အမေရိကန်နိုင်ငံ၊ တက္ကဆပ်ရှိဆေးရုံတွင် ဆရာဝန်များဝင်မကြည့်သော“တွင်းခေါင်း”ဟုအမည်ပေးထားသည့် COVID-19အဆိုးရွားဆုံးလူနာများထားသည့်အခန်းရှိပြီးထိုအခန်းသို့ရောက်သွားလျှင် အလောင်းအိတ်ဖြင့်သာ ပြန်ထွက်လာရ

အမေရိကန်နိုင်ငံ၊ တက္ကဆပ်ရှိဆေးရုံတွင် ဆရာဝန်များဝင်မကြည့်သော“တွင်းခေါင်း”ဟုအမည်ပေးထားသည့် COVID-19အဆိုးရွားဆုံးလူနာများထားသည့်အခန်းရှိပြီးထိုအခန်းသို့ရောက်သွားလျှင် အလောင်းအိတ်ဖြင့်သာ ပြန်ထွက်လာရ - Property News in Myanmar from iMyanmarHouse.com
20 Nov 2020 11:23 am တွင် တင်ခဲ့သည်
2022 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အယ်လ် ပါဆိုမြို့ရှိဆေးရုံတစ်ရုံတွင် ကြောက်မက်ဖွယ်ဖြစ်ရပ်များရင်ဆိုင်ခဲ့ရပုံကိုသူနာပြုဆရာမတစ်ဦးကဖေ့စ်ဘုတ်တွင် live လွှင့်ကာဖွင့်ဟပြောကြားခဲ့သည်။

အယ်လ်ပါဆိုသည် အမေရိကန်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံးကူးစက်မှုများဖြစ်ပေါ်နေသည့်နေရာလည်း ဖြစ်သည်။

ပြီးခဲ့သောစနေနေ့ကလွှင့်တင်ခဲ့သောတစ်နာရီနီးပါးကြာမြင့်သည့် ဖေ့စ်ဘုတ် live ဗွီဒီယိုတွင် သူနာပြုဆရာမလာဝမ်နာရေးဗားစ် (LawannaRivers ) က ပြောခဲ့ရာတွင် သူသည် COVID-19ကပ်ဘေးကာလအတွင်းတာဝန်ပေးခံရမှု ၅ ကြိမ်အတွင်းဆေးရုံပေါင်းများစွာတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ သို့သော် အယ်လ်ပါဆိုမြို့ရှိUniversity Medical Centerဆေးရုံတွင် ရင်ဆိုင်ရသည့် အခြေအနေတို့မှာအဆိုးရွားဆုံးဖြစ်ကြောင်းပြောပြသည်။

“ကိုဗစ်ကာလတာဝန်ကျခဲ့တာတွေအားလုံးမှာဒီတစ်ခုကတော့ ကျွန်မကိုစိတ်ဒဏ်ရာကျန်စေခဲ့ပါတယ်။ဒီဆေးရုံမှာရင်ဆိုင်ရတဲ့အဖြစ်တွေကနယူးယောက်မှာထက် အခြေအနေဆိုးပါတယ်”ဟုလာဝမ်နာကပြောသည်။

နယူးယောက်သည် ပြီးခဲ့သောနွေဦးပေါက်ကအမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှု၏ ဗဟိုချက်ဖြစ်ခဲ့သည်။ ရောဂါအခြေအနေပြင်းထန်သည့် ကိုရိုနာဗိုင်းရပ်စ်လူနာများကိုဆေးရုံက ပြုမူပုံများနှင့် စပ်လျဉ်းပြီးလာဝမ်နာမှာများစွာစိတ်မချမ်းမြေ့ ဖြစ်ခဲ့ရသည်။

လာဝမ်နာကပြောပြသည်မှာကိုရိုနာဗိုင်းရပ်စ်အခြေအနေဆိုးသည့် လူနာများကိုထားရှိသည့်အခန်းအားတွင်းခေါင်းဟုအမည်ပေးထားကြောင်း၊ ထိုနေရာသို့ ရောက်ရှိသွားသူများကိုသေသည်အထိပစ်ထားကြကြောင်းပြောပြသည်။

“ကျွန်မပထမဆုံးတာဝန်ကျတဲ့နေ့မှာ ကျွန်မကိုဘာပြောလဲဆိုတော့ တွင်းခေါင်းထဲကိုရောက်သွားတဲ့လူနာတွေဟာအလောင်းထည့်တဲ့ အိတ်နဲ့ပဲ ပြန်ထွက်လာတယ်..လို့ ပြောပါတယ်”

