ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
အဗ္ဗဒူကာရင်မ်သည် ဝိတိုရိယဘုရင်မကြီး၏ အစေခံဖြစ်၏။ သို့သော် သူသည် ဘုရင်မကြီးအားအူရဒူဘာသာနေ့စဉ် သင်ကြားပေးနေရသဖြင့် ဆရာဆိုလျှင်လည်းဟုတ်၏။ ဗြိတိသျှ လက်အောက်မှ အိန္ဒိယတိုက်ငယ်နှင့် စပ်လျဉ်းသည့် အရေးအရာများကိုအကြံပေးနေရသည့်အတွက် အတိုင်ပင်ခံဆိုလျှင်လည်းမှန်၏။ ထို့အပြင် ဘုရင်မကြီးအားမဆလာနှင့် စတင်မိတ်ဆက်ပေးခဲ့သူလည်း ဖြစ်၏။
သူတို့နှစ်ဦးအကြားတွင် အလွန်နီးကပ်သော၊ တဏှာပေမကင်းသောအချစ်ရေးမျိုးရှိခဲ့သည်။
ဝိတိုရိယဘုရင်မကြီး၏ ချစ်လှစွာသော “မွန်ရှီ” [အူရဒူဘာသာအားဖြင့် ဆရာ (သို့မဟုတ်) စာရေးဟုအဓိပ္ပာယ်ရ] ဖြစ်သည့် ကာရင်မ်သည် အချို့သူများအတွက်မူစက်ဆုပ်ဖွယ်ရာ ဖြစ်နေခဲ့သည်။
တော်ဝင်မျိုးနွှယ်များကား ဗြိတိန်၏ ဘုရင်မကြီးနှင့် အိန္ဒိယအစေခံတစ်ဦးတို့အကြားကအချစ်ရေးမျိုးကိုလက်မခံနိုင်ကြချေ။ မည်သူမျှ လက်မခံစေကာမူဝိတိုရိယဘုရင်မကြီးကားဂရုစိုက်ဟန် မရှိ။ အနီးတွင် ဖြစ်နိုင်သမျှ ကာရင်မ်ရှိနေခြင်းကိုကျေနပ်နှစ်သိမ့်နေခဲ့သည်။
ဝိတိုရိယဘုရင်မကြီးကကာရင်မ်အားဆရာသဖွယ်၊ မိတ်ဆွေသဖွယ်၊ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ်သဖွယ် ဆက်ဆံရာသူမအတွက် ကာရင်မ်ကိုတချိန်လုံးဘေးတွင် လိုအပ်သည်ဆိုခြင်းကို ပြသနေသည်။
၁၉၀၁ ခုနှစ်တွင် ဝိတိုရိယဘုရင်မကြီးနတ်ရွာစံသောအခါ အင်္ဂလန်ပြည့်ရှင် အရိုက်အရာကိုဆက်ဆံသည့် သားတော် အက်ဒ်ဝပ် (၇) ဧကရာဇ်ကကာရင်မ်ကိုအိန္ဒိယသို့ ချက်ချင်းပြန်ရန် အမိန့်ထုတ်ခဲ့သည်။
ညီမတော် ဘီယယ်ထရစ် မင်းသမီးကလည်းဘုရင်မကြီးနှင့် ကာရင်မ်တို့အကြားရေးသားဆက်သွယ်ခဲ့သည့် ပေးစာအားလုံးကိုမီးရှို့ဖျက်ဆီးခဲ့၏။
ကာရင်မ်၏ အကြောင်းကိုတော်ဝင်မိသားစုကစေ့စပ်သေချာစွာအစဖျောက်ခဲ့ရာကာရင်မ်မှာ နှစ်ပေါင်း ၁၀၀ ခန့် သမိုင်းဖျောက်ဖျက်ခံလိုက်ရ၏။
သို့သော် သမိုင်းပညာရှင်ဖြစ်သောစာနယ်ဇင်းဆရာမရှရာဘာနီဘာဆူး (ShrabaniBasu) က ဝိတိုရိယဘုရင်မကြီး၏ နွေရာသီစံအိမ်တော်တွင် ထူးဆန်းသည့် သဲလွန်စတစ်ခုကိုစတင်တွေ့ရှိခဲ့သည်။
၁၉၉၀ ပြည့်လွန်ကာလများတွင် ဘာဆူးသည် သူမ၏ စာအုပ်သစ်အတွက် မဆလာ၏ သမိုင်းကြောင်းကိုသုတေသနလုပ်နေစဉ် ကာရင်မ်၏ ပန်းချီကားတစ်ချပ်ကိုတွေ့ရှိသွားခဲ့သည်။
