မေးနှစ်ထပ် ပျောက်စေမယ့် မျက်နှာလေ့ကျင့်ခန်း (၇) မျိုး
မေးနှစ်ထပ် ပျောက်စေမယ့် မျက်နှာလေ့ကျင့်ခန်း (၇) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
22 Nov 2020 12:07 pm တွင် တင်ခဲ့သည်
5157 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
မျက်နှာလေး ဘယ်လောက်လှလှ မေးနှစ်ထပ် ဖြစ်လာရင် ချစ်ဖို့ကောင်းပေမယ့် အလှအပအတွက်တော့ ကြည့်မကောင်းဘူးနော်။ တချို့ဆို လူလည်းသိပ်မဝပါဘဲ မေးအောက်မှာ အဆီလေးနဲ့လေ။ ဘာလုပ်ရမှန်းမသိ ဖြစ်နေရင်တော့ ဒီလေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ပါ။
သိပ်လွယ်ပါတယ်နော်။ မျက်နှာလေ့ကျင့်ခန်းပဲ ဆိုတော့ ကိုယ့်ဘာသာ အလုပ်လုပ်ရင်း၊ ဖုန်းသုံးနေရင်း၊ ဂိမ်းဆော့နေရင်း ၊ စာဖတ်နေရင်း လုပ်လို့ရတာပဲလေ။
(၁) အာခေါင် လျှာထောက် လေ့ကျင့်ခန်း
ဦးခေါင်း နည်းနည်းမော့ပြီး အပေါ်အာခေါင်ကို လျှာနဲ့တွန်းထောက်ပေးပါ။ တစ်ခါလုပ်ရင် ငါးကြိမ်နဲ့ သုံးကျော့ လုပ်ပေးပါ။ လုပ်ကြည့်လိုက်ရင် မေးစေ့အစိတ်အပိုင်းကိုပါ လှုပ်ရှားစေတာ သတိထားမိမှာပါ။
(၂) X နဲ့ O လေ့ကျင့်ခန်း
အလွယ်ဆုံးပါပဲ။ မေးစေ့ကြွက်သား၊ ပါး နဲ့ လည်ပင်းကို လှုပ်ရှားစေတဲ့အထိ X နဲ့ O ကို ဖြည်းဖြည်း ရွတ်ဆိုပါ။ အသံမထွက်ဘဲ ဒီအစိတ်အပိုင်းတွေ လှုပ်ရှားမှုဖြစ်ရုံ ရွတ်ရင်ရပါတယ်။ X – O လေ့ကျင့်ခန်းကို တစ်ခါလုပ်ရင် အနည်းဆုံး ၁၂ ကြိမ် သုံးကျော့လုပ်ပါ။
(၃) မျက်နှာမော့ လေ့ကျင့်ခန်း
မျက်နှာကို အပေါ် နည်းနည်းမော့ပြီး O စာလုံးကို ဖြည်းဖြည်း ရွတ်ဆိုပါ။ မေးစေ့ကြွက်သားတွေကို လှုပ်ရှားစေတဲ့ လေ့ကျင့်ခန်းဖြစ်လို့ မေးနှစ်ထပ် အဆီတွေကို လောင်ကျွမ်းစေပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်း ကိုတော့ တစ်ခါလုပ်ရင် ၅ ကြိမ် လုပ်ပေးပါ။
(၄) လည်ပင်း ဘေးစောင်း လေ့ကျင့်ခန်း
မတ်မတ်ထိုင်ပြီး လည်ပင်းကို ကိုယ်တတ်နိုင်သလောက် ဘေးဘက် ဖြည်းဖြည်းချင်းစောင်းချပါ။ ဘယ်နဲ့ညာ တစ်ဖက်စီကို တစ်လှည့်စီ လုပ်ပါ။ ဒီလေ့ကျင့်ခန်းကို တစ်ခါလုပ်ရင် ၁၀ ကြိမ် လုပ်ပေးပါ။
(၅) လျှာထုတ် လေ့ကျင့်ခန်း
လူများကြားထဲတော့ မလုပ်မိစေနဲ့ပေါ့နော်။ သူများကို ပြောင်ပြသလို ဖြစ်နေပါလိမ့်မယ်။ လျှာကို တတ်နိုင်သလောက် ရှေ့ကိုဆန့်ထုတ်ပါ၊ ဘေးတစ်ဖက်စီ ကိုလည်း လျှာကို လွှဲပြီး ထုတ်ပါ။ လျှာလေ့ကျင့်ခန်း လုပ်ရင်း မေးစေ့တစ်ဝိုက် ကိုပါ လှုပ်ရှားမှု ဖြစ်စေပါတယ်။ ဒါကိုတော့ ၁၂ စက္ကန့်လောက်ပဲ လုပ်ပါ။