ဆရာဝန်တို့သည် “တွင်းခေါင်း” ထဲသို့ မဝင်ကြကြောင်း၊ မိမိကဲ့သို့ သူနာပြုများကိုသာတာဝန်ချထားကြောင်း၊ ထိုသို့ တာဝန်ချထားရာတွင်လည်းအမိန့်တစ်ခုထုတ်ထားကြောင်း၊ ထိုအမိန့်မှာလူနာတစ်ဦးလျှင် အရေးပေါ် ကုသမှု CPR ၃ ကြိမ်သာပေးရန် အမိန့်ထုတ်ထားပြီးသေသည်ကိုသာစောင့်ရန် ပစ်ထားကြကြောင်းလာဝမ်နာကထုတ်ဖော်ပြောပြသည်။

(CPR =Cardio-Pulmonary Resuscitation နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန် အရေးပေါ် ပြုစုပေးခြင်း) တစ်နေ့တွင် လူနာတစ်ဦးသွေးအလွန်ထွက်နေသောကြောင့် အကူအညီပေးပါရန် ဆရာဝန်တစ်ဦးကိုသွားခေါ်သောအခါတွင်မှ “တွင်းခေါင်း” ထဲသို့ ဆရာဝန်များမဝင်ကြသည်ကိုသိလာခြင်းဖြစ်ကြောင်းလာဝမ်နာကပြောသည်။

အဆိုပါ ဆရာဝန်ကသူမကိုပြောသည်မှာရောဂါအကူးမခံရစေရန်အတွက် COVID-19 အခြေအနေဆိုးရွားသောလူနာခန်းများတွင်းသို့ မိမိတို့ မဝင်ကြကြောင်းပြောသည်ဟုလာဝမ်နာကဆိုသည်။

အဆိုပါဆေးရုံတွင် ရက်သတ္တ ၃ ပတ်ခွဲတာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း “တွင်းခေါင်း” ထဲသို့ ဆရာဝန်တစ်ဦးမျှ ဝင်သည်ကိုမတွေ့ခဲ့ဖူးကြောင်းလာဝမ်နာကပြောသည်။

မိမိကမူမိမိဆန္ဒအလျောက် “တွင်းခေါင်း” ထဲသို့ နေ့တိုင်းသွားပြီးတာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ လူနာများကိုအမြဲပြုစုကုသမှုပေးနေပါကအခြေအနေကောင်းလာမည်ဟုမျှော်လင့်သောကြောင့်ဖြစ်ကြောင်း၊ သို့သော် မိမိ၏ လုပ်ဆောင်မှုတို့မှာအရာမရောက်ခဲ့ကြောင်း၊ အဘယ့်ကြောင့်ဆိုလျှင် လူနာများမှာထိုအချိန်၌ အခြေအနေအလွန်ဆိုးရွားနေပြီဖြစ်သောကြောင့် ဖြစ်ကြောင်းလာဝမ်နာကဆက်လက်ပြောပြသည်။

အကယ်၍သာလူနာများကိုဆောလျင်စွာကောင်းကောင်းကုသမှု ပေးခဲ့ပါကအခြေအနေမှာတမျိုးတဖုံ ခြားနားနိုင်ကြောင်းလည်းလာဝမ်နာကပြောသည်။

“တက္ကဆပ်ပြည်နယ်၊ အယ်လ် ပါဆိုမှာ ကျွန်မတွေ့ကြုံခဲ့ရတာမျိုးအရင်ကတခါမှ မကြုံဖူးပါဘူး။ ပြောစရာစကားလုံးတောင် မရှိတော့ဘူး”

လာဝမ်နာကဆက်လက်ထုတ်ဖော်ပြောပြသည်မှာတစ်ခါကမူဆရာဝန်တစ်ဦး၏ ဇနီးဆေးရုံတက်ရာတွင် အထူးစောင့်ရှောက်ကုသမှု များပေးခဲ့ကြသည်ဟုဆိုသည်။ အဆိုပါ အမျိုးသမီးကိုသူနာပြုတစ်ဦးက “VIP လူနာ” ဟုခေါ်ဝေါ်ခဲ့သည်ကိုလည်း ကြားရကြောင်း၊ အဆိုပါ ဆေးရုံတွင် တစ်လနီးပါးတာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်းအထူးကြပ်မတ်ကုသဆောင်အတွင်းမှ အသက်ရှင်လျက် ပြန်ထွက်သွားသူဆို၍ ထိုအမျိုးသမီးတစ်ဦးသာရှိခဲ့ကြောင်းပြောပြသည်။