အိန္ဒိယလူမျိုးအစေခံ၏ ရုပ်ပုံမှာအနီရောင်၊ ရွှေရောင်တို့တောက်ပကာလှပခန့်ညားစွာဖြင့် ပန်းချီကားထဲတွင် တွေ့ရပြီးလက်ထဲတွင်လည်းစာအုပ်တစ်အုပ်ကိုင်ထားဟန်ကိုတွေ့ရသည်။ ဘာဆူးသည် လွန်စွာစိတ်ဝင်စားသွားပြီးကာရင်မ်အကြောင်းလေ့လာစုံစမ်းမှုများစတင်ပြုလုပ်တော့သည်။
ပန်းချီကားတစ်ချပ်မှ စတင်ခဲ့သောဘာဆူး၏ လေ့လာစုံစမ်းမှုသည် “ဝိတိုရိယဘုရင်မကြီးနှင့် အဗ္ဗဒူ” (Victoria and Abdul )ဟူသောအမည်ဖြင့် ၂၀၁၀ ပြည့်နှစ်တွင် စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့သည့် အခြေအနေအထိရောက်ရှိသွားခဲ့သည်။ အဆိုပါဝတ္ထုကို ၂၀၁၇ ခုနှစ်တွင် ထိုအမည်ဖြင့်ပင် ဒါရိုက်တာStephen Frears က ရုပ်ရှင်ရိုက်ကူးခဲ့သည်။
မိုဟာမက် အဗ္ဗဒူကာရင်မ်သည် အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဥတာပရာဒက်ရှ်ပြည်နယ်၊ အဂ္ဂရာမြို့မှဖြစ်ပြီးဝင်ဆာရဲတိုက်ကြီးသို့ ၁၈၈၇ ခုနှစ်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီးဂုဏ်ပြုညစာစားပွဲတွင် ဘုရင်မကြီးအားအကူအညီပေးရန်အတွက် ဖြစ်သည်။
ဝိတိုရိယဘုရင်မကြီးသည် ထိုအချိန်တွင် သက်တော် ၆၈ နှစ်ရှိနေပြီဖြစ်ပြီးမကြာမီတွင်ပင် သူ၏အစေခံသစ်ကိုများစွာနှစ်သက်လာခဲ့သည်။
ဘာဆူး၏ စာအုပ်တွင် ရေးသားဖော်ပြချက်အရကာရင်မ်သည် ဆေးရုံဝန်ထမ်းတစ်ဦး၏ သားဖြစ်ပြီးသားဖြစ်သူကိုပညာသင်ကြားပေးရန် မော်လဝီ (မွတ်စလင် ဆရာ) တစ်ဦးငှားရမ်းခဲ့သည်ဟုဆိုသည်။
ကာရင်မ်သည် မော်လဝီဆရာ၏ သင်ကြားမှုအောက်တွင် အူရဒူနှင့် ပါရှားဘာသာစကားများကိုသင်ယူခဲ့သည်။
ယင်းနောက် အဂ္ဂရာမြို့ရှိအကျဉ်းထောင်တွင် စာရေးအဖြစ် စတင်အလုပ်လုပ်ကိုင်ရင်းအိန္ဒိယ၏ ဧကရီဘုရင်မလည်းဖြစ်သောဝိတိုရိယဘုရင်မကြီးထံတွင် အမှုတော်ထမ်းရန် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။
ကနဦးတွင် ကာရင်မ်သည် ဘုရင်မကြီး၏ နံနက်စာပွဲတော်တည်ရာတွင် တာဝန်ထမ်းဆောင်ရသော်လည်းလျင်မြန်စွာပင် ဘုရင်မကြီး၏ လူယုံတော်တစ်ဦး ဖြစ်လာခဲ့သည်။
၎င်းတို့နှင့် ပထမဆုံးတွေ့ဆုံမှုကိုဝိတိုရိယဘုရင်မကြီးကသူ၏နေ့စဉ်မှတ်တမ်းတွင် ဖော်ပြခဲ့ပုံမှာ “အခြားတစ်ဦးမှာများစွာပိုမိုငယ်ရွယ်ပြီးလေးနက်သောမျက်နှာထားအမှုအယာရှိသည်။ သူ၏ ဖခင်မှာအဂ္ဂရာမှ ဆရာဝန်တစ်ဦးဖြစ်သည်။ သူတို့နှစ်ဦးလုံး ကျွန်ုပ်၏ ခြေဖမိုးတော်ကိုနမ်းရှိုက်ခဲ့ကြသည်။”ဟု ဖြစ်သည်။
နောက်တစ်လအကြာတွင် ဘုရင်မကြီးကသူ၏ နေ့စဉ်မှတ်တမ်းတွင် ရေးသားခဲ့ပုံမှာဟိန္ဒူစတန်နီဘာသာစကားမှ စကားလုံးများစတင်လေ့လာနေကြောင်း၊ သူမ၏ အစေခံများကို ၎င်းတို့၏ ဘာသာစကားဖြင့် စကားပြောနိုင်လာလိမ့်မည်ဖြစ်ကြောင်းရေးသားခဲ့သည်။
