Covid-19 ကူးစက်ခံရပြီးသည့် မိခင်တို့၏ နို့ရည်တွင် ရောဂါတိုက်ဖျက်နိုင်သည့် ပဋိပစ္စည်းများပါဝင်ကြောင်းလေ့လာတွေ့ရှိ

Covid-19 ကူးစက်ခံရပြီးသည့် မိခင်တို့၏ နို့ရည်တွင် ရောဂါတိုက်ဖျက်နိုင်သည့် ပဋိပစ္စည်းများပါဝင်ကြောင်းလေ့လာတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
26 Nov 2020 11:18 am တွင် တင်ခဲ့သည်
1095 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Covid-19 ကူးစက်ခံရပြီးသည့် မိခင်တို့၏ နို့ရည်တွင် SARS-CoV-2 ဗိုင်းရပ်စ် ကူးစက်မှုကိုတုံ့ပြန်ရန်အတွက် အားကောင်းသည့် ပဋိပစ္စည်းများပါဝင်နေနိုင်ကြောင်းအမျိုးသမီး ၁၅ ဦးကိုလေ့လာခဲ့သည့် လေ့လာချက်သစ်တစ်ရပ်တွင် တွေ့ရှိခဲ့သည်။

COVID-19 ရောဂါကူးစက်ခံရမှုမှ သက်သာပျောက်ကင်းချိန်တွင် ကလေးနို့တိုက်နေရသောအမျိုးသမီးတို့၏ နို့ရည်နမူနာအားလုံးတွင် ကိုရိုနာဗိုင်းရပ်စ်၏ ဆူးချွန်ပရိုတိန်းကိုတုံ့ပြန်နိုင်သည့် ပဋိပစ္စည်းများပါဝင်နေသည်ကိုတွေ့ရကြောင်း နိုဝင်ဘာလထုတ် iScienceမဂ္ဂဇင်းတွင် သုတေသနပညာရှင်များကရေးသားတင်ပြခဲ့ကြသည်။

မိခင်နို့ရည်တွင် ဗိုင်းရပ်စ်ကိုချေမှုန်းနိုင်သည့် ပဋိပစ္စည်းများပါဝင်နေသည်ကိုစမ်းသပ်တွေ့ရှိခြင်းမှာမိခင်များအနေဖြင့် ၎င်းတို့၏ ရင်သွေးတို့ကိုဗိုင်းရပ်စ်မှ ရောဂါပြီးမှု လက်ဆင့်ကမ်းပေးနိုင်သည်အား ပြသနေသည်။

ယခုတွေ့ရှိချက်ကြောင့် အမျိုးသမီးများအနေဖြင့် ကပ်ဘေးကာလအတွင်းစိတ်ချလက်ချ နို့တိုက်နိုင်သည့် ခံစားချက်ကိုရရှိနိုင်မည်ဖြစ်ကြောင်းအမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သားသမီးမွေးဖွားချိန်ကာလရောဂါဗေဒပညာရှင် ခရစ္စတီးနားချိန်ဘာစ်ကThe Scientistသို့ ပြောသည်။

ထို့အပြင် နို့တိုက်ခြင်းမှတဆင့် မိခင်မှ ကလေးသို့ SARS-CoV-2ဗိုင်းရပ်စ် ကူးစက်နိုင်သည်ဟူသောအထောက်အထားလည်းမရှိသေးကြောင်းခရစ္စတီးနားကပြောသည်။

သူမနှင့် အခြားပညာရှင်တို့သည် မိခင်နို့တွင် SARS-CoV-2 ဗိုင်းရပ်စ်၏ RNAရှိ၊ မရှိစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာပေါ့စတစ် ရလဒ် အချို့တွေ့ရှိသော်လည်းအသက်ရှိသောဗိုင်းရပ်စ်များမဟုတ်ကြောင်းတွေ့ရှိခဲ့သည်။

