သိကြားမင်းတားရင်တောင် မရနိုင်တဲ့ လောဘတွေ

သိကြားမင်းတားရင်တောင် မရနိုင်တဲ့ လောဘတွေ - Property Knowledge in Myanmar from iMyanmarHouse.com
28 Nov 2020 10:41 am တွင် တင်ခဲ့သည်
1150 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

သင်္ကြန်ကာလအတွင်းမှာ သန်လျင်ဖားအောက်တောရရိပ်သာ တရားစခန်းဝင်နေတာမို့ မိတ်ဟောင်းမိတ်ဆွေသစ်တွေနဲ့ အဆက်ဖြတ်သွားပါတယ်။ သင်္ကြန်းရက်မှာတော့ ဘယ်သူမှ အရောင်းအဝယ် လုပ်ကြမှာ မဟုတ်ပါဘူးလို့ စိတ်ကို ဖြေသိမ့်လိုက်မှ တရားအပေါ် အာရုံစူးစိုတ်ပြီသမာဓိကို ထူထောင်နိုင်လာပါတယ်။ စာရေးသူလိုပဲ အခြားသူတွေလည်း တရားနဲ့ မွေ့လျော်ပြီး ဆိတ်ငြိမ်ရာအရပ်မှာလာပြီး အေးချမ်းစွာ တရားရှုမှတ်နေကြပါတယ်။

သိကြားမင်းတားရင်တောင် မဖျက်နိုင်တဲ့ လောဘတွေ

အဲ…နှစ်ဆန်းတစ်ရက်နေ့မှာတော့ အားလုံးနီးပါး ပြန်ကုန်ကြပါတယ်။တရားနဲ့ နေရတာ စိတ်ချမ်းသားလွန်းလို့ တစ်ရက်လောက်တိုးပြီး တရားအားထုတ်ကြပါဦးလို့ သိကြားမင်းက ဆင်းတားရင်တောင် နေချင်ကြမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ပုထုဇဉ်လူသားတို့သဘာဝ ၊ သားရေး၊ သမီးရေး ၊ စီးပွားရေးတို့နဲ့သာ ပျော်မွေ့နေကြသူတွေ ဖြစ်နေလေတော့ လောဘ၊ ဒေါသ ၊ မောဟတရားတွေ ပယ်သတ်နိုင်ပါက ချမ်းသာသုခအမြိုက် နိဗ္ဗာန်အထိရောက်မှန်းသိရင်လည်း အားမထုတ်ချင်ကြဘူး။ အကြောင်းအမျိုးမျိုးပြပြီး ရိပ်သာမှ ပြန်ထွက်ပြန်ထွက်ခဲ့ကြတယ်။

လိုချင်မှု(လောဘ)နဲ့ မလိုချင်မှု (အလောဘ)တို့ အားပြိုင်ခန်း

စာရေးသူလည်း တစ်ရက်လောက်ပိုပြီးအားထုတ်နိုင်ရင် တစ်ရက်အပူပိုငြိမ်းတာပဲဆိုတဲ့ “ ဇွဲ ” နဲ့ တစ်ရက်ပိုပြီး အားထုတ်လိုက်ပါသေတယ်။ ဒါပေမဲ့ နှစ်ဆန်း (၂) ရက်နေ့ ရောက်တယ်ဆိုရင်ပဲ ကောင်းကောင်းအားထုတ်လို့ မရတော့ပါဘူး။ မိတ်ဟောင်းဆွေဟောင်းတွေက အိမ်ခြံမြေတိုက်ခန်းနဲ့ ပတ်သက်ပြီး သိချင်တာတွေ ဖုန်းဆက်လာကြပါတော့တယ်။

