၂၀၁၂ ခုနှစ်၊လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ရောင်းချခြင်းအဆင့်ဆင့်

၂၀၁၂ ခုနှစ်၊လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ရောင်းချခြင်းအဆင့်ဆင့် - Property Knowledge in Myanmar from iMyanmarHouse.com
19 Nov 2020 12:22 pm တွင် တင်ခဲ့သည်
727 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

၂၀၁၂ ခုနှစ်၊လယ်ယာမြေဥပဒေပြဌာန်းလိုက်နောက် အဆိုပါဥပဒေအရလယ်ယာမြေကိုရောင်းချ၊ဝယ်ယူခြင်းဆိုသည်မှလယ်ယာမြေကိုရောင်းချခွင့်ပြုခြင်းမဟုတ်ဘဲ လယ်ယာမြေလုပ်ပိုင်ခွင့်ကိုရောင်းချခြင်း၊ပေါင်နှံခြင်း၊ပေးကမ်းခြင်း၊အမွေဆက်ခံပိုင်ဆိုင်ခြင်းကိုခွင့်ပြုပေးခြင်း ဖြစ်သည်။

လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်ကိုဝယ်ယူရာတွင်အခွန်ပေးဆောင်၊မှတ်ပုံတင်စာချုပ်ချုပ်ဆိုဝယ်ယူရမည်ဖြစ်သော်လည်း ဒေသန္တရတန်ဖိုးနှုန်းထားသတ်မှတ်ပေးရန်အတွက်မည်သူကိုတာဝန်ပေးအပ်ကြောင်းညွှန်ကြားထားခြင်းမရှိသည့်အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ကိုရောင်းချ၊ဝယ်ယူရာတွင်အရပ်စာချုပ်များဖြင့်ဝယ်ယူခဲ့ကြရပြီး လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇) ကိုအမည်ပြောင်းဆောင်ရွက်နိုင်ခဲ့ခြင်းလည်းမရှိပါ။

၂၀၁၉ ခုနှစ်တွင်ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ညွှန်ကြားချက်အမှတ် (၁/၂၀၁၉) ထုတ်ပြန်၍ဒေသန္တရတန်ဘိုးနှုန်းထားသတ်မှတ်ပေးရန်အတွက်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ကိုတာဝန်ပေးအပ်ခဲ့ပါသည်။လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇)ကိုအမည်ပြောင်းဆောင်ရွက်ရန်အတွက်ညွှန်ကြားချက်များလည်းထုတ်ပြန်ခဲ့ပါသည်။

ယခုအခါလယ်ယာမြေလုပ်ပိုင်ခွင့်ကိုရောင်းချဝယ်ယူရာတွင်ဥပဒေနှင့်အညီတရားဝင်စေရန်အတွက်အောက်ပါအတိုင်းအဆင့်ဆင့်ဆောင်ရွက်ရမည်ဖြစ်သည်။

- ပုံစံ ၁၀၅မြေပုံအသစ်ရေးကူးရမည်။

- မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သို့ဒေသန္တရတန်ဘိုးနှုန်းထားသတ်မှတ်ပေးရန်လျှောက်ထားရမည်။

- သတ်မှတ်တန်ဘိုးအရထိုက်သင့်သောတံဆိပ်ခေါင်းစာချုပ်များဝယ်ယူစာချုပ်ချုပ်ရမည်။ရပ်ကွက်/ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ရှေ့မှောက်တွင်ရောင်းသူ၊ဝယ်ယူသူနှစ်ဖက်ကာယကံရှင်များ၊သက်သေများဖြင့်ချုပ်ဆိုရမည်။

- ချုပ်ဆိုခြင်းကိုရပ်ကွက်/ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှစိစစ်၍ငြင်းပယ်ခြင်းမရှိအတည်ပြုမှသာယင်းစာချုပ်ကိုမှတ်ပုံတင်ရန်မြို့နယ်လယ်စာရင်းအင်းဦးစီးဌာနသို့တင်ပြရမည်။ဦးစီးဌာနရုံးမှထပ်မံစိစစ်၍မှတ်ပုံတင်ပေးမည်။

- မှတ်ပုံတင်ပြီးပါကလယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇)၊ပုံစံ(၇) နှင့်ပူးတွဲထားသောပုံစံ (၁၀၅)၊အရောင်းအဝယ်ပြုလုပ်ရန်အတွက်ရေးကူးထားသောပုံစံ (၁၀၅) များပူးတွဲ၍ပုံစံ(၇) အမည်ပြောင်းလျှောက်လွှာတင်သွင်းရမည်။မြို့နယ်ဦးစီးဌာနမှစိစစ်ပြီးပါကမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏အတည်ပြုချက်အရဝယ်ယူသူအမည်ဖြင့်ပုံစံ(၇) အသစ်ထုတ်ပေးမည်ဖြစ်သည်။

အထက်ပါအတိုင်းအဆင့်ဆင့်ဖြင့်ဆောင်ရွက်ခြင်းဖြင့်ဝယ်ယူသူအမည်ပေါက်ဖြင့်လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇) ရရှိမည်ဖြစ်ပါကြောင်းဥပဒေဗဟုသုတရရှိစေရန်ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

၂၀၁၂ ခုႏွစ္၊လယ္ယာေျမဥပေဒႏွင့္အညီ လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ေရာင္းခ်ျခင္းအဆင့္ဆင့္