မိခင်နို့တွင် ပဋိပစ္စည်းတွေ့ရှိသည်ဟူသည့်အချက်မှာရင်သွေးငယ်များကိုဗိုင်းရပ်စ်မှ အကာအကွယ်ပေးသည်ဆိုခြင်းထက် ပိုမိုသည့် အသုံးဝင်မှုများရှိနိုင်သည်။

မိခင်နို့တွင်ရှိသောပဋိပစ္စည်းများကိုထုတ်ယူမည်ဆိုလျှင် လက်ရှိအသုံးပြုနေသည့် သွေးရည်ကြည်ကုထုံး (convalescent serum) နည်းတူ COVID-19ရောဂါကုထုံးတစ်ခုအဖြစ် အသုံးပြုလာနိုင်ဖွယ် ရှိသည်။

“ဒါပေမယ့် လူတွေ မေးခွန်းထုတ်တာကဒါကတကယ်ဖြစ်လာနိုင်မယ့်အရာလား..ဆိုတာပါ” ဟုယခုလေ့လာချက်ကိုပူးတွဲဦးဆောင်ခဲ့သောနယူးယောက်မြို့၊ Icahn School of Medicine မှ ကိုယ်ခံအားဆိုင်ရာပညာရှင် ရေဘက္ကာပါဝဲလ်ကပြောသည်။ မိခင်နို့၏ ရောဂါပြီးမှု အကျိုးကျေးဇူးများကိုကျယ်ကျယ်ပြန့်ပြန့် နားမလည်ကြသေးသောကြောင့် ဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်ရေးဆိုခြင်းအပေါ် ယခုတွေ့ရှိချက်ကကျော်လွှားနိုင်ဖွယ်မရှိကြောင်းရေဘက္ကာကပြောသည်။

ရေဘက္ကာသည် လူသားတို့မှ ရရှိသောမိခင်နို့၏ ရောဂါပြီးနိုင်မှုကိုလေ့လာနေခဲ့သည်မှာ ၄ နှစ်ရှိခဲ့ပြီဖြစ်သည်။

ယခုနှစ်စပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီးနယူးယောက်မြို့သို့ ဆိုက်ရောက်လာချိန်တွင် ရေဘက္ကာမှာရာသီတုပ်ကွေးကာကွယ်ဆေးကမိခင်နို့တွင် ကိုယ်ခံအားတုံ့ပြန်မှု မည်သို့ ပေါ်ပေါက်စေပုံကိုလေ့လာနေခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်းတွင် မိခင်နို့၌ SARS-CoV-2 ဗိုင်းရပ်စ်အပေါ် ကိုယ်ခံအားတုံ့ပြန်ပုံကိုပြောင်းလဲလေ့လာခဲ့ခြင်းဖြစ်ကြောင်းရေဘက္ကာကပြောသည်။

ယခုနှစ် ဧပြီလအစောပိုင်းတွင် ရေဘက္ကာနှင့် သုတေသနပညာရှင်အဖွဲ့သည် COVID-19 ရောဂါ သက်သာပျောက်ကင်းသွားကြသော နို့တိုက်မိခင်များထံမှ နို့ရည်နမူနာများစတင်ရယူစုဆောင်းရန် ခွင့်ပြုချက်ရရှိခဲ့သည်။

သုတေသနပညာရှင်တို့သည် ကိုရိုနာဗိုင်းရပ်စ် ပေါ့စတစ် စမ်းသပ်တွေ့ရှိခဲ့သောအမျိုးသမီး ၈ ဦးနှင့် ရောဂါကူးစက်ခံရကြောင်းသံသယရှိသော်လည်းစမ်းသပ်စစ်ဆေးမှု မပြုလုပ်ခဲ့သောအမျိုးသမီး ၇ ဦးထံမှ နို့ရည်နမူနာများရယူခဲ့ကြသည်။ အဆိုပါ ၁၅ ဦးလုံးသည် ထိုအချိန်ကမိခင်နို့ တိုက်ကျွေးနေရချိန်လည်း ဖြစ်သည်။

