မမှန်ကျမ်းကျိန်လွှာပြုလုပ်ခြင်း၏ ပြစ်ဒဏ်အကျိုးဆက်နှင့် ကျမ်းစာတွင် ပါဝင်သည့်အချက်များ
မမှန်ကျမ်းကျိန်လွှာပြုလုပ်ခြင်း၏ ပြစ်ဒဏ်အကျိုးဆက်နှင့် ကျမ်းစာတွင် ပါဝင်သည့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
18 Nov 2020 2:00 pm တွင် တင်ခဲ့သည်
1857 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ကျမ်းသစ္စာဆိုသည် စကား၌ ဥပဒေက ကျမ်းသစ္စာအစားခွင့်ပြုသော ကတိသစ္စာပြုချက်လည်း ပါဝင်သည်။ ကျမ်းကျိန်အရာရှိရှေ့တွင် ဥပဒေနှင့်အညီပြုလုပ်သည့် ကြေညာချက်ဖြစ်သည်။ တရားရုံးတွင်ဖြစ်စေ၊ တရားရုံးအပတွင်ဖြစ်စေ သက်သေထင်ရှားစေခြင်း အသုံးပြုရန်ရည်ရွယ်သော ကြေညာချက်များလည်းပါဝင်ပါသည်။
မမှန်မကန်ကြောင်းသိလျက်ဖြစ်စေ လိမ်လည်၍ဖြစ်စေ ကျမ်းကျိန်လွှာပြုလုပ်ခြင်း၊ ကျမ်းသစ္စာပြု ထွက်ဆိုခြင်း၊ ကတိသစ္စာပြုထွက်ဆိုခြင်း၊ အမှန်ထွက်ဆိုရန် ဥပဒေအရတာဝန်ရှိပါလျက် မမှန်ထွက်ဆိုခြင်းသည် မမှန်သက်သေခံခြင်းဖြစ်ပါသည်။ မမှန်သက်သေခံခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါသည်။ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ-၁၉၃အရ မမှန်သက်သေခံခြင်းကို ပြစ်ဒဏ်သတ်မှတ်ထားပါသည်။ ထောင်ဒဏ် (၇)နှစ်ထိပြစ်ဒဏ်ချမှတ်နိုင်ပါသည်။ ကျမ်းကျိန်လွှာ၊ ကတိသစ္စာပြုလွှာဖြင့် လိမ်လည်ပြုလုပ်ပါက လိမ်လည်မှု၊ မမှန်မကန်စာရွက်စာတမ်း အမှတ်အသားပြုခြင်းများဖြင့်လည်းအရေးယူခံရနိုင်ပါသည်။ သို့ဖြစ်၍ ကျမ်းကျိန်လွှာပြုလုပ်ခြင်းသည် ပြုလုပ်သူအပေါ်၌ ဥပဒေအရတာဝန်ယူမှုများရှိပါသည်။ လွယ်လွယ်မပြုလုပ်သင့်ပါ။
ဗုဒ္ဓဘာသာဝင်များသည် ကျမ်းသစ္စာဆိုရာတွင် ကျမ်းတုတ်ကို ကိုင်ထားပြီး သစ္စာဆိုရပေသည်။ အဆိုပါ ကျမ်းတုတ်တွင် ပါဝင်သည့် ကျမ်းစာသည် အောက်ပါအတိုင်းဖြစ်သည်။
ကျမ်းသစ္စာကျိန်ဆိုမြဲကျမ်းစာ
နမောတဿ ဘဂဝတော အရဟတော သမ္မာသဗ္ဗုဒ္ဓဿ။ စိန္တိတံ သတ္တ သင်္ချေယျံ၊ နဝသင်္ချေယျဝါစကံ၊ ကာယဝါစာစတုချာတံ။