ဖုန်းဆက်သူတွေထဲမှာ “ မြေနဲ့အိမ်ဝယ်ဖို့ သွားကြည့်တဲ့အခါ ဂရန်မိတ္တူနဲ့ရောင်းတာဖြစ်လို့ ကိုယ့်အမည်ပေါက်ရအောင် ဘယ်လိုဆောင်ရွက်မှာလဲ ” လို့ မေးတဲ့သူလည်း ရှိတယ်။နောက်တစ်ဦးကတော့ ပဲခူးမြို့က ဆရာဝန်တစ်ယောက်ဖြစ်နေတယ်။ ပဲခူးမြို့နယ်လမ်းမကြီးဘေးက ဘိုဘွားပိုင်ခြံကြီးကို ရောင်းချလို့ အလုပ်လာအပ်တာပါ။ပိုင်ဆိုင်မှု စာချုပ်စာတမ်းတွေနဲ့ တိုက်အိမ်ပုံတွေကို Viber က ပို့လ်ိုက်လို့ ကြည့်ရသေးတယ် ။အမြန်ရောင်းချင်နေတာဖြစ်မယ်။ စာရေးသူက ကြော်ငြာပြီး ပြန်ရောင်းပေးဖို့ အကူအညီတောင်းလာတာ ဖြစ်တယ်။ ဧကဝက်လောက်ရှိတဲ့ ခြံကျယ်ကြီးထဲမှာ (၂)ထပ်တိုက်ကြီး အပြည့်ဆောက်ထားတယ်။ ရောင်းဈေးက သိန်း (၈၀၀၀) တဲ့။

အလို… ။ သိန်းရှစ်ထောင်ရှိတဲ့ ခြံနဲ့တိုက်များ ရောင်းပေးနိုင်မယ်ဆိုရင် ပွဲစားခ ၂% ရာခိုင်နှုန်းရမှာဆိုတော့ အလိုလိုနေရင်း သိန်း (၁၆၀) ရမှာလေ။ ဘိုးဘိုးအောင်မတဲ့ကိန်းဆိုက်ပြီပေါ့။ ပုထုဇဉ်လောဘသားမို့ လိုချင်တဲ့စိတ်က တားမရဘူး။ ကလိကလိဖြစ်လာတယ်။ ကြိုးစားပြီး တရားအားထုတ်ကြည့်ပေမယ့် အာရုံထဲမှာ သိန်း (၁၆၀) ဆိုတဲ့ ငွေထုတ်င်္ကြိးက ခဏခဏပေါ်လာတယ်။

ဒါဆိုရင်တော့ ရိပ်သာထဲမှာ ဆက်ပြီး အားထုတ်လို့ မဖြစ်တော့ဘူး။ ပဲခူးက ဘိုးဘွားပိုင်ခြံကြီး အမြန်ရောင်းထွက်နိုင်ဖို့ အရေး မိတ်ဟောင်းမိတ်သစ်တွေနဲ့ အမြန်ဆုံး အဆက်အသွယ်လုပ်ပေးတော့မှ ဖြစ်မယ်ဆိုတဲ့ လောဘစိတ်နဲ့ ရိပ်သာက ထွက်ခဲ့ပါတော့တယ်။

အိမ်ရောက်တာနဲ့ နောက်တစ်ဦးက ဖုန်းဆက်လာပြန်ပါပြီ။ ကျွန်ပ်ရဲ့ မဟာအကျိုးဆောင်ကြီး “ ကိုဟန်စိုး ” ဖြစ်နေပါတယ်။သူရဲ့ မိတ်ဆွေက “ စမ်းချောင်းမြို့နယ်မှာ တိုက်ခန်းပထမထပ်ကို ဝယ်မယ်။ တန်ဖိုးက သိန်း (၂၅၀)နဲ့ ရမယ်တဲ့။ အဲဒါ တိုက်ခန်းဖိုး စရန်ငွေပေးတဲ့နေ့မှာ ရှေ့နေကြီး လိုက်ပါဆောင်ရွက်ပေးဖို့ အကြောင်းကြားတာပါလို့ ပြောပါတယ်။ဒီလိုသတင်းကောင်းတွေ ကြားရတော့ ဒါဟာ တရားအားထုတ်လိုက်တဲ့ အကျိုးကျေးဇူးတွေပဲလို့ ယုံကြည်မိပါတယ်။