ရေဘက္ကာတို့အဖွဲ့သည် အဆိုပါနို့ရည်နမူနာများကိုကပ်ဘေးမတိုင်မီကရယူစုဆောင်းထားခဲ့သည့် နို့တိုက်မိခင်များထံမှ နို့ရည်များနှင့် နှိုင်းယှဉ်ကြည့်ခဲ့ကြသည်။

နို့ရည်တို့ကို enzyme-linked immunosorbent assay (ELISA)အသုံးပြုကာ immunoglobulin A (IgA)ပဋိပစ္စည်းရှိ၊ မရှိစမ်းသပ်ခဲ့ကြပြီးယင်းနောက်တွင် အဆိုပါပဋိပစ္စည်းတို့သည် SARS-CoV-2 ဗိုင်းရပ်စ်၏ ဆူးချွန်ပရိုတိန်းကိုထိန်းချုပ်နိုင်စွမ်းရှိ၊ မရှိလေ့လာစစ်ဆေးခဲ့ကြသည်။

ထိုသို့ လေ့လာစမ်းသပ်ချက်အရ COVID-19 ကူးစက်ခံရပြီးသက်သာပျောက်ကင်းလာသောအမျိုးသမီးတို့ထံမှ ရယူထားသည့် နို့ရည်နမူနာများအားလုံးတွင် SARS-CoV-2 (က်ိုရိုနာဗိုင်းရပ်စ်) ကိုထိန်းချုပ်နိုင်စွမ်းရှိကြောင်းတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Breast milk contains coronavirus antibodies, study suggests (sciencemag, the-scientist)

 

 

[Zawgyi]

Covid-19 ကူးစက္ခံရျပီးသည့္ မိခင္တို႔၏ ႏို႔ရည္တြင္ ေရာဂါတိုက္ဖ်က္ႏိုင္သည့္ ပဋိပစၥည္းမ်ားပါဝင္ေၾကာင္းေလ့လာေတြ႔ရွိ

Covid-19 ကူးစက္ခံရျပီးသည့္ မိခင္တို႔၏ ႏို႔ရည္တြင္ SARS-CoV-2 ဗိုင္းရပ္စ္ ကူးစက္မႈကိုတံု႔ျပန္ရန္အတြက္ အားေကာင္းသည့္ ပဋိပစၥည္းမ်ားပါဝင္ေနႏိုင္ေၾကာင္းအမ်ဳိးသမီး ၁၅ ဦးကိုေလ့လာခဲ့သည့္ ေလ့လာခ်က္သစ္တစ္ရပ္တြင္ ေတြ႔ရွိခဲ့သည္။

COVID-19 ေရာဂါကူးစက္ခံရမႈမွ သက္သာေပ်ာက္ကင္းခ်ိန္တြင္ ကေလးႏို႔တိုက္ေနရေသာအမ်ဳိးသမီးတို႔၏ ႏို႔ရည္နမူနာအားလံုးတြင္ ကိုရိုနာဗိုင္းရပ္စ္၏ ဆူးခၽြန္ပရိုတိန္းကိုတံု႔ျပန္ႏိုင္သည့္ ပဋိပစၥည္းမ်ားပါဝင္ေနသည္ကိုေတြ႔ရေၾကာင္း ႏိုဝင္ဘာလထုတ္ iScienceမဂၢဇင္းတြင္ သုေတသနပညာရွင္မ်ားကေရးသားတင္ျပခဲ့ၾကသည္။

မိခင္ႏို႔ရည္တြင္ ဗိုင္းရပ္စ္ကိုေခ်မႈန္းႏိုင္သည့္ ပဋိပစၥည္းမ်ားပါဝင္ေနသည္ကိုစမ္းသပ္ေတြ႔ရွိျခင္းမွာမိခင္မ်ားအေနျဖင့္ ၎တို႔၏ ရင္ေသြးတို႔ကိုဗိုင္းရပ္စ္မွ ေရာဂါျပီးမႈ လက္ဆင့္ကမ္းေပးႏိုင္သည္အား ျပသေနသည္။

