ထိုင်းတွင် ဗီဇာအတုဖြင့် ၂၈ လကြာ နေထိုင်နေသော မြန်မာနိုင်ငံသား အမျိုးသားအပါအဝင် မြန်မာနိုင်ငံသား ၁၆ ဦး ဖမ်းဆီးခံရ

ထိုင်းတွင် ဗီဇာအတုဖြင့် ၂၈ လကြာ နေထိုင်နေသော မြန်မာနိုင်ငံသား အမျိုးသားအပါအဝင် မြန်မာနိုင်ငံသား ၁၆ ဦး ဖမ်းဆီးခံရ - Property News in Myanmar from iMyanmarHouse.com
23 Nov 2020 11:23 am တွင် တင်ခဲ့သည်
909 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းပါကာလထက် ရက်ပေါင်း ၈၄၈ ရက်ကျော်လွန်နေထိုင်မှုဖြင့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

၎င်းက ထိုင်းအရာရှိများအား ပြောကြားရာတွင် သူ၏ ပတ်စ်ပို့မှ သက်တမ်းတိုး တံဆိပ်တုံးအတုများကို ထိုင်းရှိ fixer တစ်ဦးက ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ခွန်” ဟုသာ သိရသော အဆိုပါအမျိုးသားသည် လူဝင်မှုဥပဒေချိုးဖောက်မှုဖြင့် ဖမ်းဆီးခံရသည့် နိုင်ငံခြားသား ၂၂ ဦးတွင် ပါဝင်ခဲ့ပြီး နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှု ကာကွယ်ရေး ကြိုးပမ်းချက်တစ်ရပ်အနေဖြင့် ဘန်ကောက်မြို့ဝန်းကျင် တွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား ရှာဖွေဖမ်းဆီးသည့် စီမံချက်အတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးဗျူရို၏ လက်ထောက်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်၊ ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်မှူးကြီး ပတ်ခါပေါင် ဆိုင်း ယူဘွန်က ပြောရာတွင် “ခွန်” ၏ ပတ်စ်ပို့တွင် ဗီဇာတံဆိပ်တုများနှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦး၏ လက်မှတ်အတုများ တွေ့ရကြောင်း ပြောသည်။

အဆိုပါ မြန်မာနိုင်ငံသားက ထိုင်းအရာရှိများအား ပြောရာတွင် သူ၏ ပတ်စ်ပို့ကို ထိုင်းလူမျိုးတစ်ဦးကို ပေးလိုက်ကြောင်း၊ ထိုသူက သူအား သက်တမ်းတိုးခြင်းကိစ္စများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။

ပတ်ခါပေါင်၏ ပြောကြားချက်အရ “ခွန်” ၏ ဗီဇာတွင် ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့်ရှိခဲ့သည့်ကာလမှာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်အထိသာဖြစ်ကြောင်း ပြောသည်။

“ခွန်”ကို ထိုင်းနိုင်ငံအတွင်း ဗီဇာသက်တမ်းကျော်လွန်ကာ ၈၄၈ ရက်နေထိုင်မှု၊ ပတ်စ်ပို့တွင် ဗီဇာတံဆိပ်တုများ ပြုလုပ်မှုဖြင့် အရေးယူထားသည်။

ဖမ်းဆီးခဲ့သည့် ၂၁ ဦးအနက် ၁၆ ဦးမှာ မြန်မာနိုင်ငံမှဖြစ်ပြီး ကျန် ၅ ဦးမှာ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ဖြစ်ကြသည်။

၎င်းတို့အား ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှု၊ သက်တမ်းကျော်လွန်နေထိုင်မှု၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုတို့ဖြင့် အရေးယူမှုများ ပြုလုပ်ထားသည်။

၎င်းတို့အပြင် နာ့သ်နှင့် ဂျူသာသစ်ဟုသာ သိရသော ထိုင်းလူမျိုး ၂ ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို တည်းခိုခွင့်ပြုထားမှု၊ အာဏာပိုင်များအား အကြောင်းကြားရန် ပျက်ကွက်မှုတို့ဖြင့် အရေးယူထားသည်ဟု ဆိုသည်။

ထို့အပြင် အခြား ၃ ဦးကိုလည်း ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့သေးသော်လည်း ၎င်းတို့နှင့် ပတ်သက်သည့် အချက်အလက်များကိုမူ မသိရချေ။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Myanmar man overstayed for 28 months on fake visas (bangkokpost)

 

 

[Zawgyi]

ထိုင္းတြင္ ဗီဇာအတုျဖင့္ ၂၈ လၾကာ ေနထိုင္ေနေသာ ျမန္မာႏိုင္ငံသား အမ်ဳိးသားအပါအဝင္ ျမန္မာႏိုင္ငံသား ၁၆ ဦး ဖမ္းဆီးခံရ

ထိုင္းႏိုင္ငံတြင္ ဗီဇာသက္တမ္းပါကာလထက္ ရက္ေပါင္း ၈၄၈ ရက္ေက်ာ္လြန္ေနထိုင္မႈျဖင့္ ျမန္မာႏိုင္ငံသား အမ်ဳိးသားတစ္ဦး ဖမ္းဆီးခံခဲ့ရသည္။