ဒီလို အိမ်ခြံမြေတိုက်ခန်းစာချုပ်ပေးဖို့ ဖိတ်ခေါ်သံတွေ ကြားရတဲ့အခါ ဟန်ပင်မဆောင်နိုင်တော့ပါ။ဒါဘာကြောင့်လဲ။ လိုချင်မှုလောဘက နိုင်သွားလို့ပါ။ဒီတော့ ဂရန်မြေ ဝယ်ချင်သူကိုလည်း အခုလို ရှင်းပြရသေးတယ်။

ဂရန်မိတ္တူနဲ့ မြေနဲ့အိမ်ကို ဝယ်ချင်သူ

ဂရန်မိတ္တူကို ဝယ်တယ်ဆိုတာ (၄၀x၆၀)ပေ မြေကွက်ကို တစ်ဝက် (၂၀x၆၀)ပေ ခွဲဝေတာမျိုး ဖြစ်ရပါမယ်။ ဒါဆိုရင် ကျန်တစ်ဝက် (၂၀x၆၀)ပေ ခွဲဝယ်တာမျိုး ဖြစ်ရပါမယ်။ဒါဆိုရင် ကျန်တစ်ဝက် (၂၀x၆၀)ပေ ပိုင်သူနဲ့ (၂)ဦးပေါင်းပြီး ဂရန်အမည်ပေါက်ဖြစ်အောင် ပြန်လျှောက်ရတယ်။ အမည်ပေါက်မပြောင်းခင် ဂရန်အမည်ပေါက်ထဲက အထူးကိုယ်စားလှယ်လွဲ လျှောက်ရတယ်။ အမည်မပြောင်းခင် ဂရန်အမည်ပေါက်ထံက အထူးကိုယ်စားလှယ်လွှဲစာ ယူတာတို့၊ မြို့တော်ခန်းမမှာ အရောင်းမြေပုံကူးတာတို့၊ အခွန်ရုံးမှာ အခွန်ဆောင်တာတို့ ၊ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်တာကိုလည်း အဆင့်ဆင့်လုပ်ရသေးတယ်။ ဂရန်မှာ နှစ်ဦးအမည်ပေါက်တော့မှ ဂရန်ခွဲလျှောက်ပြီး (၂၀x၆၀)ပေ မိမိအမည်ပေါက်ဂရန်တစ်အုပ်စီ ရတယ်လို့ ရှင်းပြပေးလိုက်ပါတယ်။

စမ်းချောင်းက တိုက်ခန်းသတင်းကလည်း အထူးအဆန်းပါလား

စမ်းချောင်းမှာ တိုက်ခန်းဝယ်မယ်ကိစ္စကလည်း စာချုပ်လိုက်ပေးဖို့ အဆင်သင့်ပြင်ဆင်ထားပေးမယ့် ပွဲစားကြီးထံက ဖုန်းပြန်ဆက်လာပါတယ်။ရောင်းမယ့်သူထံကို ကျွန်တော်တို့ ရှေ့နေခေါ်လာပြီး လာတွေ့မယ်၊ စာရွက်စာတမ်းတွေ အရင်ကြိုတင်စစ်ဆေးကြည့်မယ်။ခိုင်မာတယ်။ပြည့်စုံတယ်။ အရှုပ်အရှင်းကင်းတယ်ဆိုရင် စရန်ငွေလက်ချမယ်၊ ပြီးတော့ ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာမှာ ကန့်ကွက်ရန်ရှိမရှိ (၁၄)ရက်ကြော်ငြာမယ်။ တစ်လပြည့်တဲ့နေ့မှာ ကျန်ငွေပေးချေးမယ်လည်းပြောရော ရောင်းသူက ခရီးလွန်နေတယ်။ခရီးကပြန်လာမှ ပြန်လည်ဆက်သွယ်မယ်ဆိုပြီး အဆက်အသွယ် ဖြတ်သွားတယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့ အသေအချာ စုံစမ်းကြည့်တော့ အခုရောင်းမယ့်သူတွေက လွန်ခဲ့တဲ့ (၅)နှစ်လောက်ကထဲက အဲဒီတိုက်မှာ ငှားနေတဲ့ အိမ်ငှါးတွေတဲ့။ပိုင်ရှင်လို့အားလုံးက ထင်နေတဲ့အချိန်မှာ ဈေးလျှော့ရောင်းပြီး ထွက်သွားကြဖို့ အစီအစဉ်ရှိတယ် ကြားတာနဲ့ ကျွန်တော့်မိတ်ဆွေလည်း မဝယ်ရဲလို့ ပွဲဖျက်လိုက်တယ် အစ်ကိုရေ……လို့ အကြောင်းပြန်ပါတယ်။