ယခုေတြ႔ရွိခ်က္ေၾကာင့္ အမ်ဳိးသမီးမ်ားအေနျဖင့္ ကပ္ေဘးကာလအတြင္းစိတ္ခ်လက္ခ် ႏို႔တိုက္ႏိုင္သည့္ ခံစားခ်က္ကိုရရွိႏိုင္မည္ျဖစ္ေၾကာင္းအေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားတကၠသိုလ္မွ သားသမီးေမြးဖြားခ်ိန္ကာလေရာဂါေဗဒပညာရွင္ ခရစၥတီးနားခ်ိန္ဘာစ္ကThe Scientistသို႔ ေျပာသည္။

ထို႔အျပင္ ႏို႔တိုက္ျခင္းမွတဆင့္ မိခင္မွ ကေလးသို႔ SARS-CoV-2ဗိုင္းရပ္စ္ ကူးစက္ႏိုင္သည္ဟူေသာအေထာက္အထားလည္းမရွိေသးေၾကာင္းခရစၥတီးနားကေျပာသည္။

သူမႏွင့္ အျခားပညာရွင္တို႔သည္ မိခင္ႏို႔တြင္ SARS-CoV-2 ဗိုင္းရပ္စ္၏ RNAရွိ၊ မရွိစမ္းသပ္စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ရာေပါ့စတစ္ ရလဒ္ အခ်ဳိ႕ေတြ႔ရွိေသာ္လည္းအသက္ရွိေသာဗိုင္းရပ္စ္မ်ားမဟုတ္ေၾကာင္းေတြ႔ရွိခဲ့သည္။

မိခင္ႏို႔တြင္ ပဋိပစၥည္းေတြ႔ရွိသည္ဟူသည့္အခ်က္မွာရင္ေသြးငယ္မ်ားကိုဗိုင္းရပ္စ္မွ အကာအကြယ္ေပးသည္ဆိုျခင္းထက္ ပိုမိုသည့္ အသံုးဝင္မႈမ်ားရွိႏိုင္သည္။

မိခင္ႏို႔တြင္ရွိေသာပဋိပစၥည္းမ်ားကိုထုတ္ယူမည္ဆိုလွ်င္ လက္ရွိအသံုးျပဳေနသည့္ ေသြးရည္ၾကည္ကုထံုး (convalescent serum) နည္းတူ COVID-19ေရာဂါကုထံုးတစ္ခုအျဖစ္ အသံုးျပဳလာႏိုင္ဖြယ္ ရွိသည္။

“ဒါေပမယ့္ လူေတြ ေမးခြန္းထုတ္တာကဒါကတကယ္ျဖစ္လာႏိုင္မယ့္အရာလား..ဆိုတာပါ” ဟုယခုေလ့လာခ်က္ကိုပူးတြဲဦးေဆာင္ခဲ့ေသာနယူးေယာက္ျမိဳ႕၊ Icahn School of Medicine မွ ကိုယ္ခံအားဆိုင္ရာပညာရွင္ ေရဘကၠာပါဝဲလ္ကေျပာသည္။ မိခင္ႏို႔၏ ေရာဂါျပီးမႈ အက်ဳိးေက်းဇူးမ်ားကိုက်ယ္က်ယ္ျပန္႔ျပန္႔ နားမလည္ၾကေသးေသာေၾကာင့္ ဗိုင္းရပ္စ္ကာကြယ္ေဆးထုတ္ေရးဆိုျခင္းအေပၚ ယခုေတြ႔ရွိခ်က္ကေက်ာ္လႊားႏိုင္ဖြယ္မရွိေၾကာင္းေရဘကၠာကေျပာသည္။

ေရဘကၠာသည္ လူသားတို႔မွ ရရွိေသာမိခင္ႏို႔၏ ေရာဂါျပီးႏိုင္မႈကိုေလ့လာေနခဲ့သည္မွာ ၄ ႏွစ္ရွိခဲ့ျပီျဖစ္သည္။

