အိန္ဒိယထုတ် COVID-19 ကာကွယ်ဆေးနောက်ဆုံးဆင့် စမ်းသပ်မှုများ ၂ လအတွင်း ပြီးစီးမည်

အိန္ဒိယထုတ် COVID-19 ကာကွယ်ဆေးနောက်ဆုံးဆင့် စမ်းသပ်မှုများ ၂ လအတွင်း ပြီးစီးမည် - Property News in Myanmar from iMyanmarHouse.com
24 Nov 2020 11:32 am တွင် တင်ခဲ့သည်
1579 ကြိမ် ကြည့်ရှု့ပြီး

[Unicode] အိန္ဒိယပြည်တွင်းထုတ် COVID-19ကာကွယ်ဆေး၏ နောက်ဆုံးဆင့် စမ်းသပ်မှုများသည် ၁ လ (သို့မဟုတ်) ၂ လအတွင်း ပြီးစီးနိုင်ကြောင်းအိန္ဒိယကျန်းမာရေးဝန်ကြီးကပြောကြားလိုက်ရာကမ္ဘာပေါ်တွင် ဒုတိယအဆိုးရွားဆုံးကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ဖြစ်ပွားနေသည့် အိန္ဒိယတွင် ကာကွယ်ဆေးဆောလျင်စွာ ဖြန့်ဖြူးပေးနိုင်တော့မည်ဟူသောမျှော်လင့်ချက်များ မြင့်တက်လာသည်။

အိန္ဒိယအစိုးရကွပ်ကဲမှုအောက်တွင်ရှိသောအိန္ဒိယဆေးဝါးသုတေသနကောင်စီ(ICMR) နှင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သောBharat Biotechတို့သည် အိန္ဒိယထုတ် COVAXINကာကွယ်ဆေး၏ တတိယဆင့် စမ်းသပ်မှုများကိုယခုလအတွင်းစတင်ခဲ့ပြီးအဆိုပါစမ်းသပ်မှုတွင် မိမိဆန္ဒအလျောက် စမ်းသပ်ခံမည့်သူပေါင်း ၂၆၀၀၀ ဦးပါဝင်မည် ဖြစ်သည်။

COVAXINသည် အိန္ဒိယကစမ်းသပ်နေသည့် အဆင့်အမြင့်ဆုံးကာကွယ်ဆေးလည်း ဖြစ်သည်။

“ကျွန်တော်တို့ဟာ ပြည်တွင်းဖြစ် ကာကွယ်ဆေးတွေ ထုတ်လုပ်နေတဲ့ဖြစ်စဉ်လမ်းကြောင်းမှာရှိနေပြီးတတိယဆင့် စမ်းသပ်မှုတွေကိုလာမည့် တစ်လ (ဒါမှမဟုတ်) နှစ်လအတွင်း ပြီးစီးမယ့် လမ်းကြောင်းမှာရှိနေပါတယ်”ဟုအိန္ဒိယကျန်းမာရေးဝန်ကြီးဟာ့ရှ် ဗာဒန်ကအွန်လိုင်းဆွေးနွေးပွဲတစ်ရပ်တွင် ပြောကြားသည်။

အိန္ဒိယအစိုးရ၏ စီမံကိန်းမှာအိန္ဒိယပြည်သူသန်း ၂၀၀ မှ သန်း ၂၅၀ ခန့်ကိုလာမည့်နှစ် ဇူလိုင်လတွင် ကာကွယ်ဆေးထိုးပေးပြီးရန် ဖြစ်ကြောင်းလည်းဝန်ကြီးကပြောသည်။

ICMR မှ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူကယခုလအစောပိုင်းတွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ရာ၌ ကာကွယ်ဆေးသည် ဖေဖော်ဝါရီ (သို့မဟုတ်) မတ်လတွင် စတင်ထွက်ရှိနိုင်ဖွယ်ရှိကြောင်းပြောကြားခဲ့သော်လည်းBharat Biotechကုမ္ပဏီကရိုက်တာသတင်းဌာနသို့ပင် သောကြာနေ့ကပြောခဲ့သည်မှာမူနောက်ဆုံးဆင့် စမ်းသပ်မှုမှ ရလဒ်များကိုမတ်လနှင့် ဧပြီလတို့အကြားရောက်မှသာမျှော်လင့်နိုင်မည်ဖြစ်ကြောင့် ပြောကြားထားသည်။

သို့သော် ကျန်းမာရေးဝန်ကြီးဗာဒန်ကစက်တင်ဘာလအတွင်းပြောခဲ့သည်မှာအစိုးရအနေဖြင့် အရေးပေါ်အသုံးပြုခွင့်နည်းလမ်းကိုရွေးချယ်နိုင်ကြောင်း၊ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် အန္တရာယ်မြင့်မားသည့် လုပ်ငန်းနေရာများတွင် လုပ်ကိုင်နေရသူများအတွက် ဖြစ်ကြောင်းပြောခဲ့သည်။