ဟင်း…..သင်္ကြန်ကျော်ကာလ မျှော်လင့်ချက်တစ်ခုတော့ ပျက်သွားပြန်ပြီ။ ဂရန်၊ မိတ္တူ ၊ မြေနဲ့ အိမ်ဝယ်လိုသူ အလာကို စောင့်ရင်း ပဲခူးက ဘိုးဘွားပိုင်ခြံကြီး ရောင်းထွက်ဖို့အရေး မိတ်ဟောင်းမိတ်ဆွေတွေကို အသိပေးပြီး အမြန်ရောင်းထွက်နိုင်ဖို့အရေး ကြိုးစားရင် နားဦးမယ်…..

နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

 

[Zawgyi]

သိၾကားမင္းတားရင္ေတာင္ မရႏိုင္တဲ့ ေလာဘေတြ

သၾကၤန္ကာလအတြင္းမွာ သန္လ်င္ဖားေအာက္ေတာရရိပ္သာ တရားစခန္းဝင္ေနတာမို႕ မိတ္ေဟာင္းမိတ္ေဆြသစ္ေတြနဲ႕ အဆက္ျဖတ္သြားပါတယ္။ သၾကၤန္းရက္မွာေတာ့ ဘယ္သူမွ အေရာင္းအဝယ္ လုပ္ၾကမွာ မဟုတ္ပါဘူးလို႕ စိတ္ကို ေျဖသိမ့္လိုက္မွ တရားအေပၚ အာရုံစူးစိုတ္ျပီသမာဓိကို ထူေထာင္ႏိုင္လာပါတယ္။ စာေရးသူလိုပဲ အျခားသူေတြလည္း တရားနဲ႕ ေမြ႕ေလ်ာ္ျပီး ဆိတ္ျငိမ္ရာအရပ္မွာလာျပီး ေအးခ်မ္းစြာ တရားရႈမွတ္ေနၾကပါတယ္။

သိၾကားမင္းတားရင္ေတာင္ မဖ်က္ႏိုင္တဲ့ ေလာဘေတြ

အဲ…နွစ္ဆန္းတစ္ရက္ေန႕မွာေတာ့ အားလံုးနီးပါး ျပန္ကုန္ၾကပါတယ္။တရားနဲ႕ ေနရတာ စိတ္ခ်မ္းသားလြန္းလို႕ တစ္ရက္ေလာက္တိုးျပီး တရားအားထုတ္ၾကပါဦးလို႕ သိၾကားမင္းက ဆင္းတားရင္ေတာင္ ေနခ်င္ၾကမွာ မဟုတ္ဘူးလို႕ ထင္ပါတယ္။ပုထုဇဥ္လူသားတို႕သဘာဝ ၊ သားေရး၊ သမီးေရး ၊ စီးပြားေရးတို႕နဲ႕သာ ေပ်ာ္ေမြ႕ေနၾကသူေတြ ျဖစ္ေနေလေတာ့ ေလာဘ၊ ေဒါသ ၊ ေမာဟတရားေတြ ပယ္သတ္ႏိုင္ပါက ခ်မ္းသာသုခအျမိဳက္ နိဗၺာန္အထိေရာက္မွန္းသိရင္လည္း အားမထုတ္ခ်င္ၾကဘူး။ အေၾကာင္းအမ်ိဳးမ်ိဳးျပျပီး ရိပ္သာမွ ျပန္ထြက္ျပန္ထြက္ခဲ့ၾကတယ္။