ဗုဒ္ဓတ္တံသမုပါဂမိ၊ ဟူသော ပါဌ်ဂါထာနှင့် လျော်စွာ၊ လေးသင်္ချေနှင့် ကမ္ဘာ္ဘတစ်သိန်း၊ရှစ်သင်္ချေနှင့် ကမာ္ဘတစ်သိန်း၊ တစ်ဆယ့်ခြောက်သင်္ချေနှင့် ကမာ္ဘတစ်သိန်း၊ ဒါနပါရမီ၊ သီလပါရမီ၊နိက္ခမပါရမီ၊ပညာပါရမီ၊ ခန္တီပါရမီ၊ဝိရိယပါရမီ၊ သစ္စာပါရမီ၊ အဓိဌာန်ပါရမီ၊မေတ္တာပါရမီ၊ ဥပက္ခာပါရမီ၊ ပါရမီဆယ်ပါး ၊အပြားသုံးဆယ် စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါး တရားတို့ကို ဖြည့်တော်မူ၍၊ဒုက္ခသစ္စာ ၊ သမုဒယသစ္စာ ၊ နိရောဓသစ္စာ ၊ မဂ္ဂသစ္စာ တည်းဟူသော၊ သစ္စာလေးပါးတရားတို့ကို သိတော်မူ၍၊ဂင်္ဂါသဲလုံးနှင့်အမျှ ပွင့်တော်မူကုန်သော ပညာဓိကဘုရား၊ဝိရိယာဓိကဘုရား၊ သဒ္ဓါဓိကဘုရား အပေါင်းတို့ကို စောင့်ရှောက်ကုန်သော၊ သမာဓိတည်သော၊ စန္ဒိပါရမီသွာ၊ မဟာပိန္နဲ၊ကုတဲ၊ ဂေါရမန္တနတ်ကြီး၊သာသနာတော်ကို စောင့်သောနတ်ကြီး၊ ပိဋကတ်သုံးပုံ၊ဗေဒင်လေးပုံကို စောင့်သောနတ်ကြီး၊စတုလောကပါလ နတ်ကြီး၊ မဟာမေခလာနတ်ကြီး၊ရုက္ခစိုး ၊ဘုမ္မစိုး ၊ အာကာသစိုး နတ်ကြီး၊ ပြည်စောင့်နတ်၊ မြို့စောင့်နတ်၊ လေးမျက်နှာကို စောင့်သောနတ်၊ ရှစ်မျက်နှာကို စောင့်သောနတ် အပေါင်းတို့သည် အမြဲစောင့်ရှောက်တော် မူစေသတည်း။
ဟုတ်မှန်သည်ကိုသာ ဆိုပါမည်။ မဟုတ်မမှန် ဆိုချေပါလျှင်၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း တွက်ကိန်းပြည့်ထ၊ လုံ့လသည်းစွာ၊ဒါနပါရမီ၊သီလပါရမီ၊နိက္ခမပါရမီ၊ဝိရိယပါရမီ၊ ခန္တီပါရမီ၊ ပညာပါရမီ၊ သစ္စာပါရမီ၊ မေတ္တာပါရမီ၊ အဓိဌာန်ပါရမီ၊ဥပက္ခာပါရမီ၊ပါရမီဆယ်ငါး အပြားသုံးဆယ်ကိုဖြည့်၍၊ပြည့်ထကျင့်သော ဘုရားရှင်ကိုယ်တော်မြတ်ကို စောင့်သောနတ်လည်း သတ်၍မနေ သေစေသောဟူလေ။
သွားတော်လေးဆယ်၊စွယ်တော်လေးချောင်း၊ညှပ်ရိုးတော်နှစ်ချောင်း၊ဓာတ်တော်ပေါင်း ရှစ်စရွတ်ကို စောင့်သောနတ်လည်း သတ်၍မနေ သေစေသောဟူလေ။
လကျာ်ရံ ရှင်သာရိပုတ္တရာ ၊ လက်ဝဲရံ ရှင်မောဂ္ဂလာန် စသော ပသီတိရှစ်ကျိပ်သော ရဟန္တာ မြတ်တို့၏ ဓာတ်တော် မွေတော်ကို စောင့်သောနတ်လည်း သတ်၍မနေ သေစေသောဟူလေ။ ထိုမှတစ်ပါး ဘုရားသခင် ဟောတော်မူသော ဝိနည်းငါးကျမ်း၊ သုတ်သုံးကျမ်း၊ အဘိဓမ္မာ ခုနှစ်ကျမ်း၊ပိဋကတ်သုံးပုံ၊ဓမ္မခန္တာအပေါင်း ရှစ်သောင်းလေးထောင်၊ကျမ်းကုန်အောင်ကို စောင့်သောနတ်လည်း သတ်၍မနေ သေစေသောဟူလေ။