ဆရာဝန်တစ်ဦး၏ ဇနီးဖြစ်သောကြောင့် ထိုအမျိုးသမီး၏ အသက်သည် အခြားလူနာများထက် ပိုမိုတန်ဖိုးရှိနေသလောဟူ၍လည်းလာဝမ်နာကမေးခွန်းထုတ်ခဲ့သည်။

လာဝမ်နာထုတ်ဖော်ပြောပြသည့် အခြားတစ်ချက်မှာတစ်ခါတွင်လည်းဆေးရုံအလုပ်သမားတစ်ဦးကရင်ခွဲရုံတွင် လူသေများ ပြည့်နေသောကြောင့်ဟုဆိုကာလူသေအလောင်းတစ်လောင်းကို“တွင်းခေါင်း” ထဲသို့ သယ်လာကြောင်းပြောပြသည်။

“ရင်ခွဲရုံမှာကအလောင်းတွေနဲ့ ပြည့်နှက်နေပြီးသူတို့မှာထားစရာအခန်းမရှိတော့ဘူး။ ဒါနဲ့ပဲအိတ်ထဲမှာထည့်ထားတဲ့ အလောင်းကိုတွင်းခေါင်းထဲကိုသယ်လာခဲ့ကြပါတယ်။ ပြီးတော့ အသက်ရှိနေတဲ့ ကျွန်မရဲ့ လူနာတွေနဲ့ ဘေးချင်းယှဉ်ပြီးထားထားတယ်”

လာဝမ်နာကအယ်လ် ပါဆိုမြို့ရှိဆေးရုံအလုပ်မှ နှုတ်ထွက်ခဲ့ပြီဖြစ်သည်။ လူနာများသေဆုံးနေကြသည်ကိုဆက်ကြည့်ရန် အင်အားမရှိတော့ကြောင်းလာဝမ်နာကပြောသည်။

“ပြီးခဲ့တဲ့လအတွင်းလူတွေ အများကြီးသေကြတာ ကျွန်မ မြင်ခဲ့ရတယ်။ အဲဒါက ကျွန်မရဲ့ သူနာပြု သက်တမ်း ၁၃ နှစ်အတွင်းတွေ့ဖူးတာထက်တောင် များပါတယ်”

လာဝမ်နာကပြောရာတွင် မိမိကိုယ်တိုင်၏ အသက်အတွက်လည်းစိုးရိမ်လာကြောင်း၊ မိမိသာမကျန်းမာလျှင် ယခုဆေးရုံတွင် တွေ့ကြုံရမည့် ကုသမှုမျိုးကိုတုန်လှုပ်မိကြောင်းပြောပြသည်။ “ကျွန်မတော့ တက္ကဆပ်မှာနေမကောင်း ဖြစ်လို့ မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ တက္ကဆပ်မှာသာ ကျွန်မကိုဗစ်ကူးမယ်ဆိုရင်။ ကျွန်မသေလိမ့်မှာပါ” ဟုလာဝမ်နာကသူမ၏ ဖေ့စ်ဘုတ် Live ဗွီဒီယိုတွင် ပြောကြားသည်။

လာဝမ်နာ၏ ထုတ်ဖော်ပြောဆိုမှုများနှင့် စပ်လျဉ်းပြီးBusiness Insider က အယ်လ်ပါဆိုမြို့ရှိUniversity Medical Centerဆေးရုံအားဆက်သွယ်မေးမြန်းခဲ့သည်။

လာဝမ်နာ၏ ဖေ့စ်ဘုတ်တွင် ပြောကြားမှုများနှင့် စပ်လျဉ်းပြီးဆေးရုံ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Ryan Mielkeမှတ်ချက်ပြုရာတွင် “ဒီဗွီဒီယိုကို ကြည့်ရပြီးတဲ့နောက် ကျွန်တော်တို့အနေနဲ့ကတော့ ဒီအဖြစ်အပျက်တွေ တကယ်ဖြစ်ခဲ့သလားဆိုတာအပြည့်အဝတော့ အတည်မပြုနိုင်ပါဘူး။ ဒါပေမယ့် ဒီဆေးရုံအပြင် နိုင်ငံတဝန်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းထောင်ပေါင်းများစွာဟာကပ်ဘေးကာလကြီးအတွင်းကိုယ်စိတ် ပင်ပန်းမှုတွေနဲ့အတူရင်ဆိုင်ရတဲ့ အခက်အခဲတွေအပေါ် ကျွန်တော်တို့ စာနာမိပါတယ်”ဟုမှတ်ချက်ပြုခဲ့သည်။