၎က ထိုင္းအရာရွိမ်ားအား ေျပာၾကားရာတြင္ သူ၏ ပတ္စ္ပို႔မွ သက္တမ္းတိုး တံဆိပ္တံုးအတုမ်ားကို ထိုင္းရွိ fixer တစ္ဦးက ျပဳလုပ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

“ခြန္” ဟုသာ သိရေသာ အဆိုပါအမ်ဳိးသားသည္ လူဝင္မႈဥပေဒခ်ဳိးေဖာက္မႈျဖင့္ ဖမ္းဆီးခံရသည့္ ႏိုင္ငံျခားသား ၂၂ ဦးတြင္ ပါဝင္ခဲ့ျပီး ႏိုဝင္ဘာလ ၉ ရက္မွ ၁၅ ရက္အထိ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ႕ပြားမႈ ကာကြယ္ေရး ၾကိိဳးပမ္းခ်က္တစ္ရပ္အေနျဖင့္ ဘန္ေကာက္ျမိဳ႕ဝန္းက်င္ တြင္ တရားမဝင္ ေရႊ႕ေျပာင္းေနထုိင္သူမ်ားအား ရွာေဖြဖမ္းဆီးသည့္ စီမံခ်က္အတြင္း ဖမ္းဆီးခံခဲ့ရျခင္းျဖစ္သည္။

လူဝင္မႈၾကီးၾကပ္ေရးဗ်ဴရို၏ လက္ေထာက္ေျပာေရးဆိုခြင့္ရပုဂၢိဳလ္၊ ရဲတပ္ဖြဲ႔အၾကီးအကဲ ဗိုလ္မွဴးၾကီး ပတ္ခါေပါင္ ဆိုင္း ယူဘြန္က ေျပာရာတြင္ “ခြန္” ၏ ပတ္စ္ပို႔တြင္ ဗီဇာတံဆိပ္တုမ်ားႏွင့္ လူဝင္မႈၾကီးၾကပ္ေရးအရာရွိတစ္ဦး၏ လက္မွတ္အတုမ်ား ေတြ႔ရေၾကာင္း ေျပာသည္။

အဆိုပါ ျမန္မာႏိုင္ငံသားက ထိုင္းအရာရွိမ်ားအား ေျပာရာတြင္ သူ၏ ပတ္စ္ပို႔ကို ထိုင္းလူမ်ဳိးတစ္ဦးကို ေပးလိုက္ေၾကာင္း၊ ထိုသူက သူအား သက္တမ္းတိုးျခင္းကိစၥမ်ား ေဆာင္ရြက္ေပးျခင္းျဖစ္ေၾကာင္း ေျပာျပခဲ့သည္။

ပတ္ခါေပါင္၏ ေျပာၾကားခ်က္အရ “ခြန္” ၏ ဗီဇာတြင္ ထိုင္းႏိုင္ငံအတြင္း တရားဝင္ေနထိုင္ခြင့္ရွိခဲ့သည့္ကာလမွာ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ ၁၅ ရက္အထိသာျဖစ္ေၾကာင္း ေျပာသည္။

“ခြန္”ကို ထိုင္းႏိုင္ငံအတြင္း ဗီဇာသက္တမ္းေက်ာ္လြန္ကာ ၈၄၈ ရက္ေနထုိင္မႈ၊ ပတ္စ္ပို႔တြင္ ဗီဇာတံဆိပ္တုမ်ား ျပဳလုပ္မႈျဖင့္ အေရးယူထားသည္။

ဖမ္းဆီးခဲ့သည့္ ၂၁ ဦးအနက္ ၁၆ ဦးမွာ ျမန္မာႏိုင္ငံမွျဖစ္ျပီး က်န္ ၅ ဦးမွာ လာအိုႏွင့္ ကေမၻာဒီးယားႏိုင္ငံမ်ားမွ ျဖစ္ၾကသည္။

၎တို႔အား ထိုင္းႏိုင္ငံအတြင္း တရားမဝင္ ဝင္ေရာက္မႈ၊ သက္တမ္းေက်ာ္လြန္ေနထုိင္မႈ၊ ခြင့္ျပဳခ်က္မရွိဘဲ အလုပ္လုပ္ကိုင္မႈတို႔ျဖင့္ အေရးယူမႈမ်ား ျပဳလုပ္ထားသည္။

၎တို႔အျပင္ နာ့သ္ႏွင့္ ဂ်ဴသာသစ္ဟုသာ သိရေသာ ထိုင္းလူမ်ဳိး ၂ ဦးကိုလည္း ဖမ္းဆီးခဲ့ျပီး တရားမဝင္ ေရႊ႕ေျပာင္းလုပ္သားမ်ားကို တည္းခိုခြင့္ျပဳထားမႈ၊ အာဏာပိုင္မ်ားအား အေၾကာင္းၾကားရန္ ပ်က္ကြက္မႈတို႔ျဖင့္ အေရးယူထားသည္ဟု ဆိုသည္။

ထို႔အျပင္ အျခား ၃ ဦးကိုလည္း ဖမ္းဆီးအေရးယူမႈမ်ား ျပဳလုပ္ခဲ့ေသးေသာ္လည္း ၎တို႔ႏွင့္ ပတ္သက္သည့္ အခ်က္အလက္မ်ားကိုမူ မသိရေခ်။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Myanmar man overstayed for 28 months on fake visas (bangkokpost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service