ထိုမှတစ်ပါး သာမဗေဒင်၊ ယဇုဗေဒင်၊ဣသျှူဗေဒင် လေးပုံကို စောင့်သောနတ်လည်းသတ်၍မနေ သေစေသောဟူလေ။ ထိုမှတစ်ပါး သာသနာတော် ငါးထောင်ကို စောင့်သောနတ်လည်း သတ်၍မနေ သေစေသောဟူလေ။
ထိုမှတစ်ပါး ဇမ္ဗူဒီပါ၊ အပရဂေါယာ၊ဥတ္တရကုရု ၊ ပြုဗ္ဗဝိဒေဟာ၊ကျွန်းကြီးလေးကျွန်း ကျွန်းငယ်နှစ်ထောင်၊အရံထောင်သော ကျွန်းတို့ကို စောင့်သောနတ်လည်း သတ်၍မနေ သေစေသောဟူလေ။
ထိုမှတစ်ပါး မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ဂင်္ဂါယမုနာ၊ အစီရဝတီမဟီ၊အရဘူ၊ ဟူသည်မကြွင်း အိုင်အင်း ချောင်းမြောင်း ၊အပေါင်းစောင့်မှတ် ခပ်သိမ်းနတ်လည်း သတ်၍မနေ သေစေသောဟူလေ။
ဟိမဝန္တာ တောသုံးထောင်ကို ကုန်အောင်စောင့်သော အာကာသစိုး၊ ဗိဿနိုး ၊မလွတ်ဘုတ်ပြိတ် နတ်လည်း သတ်၍မနေ သေစေသောဟူလေ။
ထိုမှတစ်ပါး အဿမုက္ခိ၊စန္ဒိပါရမီသွာ၊မဟာဂီရိ စသောအရှိန်ပြင်း ထန်၊ဝေဿဝဏ်နှင့် ကုမာ္ဘန်ယက္ခ၊ဂန္ဓဗ္ဗကစသည်ဒေဝိန်၊အသူရိန် အလား၊ ကျော်ထင်ရှားသည့် နတ်အများလည်း သတ်၍မနေ သေစေသောဟူလေ။
ထိုမှတစ်ပါး သွေးခဲ သွေးနက်၊ပွက်ပွက်ထ၍ ကိုယ်လက်ပြောင်းပြန် သွေးခဲအန်၍ သေစေသောဟူလေ။ ထိုမှတစ်ပါး ဘေးရှစ်ပါး၊ဒဏ်ဆယ်ပါးလည်း ထင်ရှားသတ်၍ လတ်လတ်ချက်ခြင်း သေစေသောဟူလေ။ ထိုမှတစ်ပါး သားမြေးဥစ္စာ မကြာပျက်စီး ဆီမီးတန်ဆောင် တုံးသောရောင်သို့ ကုန်အောင်မကြွင်း ပျက်စီးခြင်းသို့ ရောက်စေသောဟူလေ။
ထိုမှတစ်ပါး ရေဝယ်သွားလည်း ရေသားများတွေ ဆယ်ကုဋေတွင် ရေနေအပေါင်း မိချောင်းလပိုင် ညွံထိကိုင်၍ မကာန်းလိပ်ငါး စား၍မနေ သေစေသောဟူလေ။
ထိုမှတစ်ပါး ကြည်းဝယ်သွားလည်း ကြည်းသာအပြား များသည်အနေ ကိုးကုဋေတွင် သစ်ကျားဆင်ရဲ စိုင်ထီးငမွဲ ဝက်ရဲစား၍ ထွားထွားညက်ညက် ကိုယ်လုံးပျက်၍ သေစေသောဟူလေ။
ထိုမှတစ်ပါး မြွေပွေးမြွေဟောက် ငန်းပြောက်ငန်းကျား ငန်းငါးပါးလည်း ပေါက်ထမနေ သေစေသောဟူလေ။ ထိုမှတစ်ပါး သေတုံငြားလည်း ငရဲကြီးရှစ်ထပ် ငရဲငယ်တစ်ရာနှစ်ဆယ့်ရှစ်ထပ် တိရစာ္ဆန် ပြိတ္တာ အသူရကယ် အပါယ်လေးပါး လားစေသော ဟူလေ။ ထိုမှတစ်ပါး လူဖြစ်ငြားလည်း လူခြင်းမတူ နူဖြူ နူဆွတ် မုံညှင်း ပွတ်အဆင်း ခရုသင်း မလွတ် ဘက်သကဘက်သချာ ထိုအနာလည်း စွဲစေသောဟူလေ။
