"ဒယ်အိုးနီ" "ဒယ်အိုးပြာ" အသုံးပြုသူ များ သိထားရမည့် အချက် (၇) ချက်

"ဒယ်အိုးနီ" "ဒယ်အိုးပြာ" အသုံးပြုသူ များ သိထားရမည့် အချက် (၇) ချက် - Property Knowledge in Myanmar from iMyanmarHouse.com
29 Nov 2020 11:11 am တွင် တင်ခဲ့သည်
4511 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

မိတ်ဆွေကောင်းတို့ အိမ်အများစုမှာ ဒယ်နီ ဒယ်ပြာ ဒယ်ခရမ်း တို့ကို တော်တော်များများ အသုံးပြုကြမှာပါ။

အလုံးပေါင်းမနည်း ပျက်လိုက် ဝယ်လိုက်နဲ့ ကျွမ်းကျင်စွာ သုံးနေကြတဲ့သူတွေရှိသလို ဝယ်ပြီးတာနဲ့ စနစ်တကျ တန်းသုံးတတ်တဲ့ လူတွေလည်း တော်တော်များများ တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် မိတ်ဆွေကောင်းတွေအတွက် အသုံးတဲ့စေမယ့် အချက်လေးတွေ ကျွန်တော်ထပ်ထည့်ပေးလိုက်ပါတယ်။

၁. ဒယ်နီအများစု အားလုံးနီးပါးမှာ မီးဆွဲအား 2000W ရှိပြီး မီးအတိုးအလျော့ လုပ်လို့ရတာကြောင့် Extension Cord (ကြိုးခွေအဝိုင်းများ)နှင့် လုံး၀ မသုံးသင့်ပါဘူး။

၂. အခုနောက်ပိုင်း ထွက်သမျှ ဒယ်နီတွေမှာ Auto cut-off system (အလိုလျောက်မီးဖြတ်ပေးတဲ့စနစ်) ပါလို့ အတိုးအလျော့ ဘုလေးကို အဆုံးထိမထားပဲ လိုသလို ချိန်သုံးရင် *ချက်နေရင်း ဆီပူမယ် ကြံရင်း အိုးက မပူတောရင်း* အဲလိုဖြစ်တတ်ပါတယ်။ဒါကြောင့် ကိုယ်က ဟင်းချက်နေရင်း အမြဲတမး် အိုးကိုပူစေချင်တယ်ဆိုရင် အတိုးအလျော့ ဘုလေးကို အဆုံးထိတင်ထားရင် အဆင်ပြေပြီး Auto cut-off system (အလိုလျောက်မီးဖြတ်ပေးတဲ့စနစ်) ကလည်း အလုပ်မလုပ်တော့ပါဘူး။

ဒီနေရာမှာ အကြံပေးချင်တာက ဘုကို အဆုံးထိထားပြီး ဟင်းချက်ပြီးရင် ခလုတ်ပိတ် ပလပ်ဖြုတ်ပါ။ ဒါဆို ဘုကို အတိုးအလျော့မကစားပဲ အဆုံးမှာပဲ ထားခိုင်းတဲ့သဘောဖြစ်ပါတယ်။ ကောင်းကျိုးက ဘု ပျက်ခြင်း ကျိုးခြင်းမှ ကင်းဝေးနိုင်ပါပြီ။ မီးဆွဲအားရှိနိုင်ပေမယ့် ကိုယ်က ခိုင်ခံ့သော အထိုင်နဲ့ သုံးတယ်ဆိုရင် ဘာမှ စိတ်ပူစရာ မရှိပါဘူးနော်။

၃. ဂျိုးကပ်တဲ့ အကြောင်းလေး ပြောပေးချင်ပါတယ်။

ရိုးရိုးအိုးဖြူဖြစ်ဖြစ် non-stick မကပ်တဲ့ အိုးမည်းဖြစ်ဖြစ် ဂျိုးကပ်တယ်လို့ ခဏ ခဏ ကျွန်တော်တို့ဆိုင်မှ ဝယ်သူကောင်းတွေဆီမှ အမြဲကြားရပါတယ်။ တကယ်တော့ အဓိက ဒီအချက်ကြောင့်ပါပဲ။ထမင်းပေါင်းအိုးတွေရဲ့ ထုံးစံမှာ တစ်ခါ သိုးဖူးသွားရင် ဘယ်လောက်ဆေးဆေး နောက်ပိုင်း အသိုးလွယ်တာမျိုးကို ကြားဖူး တွေ့ဖူးကြမှာပါ။ ဒါလည်း ဒီသဘောပါပဲ …

