မကြေးမုံ အသုံးဝင်ပုံ အကြောင်း ပြောပြမယ်

မကြေးမုံ အသုံးဝင်ပုံ အကြောင်း ပြောပြမယ် - Property Knowledge in Myanmar from iMyanmarHouse.com
28 Nov 2020 11:12 am တွင် တင်ခဲ့သည်
1058 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ကြည့်မှန်လေး တစ်ချပ် ချိတ်ဆွဲ ထားရုံဖြင့် ဘယ်လို ကိစ္စတွေမှာ အဆင်ပြေချောမွေ့စေသလဲ ?

ကြည့်မှန် ကို ယတြာ အနေနဲ့ ဘယ်လို ဓာတ်ဆင်ကြမလဲ?

အိမ်တွေ ဆိုင်တွေ မှာ ဘယ်လိုနေရာတွေ မှာ ချိတ်ဆွဲ ထားသင့်လဲ?

စတဲ့ မှန်တစ်ချပ် ရဲ့အသုံးဝင်ပုံတွေ ဒီနေရာမှာပြောပြမှာပါ။

ကြည့်မှန်ကြောင့် အဆင်ပြေသွားတဲ့ ကိစ္စတော်တော်များများ ရှိနေကြပါတယ်။

ဆန်းဗေဒင် မှာ မိမိ အိမ်ထက်ခြေရင်းအိမ် က အရမ်းမြင့်နေရင် ခြေရင်းအိမ် က မိန်းမ ဦးစီးတဲ့ အိမ်ပဲ လို့ပြောနိုင် သလို မိမိအိမ် က အရမ်းသေးနေပြီး ခေါင်းရင်းအိမ် ခြေရင်းအိမ် က အရမ်း မြင့်နေရင် မိမိအိမ် လဲ အညံ့ထဲမှာ ရှိ ပါတယ်။ အောက်လက် ငယ်သားတွေ ကျန်းမာရေး စီးပွားရေး ညံ့တတ်တာမျိုးကြုံရ တတ်ပါတယ် ။နောက်ပြီး မျက်နှာချင်းဆိုင် အိမ် က အရမ်းမြင့်ပြီး ခေါင်းမိုးဒိုင်း အချွန် က မိမိ အိမ်နဲ့ တည့်တည့် ကျရင် မိမိ အိမ် ကံညံ့ တတ်ပါတယ်။ ဒါတွေ က မြန်မာ ဆန်းဗေဒင် မှာရော တရုတ် ဖုန်းရွှေပညာမှာ ပါရှိတဲ့ အကြောင်း အရာတွေပါ။

အဲဒီလို နေအိမ် ၏ မျက်နှာချင်းဆိုင် မှာသော်လည်းကောင်း ၊ခြေရင်း ခေါင်းရင်းတွင် လည်းကောင်း စက်ရုံ အလုပ်ရုံ နေအိမ်ထက် ပိုမြင့်သော တိုက်၊ အိမ် တစ်ခုခု ရှိနေပါက သင့်အိမ် ၏ ပြတင်းပေါက်တွင် ကြည့်မှန် တစ်ချပ် ကို တပ်ထားလိုက်ခြင်း အားဖြင့် ကံ အညံ့တွေပြယ်ပြီး မိမိ တို့လုပ်ကိုင်သမျှ အကြံအစည် များ အားလုံးအောင်မြင်စေနိုင်ပါသည်။

ထိုမှန် ကို မကွဲစေရန် ဂရုစိုက်သင့် ပါတယ်။ မတော်တဆ ကွဲသွားပါက ချက်ခြင်း အသစ် လဲလိုက်ပေါ့ဗျာ ။ မှန် ကို ခြေရင်း အိမ် ၊ခေါင်းရင်း အိမ်၊ မျက်နှာချင်းဆိုင် အိမ်တွေဘက် လှည့်ရ မှာနော်။ ပြောင်းပြန်လဲဖြစ်နေ ဦးမယ်။နောက်ပြီး မိမိ ရဲ့ အိပ်ယာ၊ ခုတင် ရဲ့ အပေါ် တည့်တည့် မှာ ထုတ်တန်းတွေ ရှိရင် သရဲစီး သလို ဘီလူးစီး သလို ခံစားရတတ် ပါတယ်။ကျန်းမာရေး ရှုထောင့်ကနေကြည့်ရင်တော့ ကျန်းမာရေး အားနည်း မှုကြောင့်သော် လည်ကောင်း အိပ်တာ နည်းစနစ် မမှန်တာလဲဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲလိုမျိုး ကြုံလာပြီ ဆိုရင် ထို ထုပ်တန်းတွင် မှန်တစ်ချပ် ချိတ်ဆွဲထားလိုက်ပါ။

