားစာ) ထည့္သြင္းေၾကညာပါ တယ္။ ေၾကညာခကိုေတာ့ မိမိက တာဝန္ယူရမွာျဖစ္တယ္''
''တရား႐ုံးကိုလည္း မလာဘူးဆို ရင္ ဆရာရယ္၊ ဘယ္လိုျဖစ္ႏိုင္သ လဲ''
''တရားသူႀကီးက တစ္ဖက္ သတ္ေလွ်ာက္ထားသူကို စစ္မယ္၊ သက္ေသစစ္မယ္၊ စာ႐ြက္စာတမ္း အရ ဝယ္ယူထားၿပီး လက္႐ွိေနလ်က္႐ွိတာ ေပၚလြင္မယ္။ ႏွစ္ေပါင္း ၂၅ ႏွစ္အတြင္း ဘာေၾကာင့္မေလွ်ာက္ ထားရေၾကာင္း အေၾကာင္းျပခ်က္ ခိုင္မာရင္ ေရာင္းသူအျဖစ္ တရား႐ုံး ႐ွိ ဘိလစ္က တာဝန္ယူလက္မွတ္ ေရးထိုးၿပီး အေရာင္းအဝယ္မွတ္ပုံ တင္ စာခ်ဳပ္ကို မွတ္ပုံတင္႐ုံးမွာ ခ်ဳပ္ ဆိုခြင့္ရသြားမွာျဖစ္ပါတယ္''
''ဒါဆိုရင္ တရား႐ုံးက တာဝန္ ယူေဆာင္႐ြက္ေပးတဲ့ သေဘာေပါ့''
''မွန္ပါတယ္။ ဒါေၾကာင့္ တရား႐ုံးမွာ တရားစြဲ ေဆာင္႐ြက္ရမယ္ျဖစ္ပါတယ္''ဟု အၾကံျပဳေဆြးေႏြး လိုက္ပါသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
Credit: ထီယု (ဥပေဒအတိုင္ပင္ခံ)