အိန္ဒိယအကြီးအကဲတို့ကပြောကြားရာတွင် Pfizer နှင့်Modernaတို့မှ ထုတ်လုပ်သောကာကွယ်ဆေးများကိုဆောလျင်စွာအမြောက်အများရရှိနိုင်ရေးမျှော်လင့်မထားဘဲ COVID-19 ကိုထိန်းချုပ်နိုင်ရေးအတွက် အိန္ဒိယထုတ် COVAXIN ကာကွယ်ဆေးနှင့် အခြားသော ပြည်တွင်းတွင် စမ်းသပ်နေသည့် ကာကွယ်ဆေး ၄ မျိုးအပေါ်တွင်သာအားထားရန် မျှော်လင့်ထားကြသည်။

အိန္ဒိယတွင် စမ်းသပ်နေသည့် အခြားကာကွယ်ဆေး ၄ ခုအနက် တစ်ခုမှာAstraZeneca နှင့် အောက်စ်ဖို့ဒ်တက္ကသိုလ်တို့ကဖော်ထုတ်ထားသည့် ကာကွယ်ဆေးဖြစ်ပြီးအဆိုပါဆေးကိုSerum Institute of India မှ ထုတ်လုပ်လျက်ရှိသည်။

ယင်းနောက် ရုရှားထုတ် Sputnik-Vကာကွယ်ဆေး။ ZydusCadila မှ ထုတ်လုပ်သောZyCoV-Dကာကွယ်ဆေး။ နောက်ဆုံးတစ်ခုကိုမူ Baylor College of Medicine နှင့်Dynavax Technologies Corpတို့ကပူးပေါင်းထုတ်လုပ်လျက်ရှိသည်။

Serum ၏ အမှုဆောင်အရာရှိချုပ်ကသောကြာနေ့တွင် ပြောသည်မှာAstraZenecaကာကွယ်ဆေးကိုအိန္ဒိယရှိကျန်းမာရေးဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများအားဇန်နဝါရီလအတွင်းထိုးပေးနိုင်ဖွယ်ရှိကြောင်းပြောခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: India says local COVID-19 vaccine final trials could end within two months (Reuters)

 

[Zawgyi]

 

အိႏိၵယထုတ္ COVID-19 ကာကြယ္ေဆးေနာက္ဆံုးဆင့္ စမ္းသပ္မႈမ်ား ၂ လအတြင္း ျပီးစီးမည္

အိႏိၵယျပည္တြင္းထုတ္ COVID-19ကာကြယ္ေဆး၏ ေနာက္ဆံုးဆင့္ စမ္းသပ္မႈမ်ားသည္ ၁ လ (သို႔မဟုတ္) ၂ လအတြင္း ျပီးစီးႏိုင္ေၾကာင္းအိႏိၵယက်န္းမာေရးဝန္ၾကီးကေျပာၾကားလိုက္ရာကမၻာေပၚတြင္ ဒုတိယအဆိုးရြားဆံုးကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ား ျဖစ္ပြားေနသည့္ အိႏိၵယတြင္ ကာကြယ္ေဆးေဆာလ်င္စြာ ျဖန္႔ျဖဴးေပးႏိုင္ေတာ့မည္ဟူေသာေမွ်ာ္လင့္ခ်က္မ်ား ျမင့္တက္လာသည္။

အိႏိၵယအစိုးရကြပ္ကဲမႈေအာက္တြင္ရွိေသာအိႏိၵယေဆးဝါးသုေတသနေကာင္စီ(ICMR) ႏွင့္ ပုဂၢလိကကုမၸဏီတစ္ခုျဖစ္ေသာBharat Biotechတို႔သည္ အိႏိၵယထုတ္ COVAXINကာကြယ္ေဆး၏ တတိယဆင့္ စမ္းသပ္မႈမ်ားကိုယခုလအတြင္းစတင္ခဲ့ျပီးအဆိုပါစမ္းသပ္မႈတြင္ မိမိဆႏၵအေလ်ာက္ စမ္းသပ္ခံမည့္သူေပါင္း ၂၆၀၀၀ ဦးပါဝင္မည္ ျဖစ္သည္။

COVAXINသည္ အိႏိၵယကစမ္းသပ္ေနသည့္ အဆင့္အျမင့္ဆံုးကာကြယ္ေဆးလည္း ျဖစ္သည္။

“ကၽြန္ေတာ္တို႔ဟာ ျပည္တြင္းျဖစ္ ကာကြယ္ေဆးေတြ ထုတ္လုပ္ေနတဲ့ျဖစ္စဥ္လမ္းေၾကာင္းမွာရွိေနျပီးတတိယဆင့္ စမ္းသပ္မႈေတြကိုလာမည့္ တစ္လ (ဒါမွမဟုတ္) ႏွစ္လအတြင္း ျပီးစီးမယ့္ လမ္းေၾကာင္းမွာရွိေနပါတယ္”ဟုအိႏိၵယက်န္းမာေရးဝန္ၾကီးဟာ့ရွ္ ဗာဒန္ကအြန္လိုင္းေဆြးေႏြးပြဲတစ္ရပ္တြင္ ေျပာၾကားသည္။