လာဝမ်နာကဖေ့စ်ဘုတ်တွင် ပြောကြားခဲ့သည့် ဗွီဒီယိုဖိုင်ကိုLikeပေးသူ ၃၃၀၀ ကျော်၊ မှတ်ချက်ရေးသားမှု ၃၃၀၀ ကျော်နှင့် ပြန်လည်မျှဝေသူ ၆၉၀၀ ကျော်ရှိခဲ့သည်။

လာဝမ်နာ၏ ဖေ့စ်ဘုတ်အကောင့်-

https://web.facebook.com/lawanna.rivers

လာဝမ်နာကဖေ့စ်ဘုတ်တွင် ပြောကြားခဲ့သည့် ဗွီဒီယိုဖိုင်-

https://web.facebook.com/lawanna.rivers/videos/3823813547631107/

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A nurse in a strained El Paso hospital says the sickest COVID-19 patients are put in a doctor-less room called 'the pit' where they are given 3 chances to be revived before workers let them die (Yahoo)

 

[Zawgyi]

အေမရိကန္ႏိုင္ငံ၊ တကၠဆပ္ရွိေဆးရံုတြင္ ဆရာဝန္မ်ားဝင္မၾကည့္ေသာ“တြင္းေခါင္း”ဟုအမည္ေပးထားသည့္ COVID-19အဆိုးရြားဆံုးလူနာမ်ားထားသည့္အခန္းရွိျပီးထိုအခန္းသို႔ေရာက္သြားလွ်င္ အေလာင္းအိတ္ျဖင့္သာ ျပန္ထြက္လာရ

အေမရိကန္ျပည္ေထာင္စု၊ တကၠဆပ္ျပည္နယ္၊ အယ္လ္ ပါဆိုျမိဳ႕ရွိေဆးရံုတစ္ရံုတြင္ ေၾကာက္မက္ဖြယ္ျဖစ္ရပ္မ်ားရင္ဆိုင္ခဲ့ရပံုကိုသူနာျပဳဆရာမတစ္ဦးကေဖ့စ္ဘုတ္တြင္ live လႊင့္ကာဖြင့္ဟေျပာၾကားခဲ့သည္။

အယ္လ္ပါဆိုသည္ အေမရိကန္ျပည္တြင္ ကိုရိုနာဗိုင္းရပ္စ္ အဆိုးရြားဆံုးကူးစက္မႈမ်ားျဖစ္ေပၚေနသည့္ေနရာလည္း ျဖစ္သည္။

ျပီးခဲ့ေသာစေနေန႔ကလႊင့္တင္ခဲ့ေသာတစ္နာရီနီးပါးၾကာျမင့္သည့္ ေဖ့စ္ဘုတ္ live ဗီြဒီယိုတြင္ သူနာျပဳဆရာမလာဝမ္နာေရးဗားစ္ (LawannaRivers ) က ေျပာခဲ့ရာတြင္ သူသည္ COVID-19ကပ္ေဘးကာလအတြင္းတာဝန္ေပးခံရမႈ ၅ ၾကိမ္အတြင္းေဆးရံုေပါင္းမ်ားစြာတြင္ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း၊ သို႔ေသာ္ အယ္လ္ပါဆိုျမိဳ႕ရွိUniversity Medical Centerေဆးရံုတြင္ ရင္ဆိုင္ရသည့္ အေျခအေနတို႔မွာအဆိုးရြားဆံုးျဖစ္ေၾကာင္းေျပာျပသည္။

“ကိုဗစ္ကာလတာဝန္က်ခဲ့တာေတြအားလံုးမွာဒီတစ္ခုကေတာ့ ကၽြန္မကိုစိတ္ဒဏ္ရာက်န္ေစခဲ့ပါတယ္။ဒီေဆးရံုမွာရင္ဆိုင္ရတဲ့အျဖစ္ေတြကနယူးေယာက္မွာထက္ အေျခအေနဆိုးပါတယ္”ဟုလာဝမ္နာကေျပာသည္။