လိုခ်င္မႈ(ေလာဘ)နဲ႕ မလိုခ်င္မႈ (အေလာဘ)တို႕ အားျပိဳင္ခန္း

စာေရးသူလည္း တစ္ရက္ေလာက္ပိုျပီးအားထုတ္ႏိုင္ရင္ တစ္ရက္အပူပိုျငိမ္းတာပဲဆိုတဲ့ “ ဇြဲ ” နဲ႕ တစ္ရက္ပိုျပီး အားထုတ္လိုက္ပါေသတယ္။ ဒါေပမဲ့ နွစ္ဆန္း (၂) ရက္ေန႕ ေရာက္တယ္ဆိုရင္ပဲ ေကာင္းေကာင္းအားထုတ္လို႕ မရေတာ့ပါဘူး။ မိတ္ေဟာင္းေဆြေဟာင္းေတြက အိမ္ျခံေျမတိုက္ခန္းနဲ႕ ပတ္သက္ျပီး သိခ်င္တာေတြ ဖုန္းဆက္လာၾကပါေတာ့တယ္။

ဖုန္းဆက္သူေတြထဲမွာ “ ေျမနဲ႕အိမ္ဝယ္ဖို႕ သြားၾကည့္တဲဲ့အခါ ဂရန္မိတၱဴနဲ႕ေရာင္းတာျဖစ္လို႕ ကိုယ့္အမည္ေပါက္ရေအာင္ ဘယ္လိုေဆာင္ရြက္မွာလဲ ” လို႕ ေမးတဲ့သူလည္း ရွိတယ္။ေနာက္တစ္ဦးကေတာ့ ပဲခူးျမိဳ႕က ဆရာဝန္တစ္ေယာက္ျဖစ္ေနတယ္။ ပဲခူးျမိဳ႕နယ္လမ္းမၾကီးေဘးက ဘိုဘြားပိုင္ျခံၾကီးကို ေရာင္းခ်လို႕ အလုပ္လာအပ္တာပါ။ပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္းေတြနဲ႕ တိုက္အိမ္ပံုေတြကို Viber က ပို႕လို္က္လို႕ ၾကည့္ရေသးတယ္ ။အျမန္ေရာင္းခ်င္ေနတာျဖစ္မယ္။ စာေရးသူက ေၾကာ္ျငာျပီး ျပန္ေရာင္းေပးဖို႕ အကူအညီေတာင္းလာတာ ျဖစ္တယ္။ ဧကဝက္ေလာက္ရွိတဲ့ ျခံက်ယ္ၾကီးထဲမွာ (၂)ထပ္တိုက္ၾကီး အျပည့္ေဆာက္ထားတယ္။ ေရာင္းေဈးက သိန္း (၈၀၀၀) တဲ့။

အလို… ။ သိန္းရွစ္ေထာင္ရွိတဲ့ ျခံနဲ႕တိုက္မ်ား ေရာင္းေပးႏိုင္မယ္ဆိုရင္ ပြဲစားခ ၂% ရာခိုင္နႈန္းရမွာဆိုေတာ့ အလိုလိုေနရင္း သိန္း (၁၆၀) ရမွာေလ။ ဘိုးဘိုးေအာင္မတဲ့ကိန္းဆိုက္ျပီေပါ့။ ပုထုဇဥ္ေလာဘသားမို႕ လိုခ်င္တဲ့စိတ္က တားမရဘူး။ ကလိကလိျဖစ္လာတယ္။ ၾကိဳးစားျပီး တရားအားထုတ္ၾကည့္ေပမယ့္ အာရုံထဲမွာ သိန္း (၁၆၀) ဆိုတဲ့ ေငြထုတ္ၾကၤိးက ခဏခဏေပၚလာတယ္။

