COVID-19 ထောက်ခံချက်အတုများနှင့်အတူ ကင်ညာနိုင်ငံသားများအား လေဆိပ်တွင် ဖမ်းမိ

COVID-19 ထောက်ခံချက်အတုများနှင့်အတူ ကင်ညာနိုင်ငံသားများအား လေဆိပ်တွင် ဖမ်းမိ - Property News in Myanmar from iMyanmarHouse.com
29 Nov 2020 11:00 am တွင် တင်ခဲ့သည်
651 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ကင်းစင်ကြောင်း ထောက်ခံချက်အတုများသုံး၍ ကင်ညာနိုင်ငံမှ ယူအေအီး နိုင်ငံ (အာရပ်စော်ဘွားများပြည်ထောင်စု) သို့ သွားရောက်ရန် ကြိုးပမ်းမှုဖြင့် လူ ၂၁ ဦးကို ကင်ညာနိုင်ငံအစိုးရတာဝန်ရှိသူများက ဖမ်းဆီးလိုက်ပြီဖြစ်သည်။

ယူအေအီးသို့ လာရောက်သူများ ထောက်ခံချက်အတုများအသုံးပြုလာရောက်နေခဲ့ကြမှုများကို တွေ့ရှိခဲ့သဖြင့် ယူအေအီးက ကင်ညာအပါအဝင် နိုင်ငံအများအပြားမှ နိုင်ငံသားများအား ပြည်ဝင်ခွင့်(ဗီဇာ)ပိတ်ပင်မှုတစ်ခုကို ထုတ်ပြန်ခဲ့ပြီးနောက် ယင်းဖမ်းဆီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခုသီတင်းပတ်အစောပိုင်းတွင် ယူအေအီးနိုင်ငံသည် ကင်ညာ၊ ဆိုမာလီယာ၊ လစ်ဗျား၊ တူနီးရှားနှင့် အယ်ဂျီးရီးယားတို့အပါအဝင် ၁၃ နိုင်ငံမှ နိုင်ငံသားများကို ပြည်ဝင်ခွင့်ပေးခြင်း ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

သံသယတရားခံများကို သောကြာနေ့နှောင်းပိုင်းတွင် တရားရုံးတင်စစ်ဆေးမည်ဖြစ်သည်ဟု ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ကင်ညာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လျက်ရှိပြီး နိုဝင်ဘာ ၂၆ တွင်မူ အများပြည်သူစုဝေးမှုများဆိုင်ရာ စည်းကမ်းများကိုပါ ပိုမိုတင်းကျပ်ခဲ့ပြီဖြစ်သည်။

အဆိုပါခရီးသွား ၂၁ ဦးမှာ ကင်ညာမြို့တော် နိုင်ရိုဘီ၏ အဓိကလေဆိပ်တွင် နိုဝင်ဘာ ၂၆ က ဒူဘိုင်းသို့ ပျံသန်းမည့် လေယာဉ်ခရီးစဉ်တစ်ခုကို စီးနင်းရန် ကြိုးပမ်းစဉ် ရဲဖမ်းခံခဲ့ရခြင်းဖြစ်သည်။

သူတို့သည် ခရီးမသွားမီ ကိုရိုနာဗိုင်းရပ်စ်မရှိကြောင်း ကြိုတင်စစ်ဆေးတွေ့ရှိပြီးကြောင်း ဖော်ပြထားသည့် ကျန်းမာရေးထောက်ခံချက်အတုများကို အသုံးပြုခဲ့သည်ဟု ရဲများက စွပ်စွဲခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက အခြား နိုင်ရိုဘီ-ဒူဘိုင်း လေယာဉ်ခရီးစဉ်တစ်ခုတွင်လည်း ကင်ညာနိုင်ငံသား ၁၀၀ ဦးခန့်ကို အလားတူထောက်ခံချက်အတုများနှင့်အတူ ဖမ်းမိခဲ့ပြီး COVID-19 စစ်ဆေးခဲ့ရာ သူတို့အထဲမှ ထက်ဝက်ခန့်၌ ထိုဗိုင်းရပ်စ်ရှိနေကြောင်း ကင်ညာသတင်းဝက်ဘ်ဆိုက် Nairobi news ၏ ဖော်ပြချက်အရ သိရသည်။