ထိို့အပြင် အိန္ဒိယလူမျိုးတို့အကြောင်းပိုမိုလေ့လာနေကြောင်း၊ ၎င်းတို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှုကိုသူမအလွန်စိတ်ဝင်စားကြောင်းလည်းရေးသားထားသည်။
၁၈၈၇ ခုနှစ်၊ သြဂုတ်လကုန်ပိုင်းတွင်ကားဝိတိုရိယဘုရင်မကြီးကကာရင်မ်ကို “မွန်ရှီ”ဟုသူမ၏ နေ့စဉ်မှတ်တမ်းတွင် စတင်ရည်ညွှန်းလာခဲ့သည်။
ကာရင်မ်ကသူ၏ ကြုံတွေ့ခဲ့ရသည့် ဘဝအဖြစ်အပျက်များပြောပြကာဝိတိုရိယဘုရင်မကြီးအားကမ္ဘာသစ်တစ်ခုနှင့် မိတ်ဆက်ပေးခဲ့ရာဘုရင်မကြီးအနေဖြင့် ကိုယ်တိုင်မကြုံရနိုင်သောအဖြစ်အပျက်များကိုသိကြားခွင့်ရခဲ့၏။ ကာရင်မ်ကအိန္ဒိယယဉ်ကျေးမှုနှင့် နိုင်ငံရေးတို့တွင် အသိအမြင်ကြွယ်ဝမှုကြောင့် သူ၏ဘုရင်မကြီးအား နိုင်ငံခြားရေးကိစ္စများတွင် အကြံပေးနေရာသို့ ရောက်ရှိလာခဲ့သည်။
၎င်းတို့ နှစ်ဦးကြားတွင် တဏှာပေမမပါဝင်သောအချစ်ရေးရှိခဲ့ပြီးအတွေးအခေါ်၊ နိုင်ငံရေးနှင့် လက်တွေ့ဘဝဆွေးနွေးပြောဆိုမှုများတွင် စိတ်နှလုံးချင်းဆက်နွှယ်မိခဲ့ကြသည်။ ကာရင်မ်၏ ယုံကြည်စိတ်ချရမှုများအတွက် ဘုရင်မကြီးကသူ့အားလက်ဆောင်များ၊ ဘွဲ့ထူးဂုဏ်ထူးများချီးမြှင့်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် တော်ဝင်မိသားစုအကြားမကျေနပ်ချက်များပိုမိုကြီးထွားလာခဲ့သည်။
ပထမဦးစွာကာရင်မ်သည် တော်ဝင်မိသားစုအတွင်းတိုးတက်မှုများရှိခဲ့ပြီးမကြာမီတွင်ပင် အိန္ဒိယအမှုထမ်းအားလုံး၏ အကြီးအကဲ ဖြစ်လာခဲ့သည်။
ဝိတိုရိယဘုရင်မကြီးသည် ကာရင်မ်၏ ဖခင်ကိုပင်စင်လစာရစေရန် ကူညီပေးခဲ့သည့်အပြင် ကာရင်မ်၏ ဇနီးနှင့် ယောက္ခမတို့ကို ဗြိတိန်တွင် အချိန်ကာလအချို့နေထိုင်ရန်နှင့် အိန္ဒိယရှိကာရင်မ်၏ ဆွေမျိုးများရာထူးတိုးရန်လည်းကူညီခဲ့သည်။
ကာရင်မ်သည် ခွဲစိတ်မှုခံယူရပြီးနောက် ပြန်လည်နာလံထူလာစေရန် ကြိုးစားနေရချိန်တွင် ဝိတိုရိယဘုရင်မကြီးသည် ကာရင်မ်ထံတစ်ရက်လျှင် ၂ ကြိမ် သွားရောက်ကြည့်ရှုခဲ့၏။ ဝိတိုရိယဘုရင်မကြီးသည် ရုရှားဧကရီမာရီယာ ဖျိုဒိုရော့ဗ်နာကဲ့သို့ တော်ဝင်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရချိန်မျိုးတွင် ကာရင်မ်မှာဘုရင်မကြီးနှင့်အတူ ခြံရံလိုက်ပါရလေ့ရှိသည်။
ထို့အပြင် ဘုရင်မကြီး၏ သားတော် အဲလ်ဘတ် အက်ဒ်ဝပ် (နောင်အခါ အင်္ဂလန်ပြည့်ရှင် အက်ဒ်ဝပ် ၇) ၏ Sandringhamရှိစံအိမ်တော်တွင် ကျင်းပသည့် ပွဲတစ်ခုသို့လည်းကာရင်မ်မှာဘုရင်မကြီးနှင့်အတူလိုက်ပါခဲ့ရသည်။