ဒါဆိုရင္ေတာ့ ရိပ္သာထဲမွာ ဆက္ျပီး အားထုတ္လို႕ မျဖစ္ေတာ့ဘူး။ ပဲခူးက ဘိုးဘြားပိုင္ျခံၾကီး အျမန္ေရာင္းထြက္ႏိုင္ဖို႕ အေရး မိတ္ေဟာင္းမိတ္သစ္ေတြနဲ႕ အျမန္ဆံုး အဆက္အသြယ္လုပ္ေပးေတာ့မွ ျဖစ္မယ္ဆိုတဲ့ ေလာဘစိတ္နဲ႕ ရိပ္သာက ထြက္ခဲ့ပါေတာ့တယ္။

အိမ္ေရာက္တာနဲ႕ ေနာက္တစ္ဦးက ဖုန္းဆက္လာျပန္ပါျပီ။ ကၽြန္ပ္ရဲ႕ မဟာအက်ိဳးေဆာင္ၾကီး “ ကိုဟန္စိုး ” ျဖစ္ေနပါတယ္။သူရဲ႕ မိတ္ေဆြက “ စမ္းေခ်ာင္းျမိဳ႕နယ္မွာ တိုက္ခန္းပထမထပ္ကို ဝယ္မယ္။ တန္ဖိုးက သိန္း (၂၅၀)နဲ႕ ရမယ္တဲ့။ အဲဒါ တိုက္ခန္းဖိုး စရန္ေငြေပးတဲ့ေန႕မွာ ေရွ႕ေနၾကီး လိုက္ပါေဆာင္ရြက္ေပးဖို႕ အေၾကာင္းၾကားတာပါလို႕ ေျပာပါတယ္။ဒီလိုသတင္းေကာင္းေတြ ၾကားရေတာ့ ဒါဟာ တရားအားထုတ္လိုက္တဲ့ အက်ိဳးေက်းဇူးေတြပဲလို႕ ယံုၾကည္မိပါတယ္။

ဒီလို အိမ္ျခံေျမတိုက္ခန္းစာခ်ဳပ္ေပးဖို႕ ဖိတ္ေခၚသံေတြ ၾကားရတဲ့အခါ ဟန္ပင္မေဆာင္ႏိုင္ေတာ့ပါ။ဒါဘာေၾကာင့္လဲ။ လိုခ်င္မႈေလာဘက ႏိုင္သြားလို႕ပါ။ဒီေတာ့ ဂရန္ေျမ ဝယ္ခ်င္သူကိုလည္း အခုလို ရွင္းျပရေသးတယ္။

ဂရန္မိတၱဴနဲ႕ ေျမနဲ႕အိမ္ကို ဝယ္ခ်င္သူ

ဂရန္မိတၱဴကို ဝယ္တယ္ဆိုတာ (၄၀x၆၀)ေပ ေျမကြက္ကို တစ္ဝက္ (၂၀x၆၀)ေပ ခြဲေဝတာမ်ိဳး ျဖစ္ရပါမယ္။ ဒါဆိုရင္ က်န္တစ္ဝက္ (၂၀x၆၀)ေပ ခြဲဝယ္တာမ်ိဳး ျဖစ္ရပါမယ္။ဒါဆိုရင္ က်န္တစ္ဝက္ (၂၀x၆၀)ေပ ပိုင္သူနဲ႕ (၂)ဦးေပါင္းျပီး ဂရန္အမည္ေပါက္ျဖစ္ေအာင္ ျပန္ေလွ်ာက္ရတယ္။ အမည္ေပါက္မေျပာင္းခင္ ဂရန္အမည္ေပါက္ထဲက အထူးကိုယ္စားလွယ္လြဲ ေလွ်ာက္ရတယ္။ အမည္မေျပာင္းခင္ ဂရန္အမည္ေပါက္ထံက အထူးကိုယ္စားလွယ္လႊဲစာ ယူတာတို႕၊ ျမိဳ႕ေတာ္ခန္းမမွာ အေရာင္းေျမပံုကူးတာတို႕၊ အခြန္ရုံးမွာ အခြန္ေဆာင္တာတို႕ ၊ မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္တာကိုလည္း အဆင့္ဆင့္လုပ္ရေသးတယ္။ ဂရန္မွာ နွစ္ဦးအမည္ေပါက္ေတာ့မွ ဂရန္ခြဲေလွ်ာက္ျပီး (၂၀x၆၀)ေပ မိမိအမည္ေပါက္ဂရန္တစ္အုပ္စီ ရတယ္လို႕ ရွင္းျပေပးလိုက္ပါတယ္။