ထိုမှတစ်ပါး မိခင်ဖခင် ခေါ်ငင်ပြင်းထန် ဆန့်တုံခြေလက် မကွေးမိခင် သေစေသောဟူလေ။
ထိုမှတစ်ပါး မင်းကမလွတ် အမတ်ဗိုလ်ပါ စွဲစရာသား အိမ်ထားလက်နက် သုံးမည်စက်နှင့် ခြေလက်တောင်းလောင်း လက်ဦးခေါင်းလည်းထောင်း ထောင်းပြတ်၍ သေစေသောဟူလေ။
ထိုမှတစ်ပါး မဟာသမုဒ္ဒရာ ပင်လယ်ကြောဝယ် သင်္ဘောလှေကြီး ပျက်စီးမျောပါ ကွဲသောလားသို့ ထွားထွားညက်ညက် ပျက်စေသောဟူလေ။
ထိုမှတစ်ပါး ဂွမ်းတလှည်းကို အကျွမ်းဘုတ်သော် တဆုပ်လောက်မျှ စမ်းမရသို့ဖြစ်စေသော ဟူလေ။ ထိုမှတစ်ပါး သားမြေးကျေးကျွန် ထွန်သည့်ကျွဲနွား ခမ်းနားမကြွင်း ပြုန်းတီးခြင်းနှင့် ဆင်းရဲကြီးလည်း မြေကြီးဝက်ကွဲ ခွက်လက်စွဲ၍ ငရဲအရှင် စာကျင်လှည့်ကာ ဘုန်းစားရာဘဝ တွင်းဆုံးကျ၍ အလှမဲ့ပါ လူ့ပြိတ္တာလည်း ဖြစ်စေသောဟူလေ။ ထိုမှတစ်ပါး မင်းနန်းသူကျိန်ခြင်း ထုံးနှယ်ဆင်းသည် ထင်းမိစကဲ့သို့ တစတစတိုစေသောဟူလေ။
ဟုတ်မှန်သည့်အတိုင်းဆိုချေလျှင် မှန်သောသစ္စာ အာနုဘော်အကျိုးဆက်ကြောင့် ယခင်ရေရွတ်ဆိုခဲ့ပြီးသော နတ်ကောင်း နတ်မြတ် အပေါင်းတို့သည် ကောင်းသောကြည့်ခြင်းဖြင့် ကြည့်မြင်ကြလျှက် စောင့်ရှောက်တော်မူကြသည်ဖြစ်၍ ကာယသုခ၊ စိတ္တသုခ ချမ်းသာခြင်း ဖြစ်စေသတည်း ။
ထိုမှတစ်ပါး မှန်သောသစ္စာ အာနုဘော် အကျိုးဆက်ကြောင့် အရှင်မင်းစသော မြို့ကွပ်ပြည်စိုး၊ အမှူးအမတ်၊သူရဲသူခက် အပေါင်းတို့နှင့်ဆိုခဲ့သမျှ ကြည်းနေရေနေ သတ္တဝါအပေါင်းတို့သည် ရင်ဝယ်ဖြစ်သော သားကဲ့သို့ သနားချစ်ခင်ခြင်း ရှိကြကုန်လျှက် ကိုယ်မှစ၍ သားမြေးမြစ် အဆွေခုနှစ်ဆက်တို့သည် ဓာတ်လေးပါးတို့ ကောင်းသောတည်ကြည်ခြင်းဖြင့် တည်ကြည်ညီညွတ်၍ ကြမ္မာအပေါင်း ဘေးဥပါဒ်အပေါင်း အပြစ်ဒဏ်ဟူသမျှ ရောဂါအနာမျိုး ကိုးဆယ့်ခြောက်ပါးတို့သည် မထိမရောက် မကပ် မစွန်း မငြိ ချမ်းသာအတိ ပြည့်စုံ ကုန်လုံကြွယ်ဝလျက် အသဒိသ သဘွယ်ဖြစ်သော အလှူကြီးကို ကြိမ်ဖန်များစွာ ဒါနသီလတို့ကို မပြတ်ဖြည့်သွင်းနိုင်၍ သာသနာတော်မြတ်ကို ချီးပင့်နိုင်သူ ဖြစ်စေသတည်း။
သေတုံသော်လည်း အပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါး ရန်သူမျိုးငါးပါးတို့ မလားမကပ် မရောက်သည်ဖြစ်၍ လူ့ပြည်နတ်ရွာ နိဗ္ဗာန်ချမ်းသာကြီး သုံးပါးကို ရသည်ဖြစ်စေသတည်း ။ကိုယ်မှစ၍ သားမြေးဥစ္စာ ရတနာမျိုး တက်တိုးချမ်းသာ မင်္ဂလာအပေါင်း ကောင်းမြတ်သော ဂုဏ်ကြက်သရေ တနေ့တဆင့် ဆန်းလမြင့်သို့ ဖြစ်စေသော်။
