သူဌေးတစ်ယောက်ဘယ်တော့မှ ဖြစ်မလာမယ့် အကြောင်းရင်း (၄) ပါး (သို့မဟုတ်) သူဌေးဖြစ်လာစေမည့် နည်းလမ်း (၄) ခု

သူဌေးတစ်ယောက်ဘယ်တော့မှ ဖြစ်မလာမယ့် အကြောင်းရင်း (၄) ပါး (သို့မဟုတ်) သူဌေးဖြစ်လာစေမည့် နည်းလမ်း (၄) ခု - Property Knowledge in Myanmar from iMyanmarHouse.com
23 Nov 2020 1:09 pm တွင် တင်ခဲ့သည်
3030 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ချမ်းသာကြွယ်ဝသော သူဌေးဖြစ်ရန် ကြိုးပမ်းနေသူဆိုပါက အောက်ဖော်ပြပါ အတားအဆီး ၄ မျိုးကို မကျော်လွှားနိုင်လျှင် မည်သည့်အခါမျှ သူဌေးဖြစ်မလာနိုင်ချေ။

၁။ ငွေ၏ အလုပ်လုပ်ပုံကို နားမလည်ခြင်း

ငွေဟူသည် ရှုပ်ထွေးလှသည့် အကြောင်းရပ်တစ်ခု မဟုတ်ချေ။ သို့သော် အချို့သူတို့ကား ငွေမည်သို့ အလုပ်လုပ်သည်ကို အမှန်တကယ် နားမလည်ကြသေးချေ။

သင်ကော နားလည်ပါသလား?

မှန်ပါသည်။ သင့်အနေဖြင့် စာသင်ကျောင်းများမှ သင်ကြားပို့ချပုံစနစ်နှင့် မိဘများအပေါ် အပြစ်ဖို့နိုင်ပါသည်။

သို့သော် ငွေကို မည်သို့ရှာဖွေမည်၊ မည်သို့ထိန်းသိမ်းမည်၊ မည်သို့ရင်းနှီးမြှုပ်နှံမည်အစရှိသည်တို့ကို သိရန်မှာ သင့်အပေါ်တွင်သာ တာဝန်ရှိပါသည်။ ငွေသည် ရတနာသိုက်များ ရှာဖွေသကဲ့သို့ ရှာဖွေတွေ့ရှိရခြင်းလည်းမဟုတ်၊ အနိုင်ရလည်းမဟုတ်၊ ကံကြောင့်ရခြင်းလည်း မဟုတ်ကြောင်း သန်းကြွယ်သူဌေးများ နားလည်ကြသည်။

ချမ်းသာကြွယ်ဝမှုဟူသည် မတော်မဆပေါ်ပေါက်လာသည့်အရာမဟုတ်၊ မိမိ၏ လုပ်ဆောင်မှုကံ အကျိုးကြောင့်သာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဓနတည်ဆောက်မှုကား ကမ္ဘာ့အကြီးမားဆုံး ကစားပွဲကြီးလည်းဖြစ်၏။

ထိုကစားပွဲတွင် အောင်ပွဲခံလိုပါက ကစားပွဲဥပဒေသများကို နားလည်ထားရန် လိုအပ်သည်။

ထို့ကြောင့် လေ့လာမှုများ စတင်ပြုလုပ်ပါ။

ချက်ခြင်းလုပ်ဆောင်ရမည့် ခြေလှမ်း= ငွေကြေးနှင့်ပတ်သက်သည့် နာမည်ကျော်စာအုပ်များ စတင်ဖတ်ရှုပါ။ ဥပမာအားဖြင့်-

• Rich Dad, Poor Dad by Robert Kiyosaki (ဆင်းရဲဖေဖေ၊ ချမ်းသာဖေဖေဟု မြန်မာပြန်ဆိုထားမှုရှိ)

• The Total Money Makeover by Dave Ramsey

• The Richest Man in Babylon by George Clason (ဆရာဖေမြင့်က ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ်ဟု မြန်မာပြန်ထား)

သို့သော် စာဖတ်ခြင်းသာ လုပ်ဆောင်ရန်မဟုတ်။ ရရှိလာသည့် အသိအမြင်တို့ကို ခံယူပွားများကျင့်သုံးပါ။

(မှတ်ချက်- iMyanmarHouse.com တွင် ဆင်းရဲလှသည့်ဘဝများမှ ချမ်းသာအောင်မြင်သွားသူတို့အကြောင်း ရေးသားထားသည့် အတ္ထုပ္ပတ္တိဆောင်းပါး များစွာရှိသည့်နည်းတူ ကြမ်းတမ်းခက်ခဲလှသည့်ဘဝမှ ချမ်းသာအောင်မြင်သွားသူတစ်ဦးအကြောင်း ရေးသားထုတ်ဝေထားသည့် “မလျှော့အားမန် မချန်သတ္တိ” ဟူသော စာအုပ်တွင်လည်း ချမ်းသာအောင်မြင်လာစေရန် နေ့စဉ်ပြုလုပ်ရမည့် နည်းလမ်းများ ဖော်ပြထားပါသည်။ အဆိုပါစာအုပ်ကို iMyanmarHouse.com တွင် ဝယ်ယူရရှိနိုင်ပါသည်)

အဆိုပါ အကြောင်းရပ်များနှင့် စပ်လျဉ်းပြီး ဆွေးနွေးပါ။ သင်၏လက်တွဲဖော်၊ မိဘဘိုးဘွားများထံ ဝေမျှပြောကြားပါ။