ဝိတိုရိယဘုရင်မကြီးသည် ကာရင်မ်ပြောသမျှကိုယုံ၏။
နောက်ပိုင်းတွင်ကားကာရင်မ်၏ ယောက်ဖသည် ဘုရင်မကြီး၏ ရင်ထိုးများကိုကျောက်မျက်ရတနာရောင်းဝယ်သူတစ်ဦးထံရောင်းချခဲ့သည်ကိုဖမ်းမိခဲ့သည်။
ကာရင်မ်၏ ပြောစကားအရအိန္ဒိယဓလေ့ထုံးစံတွင် ပစ္စည်းတစ်ခုကိုရှာဖွေတွေ့ရှိသူသည် အဆိုပါပစ္စည်းကိုထိန်းသိမ်းစောင့်ရှောက် ရမည်ဟုဓလေ့ရှိခြင်းကြောင့် မိမိ၏ ယောက်ဖသည် ခိုးယူခြင်းမဟုတ်ဘဲရင်ထိုးကိုရှာတွေ့ခဲ့ခြင်းသာဖြစ်ကြောင်းပြောခဲ့သည်။
ရင်ထိုးကိုခိုးခဲ့ခြင်းဖြစ်ကြောင်းလူတိုင်းအတွက် ရှင်းနေသည့်အဖြေဖြစ်သော်လည်းဝိတိုရိယဘုရင်မကြီးကမူကာရင်မ်ပြောသည်ကိုယုံခဲ့၏။
ဘုရင်မကြီးနှင့် သူ၏အမှုတော်ထမ်းတို့အကြားခင်မင်မှုမှာတော်ဝင်မိသားစုအကြားအပြင်းအထန် ဝေဖန်ကန့်ကွက်လာသည့် အကြောင်းရပ်ဖြစ်လာသည်။
တစ်ခါတွင်မူတော်ဝင်မိသားစုကစွပ်စွဲသည်မှာကာရင်မ်သည် မွတ်စလင်မျိုးချစ်အဖွဲ့၏ သူလျှိုတစ်ဦးဖြစ်သည်ဟုစွပ်စွဲကြ၏။ ဝိတိုရိယဘုရင်မကြီးကားအဆိုပါစွပ်စွဲချက်တို့ကိုယခင်ပေါ်ပေါက်ခဲ့ဖူးသောကာရင်မ်၏ ဆွေမျိုးမှာသူခိုးဖြစ်သည်ဟူသောစွပ်စွဲချက်ကဲ့သို့ပင် ပယ်ချခဲ့သည်။
ဘုရင်မကြီးကပြောသည်မှာအဆိုပါစွပ်စွဲချက်တို့သည် မနာလိုမှု (သို့မဟုတ်) လူမျိုးစွဲကြောင့်သာဖြစ်ကြောင်းပြော၏။ ဘုရင်မကြီးသည် သူ၏ချစ်လှစွာသောအမှုတော်ထမ်းအား နောက်ဆုံးထွက်သက်ထိကာကွယ်ပေးသွားခဲ့သည်။
ထို့အပြင် သူမမရှိတော့လျှင် ကာရင်မ်အပေါ် ကောင်းစွာဆက်ဆံကြတော့မည်မဟုတ်သည်ကိုရတက်မအေးဖြစ်သောကြောင့် ဝိတိုရိယဘုရင်မကြီးကကာရင်မ်၏ ဇာတိမြို့ အဂ္ဂရာတွင် နေအိမ်တစ်လုံးစီစဉ်ပေးထားခဲ့သည်။
၁၉၀၁ ခုနှစ်တွင် ဝိတိုရိယဘုရင်မကြီးနတ်ရွာစံပြီးချိန်တွင်ကားသူမ၏ သားတော်၊ သမီးတော်တို့ကကာရင်မ်ကိုလျင်မြန်စွာပင် မောင်းထုတ်ခဲ့ကြသည်။
ကာရင်မ်သည် တောင်ဝင်အစောင့်တပ်ဖွဲ့၏ လိုက်ပါစောင့်ကြပ်မှုဖြင့် အိန္ဒိယနိုင်ငံသို့ ချက်ချင်းပြန်သွားခဲ့ရသည်။
ကာရင်မ်ထံသို့ ဝိတိုရိယဘုရင်မကြီးကရေးသားခဲ့သောပေးစာများအားလုံးကိုမူမီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။
ကာရင်မ်သည် ဘဝနောက်ဆုံးကာလများကိုအဂ္ဂရာမြို့တွင် ကုန်လွန်ဖြတ်သန်းခဲ့ပြီးအသက် ၄၆ နှစ်အရွယ် ၁၉၀၉ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။