ကင်ညာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၈၀,၁၀၂ ဦး ရှိပြီဖြစ်ကာ ထိုဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၁,၄၂၇ ဦး ရှိပြီဖြစ်သည်။ နိုဝင်ဘာ ၂၆ က ကူးစက်ခံရသူသစ် ၇၈၀ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကင်ညာကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကင်ညာတွင် အများပြည်သူစုဝေးမှုဆိုင်ရာ စည်ကမ်းချက်သစ်များကို နိုဝင်ဘာ ၂၆ က ကြေညာခဲ့သည်။ မင်္ဂလာဆောင်များသို့ တက်ရောက်ခွင့်ပြုသည့် ဧည့်သည်ဦးရေကို ၅၀ အဖြစ် သတ်မှတ်လျှော့ချခဲ့ပြီး ဈာပနများသို့လည်း လူ ၁၀၀ ထက်ပို၍ တက်ရောက်စုဝေးခွင့်မပြုဟု စည်းကမ်းတင်းကျပ်ခဲ့သည်။

ဘာသာရေးဝတ်ပြုစုဝေးမှုများကိုလည်း အကြာဆုံးခွင့်ပြုချိန် မိနစ် ၉၀ အဖြစ် ကန့်သတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kenyans arrested at airport with 'fake' Covid certificates (BBC)

 

[Zawgyi]

COVID-19 ေထာက္ခံခ်က္အတုမ်ားႏွင့္အတူ ကင္ညာႏိုင္ငံသားမ်ားအား ေလဆိပ္တြင္ ဖမ္းမိ

COVID-19 ကင္းစင္ေၾကာင္း ေထာက္ခံခ်က္အတုမ်ားသုံး၍ ကင္ညာႏိုင္ငံမွ ယူေအအီး ႏိုင္ငံ (အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု) သို႔ သြားေရာက္ရန္ ႀကိဳးပမ္းမႈျဖင့္ လူ ၂၁ ဦးကို ကင္ညာႏိုင္ငံအစိုးရတာဝန္႐ွိသူမ်ားက ဖမ္းဆီးလိုက္ၿပီျဖစ္သည္။

ယူေအအီးသို႔ လာေရာက္သူမ်ား ေထာက္ခံခ်က္အတုမ်ားအသုံးျပဳလာေရာက္ေနခဲ့ၾကမႈမ်ားကို ေတြ႕႐ွိခဲ့သျဖင့္ ယူေအအီးက ကင္ညာအပါအဝင္ ႏိုင္ငံအမ်ားအျပားမွ ႏိုင္ငံသားမ်ားအား ျပည္ဝင္ခြင့္(ဗီဇာ)ပိတ္ပင္မႈတစ္ခုကို ထုတ္ျပန္ခဲ့ၿပီးေနာက္ ယင္းဖမ္းဆီးမႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ယခုသီတင္းပတ္အေစာပိုင္းတြင္ ယူေအအီးႏိုင္ငံသည္ ကင္ညာ၊ ဆိုမာလီယာ၊ လစ္ဗ်ား၊ တူနီး႐ွားႏွင့္ အယ္ဂ်ီးရီးယားတို႔အပါအဝင္ ၁၃ ႏိုင္ငံမွ ႏိုင္ငံသားမ်ားကို ျပည္ဝင္ခြင့္ေပးျခင္း ရပ္ဆိုင္းရန္ ဆုံးျဖတ္ခဲ့သည္။

သံသယတရားခံမ်ားကို ေသာၾကာေန႔ေႏွာင္းပိုင္းတြင္ တရား႐ုံးတင္စစ္ေဆးမည္ျဖစ္သည္ဟု ေဒသခံမီဒီယာမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။