ငွေကြေးစီမံခန့်ခွဲမှုသည် လေ့လာ၍ရသော အကြောင်းရပ်ဖြစ်၏။ ထိုကဏ္ဍတွင် ကျွမ်းကျင်သွားပါက ဓနဥစ္စာ တည်ဆောက်ရသည်မှာ ယခင်က သင်တွေးထင်ခဲ့သလောက် မခက်ခဲကြောင်း တွေ့ရှိလာမည် ဖြစ်သည်။

၂။ ပညာရပ်ပိုင်းအသိအမြင်အပေါ် တန်ဖိုးမထားခြင်း သင်အလုပ်များနေခြင်း ဖြစ်နိုင်ပါသည်။

နေ့စဉ်နေ့တိုင်း ၂၅ နာရီအလုပ်လုပ်ရန် အလုပ်များရှိနေပြီး အဆိုပါအလုပ်များအားလုံးကို ပြီးစီးအောင် လုပ်ဆောင်ရန် အချိန်မလုံလောက်မှုများရှိနိုင်သည်။

ယင်းကား စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ဘဝပင်။ ထို့ကြောင့် အချို့အရာများကို စတေးနိုင်ရန် လိုအပ်သည်။

သို့အတွက်ဖြစ်လာနိုင်သည်ကား ပညာရပ်ပိုင်းလေ့လာမှုများကို စတေးလိုက်ခြင်း ဖြစ်နိုင်သည်။

ထိုသို့ စတေးလိုက်ခြင်းသည် သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာနိုင်သည့် အခွင့်အလမ်းအပေါ် ဆိုးရွားစွာ ထိခိုက်၏။

ချမ်းသာကြွယ်ဝသောသူတို့သည် စီးပွားရေးဘဝတွင် ကျင်လည်နေသော်လည်း လေ့လာသင်ယူမှုကို မည်သည့်အခါမျှ အဆုံးမသတ်လိုက်ချေ။

တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် Noah Kagan က ပြောကြားခဲ့ရာတွင် မနက်တိုင်းတွင် စာဖတ်ရန်အတွက် အချိန်ပေးကြောင်း၊ အင်္ဂါနေ့ နံနက်တိုင်းတွင် လေ့လာရန်သက်သက်အတွက် အချိန်ပေးကြောင်း ပြောကြားသည်။

ဝါရင်ဘူဖေးသည် တစ်နေ့လျှင် ၈ နာရီအိပ်စက်ပြီး နံနက် ၆း ၄၅ တွင် အိပ်ယာထ၏။ ယင်းနောက် Wall Street Journal နှင့် USA Today သတင်းစာများ ဖတ်သည်။ တစ်နေ့တာ၏ အချိန် ၈၀ ရာခိုင်နှုန်းကို စာဖတ်ခြင်းအတွက် အသုံးပြုသည်ဟု ဆိုသည်။

မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလျံနာ ဘီလ်ဂိတ်ဆိုလျှင် နံနက်ပိုင်းတွင် အပြေးစက်၌ အပြေးလေ့ကျင့်ရင်း ပညာရပ်ဆိုင်ရာ DVD အခွေများ ကြည့်ရှုလေ့ရှိသည်။

သင့်အနေဖြင့်ဆိုလျှင် နောက်ဆုံး မည်သည့်ကာလက လေ့လာမှုများ ပြုလုပ်ရန် စီစဉ်ခဲ့ပါသနည်း။

ကာဂန်၊ ဝါရင်ဘူဖေးနှင့် ဘီလ်ဂိတ်တို့အပြင် အခြားသော ကြီးကျယ်ခမ်းနားသည့် လုပ်ငန်းရှင်များ၏ အကြံဉာဏ်ကို လိုက်နာကြည့်ပါ။

“အလုပ်ဘယ်လောက်ရှုပ်ရှုပ် လေ့လာမှုကို ဘယ်တော့မှ မရပ်ပါနှင့်။ ”

ချက်ခြင်းလုပ်ဆောင်ရမည့် ခြေလှမ်း= ချမ်းသာအောင်မြင်လာသူတို့၏ အတ္ထုပ္ပတ္တိစာအုပ်များ၊ ၎င်းတို့အကြောင်းရေးသားထားသည့် ဆောင်းပါးများ၊ ၎င်းတို့နှင့် တွေ့ဆုံမေးမြန်းခန်းများကို ဖတ်ရှုပါ။ ထိုသို့ ဖတ်ရှုခြင်းသည် သင့်အား သန်းကြွယ်သူဌေးဘဝသို့ ကြိုးပမ်းမှုခရီးတွင် ပိုမိုနီးကပ်သည့်နေရာသို့ ပို့ဆောင်ပေးပါလိမ့်မည်။

၃။ လစဉ်လတိုင်း သင်၏ အပိုဝင်ငွေကို မည်သို့စီမံခန့်ခွဲပါသနည်း။

သင့်တွင် ငွေပိုငွေလျှံမရှိခြင်းမျိုးဖြစ်နိုင်ပါသည်။ သင်၏လစာမကောင်းခြင်းမျိုးလည်း ဖြစ်နိုင်သည်။ သင်၏ကုမ္ပဏီ မအောင်မြင်သေးသောကြောင့်လည်း ဖြစ်နိုင်သည်။

သို့သော် သင့်တွင်မည်သို့သောအကြောင်းရင်း၊ မည်သည့်ဆင်ခြေ ရှိနေသည်ဖြစ်စေ အဖြစ်မှန်ကို ရင်ဆိုင်ကြည့်လိုက်ပါ။

ငွေကို ဖြုန်းတီးနေမှုများ ရှိနေခြင်း၊ ငွေမည်မျှဝင်သည်ကို ဂရုမစိုက်ခြင်းများကို သုံးသပ်ပါ။