ယခုႏွစ္စပိုင္းတြင္ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးၾကီးနယူးေယာက္ျမိဳ႕သို႔ ဆိုက္ေရာက္လာခ်ိန္တြင္ ေရဘကၠာမွာရာသီတုပ္ေကြးကာကြယ္ေဆးကမိခင္ႏို႔တြင္ ကိုယ္ခံအားတံု႔ျပန္မႈ မည္သုိ႔ ေပၚေပါက္ေစပံုကိုေလ့လာေနျခင္း ျဖစ္သည္။

ယင္းေနာက္ပိုင္းတြင္ မိခင္ႏို႔၌ SARS-CoV-2 ဗိုင္းရပ္စ္အေပၚ ကိုယ္ခံအားတံု႔ျပန္ပံုကိုေျပာင္းလဲေလ့လာခဲ့ျခင္းျဖစ္ေၾကာင္းေရဘကၠာကေျပာသည္။

ယခုႏွစ္ ဧျပီလအေစာပိုင္းတြင္ ေရဘကၠာႏွင့္ သုေတသနပညာရွင္အဖြဲ႔သည္ COVID-19 ေရာဂါ သက္သာေပ်ာက္ကင္းသြားၾကေသာ ႏို႔တိုက္မိခင္မ်ားထံမွ ႏို႔ရည္နမူနာမ်ားစတင္ရယူစုေဆာင္းရန္ ခြင့္ျပဳခ်က္ရရွိခဲ့သည္။

သုေတသနပညာရွင္တို႔သည္ ကိုရိုနာဗိုင္းရပ္စ္ ေပါ့စတစ္ စမ္းသပ္ေတြ႔ရွိခဲ့ေသာအမ်ဳိးသမီး ၈ ဦးႏွင့္ ေရာဂါကူးစက္ခံရေၾကာင္းသံသယရွိေသာ္လည္းစမ္းသပ္စစ္ေဆးမႈ မျပဳလုပ္ခဲ့ေသာအမ်ဳိးသမီး ၇ ဦးထံမွ ႏို႔ရည္နမူနာမ်ားရယူခဲ့ၾကသည္။ အဆိုပါ ၁၅ ဦးလံုးသည္ ထိုအခ်ိန္ကမိခင္ႏို႔ တိုက္ေကၽြးေနရခ်ိန္လည္း ျဖစ္သည္။

ေရဘကၠာတို႔အဖြဲ႔သည္ အဆိုပါႏို႔ရည္နမူနာမ်ားကိုကပ္ေဘးမတိုင္မီကရယူစုေဆာင္းထားခဲ့သည့္ ႏို႔တိုက္မိခင္မ်ားထံမွ ႏို႔ရည္မ်ားႏွင့္ ႏႈိင္းယွဥ္ၾကည့္ခဲ့ၾကသည္။

ႏို႔ရည္တို႔ကို enzyme-linked immunosorbent assay (ELISA)အသံုးျပဳကာ immunoglobulin A (IgA)ပဋိပစၥည္းရွိ၊ မရွိစမ္းသပ္ခဲ့ၾကျပီးယင္းေနာက္တြင္ အဆိုပါပဋိပစၥည္းတို႔သည္ SARS-CoV-2 ဗိုင္းရပ္စ္၏ ဆူးခၽြန္ပရိုတိန္းကိုထိန္းခ်ဳပ္ႏိုင္စြမ္းရွိ၊ မရွိေလ့လာစစ္ေဆးခဲ့ၾကသည္။

ထိုသို႔ ေလ့လာစမ္းသပ္ခ်က္အရ COVID-19 ကူးစက္ခံရျပီးသက္သာေပ်ာက္ကင္းလာေသာအမ်ဳိးသမီးတို႔ထံမွ ရယူထားသည့္ ႏို႔ရည္နမူနာမ်ားအားလံုးတြင္ SARS-CoV-2 (ကိ္ုရိုနာဗိုင္းရပ္စ္) ကိုထိန္းခ်ဳပ္ႏိုင္စြမ္းရွိေၾကာင္းေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Breast milk contains coronavirus antibodies, study suggests (sciencemag, the-scientist)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mingalar Market
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service