လယ်ယာမြေကို အရပ်စာချုပ်ဖြင့် ဝယ်ယူထားသူများသည် တရားဝင်ပါသလား ?

လယ်ယာမြေကို အရပ်စာချုပ်ဖြင့် ဝယ်ယူထားသူများသည် တရားဝင်ပါသလား ? - Property Knowledge in Myanmar from iMyanmarHouse.com
29 Nov 2020 12:17 pm တွင် တင်ခဲ့သည်
736 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခွင့်၊ လဲလှယ်ခွင့်၊ ပေါင်နှံခွင့်၊ လွှဲပြောင်းခြင်း ပြုလုပ်လျှင် ကျေးရွာလယ်ယာမြေဦးစီးဌာနရှေ့မှောက်တွင် လက်မှတ်ရေးထိုးချုပ်ဆိုပြီး မှတ်ပုံတင်မှသာ တရားဝင်အရောင်းအဝယ်ဖြစ်မည်ဖြစ်ပါသည်။

သို့သော် ထိုသို့ပြုလုပ်ရန်အတွက် လယ်ယာမြေကို ကာလတန်ဖိုးသတ်မှတ်ရန်အတွက် မည်သူကိုအာဏာလွှဲအပ်ကြောင်း ထုတ်ပြန်ထားခြင်း၊ တရားဝင်အာဏာပေးအပ်ထားခြင်းမရှိသေးသဖြင့် မှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိသေးဘဲ အရပ်စာချုပ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ခဲ့ကြပါတယ်။

သို့သော် ၂၀၁၉ခုနှစ်၊ မေလတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးမှုအဖွဲ့၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့အား ခန့်အပ်တာဝန်ပေးအပ်လိုက်ပြီး ရပ်ကွက်/ကျေးရွာ အုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အဆိုပြုတင်ပြလာသော တစ်ဧကနှုန်းထားအား မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်ဆောင်ရွက်သွားရန် ညွှန်ကြားထားပါသည်။ ထို့အတွက်ကြောင့် အဆိုပါညွှန်ကြားချက် ထွက်ပြီးသည့်အချိန်မှစတင်၍ ရောင်းချခွင့်၊ လဲလှယ်ခွင့်၊ ပေါင်နှံခွင့်၊ လွှဲပြောင်းခြင်းတို့ကို တရားဝင်မှတ်ပုံတင် စာချုပ်ချုပ်ဆိုဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။

ထိုအခါ စကားပြောစရာရှိလာတာက ၎င်းညွှန်ကြားချက်မထွက်ခင် အရပ်စာချုပ်ဖြင့် ဝယ်ယူထားသည့် လယ်ယာမြေများသည် တရားမဝင်ဘူးလားဆိုတာပါဘဲ။ ဥပဒေအရ ပြောရမည်ဆိုလျှင်တော့ အရပ်စာချုပ်ဖြင့်ဝယ်ယူထားတာ တရားမဝင်ပါဘူး ဥပဒေကိုချိုးဖောက်ရကျပါတယ်။

သို့သော်ပြည်သူက မှတ်ပုံတင်စာချုပ်ချုပ်ဆိုလို့ရလျက်နှင့် ဥပဒေကို ချိုးဖောက်တာမဟုတ်ဘဲ အစိုးရမှမှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသောကြောင့် ဖြစ်တယ်။ ထိုအတွက်ကြောင့် ယခင်ကအရပ်စာချုပ်ဖြင့် ဝယ်ယူထားသောလယ်ယာမြေများသည် အစိုးရ၏ မည်သို့ ကုစားဆောင်ရွက်ပေးမည်ကို စောင့်ဆိုင်းရန်သာရှိပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]












နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service