လူတိုင်းသည် မိမိတိို့ဘဝရည်ရွယ်ချက်များနှင့် မိမိတို့ရှင်သန်နေကြသည်။ ယခုအတိုင်း ဆက်သွားမည်ဆိုလျှင် သင့်ဝင်ငွေ တစ်လလျှင် ဒေါ်လာ ၃၀၀ ရသည်ဖြစ်စေ ၃၀၀၀ ရသည်ဖြစ်စေ အခက်တွေ့နေဦးမည်သာ ဖြစ်သည်။

ကျွန်ုပ်သိရှိသော သန်းကြွယ်သူဌေးများသည် ၎င်းတို့ရှာနိုင်သည်ထက် ပိုမသုံးသည့် ခိုင်မာသော ဆုံးဖြတ်ချက်များ ရှိကြသည်။

နောက်ဆုံးပေါ်ပစ္စည်းများ အမြဲဝယ်ယူသုံးစွဲနေခြင်းထက် ငွေပိုရှာနိုင်ရန်သာ ဦးတည်ကြသည်။ ၎င်းတို့၏ ပိုလျှံလာသော ငွေများကို စီးပွားရေးလုပ်ငန်းများ၊ ရှယ်ယာများ၊ အိမ်ခြံမြေ (သို့မဟုတ်) အခြားသော ပိုင်ဆိုင်မှုများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြသည်။

ချက်ခြင်းလုပ်ဆောင်ရမည့် ခြေလှမ်း=လွန်ခဲ့သော ၃ လအတွင်း ငွေသွင်းထုတ်ဘဏ်စာရင်းကို ထုတ်ယူပါ (သို့မဟုတ်) သင်၏ထွက်ငွေစာရင်းကို ၃ လခန့် စာရင်းပြုစုမှတ်သားထားပါ။ https://www.youneedabudget.com/ တွင် သင်၏ ဘတ်ဂျက်စာရင်း တွက်ချက်မှုကို ၃၄ ရက်အခမဲ့ သုံးစွဲနိုင်ရာ ဝင်ရောက်အသုံးပြုကြည့်ပါ။ ထုတ်ယူငွေ တစ်ကျပ်တိုင်း မည်သို့ အသုံးပြုခဲ့သည်ကို သုံးသပ်ပါ။ အမျိုးအစားအလိုက် ခေါင်းစဉ်ခွဲကာ စာရင်းပြုစုပါ။ ယင်းနောက် အနာဂတ်အတွက် ခိုင်မာသော ငွေသုံးစွဲပုံစာရင်းတစ်ခု ဖန်တီးပါ။

၄။ ဓနဆောင်ကြဉ်းပေးမည့်အရာများ မစုဆောင်းဘဲ ငွေဖြုန်းသည့်အရာများသာ ဝယ်ယူနေခြင်း

စုဘူးထဲတွင် ငွေစုနေသည့် နည်းလမ်းသုံးခြင်းအားဖြင့် ကြွယ်ဝလာမည် မဟုတ်။ သို့ဆိုလျှင် ဓနကို မည်သို့ တည်ဆောက်နိုင်သနည်း။ ပိုင်ဆိုင်မှု asset များ စုဆောင်းပါ။

ယေဘုယျအားဖြင့် ပိုင်ဆိုင်မှု (Asset )၂ မျိုးရှိသည်။

(၁ ) လက်ဆုပ်လက်ကိုင်ပြနိုင်သော ပိုင်ဆိုင်မှု Tangible Asset - ရုပ်ဝတ္ထုပိုင်းအရ တည်ရှိနေသော အရာများဖြစ်သည်။ သာဓက- ငွေသား၊ စတော့ရှယ်ယာများ၊ စာချုပ်များ၊ အိမ်ခြံမြေ၊ အဆောက်အအုံ၊ ကုန်ပစ္စည်း၊ စက်ပစ္စည်း၊ တန်ကြီးကြီး ကျောက်မျက်ရတနာနှင့် အနုပညာပစ္စည်းများ

(၂) လက်ဆုပ်လက်ကိုင်မပြနိုင်သော ပိုင်ဆိုင်မှု Intangible Asset - ရုပ်ဝတ္ထုမရှိသော အရာများဖြစ်သည်။ သာဓက- တီထွင်မှု မူပိုင်ခွင့်၊ အနုပညာဆိုင်ရာ မူပိုင်ခွင့်၊ စီးပွားရေးလုပ်ငန်းတစ်ခု၏ ကောင်းသတင်း (အရောင်းအဝယ်လုပ်ရာတွင် ကောင်းသတင်းကို တန်ဖိုးတစ်ခုအနေဖြင့် ထည့်သွင်းတွက်ချက်လေ့ရှိသည်) ၊ ကုန်ပစ္စည်းအမှတ်တံဆိပ် အစရှိသည်တို့ဖြစ်သည်။

Investopedia.com ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ asset ဟူသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု (သို့တည်းမဟုတ်) တိုင်းပြည်တစ်ခုက အနာဂတ်တွင် တန်ဖိုးတက်လာမည်ဟူသော မျှော်လင့်ချက်ဖြင့် ပိုင်ဆိုင်၊ ထိန်းချုပ်ထားသည့်အရာဟု အနက်ဖွင့်ဆိုသည်။

သန်းကြွယ်သူဌေးတို့သည် asset များကို စုဆောင်း၏။ ရိုးစင်းလှသော လုပ်ငန်းစဉ်သာဖြစ်သည်။ သင်ကော ထိုအရာများကို စုဆောင်းပါသလော။

Asset တစ်ခုသည် အမြတ်အစွန်းရနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည်။ ရှယ်ယာများ အများအပြားဝယ်ယူစုဆောင်းခြင်း၊ သို့မဟုတ် အိမ်ခြံမြေကဏ္ဍတွင် မှန်ကန်သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းတို့ ဖြစ်သည်။