အထက်ပါအတိုင်း ကျမ်းတုတ်တွင် ရေးသားဖော်ပြထားသည့်အတွက် မှန်ရာကို ကျမ်းကျိန်ဆိုပါက ကောင်းကျိုးများခံစားရမည်ဖြစ်ပြီး မမှန်သည် လိမ်လည်ကျိန်ဆိုပါက ကျမ်းဆူးခြင်းသည် မယုံ၍မရသော အလွန်ပင်ကြောက်ဖို့ကောင်းကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ဗုဒ္ဓတ္တံသမုပါဂမိ၊ ဟူသော ပါဌ်ဂါထာနှင့် လျော်စွာ၊ လေးသင်္ချေနှင့် ကမ္ဘ္ဘ္ဘာတစ်သိန်း၊ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ တစ်ဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ ဒါနပါရမီ၊ သီလပါရမီ၊နိက္ခမပါရမီ၊ပညာပါရမီ၊ ခန္တီပါရမီ၊ဝိရိယပါရမီ၊ သစ္စာပါရမီ၊ အဓိဌာန်ပါရမီ၊မေတ္တာပါရမီ၊ ဥပက္ခာပါရမီ၊ ပါရမီဆယ်ပါး ၊အပြားသုံးဆယ် စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါး တရားတို့ကို ဖြည့်တော်မူ၍၊ဒုက္ခသစ္စာ ၊ သမုဒယသစ္စာ ၊ နိရောဓသစ္စာ ၊ မဂ္ဂသစ္စာ တည်းဟူသော၊ သစ္စာလေးပါးတရားတို့ကို သိတော်မူ၍၊ဂင်္ဂါသဲလုံးနှင့်အမျှ ပွင့်တော်မူကုန်သော ပညာဓိကဘုရား၊ဝိရိယာဓိကဘုရား၊ သဒ္ဓါဓိကဘုရား အပေါင်းတို့ကို စောင့်ရှောက်ကုန်သော၊ သမာဓိတည်သော၊ စန္ဒိပါရမီသွာ၊ မဟာပိန္နဲ၊ကုတဲ၊ ဂေါရမန္တနတ်ကြီး၊သာသနာတော်ကို စောင့်သောနတ်ကြီး၊ ပိဋကတ်သုံးပုံ၊ဗေဒင်လေးပုံကို စောင့်သောနတ်ကြီး၊စတုလောကပါလ နတ်ကြီး၊ မဟာမေခလာနတ်ကြီး၊ရုက္ခစိုး ၊ဘုမ္မစိုး ၊ အာကာသစိုး နတ်ကြီး၊ ပြည်စောင့်နတ်၊ မြို့စောင့်နတ်၊ လေးမျက်နှာကို စောင့်သောနတ်၊ ရှစ်မျက်နှာကို စောင့်သောနတ် အပေါင်းတို့သည် အမြဲစောင့်ရှောက်တော် မူစေသတည်း။
ထိုမှတစ်ပါး အဿမုက္ခိ၊စန္ဒိပါရမီသွာ၊မဟာဂီရိ စသောအရှိန်ပြင်း ထန်၊ဝေဿဝဏ်နှင့် ကုမ္ဘာန်ယက္ခ၊ဂန္ဓဗ္ဗကစသည်ဒေဝိန်၊အသူရိန် အလား၊ ကျော်ထင်ရှားသည့် နတ်အများလည်း သတ်၍မနေ သေစေသောဟူလေ။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
CarsDB
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service