ကိုယ့် အလုပ်မှာ ရှိတဲ့ မိမိ ရဲ့ အလုပ်စားပွဲ အပေါ်တည့်တည့် မျက်နှာကြက်တွင် ထုပ်တန်း တစ်ခု ရှိပါက အလုပ် ဝန်ပိခြင်း ၊ မနိုင်ဝန် ထမ်းရခြင်း ၊စိတ်ပန်း လူပန်းဖြစ်ရခြင်း စသော ဝန်ပိခြင်း အမျိုးမျိုးကြုံရ တတ် ပါတယ်။ အဲလိုမျိုးကြုံရပြီ ဆိုရင် မိမိ အလုပ် စားပွဲလေးကို အနည်းငယ်ရွေ့ထားလိုက်စေချင်ပါတယ်။

အချို့ အိမ်တွေ မှာ ရှေ့ကနေ လင်မယားနှစ်ယောက်စလုံး စီးပွားရှာနေကြတဲ့ အတွက် မီးဖိုချောင် ကိစ္စတွေ အိမ်မှု ကိစ္စတွေ အတွက် အိမ်အကူ ဆိုတာမျိုးခေါ်ထားရတာတွေ ရှိပါတယ်။ အဲဒီမှာ ဘာတွေ့ရသလဲ ဆိုရင် အိမ်အကူ မမြဲတာ လူလိမ်တွေနဲ့တွေ့တာ မိသားစုလို သဘော ထားပြီးလုပ်ပေးတဲ့ အိမ်အကူတွေ အကြောင်း အမျိုးမျိုးကြောင့် အလုပ်က ထွက်တာမျိုး ကြုံရမျိုးတွေရှိပါတယ်။

အဲဒါ ဆိုရင်တော့ မီးဖိုဆောင်တွေ ထမင်း စားစားပွဲဘေးတွေ မှာ ကြည့်မှန် ချပ် ကြီးကြီး တပ်ဆင် ထားခြင်းဖြင့် အိမ် အကူ မြဲခြင်း အစားအသောက်ပေါများခြင်းများဖြစ်ပေါ်လာပါလိမ့်မယ်။

ဈေးဆိုင် ထမင်းဆိုင် ကုန်စုံဆိုင် လက်ဖက်ရည်ဆိုင် ဘယ်ဆိုင်တွေမှာ မဆို ထိုဆိုင် ရဲ့ ငွေသိမ်းကောင်တာ တွင် ကြည့်မှန် ကြီး တစ်ချပ် ချိတ်ထားခြင်းဖြင့် စီးပွားတတ်ခြင်း ဝင်ငွေနှစ်ဆ တိုးပွားခြင်းတွေဖြစ်ပေါ် လာတော့ တာပါပဲ။

ဘော်ဒါဆောင်တွေ၊ ကိုယ်ပိုင် အထက်တန်းကျောင်းတွေ ၊ကျူရှင်တွေ မူကြိုကျောင်းတွေ မှာ ကျောင်းသား နည်းနေတယ် ဆိုရင်တော့ Canteen လိုနေရာမျိုး မှာ ကြည့်မှန်ကြီးကြီး တစ်ချပ် ချိတ်ဆွဲထားခြင်းဖြင့် ကျောင်း သား ဦးရေ တိုးပွားလာပါလိမ့်မယ်။

ဝန်ထမ်းများများ ရှိတဲ့ ကုမ္ပဏီတွေ အလုပ်ရုံတွေ ဝပ်ရှော့တွေ စက်ရုံတွေ ဝန်ထမ်း မမြဲတာ မျိုးကြုံရပြီ ဆို ရင်တော့ dinning room လိုနေရာမျိုး မှာ မှန်တစ်ချပ် ချိတ်ဆွဲ ထားလိုက်ပါဗျ။ ဝန်ထမ်းမြဲလာပါလိမ့်မယ်။

မိမိတို့နေသော အိမ်ဟာ လှေဦးတိုက် လှည်းဦးတိုက် ဟုခေါ်သော T ပုံစံ လမ်းထိပ် တည့်တည့်တွင် ရှိနေ ခဲ့ပါက ကြည့်မှန် တစ်ချပ် ကို ဝင်ပေါက် ထိပ်တွင် တပ်ဆင်ထားခြင်း ဒါမှ မဟုတ်လမ်းဆုံထိပ် မှာရေချမ်း စင်လေး တည်ပေးထားခြင်းဖြင့် ကံကြမ္မာ အညံ့ အဆိုးတွေမှ လွတ်ကင်းစေပါလိမ့်မယ်ဗျ။

ဒီလောက် ဆိုရင်တော့ မှန်တစ်ချပ် နဲ့ ဓာတ်ဆင်ပုံ ဆင်နည်းတွေ ကို သိလောက်ပြီထင်ပါတယ်ဗျ။ အားလုံး သာယာချမ်းမြေ့တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ........

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ငြိမ်းအေးလူ

[Zawgyi]





















Credit: ငြိမ်းအေးလူ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service