သို့သော် သင်စီးနေသောကားသည် ဓနဆောင်ကြဉ်းပေးမည့် asset မဟုတ်။

သင့်လက်တွင် ဝတ်ဆင်ထားသော တန်ဖိုးကြီးနာရီသစ်သည်လည်း asset မဟုတ်။ ယုတ်စွအဆုံး သင်နေထိုင်နေသော သင်၏နေအိမ်သည်ပင်လျှင် asset တစ်ခု မဖြစ်နိုင်။

ထိုအရာအားလုံးသည် သင်၏ အနာဂတ်ဓနတို့ကို လုယူနေသည့် ဖြုန်းတီးမှု liabilities သာ ဖြစ်သည်။

Liability (ပေးရန်တာဝန်) ဟူသည် တရားဝင် ပေးရမယ့်ကြွေးမြီ (သို့မဟုတ်) တာဝန်ဝတ္တရားဖြစ်သည်။ Liability သည် Asset နှင့် ဆန့်ကျင်ဘက်ဟု ဆိုနိုင်သည်။ အနာဂတ်တွင် တန်ဖိုးတက်လာသမျှအရာတိုင်းကို Asset ဟုဆိုလျှင် တန်ဖိုးလျော့လျော့သွားသော အရာဟူသရွေ့သည် Liability ဖြစ်သည်။

ထိုအရာများကို စုဆောင်းနေခြင်း ရပ်ဆိုင်းပါ။ ရေရှည်တွင် သင့်အားငွေရှာပေးမည့်အရာများကိုသာ စတင်စုဆောင်းပါ။

ပိုင်ဆိုင်မှု (Asset) ထဲမှ ပေးရန်တာဝန် (Liability) ကို နှုတ်လိုက်လျှင် အသားတင်ပိုင်ဆိုင်မှု (Equity) ကို သိနိုင်သည်။

ချက်ခြင်းလုပ်ဆောင်ရမည့် ခြေလှမ်း=သင့်တွင်ရှိနေသည့် asset များအားလုံးကို အသေးစိတ်စာရင်းပြုစုပါ။ ၎င်းတို့၏ ကာလပေါက်ဈေးလည်း ပါပါစေ။ ယင်းနောက် asset များ ပိုမို ပိုင်ဆိုင်ရေးအတွက် အသေးစိတ်စီမံကိန်းရေးဆွဲပါ။ liabilities များ များစွာ မဝယ်တော့ပါဟု မိမိကိုယ်ကို သဘောတူညီချက်စာချုပ်ချုပ်ဆိုပါ။

သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာရေးသည် မဖြစ်နိုင်သော ကိစ္စတစ်ရပ်မဟုတ်။

သင့်တွင် အချိန်ရှိသေးလျှင်၊ မည်သို့လုပ်ဆောင်ရမည်ဟူသော အသိအမြင်ရှိနေလျှင် လွယ်ကူသောအကြောင်းရပ်သာ ဖြစ်သည်။

သို့သော် အခက်အခဲများကို ကျော်လွှားတတ်ရန် လိုအပ်သည်။ သန်းကြွယ်သူဌေးဘဝသို့ သွားရောက်မည့်ခရီးလမ်းမှာ ကြမ်းတမ်းနိုင်သည်။

အနှစ်ချုပ်အားဖြင့် ဆိုရလျှင် သူဌေးတစ်ဦးဖြစ်လိုသည်ဆိုလျှင် ငွေကြေးနှင့် ပတ်သက်သည့်အသိအမြင်များ ရေးသားထားသည့် စာအုပ်များ၊ ဆောင်းပါးများ ဖတ်ရှုလေ့လာပါ။ ပညာရပ်ပိုင်းဆိုင်ရာများကို အမြဲလေ့လာနေပါ။ ဝင်ငွေထက် ပိုမသုံးပါနှင့်၊ asset များ စတင်စုဆောင်းပါ။ မကြာမီတွင် သန်းကြွယ်သူဌေးဘဝသို့ ရောက်ရှိနိုင်ပါလိမ့်မည်။

ယခုအကြံပြုချက်တွင် ကျန်နေသေးသည်ဟု သင်ယူဆသည်တို့ကိုလည်း comment တွင် မှတ်ချက်ရေးသားအကြံပြုခဲ့ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 4 Reasons Why You'll Never Be a Millionaire, and How You Can Change That (entrepreneur)

 

[Zawgyi]

သူေဌးတစ္ေယာက္ဘယ္ေတာ့မွ ျဖစ္မလာမယ့္ အေၾကာင္းရင္း (၄) ပါး (သို႔မဟုတ္) သူေဌးျဖစ္လာေစမည့္ နည္းလမ္း (၄) ခု

ခ်မ္းသာၾကြယ္ဝေသာ သူေဌးျဖစ္ရန္ ၾကိဳးပမ္းေနသူဆိုပါက ေအာက္ေဖာ္ျပပါ အတားအဆီး ၄ မ်ဳိးကို မေက်ာ္လႊားႏိုင္လွ်င္ မည္သည့္အခါမွ် သူေဌးျဖစ္မလာႏိုင္ေခ်။

၁။ ေငြ၏ အလုပ္လုပ္ပံုကို နားမလည္ျခင္း

ေငြဟူသည္ ရႈပ္ေထြးလွသည့္ အေၾကာင္းရပ္တစ္ခု မဟုတ္ေခ်။ သို႔ေသာ္ အခ်ဳိ႕သူတို႔ကား ေငြမည္သို႔ အလုပ္လုပ္သည္ကို အမွန္တကယ္ နားမလည္ၾကေသးေခ်။

သင္ေကာ နားလည္ပါသလား?