ကျန်ရစ်ခဲ့သည်ဆို၍ သူ၏ သားသမီးများမှတ်သားမိသည့် အဖြစ်အပျက်များသာကျန်တော့သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The Friendship between Queen Victoria and her Indian Servant (Vintagenews)
[Zawgyi]
ဝိတိုရိယဘုရင္မၾကီးႏွင့္ အိႏိၵယလူမ်ဳိးအမႈေတာ္ထမ္းတို႔ၾကားက အခ်စ္ဇာတ္လမ္း
အဗၺဒူကာရင္မ္သည္ ဝိတိုရိယဘုရင္မၾကီး၏ အေစခံျဖစ္၏။ သို႔ေသာ္ သူသည္ ဘုရင္မၾကီးအားအူရဒူဘာသာေန႔စဥ္ သင္ၾကားေပးေနရသျဖင့္ ဆရာဆိုလွ်င္လည္းဟုတ္၏။ ျဗိတိသွ် လက္ေအာက္မွ အိႏိၵယတိုက္ငယ္ႏွင့္ စပ္လ်ဥ္းသည့္ အေရးအရာမ်ားကိုအၾကံေပးေနရသည့္အတြက္ အတိုင္ပင္ခံဆိုလွ်င္လည္းမွန္၏။ ထို႔အျပင္ ဘုရင္မၾကီးအားမဆလာႏွင့္ စတင္မိတ္ဆက္ေပးခဲ့သူလည္း ျဖစ္၏။
သူတို႔ႏွစ္ဦးအၾကားတြင္ အလြန္နီးကပ္ေသာ၊ တဏွာေပမကင္းေသာအခ်စ္ေရးမ်ဳိးရွိခဲ့သည္။
ဝိတိုရိယဘုရင္မၾကီး၏ ခ်စ္လွစြာေသာ “မြန္ရွီ” [အူရဒူဘာသာအားျဖင့္ ဆရာ (သို႔မဟုတ္) စာေရးဟုအဓိပၸာယ္ရ] ျဖစ္သည့္ ကာရင္မ္သည္ အခ်ဳိ႕သူမ်ားအတြက္မူစက္ဆုပ္ဖြယ္ရာ ျဖစ္ေနခဲ့သည္။
ေတာ္ဝင္မ်ဳိးႏႊယ္မ်ားကား ျဗိတိန္၏ ဘုရင္မၾကီးႏွင့္ အိႏိၵယအေစခံတစ္ဦးတို႔အၾကားကအခ်စ္ေရးမ်ဳိးကိုလက္မခံႏိုင္ၾကေခ်။ မည္သူမွ် လက္မခံေစကာမူဝိတိုရိယဘုရင္မၾကီးကားဂရုစိုက္ဟန္ မရွိ။ အနီးတြင္ ျဖစ္ႏိုင္သမွ် ကာရင္မ္ရွိေနျခင္းကိုေက်နပ္ႏွစ္သိမ့္ေနခဲ့သည္။
ဝိတိုရိယဘုရင္မၾကီးကကာရင္မ္အားဆရာသဖြယ္၊ မိတ္ေဆြသဖြယ္၊ ႏိုင္ငံေရးအၾကံေပးပုဂၢိဳလ္သဖြယ္ ဆက္ဆံရာသူမအတြက္ ကာရင္မ္ကိုတခ်ိန္လံုးေဘးတြင္ လိုအပ္သည္ဆိုျခင္းကို ျပသေနသည္။
၁၉၀၁ ခုႏွစ္တြင္ ဝိတိုရိယဘုရင္မၾကီးနတ္ရြာစံေသာအခါ အဂၤလန္ျပည့္ရွင္ အရိုက္အရာကိုဆက္ဆံသည့္ သားေတာ္ အက္ဒ္ဝပ္ (၇) ဧကရာဇ္ကကာရင္မ္ကိုအိႏိၵယသို႔ ခ်က္ခ်င္းျပန္ရန္ အမိန္႔ထုတ္ခဲ့သည္။
ညီမေတာ္ ဘီယယ္ထရစ္ မင္းသမီးကလည္းဘုရင္မၾကီးႏွင့္ ကာရင္မ္တို႔အၾကားေရးသားဆက္သြယ္ခဲ့သည့္ ေပးစာအားလံုးကိုမီးရႈိ႕ဖ်က္ဆီးခဲ့၏။
ကာရင္မ္၏ အေၾကာင္းကိုေတာ္ဝင္မိသားစုကေစ့စပ္ေသခ်ာစြာအစေဖ်ာက္ခဲ့ရာကာရင္မ္မွာ ႏွစ္ေပါင္း ၁၀၀ ခန္႔ သမိုင္းေဖ်ာက္ဖ်က္ခံလိုက္ရ၏။
သို႔ေသာ္ သမိုင္းပညာရွင္ျဖစ္ေသာစာနယ္ဇင္းဆရာမ ရွရာဘာနီဘာဆူး (ShrabaniBasu) က ဝိတိုရိယဘုရင္မၾကီး၏ ေႏြရာသီစံအိမ္ေတာ္တြင္ ထူးဆန္းသည့္ သဲလြန္စတစ္ခုကိုစတင္ေတြ႔ရွိခဲ့သည္။
၁၉၉၀ ျပည့္လြန္ကာလမ်ားတြင္ ဘာဆူးသည္ သူမ၏ စာအုပ္သစ္အတြက္ မဆလာ၏ သမိုင္းေၾကာင္းကိုသုေတသနလုပ္ေနစဥ္ ကာရင္မ္၏ ပန္းခ်ီကားတစ္ခ်ပ္ကိုေတြ႔ရွိသြားခဲ့သည္။