နယူးေယာက္သည္ ျပီးခဲ့ေသာေႏြဦးေပါက္ကအေမရိကန္တြင္ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ႕ပြားမႈ၏ ဗဟိုခ်က္ျဖစ္ခဲ့သည္။ ေရာဂါအေျခအေနျပင္းထန္သည့္ ကိုရိုနာဗိုင္းရပ္စ္လူနာမ်ားကိုေဆးရံုက ျပဳမူပံုမ်ားႏွင့္ စပ္လ်ဥ္းျပီးလာဝမ္နာမွာမ်ားစြာစိတ္မခ်မ္းေျမ႕ ျဖစ္ခဲ့ရသည္။

လာဝမ္နာကေျပာျပသည္မွာကိုရိုနာဗိုင္းရပ္စ္အေျခအေနဆိုးသည့္ လူနာမ်ားကိုထားရွိသည့္အခန္းအားတြင္းေခါင္းဟုအမည္ေပးထားေၾကာင္း၊ ထိုေနရာသို႔ ေရာက္ရွိသြားသူမ်ားကိုေသသည္အထိပစ္ထားၾကေၾကာင္းေျပာျပသည္။

“ကၽြန္မပထမဆံုးတာဝန္က်တဲ့ေန႔မွာ ကၽြန္မကိုဘာေျပာလဲဆိုေတာ့ တြင္းေခါင္းထဲကိုေရာက္သြားတဲ့လူနာေတြဟာအေလာင္းထည့္တဲ့ အိတ္နဲ႔ပဲ ျပန္ထြက္လာတယ္..လို႔ ေျပာပါတယ္”

ဆရာဝန္တို႔သည္ “တြင္းေခါင္း” ထဲသို႔ မဝင္ၾကေၾကာင္း၊ မိမိကဲ့သို႔ သူနာျပဳမ်ားကိုသာတာဝန္ခ်ထားေၾကာင္း၊ ထိုသို႔ တာဝန္ခ်ထားရာတြင္လည္းအမိန္႔တစ္ခုထုတ္ထားေၾကာင္း၊ ထိုအမိန္႔မွာလူနာတစ္ဦးလွ်င္ အေရးေပၚ ကုသမႈ CPR ၃ ၾကိမ္သာေပးရန္ အမိန္႔ထုတ္ထားျပီးေသသည္ကိုသာေစာင့္ရန္ ပစ္ထားၾကေၾကာင္းလာဝမ္နာကထုတ္ေဖာ္ေျပာျပသည္။

(CPR =Cardio-Pulmonary Resuscitation ႏွလံုး-အဆုပ္ ျပန္လည္အလုပ္လုပ္ေစရန္ အေရးေပၚ ျပဳစုေပးျခင္း) တစ္ေန႔တြင္ လူနာတစ္ဦးေသြးအလြန္ထြက္ေနေသာေၾကာင့္ အကူအညီေပးပါရန္ ဆရာဝန္တစ္ဦးကိုသြားေခၚေသာအခါတြင္မွ “တြင္းေခါင္း” ထဲသို႔ ဆရာဝန္မ်ားမဝင္ၾကသည္ကိုသိလာျခင္းျဖစ္ေၾကာင္းလာဝမ္နာကေျပာသည္။

အဆိုပါ ဆရာဝန္ကသူမကိုေျပာသည္မွာေရာဂါအကူးမခံရေစရန္အတြက္ COVID-19 အေျခအေနဆိုးရြားေသာလူနာခန္းမ်ားတြင္းသို႔ မိမိတို႔ မဝင္ၾကေၾကာင္းေျပာသည္ဟုလာဝမ္နာကဆိုသည္။

အဆိုပါေဆးရံုတြင္ ရက္သတၱ ၃ ပတ္ခြဲတာဝန္ထမ္းေဆာင္ခဲ့စဥ္ကာလအတြင္း “တြင္းေခါင္း” ထဲသို႔ ဆရာဝန္တစ္ဦးမွ် ဝင္သည္ကိုမေတြ႔ခဲ့ဖူးေၾကာင္းလာဝမ္နာကေျပာသည္။