မွန္ပါသည္။ သင့္အေနျဖင့္ စာသင္ေက်ာင္းမ်ားမွ သင္ၾကားပို႔ခ်ပံုစနစ္ႏွင့္ မိဘမ်ားအေပၚ အျပစ္ဖို႔ႏိုင္ပါသည္။

သို႔ေသာ္ ေငြကို မည္သို႔ရွာေဖြမည္၊ မည္သို႔ထိန္းသိမ္းမည္၊ မည္သို႔ရင္းႏွီးျမွဳပ္ႏွံမည္အစရွိသည္တို႔ကို သိရန္မွာ သင့္အေပၚတြင္သာ တာဝန္ရွိပါသည္။ ေငြသည္ ရတနာသိုက္မ်ား ရွာေဖြသကဲ့သို႔ ရွာေဖြေတြ႔ရွိရျခင္းလည္းမဟုတ္၊ အႏုိင္ရလည္းမဟုတ္၊ ကံေၾကာင့္ရျခင္းလည္း မဟုတ္ေၾကာင္း သန္းၾကြယ္သူေဌးမ်ား နားလည္ၾကသည္။

ခ်မ္းသာၾကြယ္ဝမႈဟူသည္ မေတာ္မဆေပၚေပါက္လာသည့္အရာမဟုတ္၊ မိမိ၏ လုပ္ေဆာင္မႈကံ အက်ဳိးေၾကာင့္သာ ျဖစ္ေပၚလာျခင္း ျဖစ္သည္။ ဓနတည္ေဆာက္မႈကား ကမၻာ့အၾကီးမားဆံုး ကစားပြဲၾကီးလည္းျဖစ္၏။

ထိုကစားပြဲတြင္ ေအာင္ပြဲခံလိုပါက ကစားပြဲဥပေဒသမ်ားကို နားလည္ထားရန္ လိုအပ္သည္။

ထို႔ေၾကာင့္ ေလ့လာမႈမ်ား စတင္ျပဳလုပ္ပါ။

ခ်က္ျခင္းလုပ္ေဆာင္ရမည့္ ေျခလွမ္း= ေငြေၾကးႏွင့္ပတ္သက္သည့္ နာမည္ေက်ာ္စာအုပ္မ်ား စတင္ဖတ္ရႈပါ။ ဥပမာအားျဖင့္-

• Rich Dad, Poor Dad by Robert Kiyosaki (ဆင္းရဲေဖေဖ၊ ခ်မ္းသာေဖေဖဟု ျမန္မာျပန္ဆိုထားမႈရွိ)

• The Total Money Makeover by Dave Ramsey

• The Richest Man in Babylon by George Clason (ဆရာေဖျမင့္က ေဘဘီလံုမွ အခ်မ္းသာဆံုးပုဂၢိဳလ္ဟု ျမန္မာျပန္ထား)

သို႔ေသာ္ စာဖတ္ျခင္းသာ လုပ္ေဆာင္ရန္မဟုတ္။ ရရွိလာသည့္ အသိအျမင္တို႔ကို ခံယူပြားမ်ားက်င့္သံုးပါ။

(မွတ္ခ်က္- iMyanmarHouse.com တြင္ ဆင္းရဲလွသည့္ဘဝမ်ားမွ ခ်မ္းသာေအာင္ျမင္သြားသူတို႔အေၾကာင္း ေရးသားထားသည့္ အတၳဳပၸတၱိေဆာင္းပါး မ်ားစြာရွိသည့္နည္းတူ ၾကမ္းတမ္းခက္ခဲလွသည့္ဘဝမွ ခ်မ္းသာေအာင္ျမင္သြားသူတစ္ဦးအေၾကာင္း ေရးသားထုတ္ေဝထားသည့္ “မေလွ်ာ့အားမန္ မခ်န္သတၱိ” ဟူေသာ စာအုပ္တြင္လည္း ခ်မ္းသာေအာင္ျမင္လာေစရန္ ေန႔စဥ္ျပဳလုပ္ရမည့္ နည္းလမ္းမ်ား ေဖာ္ျပထားပါသည္။ အဆိုပါစာအုပ္ကို iMyanmarHouse.com တြင္ ဝယ္ယူရရွိႏိုင္ပါသည္)

အဆိုပါ အေၾကာင္းရပ္မ်ားႏွင့္ စပ္လ်ဥ္းျပီး ေဆြးေႏြးပါ။ သင္၏လက္တြဲေဖာ္၊ မိဘဘိုးဘြားမ်ားထံ ေဝမွ်ေျပာၾကားပါ။

ေငြေၾကးစီမံခန္႔ခြဲမႈသည္ ေလ့လာ၍ရေသာ အေၾကာင္းရပ္ျဖစ္၏။ ထိုက႑တြင္ ကၽြမ္းက်င္သြားပါက ဓနဥစၥာ တည္ေဆာက္ရသည္မွာ ယခင္က သင္ေတြးထင္ခဲ့သေလာက္ မခက္ခဲေၾကာင္း ေတြ႔ရွိလာမည္ ျဖစ္သည္။

၂။ ပညာရပ္ပိုင္းအသိအျမင္အေပၚ တန္ဖိုးမထားျခင္း သင္အလုပ္မ်ားေနျခင္း ျဖစ္ႏိုင္ပါသည္။

ေန႔စဥ္ေန႔တိုင္း ၂၅ နာရီအလုပ္လုပ္ရန္ အလုပ္မ်ားရွိေနျပီး အဆိုပါအလုပ္မ်ားအားလံုးကို ျပီးစီးေအာင္ လုပ္ေဆာင္ရန္ အခ်ိန္မလံုေလာက္မႈမ်ားရွိႏိုင္သည္။