အိႏိၵယလူမ်ဳိးအေစခံ၏ ရုပ္ပံုမွာအနီေရာင္၊ ေရႊေရာင္တို႔ေတာက္ပကာလွပခန္႔ညားစြာျဖင့္ ပန္းခ်ီကားထဲတြင္ ေတြ႔ရျပီးလက္ထဲတြင္လည္းစာအုပ္တစ္အုပ္ကိုင္ထားဟန္ကိုေတြ႔ရသည္။ ဘာဆူးသည္ လြန္စြာစိတ္ဝင္စားသြားျပီးကာရင္မ္အေၾကာင္းေလ့လာစံုစမ္းမႈမ်ားစတင္ျပဳလုပ္ေတာ့သည္။
ပန္းခ်ီကားတစ္ခ်ပ္မွ စတင္ခဲ့ေသာဘာဆူး၏ ေလ့လာစံုစမ္းမႈသည္ “ဝိတိုရိယဘုရင္မၾကီးႏွင့္ အဗၺဒူ” (Victoria and Abdul )ဟူေသာအမည္ျဖင့္ ၂၀၁၀ ျပည့္ႏွစ္တြင္ စာအုပ္တစ္အုပ္ ေရးသားထုတ္ေဝခဲ့သည့္ အေျခအေနအထိေရာက္ရွိသြားခဲ့သည္။ အဆိုပါဝတၳဳကို ၂၀၁၇ ခုႏွစ္တြင္ ထိုအမည္ျဖင့္ပင္ ဒါရိုက္တာStephen Frears က ရုပ္ရွင္ရိုက္ကူးခဲ့သည္။
မိုဟာမက္ အဗၺဒူကာရင္မ္သည္ အိႏိၵယႏိုင္ငံေျမာက္ပိုင္း၊ ဥတာပရာဒက္ရွ္ျပည္နယ္၊ အဂၢရာျမိဳ႕မွျဖစ္ျပီးဝင္ဆာရဲတိုက္ၾကီးသို႔ ၁၈၈၇ ခုႏွစ္တြင္ ေရာက္ရွိလာခဲ့ျခင္းျဖစ္ျပီးဂုဏ္ျပဳညစာစားပြဲတြင္ ဘုရင္မၾကီးအားအကူအညီေပးရန္အတြက္ ျဖစ္သည္။ ဝိတိုရိယဘုရင္မၾကီးသည္ ထိုအခ်ိန္တြင္ သက္ေတာ္ ၆၈ ႏွစ္ရွိေနျပီျဖစ္ျပီးမၾကာမီတြင္ပင္ သူ၏အေစခံသစ္ကိုမ်ားစြာႏွစ္သက္လာခဲ့သည္။
ဘာဆူး၏ စာအုပ္တြင္ ေရးသားေဖာ္ျပခ်က္အရကာရင္မ္သည္ ေဆးရံုဝန္ထမ္းတစ္ဦး၏ သားျဖစ္ျပီးသားျဖစ္သူကိုပညာသင္ၾကားေပးရန္ ေမာ္လဝီ (မြတ္စလင္ ဆရာ) တစ္ဦးငွားရမ္းခဲ့သည္ဟုဆိုသည္။
ကာရင္မ္သည္ ေမာ္လဝီဆရာ၏ သင္ၾကားမႈေအာက္တြင္ အူရဒူႏွင့္ ပါရွားဘာသာစကားမ်ားကိုသင္ယူခဲ့သည္။
ယင္းေနာက္ အဂၢရာျမိဳ႕ရွိအက်ဥ္းေထာင္တြင္ စာေရးအျဖစ္ စတင္အလုပ္လုပ္ကိုင္ရင္းအိႏိၵယ၏ ဧကရီဘုရင္မလည္းျဖစ္ေသာဝိတိုရိယဘုရင္မၾကီးထံတြင္ အမႈေတာ္ထမ္းရန္ ေရြးခ်ယ္ခံခဲ့ရျခင္း ျဖစ္သည္။
ကနဦးတြင္ ကာရင္မ္သည္ ဘုရင္မၾကီး၏ နံနက္စာပြဲေတာ္တည္ရာတြင္ တာဝန္ထမ္းေဆာင္ရေသာ္လည္းလ်င္ျမန္စြာပင္ ဘုရင္မၾကီး၏ လူယံုေတာ္တစ္ဦး ျဖစ္လာခဲ့သည္။
၎တို႔ႏွင့္ ပထမဆံုးေတြ႔ဆံုမႈကိုဝိတိုရိယဘုရင္မၾကီးကသူ၏ေန႔စဥ္မွတ္တမ္းတြင္ ေဖာ္ျပခဲ့ပံုမွာ “အျခားတစ္ဦးမွာမ်ားစြာပိုမိုငယ္ရြယ္ျပီးေလးနက္ေသာမ်က္ႏွာထားအမႈအယာရွိသည္။ သူ၏ ဖခင္မွာအဂၢရာမွ ဆရာဝန္တစ္ဦးျဖစ္သည္။ သူတုိ႔ႏွစ္ဦးလံုး ကၽြႏု္ပ္၏ ေျခဖမိုးေတာ္ကိုနမ္းရႈိက္ခဲ့ၾကသည္။”ဟု ျဖစ္သည္။
ေနာက္တစ္လအၾကာတြင္ ဘုရင္မၾကီးကသူ၏ ေန႔စဥ္မွတ္တမ္းတြင္ ေရးသားခဲ့ပံုမွာဟိႏၵဴစတန္နီဘာသာစကားမွ စကားလံုးမ်ားစတင္ေလ့လာေနေၾကာင္း၊ သူမ၏ အေစခံမ်ားကို ၎တို႔၏ ဘာသာစကားျဖင့္ စကားေျပာႏိုင္လာလိမ့္မည္ျဖစ္ေၾကာင္းေရးသားခဲ့သည္။