အိုးဖြူဆို ကြော်လှော်တဲ့အခါ ကိုယ်က တစ်ခြားအလုပ်လုပ်နေလို့ ပစ်ထားမိပြီး ကပ်သွားပြီ ဆိုရင် နောက်ပိုင်းလည်း ဘယ်လောက်ဆေးဆေး ကပ်ဖို့ အားသာနေပါပြီ ။ (ချွင်းချက်အနေနဲ့ တစ်ခါတစ်လေ အိုးက မီးမညီတာမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်)

၄. နောက်တစ်ချက်က Non-Stick အိုးပါ။ မကပ်တဲ့အိုးဆိုပြီး ဘာလို့ကပ်လဲ။ ဒါကကျတော့ ဒီလိုပါ။ non-stickအိုးကို သုံးတဲ့ အချိန်မှာ တော်တော်များများက ထုံးစံအတိုင်း စတီးဇွန်း သံဇွန်းနဲ့ သုံးကြတာများပါတယ်။(ကျွန်တော့်အမေအပါအဝင်ပေါ့) အဲဒီတော့ မွှေရင်း ခြစ်မိတဲ့ အခါကျတော့ Non-Stick ကနေ မNon-Stick ဖြစ်လာတဲ့သဘောဖြစ်ပြီး အားရပါးရကပ်တော့တာပါပဲ။

တကယ်တော့ Non-Stick က သစ်သား ယောက်မ(သို့မဟုတ်) သူနဲ့တွဲသုံးရတဲ့ ဇွန်းတွေ ယောက်မတွေ ရှိပါတယ်။ အဲဒါလေးတွေနဲ့ဆို ရေရှည် အဆင်ပြေစွာသုံးနိုင်ပါတယ်။ (city mart, ocean တွေမှာ ဝယ်လို့ရနိုင်သလို ကျွန်တော်တို့လည်း တွဲရောင်းပေးဖို့ စီစဉ်နေကြပါပြီ)။

၅. နောက် အိုးကပ်တာပြောရင်း တစ်ဆက်တည်း အိုးမှာကပ်နေတဲ့ ဟင်းတွေ ထမင်းတွေကို ဘယ်လို လွယ်ကူအောင်ခွာမလဲ ဆိုတဲ့နည်းလေးပါ ပြောပေးပါ့မယ်။ လွယ်ပါတယ်။ကပ်နေတဲ့အိုးထဲကို ရေအနည်းငယ်ချိန်ထည့်ပြီး ပလပ်ပြန်ထိုး ခလုတ်ဖွင့်ပြီး ရေဆူတဲ့အထိထားလိုက်ရုံပါပဲ .. ဒါဆို ကပ်နေတာတွေအကုန် သူ့အလိုလို ကွာလာတာတွေ့ရပါလိမ့်မယ်။

၆. ဒါဆိုတစ်ဆက်တည်း ဆေးကြောပုံနဲ့ ဆေးကြောပြီးနောက်ပိုင်း ဘယ်လို ရေရှည်ခံအောင်လုပ်ရမလဲဆိုတာလေးပြောပေးပါ့မယ်။ ဆေးတာကတော့ အဓိက အိုးတစ်ခုလုံးကို မဆေးမိဖို့ပါပဲ။ အိုးအထဲပိုင်းထဲရေထည့် ဆပ်ပြာနဲ့ဆေးပြီးရင် အိုးအပြင်ကို ရေစိုဖော့ဖတ်လေးနဲ့ တိုက်ပေးရင်အထူးအဆင်ပြေပါတယ်နော်။

အိုးကို စိတ်ကြိုက်ဆေးကြောပြီးပြီဆိုတာနဲ့ မီးပလပ်ပြန်ထိုး ခလုတ်ဖွင့်ပြီး အိုးမှာရှိနေ ကပ်နေတဲ့ ရေစက်လေးတွေ အငွေ့ပြန်သွားတဲ့ အထိ အပူပေးထားပါ။ ခြောက်သွေ့သွားပြီဆို ပြန်ပိတ်ထားလိုက်ပါ။ဒါဆို နောက်တစ်ခါချက်ဖို့အတွက် အဆင်သင့်ဖြစ်သလို ဓာတ်လိုက်မှာကိုလည်းတွေးကြောက်နေစရာ မလိုတော့ဘူးပေါ့။ သြော် ဓာတ်လိုက်တယ် ဆိုလို့