ကင္ညာႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ား ျမင့္တက္လ်က္႐ွိၿပီး ႏိုဝင္ဘာ ၂၆ တြင္မူ အမ်ားျပည္သူစုေဝးမႈမ်ားဆိုင္ရာ စည္းကမ္းမ်ားကိုပါ ပိုမိုတင္းက်ပ္ခဲ့ၿပီျဖစ္သည္။

အဆိုပါခရီးသြား ၂၁ ဦးမွာ ကင္ညာၿမိဳ႕ေတာ္ ႏိုင္႐ိုဘီ၏ အဓိကေလဆိပ္တြင္ ႏိုဝင္ဘာ ၂၆ က ဒူဘိုင္းသို႔ ပ်ံသန္းမည့္ ေလယာဥ္ခရီးစဥ္တစ္ခုကို စီးနင္းရန္ ႀကိဳးပမ္းစဥ္ ရဲဖမ္းခံခဲ့ရျခင္းျဖစ္သည္။

သူတို႔သည္ ခရီးမသြားမီ ကို႐ိုနာဗိုင္းရပ္စ္မ႐ွိေၾကာင္း ႀကိဳတင္စစ္ေဆးေတြ႕႐ွိၿပီးေၾကာင္း ေဖာ္ျပထားသည့္ က်န္းမာေရးေထာက္ခံခ်က္အတုမ်ားကို အသုံးျပဳခဲ့သည္ဟု ရဲမ်ားက စြပ္စြဲခဲ့ျခင္းျဖစ္သည္။

မၾကာေသးမီက အျခား ႏိုင္႐ိုဘီ-ဒူဘိုင္း ေလယာဥ္ခရီးစဥ္တစ္ခုတြင္လည္း ကင္ညာႏိုင္ငံသား ၁၀၀ ဦးခန္႔ကို အလားတူေထာက္ခံခ်က္အတုမ်ားႏွင့္အတူ ဖမ္းမိခဲ့ၿပီး COVID-19 စစ္ေဆးခဲ့ရာ သူတို႔အထဲမွ ထက္ဝက္ခန္႔၌ ထိုဗိုင္းရပ္စ္႐ွိေနေၾကာင္း ကင္ညာသတင္းဝက္ဘ္ဆိုက္ Nairobi news ၏ ေဖာ္ျပခ်က္အရ သိရသည္။

ကင္ညာႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရ ၈၀,၁၀၂ ဦး ႐ွိၿပီျဖစ္ကာ ထိုဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူဦးေရ ၁,၄၂၇ ဦး ႐ွိၿပီျဖစ္သည္။ ႏိုဝင္ဘာ ၂၆ က ကူးစက္ခံရသူသစ္ ၇၈၀ စစ္ေဆးေတြ႕႐ွိခဲ့ေၾကာင္း ကင္ညာက်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ကင္ညာတြင္ အမ်ားျပည္သူစုေဝးမႈဆိုင္ရာ စည္ကမ္းခ်က္သစ္မ်ားကို ႏိုဝင္ဘာ ၂၆ က ေၾကညာခဲ့သည္။ မဂၤလာေဆာင္မ်ားသို႔ တက္ေရာက္ခြင့္ျပဳသည့္ ဧည့္သည္ဦးေရကို ၅၀ အျဖစ္ သတ္မွတ္ေလွ်ာ့ခ်ခဲ့ၿပီး ဈာပနမ်ားသို႔လည္း လူ ၁၀၀ ထက္ပို၍ တက္ေရာက္စုေဝးခြင့္မျပဳဟု စည္းကမ္းတင္းက်ပ္ခဲ့သည္။

ဘာသာေရးဝတ္ျပဳစုေဝးမႈမ်ားကိုလည္း အၾကာဆုံးခြင့္ျပဳခ်ိန္ မိနစ္ ၉၀ အျဖစ္ ကန္႔သတ္လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kenyans arrested at airport with 'fake' Covid certificates (BBC)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service