ယင္းကား စီးပြားေရးလုပ္ငန္းရွင္တစ္ဦး၏ ဘဝပင္။ ထို႔ေၾကာင့္ အခ်ဳိ ႔အရာမ်ားကို စေတးႏိုင္ရန္ လိုအပ္သည္။

သို႔အတြက္ျဖစ္လာႏိုင္သည္ကား ပညာရပ္ပိုင္းေလ့လာမႈမ်ားကို စေတးလိုက္ျခင္း ျဖစ္ႏိုင္သည္။

ထိုသို႔ စေတးလိုက္ျခင္းသည္ သန္းၾကြယ္သူေဌးတစ္ဦးျဖစ္လာႏိုင္သည့္ အခြင့္အလမ္းအေပၚ ဆိုးရြားစြာ ထိခိုက္၏။

ခ်မ္းသာၾကြယ္ဝေသာသူတို႔သည္ စီးပြားေရးဘဝတြင္ က်င္လည္ေနေသာ္လည္း ေလ့လာသင္ယူမႈကို မည္သည့္အခါမွ် အဆံုးမသတ္လိုက္ေခ်။

ေတြ႔ဆံုေမးျမန္းခန္းတစ္ခုတြင္ Noah Kagan က ေျပာၾကားခဲ့ရာတြင္ မနက္တိုင္းတြင္ စာဖတ္ရန္အတြက္ အခ်ိန္ေပးေၾကာင္း၊ အဂၤ ါေန႔ နံနက္တိုင္းတြင္ ေလ့လာရန္သက္သက္အတြက္ အခ်ိန္ေပးေၾကာင္း ေျပာၾကားသည္။

ဝါရင္ဘူေဖးသည္ တစ္ေန႔လွ်င္ ၈ နာရီအိပ္စက္ျပီး နံနက္ ၆း ၄၅ တြင္ အိပ္ယာထ၏။ ယင္းေနာက္ Wall Street Journal ႏွင့္ USA Today သတင္းစာမ်ား ဖတ္သည္။ တစ္ေန႔တာ၏ အခ်ိန္ ၈၀ ရာခိုင္ႏႈန္းကို စာဖတ္ျခင္းအတြက္ အသံုးျပဳသည္ဟု ဆိုသည္။

မိုကၠရိုေဆာ့ဖ္တည္ေထာင္သူ ဘီလ်ံနာ ဘီလ္ဂိတ္ဆိုလွ်င္ နံနက္ပိုင္းတြင္ အေျပးစက္၌ အေျပးေလ့က်င့္ရင္း ပညာရပ္ဆိုင္ရာ DVD အေခြမ်ား ၾကည့္ရႈေလ့ရွိသည္။

သင့္အေနျဖင့္ဆိုလွ်င္ ေနာက္ဆံုး မည္သည့္ကာလက ေလ့လာမႈမ်ား ျပဳလုပ္ရန္ စီစဥ္ခဲ့ပါသနည္း။

ကာဂန္၊ ဝါရင္ဘူေဖးႏွင့္ ဘီလ္ဂိတ္တို႔အျပင္ အျခားေသာ ၾကီးက်ယ္ခမ္းနားသည့္ လုပ္ငန္းရွင္မ်ား၏ အၾကံဥာဏ္ကို လိုက္နာၾကည့္ပါ။

“အလုပ္ဘယ္ေလာက္ရႈပ္ရႈပ္ ေလ့လာမႈကို ဘယ္ေတာ့မွ မရပ္ပါႏွင့္။ ”

ခ်က္ျခင္းလုပ္ေဆာင္ရမည့္ ေျခလွမ္း= ခ်မ္းသာေအာင္ျမင္လာသူတို႔၏ အတၳဳပၸတၱိစာအုပ္မ်ား၊ ၎တို႔အေၾကာင္းေရးသားထားသည့္ ေဆာင္းပါးမ်ား၊ ၎တို႔ႏွင့္ ေတြ႔ဆံုေမးျမန္းခန္းမ်ားကို ဖတ္ရႈပါ။ ထိုသို႔ ဖတ္ရႈျခင္းသည္ သင့္အား သန္းၾကြယ္သူေဌးဘဝသို႔ ၾကိဳးပမ္းမႈခရီးတြင္ ပိုမိုနီးကပ္သည့္ေနရာသို႔ ပို႔ေဆာင္ေပးပါလိမ့္မည္။

၃။ လစဥ္လတိုင္း သင္၏ အပိုဝင္ေငြကို မည္သို႔စီမံခန္႔ခြဲပါသနည္း။

သင့္တြင္ ေငြပိုေငြလွ်ံမရွိျခင္းမ်ဳိးျဖစ္ႏိုင္ပါသည္။ သင္၏လစာမေကာင္းျခင္းမ်ဳိးလည္း ျဖစ္ႏိုင္သည္။ သင္၏ကုမၸဏီ မေအာင္ျမင္ေသးေသာေၾကာင့္လည္း ျဖစ္ႏိုင္သည္။

သို႔ေသာ္ သင့္တြင္မည္သို႔ေသာအေၾကာင္းရင္း၊ မည္သည့္ဆင္ေျခ ရွိေနသည္ျဖစ္ေစ အျဖစ္မွန္ကို ရင္ဆိုင္ၾကည့္လုိက္ပါ။

ေငြကို ျဖဳန္းတီးေနမႈမ်ား ရွိေနျခင္း၊ ေငြမည္မွ်ဝင္သည္ကို ဂရုမစိုက္ျခင္းမ်ားကို သံုးသပ္ပါ။