(၆) အောက်မေးရိုး လေ့ကျင့်ခန်း
ဦးခေါင်းကို နည်းနည်းမော့ပြီး မျက်နှာကျက်ကို ကြည့်ပါ။ မေးစေ့အောက်ပိုင်း ဆန့်ထုတ်ထားသလို ခံစားရတဲ့အထိ အောက်မေးရိုးကို ရှေ့ဘက်ဆန့်ထုတ်ပါ (မေးငေါ့ထားပါ)။ ဒီအတိုင်း ၁၀ စက္ကန့်နေပါ။ မေးရိုးကို ဖြည်းဖြည်းချင်း ပြန်ဖြေလျှော့ပြီး ဦးခေါင်းကို နဂိုအနေအထားအတိုင်း ပြန်နေပါ။
(၇) နှုတ်ခမ်းစူ လေ့ကျင့်ခန်း
အပေါ်မှာ လုပ်ခဲ့သလိုပဲ ခေါင်းနည်းနည်းမော့ပြီး မျက်နှာကျက်ကို ကြည့်ပါ။ မေးစေ့အောက်နားက မေးနှစ်ထပ် အရေပြားတွေ ဆန့်ထုတ်မိတဲ့ အထိ နှုတ်ခမ်းကို စူထုတ်ပါ (အစွမ်းကုန် စိတ်ကောက်ပြလိုက်ပေါ့) ။ နှုတ်ခမ်းကို ပုံမှန်အနေအထား ပြန်သွင်းပြီးမှ ဦးခေါင်းကို နဂိုအတိုင်း ပြန်ထားပါ။
ဒါတွေ မမေ့ပါနဲ့
ဒါတွေ လုပ်တယ် ဆိုပေမယ့် ချက်ချင်းကြီး ဖတ်ခနဲ အဆီကျသွားဖို့၊ သွယ်လျသွားဖို့ စိတ်ကူးမယဉ်ပါနဲ့ဦး။ လေ့ကျင့်ခန်း မှန်သမျှဟာ သူ့အချိန်ကာလ နဲ့ သူ ပုံမှန်လုပ်သွားရင်းမှ ရလဒ် သိသာတတ်တာပါ။
ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းက အဆီမဆို ကိုယ်လျှော့ချချင်သလို လောင်ကျွမ်းသွားဖို့က လေ့ကျင့်ခန်းနဲ့တင် မလုံလောက်သလို အစားလျှော့တာနဲ့တင် အဆင်မပြေနိုင်ပါဘူး။ ကျန်းမာလှပတဲ့ ကိုယ်အလေးချိန်နဲ့ အချိုးအစားတွေကို ထိန်းထားနိုင်ဖို့က အစားလည်း ဆင်ခြင်၊ လေ့ကျင့်ခန်းလေးတွေ လည်း လုပ်မှ ကိုယ်လိုချင်တဲ့ အလှတရား ကို ပိုင်ဆိုင်နိုင်မှာပေါ့။
မေးနှစ်ထပ် ကို ပျောက်ချင်ရင်တော့ စိတ်ရှည်ရပါမယ်။ အလှပြုပြင်တဲ့ ဆေးခန်းတွေမှာ အဆီစုပ်ထုတ်တာ၊ ကုထုံး အကူအညီ ယူတာ၊ V Shape ဆေးတွေသုံးတာတို့လို နည်းလမ်းတွေကလွဲလို့ အချိန်တိုအတွင်း သိသာထင်ရှားတဲ့ ပြောင်းလဲမှုကို မရနိုင်ပါဘူး။ လေ့ကျင့်ခန်းလေးတွေ လုပ်ရင်း အနည်းဆုံး တစ်လလောက်တော့ စောင့်ရပါလိမ့်မယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: hellosayarwon
[Zawgyi]
(၂) X နဲ့ O လေ့ကျင့်ခန်း
ဒါတွေ မမေ့ပါနဲ့
Credit: hellosayarwon
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Innwa Pyae Sone
Ponnami Estate
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service