၇. ဒယ်နီကို ချက်တဲ့အချိန် သုံးတဲ့ဇွန်းက လက်ကိုင်ကိုင်း ကော်(သို့မဟုတ်)သစ်သား ဖြစ်ဖို့ကို အကြံပေးချင်ပါတယ်။

တစ်ချို့ ဒယ်နီတွေက ဆေးကြောနည်းအလွဲ(သို့မဟုတ်) သုံးတာကြာရင် earth (အက်) ဝင်တတ်ပြီး ဓာတ်လိုက်တတ်လို့ အန္တရာယ်မများပေမယ့် အမှတ်တမဲ့လန့်နိုင်တာမို့ ကျွန်တော်မိတ်ဆွေကောင်းတွေမဖြစ်ရလေအောင် အထူး အကြံပေးလိုက်ရပါတယ်။ကဲ ဒီလောက်ဆို အိမ်ရှင်မ အိမ်ရှင်ထီးများ ဒယ်နီအိုးတွေကို ဘယ်လို သတိထားသုံးရမလဲ၊ ဘာတွေဘယ်လို ကာကွယ်ရမယ်၊ ဘယ်လိုတာရှည်ခံအောင် သုံးရမယ် ဆိုတာတွေကို သိသွား တတ်သွားပြီလို့ အထူး ယုံကြည်ပါတယ်။

ခုရေးသားထားတဲ့ အကြောင်းရာတွေက မိတ်ဆွေ သူငယ်ချင်းကောင်းများအတွက် အကျိုးကျေးဇူးတစ်ခုရတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။ မိတ်ဆွေလိုပဲ အခြားမိတ်ဆွေကောင်းများလည်း သိခွင့်ရအောင် share လုပ်ပေးလိုက်ပါဦးလို့ တိုက်တွန်းချင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: မူရင်းရေးသားသူ

[Zawgyi]

"ဒယ္အိုးနီ" "ဒယ္အိုးျပာ" အသံုးျပဳသူ မ်ား သိထားရမည့္ အခ်က္ (၇) ခ်က္

မိတ္ေဆြေကာင္းတို႔ အိမ္အမ်ားစုမွာ ဒယ္နီ ဒယ္ျပာ ဒယ္ခရမ္း တုိ႔ကို ေတာ္ေတာ္မ်ားမ်ား အသံုးျပဳၾကမွာပါ။

အလံုးေပါင္းမနည္း ပ်က္လိုက္ ၀ယ္လိုက္နဲ႔ ကၽြမ္းက်င္စြာ သံုးေနၾကတဲ့သူေတြရွိသလို ၀ယ္ၿပီးတာနဲ႔ စနစ္တက် တန္းသံုးတတ္တဲ့ လူေတြလည္း ေတာ္ေတာ္မ်ားမ်ား ေတြ႕ရပါတယ္။ ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ့္ မိတ္ေဆြေကာင္းေတြအတြက္ အသံုးတဲ့ေစမယ့္ အခ်က္ေလးေတြ ကၽြန္ေတာ္ထပ္ထည့္ေပးလိုက္ပါတယ္။

၁. ဒယ္နီအမ်ားစု အားလံုးနီးပါးမွာ မီးဆြဲအား 2000W ရွိၿပီး မီးအတိုးအေလ်ာ့ လုပ္လို႔ရတာေၾကာင့့္ Extension Cord (ႀကိဳးေခြအ၀ိုင္းမ်ား)ႏွင့္ လံုး၀ မသံုးသင့္ပါဘူး။

၂. အခုေနာက္ပိုင္း ထြက္သမွ် ဒယ္နီေတြမွာ Auto cut-off system (အလိုေလ်ာက္မီးျဖတ္ေပးတဲ့စနစ္) ပါလို႔ အတိုးအေလ်ာ႔ ဘုေလးကို အဆံုးထိမထားပဲ လိုသလို ခ်ိန္သံုးရင္ *ခ်က္ေနရင္း ဆီပူမယ္ ႀကံရင္း အိုးက မပူေတာရင္း* အဲလိုျဖစ္တတ္ပါတယ္။ဒါေၾကာင့္ ကိုယ္က ဟင္းခ်က္ေနရင္း အၿမဲတမး္ အိုးကိုပူေစခ်င္တယ္ဆိုရင္ အတိုးအေလ်ာ႔ ဘုေလးကို အဆံုးထိတင္ထားရင္ အဆင္ေျပၿပီး Auto cut-off system (အလိုေလ်ာက္မီးျဖတ္ေပးတဲ့စနစ္) ကလည္း အလုပ္မလုပ္ေတာ့ပါဘူူး။