လူတိုင္းသည္ မိမိတိုိ႔ဘဝရည္ရြယ္ခ်က္မ်ားႏွင့္ မိမိတို႔ရွင္သန္ေနၾကသည္။ ယခုအတိုင္း ဆက္သြားမည္ဆိုလွ်င္ သင့္ဝင္ေငြ တစ္လလွ်င္ ေဒၚလာ ၃၀၀ ရသည္ျဖစ္ေစ ၃၀၀၀ ရသည္ျဖစ္ေစ အခက္ေတြ႔ေနဦးမည္သာ ျဖစ္သည္။

ကၽြႏု္ပ္သိရွိေသာ သန္းၾကြယ္သူေဌးမ်ားသည္ ၎တို႔ရွာႏိုင္သည္ထက္ ပိုမသံုးသည့္ ခိုင္မာေသာ ဆံုးျဖတ္ခ်က္မ်ား ရွိၾကသည္။

ေနာက္ဆံုးေပၚပစၥည္းမ်ား အျမဲဝယ္ယူသံုးစြဲေနျခင္းထက္ ေငြပိုရွာႏိုင္ရန္သာ ဦးတည္ၾကသည္။ ၎တို႔၏ ပိုလွ်ံလာေသာ ေငြမ်ားကို စီးပြားေရးလုပ္ငန္းမ်ား၊ ရွယ္ယာမ်ား၊ အိမ္ျခံေျမ (သို႔မဟုတ္) အျခားေသာ ပိုင္ဆိုင္မႈမ်ားတြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ၾကသည္။

ခ်က္ျခင္းလုပ္ေဆာင္ရမည့္ ေျခလွမ္း=လြန္ခဲ့ေသာ ၃ လအတြင္း ေငြသြင္းထုတ္ဘဏ္စာရင္းကို ထုတ္ယူပါ (သို႔မဟုတ္) သင္၏ထြက္ေငြစာရင္းကို ၃ လခန္႔ စာရင္းျပဳစုမွတ္သားထားပါ။ https://www.youneedabudget.com/ တြင္ သင္၏ ဘတ္ဂ်က္စာရင္း တြက္ခ်က္မႈကို ၃၄ ရက္အခမဲ့ သံုးစြဲႏိုင္ရာ ဝင္ေရာက္အသံုးျပဳၾကည့္ပါ။ ထုတ္ယူေငြ တစ္က်ပ္တိုင္း မည္သို႔ အသံုးျပဳခဲ့သည္ကို သံုးသပ္ပါ။ အမ်ဳိးအစားအလိုက္ ေခါင္းစဥ္ခြဲကာ စာရင္းျပဳစုပါ။ ယင္းေနာက္ အနာဂတ္အတြက္ ခိုင္မာေသာ ေငြသံုးစြဲပံုစာရင္းတစ္ခု ဖန္တီးပါ။

၄။ ဓနေဆာင္ၾကဥ္းေပးမည့္အရာမ်ား မစုေဆာင္းဘဲ ေငြျဖဳန္းသည့္အရာမ်ားသာ ဝယ္ယူေနျခင္း

စုဘူးထဲတြင္ ေငြစုေနသည့္ နည္းလမ္းသုံးျခင္းအားျဖင့္ ႂကြယ္ဝလာမည္ မဟုတ္။ သို႔ဆိုလွ်င္ ဓနကို မည္သို႔ တည္ေဆာက္ႏိုင္သနည္း။ ပိုင္ဆိုင္မႈ asset မ်ား စုေဆာင္းပါ။

ေယဘုယ်အားျဖင့္ ပိုင္ဆိုင္မႈ (Asset )၂ မ်ဳိးရွိသည္။

(၁ ) လက္ဆုပ္လက္ကိုင္ျပႏိုင္ေသာ ပိုင္ဆိုင္မႈ Tangible Asset - ရုပ္ဝတၳဳပိုင္းအရ တည္ရွိေနေသာ အရာမ်ားျဖစ္သည္။ သာဓက- ေငြသား၊ စေတာ့ရွယ္ယာမ်ား၊ စာခ်ဳပ္မ်ား၊ အိမ္ျခံေျမ၊ အေဆာက္အအံု၊ ကုန္ပစၥည္း၊ စက္ပစၥည္း၊ တန္ၾကီးၾကီး ေက်ာက္မ်က္ရတနာႏွင့္ အႏုပညာပစၥည္းမ်ား

(၂) လက္ဆုပ္လက္ကိုင္မျပႏိုင္ေသာ ပိုင္ဆိုင္မႈ Intangible Asset - ရုပ္ဝတၳဳမရွိေသာ အရာမ်ားျဖစ္သည္။ သာဓက- တီထြင္မႈ မူပိုင္ခြင့္၊ အႏုပညာဆိုင္ရာ မူပိုင္ခြင့္၊ စီးပြားေရးလုပ္ငန္းတစ္ခု၏ ေကာင္းသတင္း (အေရာင္းအဝယ္လုပ္ရာတြင္ ေကာင္းသတင္းကို တန္ဖုိးတစ္ခုအေနျဖင့္ ထည့္သြင္းတြက္ခ်က္ေလ့ရွိသည္) ၊ ကုန္ပစၥည္းအမွတ္တံဆိပ္ အစရွိသည္တို႔ျဖစ္သည္။

Investopedia.com ၏ အဓိပၸာယ္ဖြင့္ဆိုခ်က္အရ asset ဟူသည္ ပုဂၢိဳလ္တစ္ဦးတစ္ေယာက္၊ အဖြဲ႔အစည္းတစ္ခု (သို႔တည္းမဟုတ္) တိုင္းျပည္တစ္ခုက အနာဂတ္တြင္ တန္ဖုိးတက္လာမည္ဟူေသာ ေမွ်ာ္လင့္ခ်က္ျဖင့္ ပိုင္ဆိုင္၊ ထိန္းခ်ဳပ္ထားသည့္အရာဟု အနက္ဖြင့္ဆိုသည္။