အိႏိၵယအစိုးရ၏ စီမံကိန္းမွာအိႏိၵယျပည္သူသန္း ၂၀၀ မွ သန္း ၂၅၀ ခန္႔ကိုလာမည့္ႏွစ္ ဇူလိုင္လတြင္ ကာကြယ္ေဆးထိုးေပးျပီးရန္ ျဖစ္ေၾကာင္းလည္းဝန္ၾကီးကေျပာသည္။

ICMR မွ သိပၸံပညာရွင္တစ္ဦးျဖစ္သူကယခုလအေစာပိုင္းတြင္ ရိုက္တာသတင္းဌာနသုိ႔ ေျပာၾကားခဲ့ရာ၌ ကာကြယ္ေဆးသည္ ေဖေဖာ္ဝါရီ (သို႔မဟုတ္) မတ္လတြင္ စတင္ထြက္ရွိႏိုင္ဖြယ္ရွိေၾကာင္းေျပာၾကားခဲ့ေသာ္လည္းBharat Biotechကုမၸဏီကရိုက္တာသတင္းဌာနသုိ႔ပင္ ေသာၾကာေန႔ကေျပာခဲ့သည္မွာမူေနာက္ဆံုးဆင့္ စမ္းသပ္မႈမွ ရလဒ္မ်ားကိုမတ္လႏွင့္ ဧျပီလတို႔အၾကားေရာက္မွသာေမွ်ာ္လင့္ႏိုင္မည္ျဖစ္ေၾကာင့္ ေျပာၾကားထားသည္။

သို႔ေသာ္ က်န္းမာေရးဝန္ၾကီးဗာဒန္ကစက္တင္ဘာလအတြင္းေျပာခဲ့သည္မွာအစိုးရအေနျဖင့္ အေရးေပၚအသံုးျပဳခြင့္နည္းလမ္းကိုေရြးခ်ယ္ႏိုင္ေၾကာင္း၊ အထူးသျဖင့္ သက္ၾကီးရြယ္အိုမ်ားႏွင့္ အႏၱရာယ္ျမင့္မားသည့္ လုပ္ငန္းေနရာမ်ားတြင္ လုပ္ကိုင္ေနရသူမ်ားအတြက္ ျဖစ္ေၾကာင္းေျပာခဲ့သည္။

အိႏိၵယအၾကီးအကဲတို႔ကေျပာၾကားရာတြင္ Pfizer ႏွင့္Modernaတို႔မွ ထုတ္လုပ္ေသာကာကြယ္ေဆးမ်ားကိုေဆာလ်င္စြာအေျမာက္အမ်ားရရွိႏိုင္ေရးေမွ်ာ္လင့္မထားဘဲ COVID-19 ကိုထိန္းခ်ဳပ္ႏိုင္ေရးအတြက္ အိႏိၵယထုတ္ COVAXIN ကာကြယ္ေဆးႏွင့္ အျခားေသာ ျပည္တြင္းတြင္ စမ္းသပ္ေနသည့္ ကာကြယ္ေဆး ၄ မ်ဳိးအေပၚတြင္သာအားထားရန္ ေမွ်ာ္လင့္ထားၾကသည္။

အိႏိၵယတြင္ စမ္းသပ္ေနသည့္ အျခားကာကြယ္ေဆး ၄ ခုအနက္ တစ္ခုမွာAstraZeneca ႏွင့္ ေအာက္စ္ဖို႔ဒ္တကၠသိုလ္တို႔ကေဖာ္ထုတ္ထားသည့္ ကာကြယ္ေဆးျဖစ္ျပီးအဆိုပါေဆးကိုSerum Institute of India မွ ထုတ္လုပ္လ်က္ရွိသည္။

ယင္းေနာက္ ရုရွားထုတ္ Sputnik-Vကာကြယ္ေဆး။ ZydusCadila မွ ထုတ္လုပ္ေသာZyCoV-Dကာကြယ္ေဆး။ ေနာက္ဆံုးတစ္ခုကိုမူ Baylor College of Medicine ႏွင့္Dynavax Technologies Corpတို႔ကပူးေပါင္းထုတ္လုပ္လ်က္ရွိသည္။

Serum ၏ အမႈေဆာင္အရာရွိခ်ဳပ္ကေသာၾကာေန႔တြင္ ေျပာသည္မွာAstraZenecaကာကြယ္ေဆးကိုအိႏိၵယရွိက်န္းမာေရးဝန္ထမ္းမ်ားႏွင့္ သက္ၾကီးရြယ္အိုမ်ားအားဇန္နဝါရီလအတြင္းထိုးေပးႏိုင္ဖြယ္ရွိေၾကာင္းေျပာခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

 (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: India says local COVID-19 vaccine final trials could end within two months (Reuters)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
MIngalardon Garden City
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service