မိမိကမူမိမိဆႏၵအေလ်ာက္ “တြင္းေခါင္း” ထဲသို႔ ေန႔တိုင္းသြားျပီးတာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း၊ လူနာမ်ားကိုအျမဲျပဳစုကုသမႈေပးေနပါကအေျခအေနေကာင္းလာမည္ဟုေမွ်ာ္လင့္ေသာေၾကာင့္ျဖစ္ေၾကာင္း၊ သို႔ေသာ္ မိမိ၏ လုပ္ေဆာင္မႈတို႔မွာအရာမေရာက္ခဲ့ေၾကာင္း၊ အဘယ့္ေၾကာင့္ဆိုလွ်င္ လူနာမ်ားမွာထိုအခ်ိန္၌ အေျခအေနအလြန္ဆိုးရြားေနျပီျဖစ္ေသာေၾကာင့္ ျဖစ္ေၾကာင္းလာဝမ္နာကဆက္လက္ေျပာျပသည္။

အကယ္၍သာလူနာမ်ားကိုေဆာလ်င္စြာေကာင္းေကာင္းကုသမႈ ေပးခဲ့ပါကအေျခအေနမွာတမ်ဳိးတဖံု ျခားနားႏိုင္ေၾကာင္းလည္းလာဝမ္နာကေျပာသည္။

“တကၠဆပ္ျပည္နယ္၊ အယ္လ္ ပါဆိုမွာ ကၽြန္မေတြ႔ၾကံဳခဲ့ရတာမ်ဳိးအရင္ကတခါမွ မၾကံဳဖူးပါဘူး။ ေျပာစရာစကားလံုးေတာင္ မရွိေတာ့ဘူး”

လာဝမ္နာကဆက္လက္ထုတ္ေဖာ္ေျပာျပသည္မွာတစ္ခါကမူဆရာဝန္တစ္ဦး၏ ဇနီးေဆးရံုတက္ရာတြင္ အထူးေစာင့္ေရွာက္ကုသမႈ မ်ားေပးခဲ့ၾကသည္ဟုဆိုသည္။ အဆိုပါ အမ်ဳိးသမီးကိုသူနာျပဳတစ္ဦးက “VIP လူနာ” ဟုေခၚေဝၚခဲ့သည္ကိုလည္း ၾကားရေၾကာင္း၊ အဆိုပါ ေဆးရံုတြင္ တစ္လနီးပါးတာဝန္ထမ္းေဆာင္ခဲ့စဥ္ကာလအတြင္းအထူးၾကပ္မတ္ကုသေဆာင္အတြင္းမွ အသက္ရွင္လ်က္ ျပန္ထြက္သြားသူဆို၍ ထိုအမ်ဳိးသမီးတစ္ဦးသာရွိခ့ဲေၾကာင္းေျပာျပသည္။

ဆရာဝန္တစ္ဦး၏ ဇနီးျဖစ္ေသာေၾကာင့္ ထိုအမ်ဳိးသမီး၏ အသက္သည္ အျခားလူနာမ်ားထက္ ပိုမိုတန္ဖုိးရွိေနသေလာဟူ၍လည္းလာဝမ္နာကေမးခြန္းထုတ္ခဲ့သည္။

လာဝမ္နာထုတ္ေဖာ္ေျပာျပသည့္ အျခားတစ္ခ်က္မွာတစ္ခါတြင္လည္းေဆးရံုအလုပ္သမားတစ္ဦးကရင္ခြဲရံုတြင္ လူေသမ်ား ျပည့္ေနေသာေၾကာင့္ဟုဆိုကာလူေသအေလာင္းတစ္ေလာင္းကို“တြင္းေခါင္း” ထဲသို႔ သယ္လာေၾကာင္းေျပာျပသည္။

“ရင္ခြဲရံုမွာကအေလာင္းေတြနဲ႔ ျပည့္ႏွက္ေနျပီးသူတုိ႔မွာထားစရာအခန္းမရွိေတာ့ဘူး။ ဒါနဲ႔ပဲအိတ္ထဲမွာထည့္ထားတဲ့ အေလာင္းကိုတြင္းေခါင္းထဲကိုသယ္လာခဲ့ၾကပါတယ္။ ျပီးေတာ့ အသက္ရွိေနတဲ့ ကၽြန္မရဲ႕ လူနာေတြနဲ႔ ေဘးခ်င္းယွဥ္ျပီးထားထားတယ္”