ဒီေနရာမွာ အႀကံေပးခ်င္တာက ဘုကို အဆံုးထိထားၿပီး ဟင္းခ်က္ၿပီးရင္ ခလုတ္ပိတ္ ပလပ္ျဖဳတ္ပါ။ ဒါဆို ဘုကို အတိုးအေလ်ာ့မကစားပဲ အဆံုးမွာပဲ ထားခိုင္းတဲ့သေဘာျဖစ္ပါတယ္။ ေကာင္းက်ိဳးက ဘု ပ်က္ျခင္း က်ိဳးျခင္းမွ ကင္းေ၀းႏိုင္ပါၿပီ။ မီးဆြဲအားရွိႏိုင္ေပမယ့္ ကိုယ္က ခိုင္ခံ့ေသာ အထိုင္နဲ႔ သံုးတယ္ဆိုရင္ ဘာမွ စိတ္ပူစရာ မရွိပါဘူးေနာ္။

၃. ဂ်ိဳးကပ္တဲ့ အေၾကာင္းေလး ေျပာေပးခ်င္ပါတယ္။

ရိုးရိုးအိုးျဖဴျဖစ္ျဖစ္ non-stick မကပ္တဲ့ အိုးမည္းျဖစ္ျဖစ္ ဂ်ိဳးကပ္တယ္လို႔ ခဏ ခဏ ကၽြန္ေတာ္တို႔ဆိုင္မွ ၀ယ္သူေကာင္းေတြဆီမွ အၿမဲၾကားရပါတယ္။ တကယ္ေတာ့ အဓိက ဒီအခ်က္ေၾကာင့္ပါပဲ။ထမင္းေပါင္းအိုးေတြရဲ႕ ထံုးစံမွာ တစ္ခါ သိုးဖူးသြားရင္ ဘယ္ေလာက္ေဆးေဆး ေနာက္ပိုင္း အသိုးလြယ္တာမ်ိဳးကို ၾကားဖူး ေတြ႔ဖူူးၾကမွာပါ။ ဒါလည္း ဒီသေဘာပါပဲ …

အိုးျဖဴဆို ေၾကာ္ေလွာ္တဲ့အခါ ကိုယ္က တစ္ျခားအလုပ္လုပ္ေနလို႔ ပစ္ထားမိၿပီး ကပ္သြားၿပီ ဆုိရင္ ေနာက္ပိုင္းလည္း ဘယ္ေလာက္ေဆးေဆး ကပ္ဖို႔ အားသာေနပါၿပီ ။ (ခၽြင္းခ်က္အေနနဲ႔ တစ္ခါတစ္ေလ အိုးက မီးမညီတာမ်ိဳးေၾကာင့္လည္း ျဖစ္တတ္ပါတယ္)

၄. ေနာက္တစ္ခ်က္က Non-Stick အိုးပါ။ မကပ္တဲ့အိုးဆိုၿပီး ဘာလို႔ကပ္လဲ။ ဒါကက်ေတာ့ ဒီလိုပါ။ non-stickအိုးကို သံုးတဲ့ အခ်ိန္မွာ ေတာ္ေတာ္မ်ားမ်ားက ထံုးစံအတိုင္း စတီးဇြန္း သံဇြန္းနဲ႔ သံုးၾကတာမ်ားပါတယ္။(ကၽြန္ေတာ့္အေမအပါအ၀င္ေပါ့) အဲဒီေတာ့ ေမႊရင္း ျခစ္မိတဲ့ အခါက်ေတာ့ Non-Stick ကေန မNon-Stick ျဖစ္လာတဲ့သေဘာျဖစ္ၿပီး အားရပါးရကပ္ေတာ့တာပါပဲ။

တကယ္ေတာ့ Non-Stick က သစ္သား ေယာက္မ(သုိ႔မဟုတ္) သူနဲ႔တြဲသံုးရတဲ့ ဇြန္းေတြ ေယာက္မေတြ ရွိပါတယ္။ အဲဒါေလးေတြနဲ႔ဆို ေရရွည္ အဆင္ေျပစြာသံုးႏိုင္ပါတယ္။ (city mart, ocean ေတြမွာ ၀ယ္လို႔ရႏိုင္သလို ကၽြန္ေတာ္တို႔လည္း တြဲေရာင္းေပးဖို႔ စီစဥ္ေနၾကပါၿပီ)။