ထိုိ႔အျပင္ အိႏိၵယလူမ်ဳိးတို႔အေၾကာင္းပိုမိုေလ့လာေနေၾကာင္း၊ ၎တို႔၏ ဘာသာစကားႏွင့္ ယဥ္ေက်းမႈကိုသူမအလြန္စိတ္ဝင္စားေၾကာင္းလည္းေရးသားထားသည္။
၁၈၈၇ ခုႏွစ္၊ ၾသဂုတ္လကုန္ပိုင္းတြင္ကားဝိတိုရိယဘုရင္မၾကီးကကာရင္မ္ကို “မြန္ရွီ”ဟုသူမ၏ ေန႔စဥ္မွတ္တမ္းတြင္ စတင္ရည္ညႊန္းလာခဲ့သည္။
ကာရင္မ္ကသူ၏ ၾကံဳေတြ႔ခဲ့ရသည့္ ဘဝအျဖစ္အပ်က္မ်ားေျပာျပကာဝိတိုရိယဘုရင္မၾကီးအားကမၻာသစ္တစ္ခုႏွင့္ မိတ္ဆက္ေပးခဲ့ရာဘုရင္မၾကီးအေနျဖင့္ ကိုယ္တိုင္မၾကံဳရႏိုင္ေသာအျဖစ္အပ်က္မ်ားကိုသိၾကားခြင့္ရခဲ့၏။ ကာရင္မ္ကအိႏိၵယယဥ္ေက်းမႈႏွင့္ ႏိုင္ငံေရးတို႔တြင္ အသိအျမင္ၾကြယ္ဝမႈေၾကာင့္ သူ၏ဘုရင္မၾကီးအား ႏိုင္ငံျခားေရးကိစၥမ်ားတြင္ အၾကံေပးေနရာသို႔ ေရာက္ရွိလာခဲ့သည္။
၎တို႔ ႏွစ္ဦးၾကားတြင္ တဏွာေပမမပါဝင္ေသာအခ်စ္ေရးရွိခဲ့ျပီးအေတြးအေခၚ၊ ႏိုင္ငံေရးႏွင့္ လက္ေတြ႔ဘဝေဆြးေႏြးေျပာဆိုမႈမ်ားတြင္ စိတ္ႏွလံုးခ်င္းဆက္ႏႊယ္မိခဲ့ၾကသည္။ ကာရင္မ္၏ ယံုၾကည္စိတ္ခ်ရမႈမ်ားအတြက္ ဘုရင္မၾကီးကသူ႔အားလက္ေဆာင္မ်ား၊ ဘြဲ႔ထူးဂုဏ္ထူးမ်ားခ်ီးျမွင့္မႈမ်ား ျပဳလုပ္ခဲ့ျခင္းေၾကာင့္ ေတာ္ဝင္မိသားစုအၾကားမေက်နပ္ခ်က္မ်ားပိုမိုၾကီးထြားလာခဲ့သည္။
ပထမဦးစြာကာရင္မ္သည္ ေတာ္ဝင္မိသားစုအတြင္းတိုးတက္မႈမ်ားရွိခဲ့ျပီးမၾကာမီတြင္ပင္ အိႏိၵယအမႈထမ္းအားလံုး၏ အၾကီးအကဲ ျဖစ္လာခဲ့သည္။
ဝိတိုရိယဘုရင္မၾကီးသည္ ကာရင္မ္၏ ဖခင္ကိုပင္စင္လစာရေစရန္ ကူညီေပးခဲ့သည့္အျပင္ ကာရင္မ္၏ ဇနီးႏွင့္ ေယာကၡမတို႔ကို ျဗိတိန္တြင္ အခ်ိန္ကာလအခ်ဳိ႕ေနထုိင္ရန္ႏွင့္ အိႏိၵယရွိကာရင္မ္၏ ေဆြမ်ဳိးမ်ားရာထူးတိုးရန္လည္းကူညီခဲ့သည္။ ကာရင္မ္သည္ ခြဲစိတ္မႈခံယူရျပီးေနာက္ ျပန္လည္နာလံထူလာေစရန္ ၾကိဳးစားေနရခ်ိန္တြင္ ဝိတိုရိယဘုရင္မၾကီးသည္ ကာရင္မ္ထံတစ္ရက္လွ်င္ ၂ ၾကိမ္ သြားေရာက္ၾကည့္ရႈခဲ့၏။ ဝိတိုရိယဘုရင္မၾကီးသည္ ရုရွားဧကရီမာရီယာ ဖ်ဳိဒိုေရာ့ဗ္နာကဲ့သို႔ ေတာ္ဝင္ပုဂၢိဳလ္မ်ားႏွင့္ ေတြ႔ဆံုရခ်ိန္မ်ဳိးတြင္ ကာရင္မ္မွာဘုရင္မၾကီးႏွင့္အတူ ျခံရံလိုက္ပါရေလ့ရွိသည္။
ထို႔အျပင္ ဘုရင္မၾကီး၏ သားေတာ္ အဲလ္ဘတ္ အက္ဒ္ဝပ္ (ေနာင္အခါ အဂၤလန္ျပည့္ရွင္ အက္ဒ္ဝပ္ ၇) ၏ Sandringhamရွိစံအိမ္ေတာ္တြင္ က်င္းပသည့္ ပဲြတစ္ခုသို႔လည္းကာရင္မ္မွာဘုရင္မၾကီးႏွင့္အတူလိုက္ပါခဲ့ရသည္။
ဝိတိုရိယဘုရင္မၾကီးသည္ ကာရင္မ္ေျပာသမွ်ကိုယံု၏။ ၁၈၈၉ ခုႏွစ္၊ ဇြန္လတြင္ ကာရင္မ္၏ ေယာက္ဖျဖစ္သူကိုပင္ ဝင္ဆာရဲတိုက္ၾကီးတြင္ ေနထိုင္ရန္ ဖိတ္ေခၚခဲ့သည္။