စမ္းေခ်ာင္းက တိုက္ခန္းသတင္းကလည္း အထူးအဆန္းပါလား

စမ္းေခ်ာင္းမွာ တိုက္ခန္းဝယ္မယ္ကိစၥကလည္း စာခ်ဳပ္လိုက္ေပးဖို႕ အဆင္သင့္ျပင္ဆင္ထားေပးမယ့္ ပြဲစားၾကီးထံက ဖုန္းျပန္ဆက္လာပါတယ္။ေရာင္းမယ့္သူထံကို ကၽြန္ေတာ္တို႕ ေရွ႕ေနေခၚလာျပီး လာေတြ႕မယ္၊ စာရြက္စာတမ္းေတြ အရင္ၾကိဳတင္စစ္ေဆးၾကည့္မယ္။ခိုင္မာတယ္။ျပည့္စံုတယ္။ အရႈပ္အရွင္းကင္းတယ္ဆိုရင္ စရန္ေငြလက္ခ်မယ္၊ ျပီးေတာ့ ေၾကးမံုနဲ႕ ျမန္မာ့အလင္းသတင္းစာမွာ ကန္႕ကြက္ရန္ရွိမရွိ (၁၄)ရက္ေၾကာ္ျငာမယ္။ တစ္လျပည့္တဲ့ေန႕မွာ က်န္ေငြေပးေခ်းမယ္လည္းေျပာေရာ ေရာင္းသူက ခရီးလြန္ေနတယ္။ခရီးကျပန္လာမွ ျပန္လည္ဆက္သြယ္မယ္ဆိုျပီး အဆက္အသြယ္ ျဖတ္သြားတယ္လို႕ ဆိုပါတယ္။

ကၽြန္ေတာ္တို႕ အေသအခ်ာ စံုစမ္းၾကည့္ေတာ့ အခုေရာင္းမယ့္သူေတြက လြန္ခဲ့တဲ့ (၅)နွစ္ေလာက္ကထဲက အဲဒီတိုက္မွာ ငွားေနတဲ့ အိမ္ငွါးေတြတဲ့။ပိုင္ရွင္လို႕အားလံုးက ထင္ေနတဲ့အခ်ိန္မွာ ေဈးေလွ်ာ့ေရာင္းျပီး ထြက္သြားၾကဖို႕ အစီအစဥ္ရွိတယ္ ၾကားတာနဲ႕ ကၽြန္ေတာ့္မိတ္ေဆြလည္း မဝယ္ရဲလို႕ ပြဲဖ်က္လိုက္တယ္ အစ္ကိုေရ……လို႕ အေၾကာင္းျပန္ပါတယ္။

ဟင္း…..သၾကၤန္ေက်ာ္ကာလ ေမွ်ာ္လင့္ခ်က္တစ္ခုေတာ့ ပ်က္သြားျပန္ျပီ။ ဂရန္၊ မိတၱဴ ၊ ေျမနဲ႕ အိမ္ဝယ္လိုသူ အလာကို ေစာင့္ရင္း ပဲခူးက ဘိုးဘြားပိုင္ျခံၾကီး ေရာင္းထြက္ဖို႕အေရး မိတ္ေဟာင္းမိတ္ေဆြေတြကို အသိေပးျပီး အျမန္ေရာင္းထြက္ႏိုင္ဖို႕အေရး ၾကိဳးစားရင္ နားဦးမယ္…..

နွစ္သစ္မွာ မဂၤလာအေပါင္းနဲ႕ျပည့္စံုၾကပါေစ

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service