၅. ေနာက္ အိုးကပ္တာေျပာရင္း တစ္ဆက္တည္း အိုးမွာကပ္ေနတဲ့ ဟင္းေတြ ထမင္းေတြကို ဘယ္လို လြယ္ကူေအာင္ခြာမလဲ ဆိုတဲ့နည္းေလးပါ ေျပာေပးပါ့မယ္။ လြယ္ပါတယ္။ကပ္ေနတဲ့အိုးထဲကို ေရအနည္းငယ္ခ်ိန္ထည့္ၿပီး ပလပ္ျပန္ထိုး ခလုတ္ဖြင့္ၿပီး ေရဆူတဲ့အထိထားလိုက္ရံုပါပဲ .. ဒါဆို ကပ္ေနတာေတြအကုန္ သူ႔အလိုလို ကြာလာတာေတြ႕ရပါလိမ့္မယ္။

၆. ဒါဆိုတစ္ဆက္တည္း ေဆးေၾကာပံုနဲ႔ ေဆးေၾကာၿပီးေနာက္ပိုင္း ဘယ္လို ေရရွည္ခံေအာင္လုပ္ရမလဲဆိုတာေလးေျပာေပးပါ့မယ္။ ေဆးတာကေတာ့ အဓိက အိုးတစ္ခုလံုးကို မေဆးမိဖို႔ပါပဲ။ အိုးအထဲပိုင္းထဲေရထည့္ ဆပ္ျပာနဲ႔ေဆးၿပီးရင္ အိုးအျပင္ကို ေရစိုေဖာ့ဖတ္ေလးနဲ႔ တိုက္ေပးရင္အထူးအဆင္ေျပပါတယ္ေနာ္။

အိုးကို စိတ္ႀကိဳက္ေဆးေၾကာၿပီးၿပီဆိုတာနဲ႔ မီးပလပ္ျပန္ထိုး ခလုတ္ဖြင့္ၿပီး အုိးမွာရွိေန ကပ္ေနတဲ့ ေရစက္ေလးေတြ အေငြ႔ျပန္သြားတဲ့ အထိ အပူေပးထားပါ။ ေျခာက္ေသြ႔သြားၿပီဆို ျပန္ပိတ္ထားလိုက္ပါ။ဒါဆို ေနာက္တစ္ခါခ်က္ဖို႔အတြက္ အဆင္သင့္ျဖစ္သလို ဓာတ္လိုက္မွာကိုလည္းေတြးေၾကာက္ေနစရာ မလိုေတာ့ဘူးေပါ့။ ေၾသာ္ ဓာတ္လိုက္တယ္ ဆိုလို႔

၇. ဒယ္နီကို ခ်က္တဲ့အခ်ိန္ သံုးတဲ့ဇြန္းက လက္ကုိင္ကိုင္း ေကာ္(သို႔မဟုတ္)သစ္သား ျဖစ္ဖို႔ကို အႀကံေပးခ်င္ပါတယ္။

တစ္ခ်ိဳ႕ ဒယ္နီေတြက ေဆးေၾကာနည္းအလြဲ(သို႔မဟုတ္) သံုးတာၾကာရင္ earth (အက္) ၀င္တတ္ၿပီး ဓာတ္လိုက္တတ္လို႔ အႏၲရာယ္မမ်ားေပမယ့္ အမွတ္တမဲ့လန္႔ႏိုင္တာမို႔ ကၽြန္ေတာ္မိတ္ေဆြေကာင္းေတြမျဖစ္ရေလေအာင္ အထူး အႀကံေပးလိုက္ရပါတယ္။ကဲ ဒီေလာက္ဆို အိမ္ရွင္မ အိမ္ရွင္ထီးမ်ား ဒယ္နီအိုးေတြကို ဘယ္လို သတိထားသံုးရမလဲ၊ ဘာေတြဘယ္လို ကာကြယ္ရမယ္၊ ဘယ္လိုတာရွည္ခံေအာင္ သံုးရမယ္ ဆိုတာေတြကို သိသြား တတ္သြားၿပီလို႔ အထူး ယံုၾကည္ပါတယ္။

ခုေရးသားထားတဲ့ အေၾကာင္းရာေတြက မိတ္ေဆြ သူငယ္ခ်င္းေကာင္းမ်ားအတြက္ အက်ိဳးေက်းဇူးတစ္ခုရတယ္ဆိုရင္ပဲ ေက်နပ္ပါၿပီ။ မိတ္ေဆြလိုပဲ အျခားမိတ္ေဆြေကာင္းမ်ားလည္း သိခြင့္ရေအာင္ share လုပ္ေပးလိုက္ပါဦးလို႔ တိုက္တြန္းခ်င္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: မူရင္းေရးသားသူ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service