ေနာက္ပိုင္းတြင္ကားကာရင္မ္၏ ေယာက္ဖသည္ ဘုရင္မၾကီး၏ ရင္ထိုးမ်ားကိုေက်ာက္မ်က္ရတနာေရာင္းဝယ္သူတစ္ဦးထံေရာင္းခ်ခဲ့သည္ကိုဖမ္းမိခဲ့သည္။
ကာရင္မ္၏ ေျပာစကားအရအိႏိၵယဓေလ့ထံုးစံတြင္ ပစၥည္းတစ္ခုကိုရွာေဖြေတြ႔ရွိသူသည္ အဆိုပါပစၥည္းကိုထိန္းသိမ္းေစာင့္ေရွာက္ ရမည္ဟုဓေလ့ရွိျခင္းေၾကာင့္ မိမိ၏ ေယာက္ဖသည္ ခိုးယူျခင္းမဟုတ္ဘဲရင္ထုိးကိုရွာေတြ႔ခဲ့ျခင္းသာျဖစ္ေၾကာင္းေျပာခဲ့သည္။
ရင္ထုိးကိုခိုးခဲ့ျခင္းျဖစ္ေၾကာင္းလူတိုင္းအတြက္ ရွင္းေနသည့္အေျဖျဖစ္ေသာ္လည္းဝိတိုရိယဘုရင္မၾကီးကမူကာရင္မ္ေျပာသည္ကိုယံုခဲ့၏။
ဘုရင္မၾကီးႏွင့္ သူ၏အမႈေတာ္ထမ္းတို႔အၾကားခင္မင္မႈမွာေတာ္ဝင္မိသားစုအၾကားအျပင္းအထန္ ေဝဖန္ကန္႔ကြက္လာသည့္ အေၾကာင္းရပ္ျဖစ္လာသည္။
တစ္ခါတြင္မူေတာ္ဝင္မိသားစုကစြပ္စြဲသည္မွာကာရင္မ္သည္ မြတ္စလင္မ်ဳိးခ်စ္အဖြဲ႔၏ သူလွ်ိဳတစ္ဦးျဖစ္သည္ဟုစြပ္စြဲၾက၏။ ဝိတိုရိယဘုရင္မၾကီးကားအဆိုပါစြပ္စြဲခ်က္တို႔ကိုယခင္ေပၚေပါက္ခဲ့ဖူးေသာကာရင္မ္၏ ေဆြမ်ဳိးမွာသူခိုးျဖစ္သည္ဟူေသာစြပ္စြဲခ်က္ကဲ့သို႔ပင္ ပယ္ခ်ခဲ့သည္။
ဘုရင္မၾကီးကေျပာသည္မွာအဆိုပါစြပ္စြဲခ်က္တို႔သည္ မနာလိုမႈ (သို႔မဟုတ္) လူမ်ဳိးစြဲေၾကာင့္သာျဖစ္ေၾကာင္းေျပာ၏။ ဘုရင္မၾကီးသည္ သူ၏ခ်စ္လွစြာေသာအမႈေတာ္ထမ္းအား ေနာက္ဆံုးထြက္သက္ထိကာကြယ္ေပးသြားခဲ့သည္။
ထို႔အျပင္ သူမမရွိေတာ့လွ်င္ ကာရင္မ္အေပၚ ေကာင္းစြာဆက္ဆံၾကေတာ့မည္မဟုတ္သည္ကိုရတက္မေအးျဖစ္ေသာေၾကာင့္ ဝိတိုရိယဘုရင္မၾကီးကကာရင္မ္၏ ဇာတိျမိဳ႕ အဂၢရာတြင္ ေနအိမ္တစ္လံုးစီစဥ္ေပးထားခဲ့သည္။
၁၉၀၁ ခုႏွစ္တြင္ ဝိတိုရိယဘုရင္မၾကီးနတ္ရြာစံျပီးခ်ိန္တြင္ကားသူမ၏ သားေတာ္၊ သမီးေတာ္တို႔ကကာရင္မ္ကိုလ်င္ျမန္စြာပင္ ေမာင္းထုတ္ခဲ့ၾကသည္။
ကာရင္မ္သည္ ေတာင္ဝင္အေစာင့္တပ္ဖြဲ႔၏ လိုက္ပါေစာင့္ၾကပ္မႈျဖင့္ အိႏိၵယႏိုင္ငံသို႔ ခ်က္ခ်င္းျပန္သြားခဲ့ရသည္။
ကာရင္မ္ထံသို႔ ဝိတိုရိယဘုရင္မၾကီးကေရးသားခဲ့ေသာေပးစာမ်ားအားလံုးကိုမူမီးရႈိ႕ဖ်က္ဆီးျခင္းခံခဲ့ရသည္။
ကာရင္မ္သည္ ဘဝေနာက္ဆံုးကာလမ်ားကိုအဂၢရာျမိဳ႕တြင္ ကုန္လြန္ျဖတ္သန္းခဲ့ျပီးအသက္ ၄၆ ႏွစ္အရြယ္ ၁၉၀၉ ခုႏွစ္တြင္ ကြယ္လြန္သြားခဲ့သည္။
က်န္ရစ္ခဲ့သည္ဆို၍ သူ၏ သားသမီးမ်ားမွတ္သားမိသည့္ အျဖစ္အပ်က္မ်ားသာက်န္ေတာ့သည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: The Friendship between Queen Victoria and her Indian Servant (Vintagenews)