လာဝမ္နာကအယ္လ္ ပါဆိုျမိဳ႕ရွိေဆးရံုအလုပ္မွ ႏႈတ္ထြက္ခဲ့ျပီျဖစ္သည္။ လူနာမ်ားေသဆံုးေနၾကသည္ကိုဆက္ၾကည့္ရန္ အင္အားမရွိေတာ့ေၾကာင္းလာဝမ္နာကေျပာသည္။

“ျပီးခဲ့တဲ့လအတြင္းလူေတြ အမ်ားၾကီးေသၾကတာ ကၽြန္မ ျမင္ခဲ့ရတယ္။ အဲဒါက ကၽြန္မရဲ႕ သူနာျပဳ သက္တမ္း ၁၃ ႏွစ္အတြင္းေတြ႔ဖူးတာထက္ေတာင္ မ်ားပါတယ္”

လာဝမ္နာကေျပာရာတြင္ မိမိကိုယ္တိုင္၏ အသက္အတြက္လည္းစိုးရိမ္လာေၾကာင္း၊ မိမိသာမက်န္းမာလွ်င္ ယခုေဆးရံုတြင္ ေတြ႔ၾကံဳရမည့္ ကုသမႈမ်ဳိးကိုတုန္လႈပ္မိေၾကာင္းေျပာျပသည္။ “ကၽြန္မေတာ့ တကၠဆပ္မွာေနမေကာင္း ျဖစ္လို႔ မရပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ တကၠဆပ္မွာသာ ကၽြန္မကိုဗစ္ကူးမယ္ဆိုရင္။ ကၽြန္မေသလိမ့္မွာပါ” ဟုလာဝမ္္နာကသူမ၏ ေဖ့စ္ဘုတ္ Live ဗြီဒီယိုတြင္ ေျပာၾကားသည္။

လာဝမ္နာ၏ ထုတ္ေဖာ္ေျပာဆိုမႈမ်ားႏွင့္ စပ္လ်ဥ္းျပီးBusiness Insider က အယ္လ္ပါဆိုျမိဳ႕ရွိUniversity Medical Centerေဆးရံုအားဆက္သြယ္ေမးျမန္းခဲ့သည္။

လာဝမ္နာ၏ ေဖ့စ္ဘုတ္တြင္ ေျပာၾကားမႈမ်ားႏွင့္ စပ္လ်ဥ္းျပီးေဆးရံု၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ Ryan Mielkeမွတ္ခ်က္ျပဳရာတြင္ “ဒီဗြီဒီယိုကို ၾကည့္ရျပီးတဲ့ေနာက္ ကၽြန္ေတာ္တို႔အေနနဲ႔ကေတာ့ ဒီအျဖစ္အပ်က္ေတြ တကယ္ျဖစ္ခဲ့သလားဆိုတာအျပည့္အဝေတာ့ အတည္မျပဳႏိုင္ပါဘူး။ ဒါေပမယ့္ ဒီေဆးရံုအျပင္ ႏိုင္ငံတဝန္းမွာရွိတဲ့ က်န္းမာေရးဝန္ထမ္းေထာင္ေပါင္းမ်ားစြာဟာကပ္ေဘးကာလၾကီးအတြင္းကိုယ္စိတ္ ပင္ပန္းမႈေတြနဲ႔အတူရင္ဆိုင္ရတဲ့ အခက္အခဲေတြအေပၚ ကၽြန္ေတာ္တို႔ စာနာမိပါတယ္”ဟုမွတ္ခ်က္ျပဳခဲ့သည္။

လာဝမ္နာကေဖ့စ္ဘုတ္တြင္ ေျပာၾကားခဲ့သည့္ ဗြီဒီယိုဖိုင္ကိုLikeေပးသူ ၃၃၀၀ ေက်ာ္၊ မွတ္ခ်က္ေရးသားမႈ ၃၃၀၀ ေက်ာ္ႏွင့္ ျပန္လည္မွ်ေဝသူ ၆၉၀၀ ေက်ာ္ရွိခဲ့သည္။

လာဝမ္နာ၏ ေဖ့စ္ဘုတ္အေကာင့္-

https://web.facebook.com/lawanna.rivers

လာဝမ္နာကေဖ့စ္ဘုတ္တြင္ ေျပာၾကားခဲ့သည့္ ဗြီဒီယိုဖိုင္-

https://web.facebook.com/lawanna.rivers/videos/3823813547631107/

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A nurse in a strained El Paso hospital says the sickest COVID-19 patients are put in a doctor-less room called 'the pit' where they are given 3 chances to be revived before workers let them die (Yahoo)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service