၂၀၁၂ ခုႏွစ္၊လယ္ယာေျမဥပေဒျပဌာန္းလိုက္ေနာက္ အဆိုပါဥပေဒအရလယ္ယာေျမကိုေရာင္းခ်၊ဝယ္ယူျခင္းဆိုသည္မွလယ္ယာေျမကိုေရာင္းခ်ခြင့္ျပဳျခင္းမဟုတ္ဘဲ လယ္ယာေျမလုပ္ပိုင္ခြင့္ကိုေရာင္းခ်ျခင္း၊ေပါင္ႏွံျခင္း၊ေပးကမ္းျခင္း၊အေမြဆက္ခံပိုင္ဆုိင္ျခင္းကိုခြင့္ျပဳေပးျခင္း ျဖစ္သည္။

လယ္ယာေျမဥပေဒအရ လယ္ယာေျမလုပ္ပိုင္ခြင့္ကိုဝယ္ယူရာတြင္အခြန္ေပးေဆာင္၊မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုဝယ္ယူရမည္ျဖစ္ေသာ္လည္း ေဒသႏၱရတန္ဖိုးႏႈန္းထားသတ္မွတ္ေပးရန္အတြက္မည္သူကိုတာဝန္ေပးအပ္ေၾကာင္းညႊန္ၾကားထားျခင္းမရွိသည့္အတြက္ လယ္ယာေျမလုပ္ပိုင္ခြင့္ကိုေရာင္းခ်၊ဝယ္ယူရာတြင္အရပ္စာခ်ဳပ္မ်ားျဖင့္ဝယ္ယူခဲ့ၾကရၿပီး လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ပံုစံ(၇) ကိုအမည္ေျပာင္းေဆာင္ရြက္ႏိုင္ခဲ့ျခင္းလည္းမရွိပါ။

၂၀၁၉ ခုႏွစ္တြင္ဗဟိုလယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႔၏ညႊန္ၾကားခ်က္အမွတ္ (၁/၂၀၁၉) ထုတ္ျပန္၍ေဒသႏၱရတန္ဘိုးႏႈန္းထားသတ္မွတ္ေပးရန္အတြက္ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႔ကိုတာဝန္ေပးအပ္ခဲ့ပါသည္။လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ပံုစံ(၇)ကိုအမည္ေျပာင္းေဆာင္ရြက္ရန္အတြက္ညႊန္ၾကားခ်က္မ်ားလည္းထုတ္ျပန္ခဲ့ပါသည္။

ယခုအခါလယ္ယာေျမလုပ္ပိုင္ခြင့္ကိုေရာင္းခ်ဝယ္ယူရာတြင္ဥပေဒႏွင့္အညီတရားဝင္ေစရန္အတြက္ေအာက္ပါအတိုင္းအဆင့္ဆင့္ေဆာင္ရြက္ရမည္ျဖစ္သည္။

- ပံုစံ ၁၀၅ေျမပံုအသစ္ေရးကူးရမည္။

- ျမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႔သို႔ေဒသႏၱရတန္ဘိုးႏႈန္းထားသတ္မွတ္ေပးရန္ေလွ်ာက္ထားရမည္။

- သတ္မွတ္တန္ဘိုးအရထုိက္သင့္ေသာတံဆိပ္ေခါင္းစာခ်ဳပ္မ်ားဝယ္ယူစာခ်ဳပ္ခ်ဳပ္ရမည္။ရပ္ကြက္/ေက်းရြာလယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႔ေရွ႕ေမွာက္တြင္ေရာင္းသူ၊ဝယ္ယူသူႏွစ္ဖက္ကာယကံရွင္မ်ား၊သက္ေသမ်ားျဖင့္ခ်ဳပ္ဆိုရမည္။

- ခ်ဳပ္ဆိုျခင္းကိုရပ္ကြက္/ေက်းရြာလယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႔မွစိစစ္၍ျငင္းပယ္ျခင္းမရွိအတည္ျပဳမွသာယင္းစာခ်ဳပ္ကိုမွတ္ပံုတင္ရန္ၿမိဳ႕နယ္လယ္စာရင္းအင္းဦးစီးဌာနသို႔တင္ျပရမည္။ဦးစီးဌာနရံုးမွထပ္မံစိစစ္၍မွတ္ပံုတင္ေပးမည္။

- မွတ္ပံုတင္ၿပီးပါကလယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ပံုစံ(၇)၊ပံုစံ(၇) ႏွင့္ပူးတြဲထားေသာပံုစံ (၁၀၅)၊အေရာင္းအဝယ္ျပဳလုပ္ရန္အတြက္ေရးကူးထားေသာပံုစံ (၁၀၅) မ်ားပူးတြဲ၍ပံုစံ(၇) အမည္ေျပာင္းေလွ်ာက္လႊာတင္သြင္းရမည္။ၿမိဳ႕နယ္ဦးစီးဌာနမွစိစစ္ၿပီးပါကၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႔၏အတည္ျပဳခ်က္အရဝယ္ယူသူအမည္ျဖင့္ပံုစံ(၇) အသစ္ထုတ္ေပးမည္ျဖစ္သည္။

အထက္ပါအတိုင္းအဆင့္ဆင့္ျဖင့္ေဆာင္ရြက္ျခင္းျဖင့္ဝယ္ယူသူအမည္ေပါက္ျဖင့္လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ပံုစံ(၇) ရရွိမည္ျဖစ္ပါေၾကာင္းဥပေဒဗဟုသုတရရွိေစရန္ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service