သန္းၾကြယ္သူေဌးတို႔သည္ asset မ်ားကို စုေဆာင္း၏။ ရိုးစင္းလွေသာ လုပ္ငန္းစဥ္သာျဖစ္သည္။ သင္ေကာ ထိုအရာမ်ားကို စုေဆာင္းပါသေလာ။

Asset တစ္ခုသည္ အျမတ္အစြန္းရႏိုင္ေသာ လုပ္ငန္းတစ္ခုျဖစ္သည္။ ရွယ္ယာမ်ား အမ်ားအျပားဝယ္ယူစုေဆာင္းျခင္း၊ သို႔မဟုတ္ အိမ္ျခံေျမက႑တြင္ မွန္ကန္ေသာ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ျခင္းတို႔ ျဖစ္သည္။

သို႔ေသာ္ သင္စီးေနေသာကားသည္ ဓနေဆာင္ၾကဥ္းေပးမည့္ asset မဟုတ္။

သင့္လက္တြင္ ဝတ္ဆင္ထားေသာ တန္ဖုိးၾကီးနာရီသစ္သည္လည္း asset မဟုတ္။ ယုတ္စြအဆံုး သင္ေနထိုင္ေနေသာ သင္၏ေနအိမ္သည္ပင္လွ်င္ asset တစ္ခု မျဖစ္ႏိုင္။

ထိုအရာအားလံုးသည္ သင္၏ အနာဂတ္ဓနတို႔ကို လုယူေနသည့္ ျဖဳန္းတီးမႈ liabilities သာ ျဖစ္သည္။

Liability (ေပးရန္တာဝန္) ဟူသည္ တရားဝင္ ေပးရမယ့္ေၾကြးျမီ (သို႔မဟုတ္) တာဝန္ဝတၱရားျဖစ္သည္။ Liability သည္ Asset ႏွင့္ ဆန္႔က်င္ဘက္ဟု ဆိုႏိုင္သည္။ အနာဂတ္တြင္ တန္ဖိုးတက္လာသမွ်အရာတိုင္းကို Asset ဟုဆိုလွ်င္ တန္ဖိုးေလ်ာ့ေလ်ာ့သြားေသာ အရာဟူသေရြ႕သည္ Liability ျဖစ္သည္။

ထိုအရာမ်ားကို စုေဆာင္းေနျခင္း ရပ္ဆိုင္းပါ။ ေရရွည္တြင္ သင့္အားေငြရွာေပးမည့္အရာမ်ားကိုသာ စတင္စုေဆာင္းပါ။

ပိုင္ဆိုင္မႈ (Asset) ထဲမွ ေပးရန္တာဝန္ (Liability) ကို နႈတ္လိုက္လွ်င္ အသားတင္ပိုင္ဆိုင္မႈ (Equity) ကို သိႏိုင္သည္။

ခ်က္ျခင္းလုပ္ေဆာင္ရမည့္ ေျခလွမ္း=သင့္တြင္ရွိေနသည့္ asset မ်ားအားလံုးကို အေသးစိတ္စာရင္းျပဳစုပါ။ ၎တို႔၏ ကာလေပါက္ေစ်းလည္း ပါပါေစ။ ယင္းေနာက္ asset မ်ား ပိုမို ပိုင္ဆိုင္ေရးအတြက္ အေသးစိတ္စီမံကိန္းေရးဆြဲပါ။ liabilities မ်ား မ်ားစြာ မဝယ္ေတာ့ပါဟု မိမိကိုယ္ကို သေဘာတူညီခ်က္စာခ်ဳပ္ခ်ဳပ္ဆိုပါ။

သန္းၾကြယ္သူေဌးတစ္ဦးျဖစ္လာေရးသည္ မျဖစ္ႏိုင္ေသာ ကိစၥတစ္ရပ္မဟုတ္။

သင့္တြင္ အခ်ိန္ရွိေသးလွ်င္၊ မည္သို႔လုပ္ေဆာင္ရမည္ဟူေသာ အသိအျမင္ရွိေနလွ်င္ လြယ္ကူေသာအေၾကာင္းရပ္သာ ျဖစ္သည္။

သို႔ေသာ္ အခက္အခဲမ်ားကို ေက်ာ္လႊားတတ္ရန္ လိုအပ္သည္။ သန္းၾကြယ္သူေဌးဘဝသို႔ သြားေရာက္မည့္ခရီးလမ္းမွာ ၾကမ္းတမ္းႏိုင္သည္။

အႏွစ္ခ်ဳပ္အားျဖင့္ ဆိုရလွ်င္ သူေဌးတစ္ဦးျဖစ္လိုသည္ဆိုလွ်င္ ေငြေၾကးႏွင့္ ပတ္သက္သည့္အသိအျမင္မ်ား ေရးသားထားသည့္ စာအုပ္မ်ား၊ ေဆာင္းပါးမ်ား ဖတ္ရႈေလ့လာပါ။ ပညာရပ္ပိုင္းဆိုင္ရာမ်ားကို အျမဲေလ့လာေနပါ။ ဝင္ေငြထက္ ပိုမသံုးပါႏွင့္၊ asset မ်ား စတင္စုေဆာင္းပါ။ မၾကာမီတြင္ သန္းၾကြယ္သူေဌးဘဝသို႔ ေရာက္ရွိႏိုင္ပါလိမ့္မည္။

ယခုအၾကံျပဳခ်က္တြင္ က်န္ေနေသးသည္ဟု သင္ယူဆသည္တို႔ကိုလည္း comment တြင္ မွတ္ခ်က္ေရးသားအၾကံျပဳခဲ့ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 4 Reasons Why You'll Never Be a Millionaire, and How You Can Change That (entrepreneur)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service