အိမ်ခြံမြေ ပါမစ်ဝယ်တော့မယ်ဆိုရင် အသစ်နဲ့အဟောင်း ခွဲခြားသိရမယ်

အိမ်ခြံမြေ ပါမစ်ဝယ်တော့မယ်ဆိုရင် အသစ်နဲ့အဟောင်း ခွဲခြားသိရမယ် - Property Knowledge in Myanmar from iMyanmarHouse.com
17 Nov 2020 12:47 pm တွင် တင်ခဲ့သည်
1711 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အိမ်ခြံမြေဝယ်တဲ့အခါ မြေချပါမစ် ဝယ်ရတာ အကောင်းဆုံး အလွယ်ကူဆုံးဘဲလို့ အိမ်ခြံမြေအကျိုးဆောင် အချို့က ပြောကြတယ်။ အဲဒီလို အသိစိတ်တစ်ခု အသဲစွဲနေတာကြောင့် ဝယ်သူလာရင် မြေချပါမစ် တွေ့တာနဲ့ ရော့.. ပတ္တမြား၊ ရော့..နဂါးဆိုသလို ချက်ခြင်းအရောင်းအဝယ်လုပ်လို့ရတယ်။ အခွန်ဆောင်စရာမလိုဘူး။ ပြန်ရောင်းရင်လည်းလွယ်တယ်။ အရောင်းသွက်တယ်ဆိုပြီး ဝယ်ဖို့ပြောဆိုစည်းရုံးကြလေ့ရှိကြတယ်။

အခွန်ဆောင်စရာမလိုဘူး ဆိုလေ ဝယ်သူသဘောကျလေ

ဝယ်သူအချို့ကလည်း အဲဒီလိုပွဲစားကပြောရင် ယုံကြည်တက်ကြတယ်။ ရွှေဝယ်သလိုမျိုးထင်နေကြသလား မသိပါဘူး။ မိမိဝယ်ယူမည့် မြေဟာ ဂရန်မြေဆိုရင် အခွန်ဆောင်ရမှာ စိုးလို့ရှောင်ချင်ကြတယ်။ အဲဒီလို ဝယ်သူမျိုးတွေ့ရင် အချို့ပွဲစားတွေကလည်း အကြိုက်ဘဲ။ မြေချပါမစ် ကောင်းကြောင်း ညွှန်းတော့တာဘဲ။ ဝယ်သူက နားမလည်ပါဘူးပြောလေ၊ စိတ်ချပါဆိုပြီး ဝယ်ယူဖို့ အမြန်တိုက်တွန်းလေဘဲ။

ပါမစ်အဟောင်းထုတ်ပေးခဲ့တာက အနှစ် (၂၀) ကျော်

ဟုတ်ပါပြီ။ အကျိုးဆောင်ပွဲစားအချို့ပြောသလို မြေချပါမစ် က အခွန်မဆောင်ရဘဲ ဝယ်သူအမည်ပေါက် ဂရန်သစ်လျှောက်လို့ရတယ် ဆိုပါစို့ မြေချပါမစ်ဆိုတာ ကလည်း ပုံသေနည်းတွက်ဝယ်လို့ရတာ မဟုတ်ဘူးလေ။ ပါမစ်ထုတ်ပေးတဲ့ နှစ်ကာလအပိုင်းအခြားတွေကြည့်ရသေးတယ်။ မြို့သစ်တွေမှာဆိုရင် ၁၉၉၀၊ ၁၉၉၃ ၊ ၁၉၉၆ ၊ ၁၉၉၇ ၊ ၁၉၉၈ စသဖြင့် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ကျုးကျော်တွေကို ထုတ်ပေးခဲ့တဲ့ မြေချပါမစ်တွေက တစ်မျိုး ။

ပါမစ်အသစ်က ဒီမိုကရေစီခေတ်မှပေါ်လာတာ

ဟော…. ၂၀၁၅ ၂၀၁၆ ၂၀၁၇ ခုနှစ်လောက်မှာ အသစ်ထွက်လာတဲ့ မြေချပါမစစ်အသစ်တွေက တစ်ဖုံ။ အမျိုးမျိုးနဲ့ တွေ့ရတယ်လေ။ ကြည့်လိုက်ရင်တော့ ပါမစ်မြေကွက်တွေက အတူတူဘဲ။ ပါမစ်အသစ်တွေကြည့်လိုက်ရင် စည်းတံဆိပ် အဝိုင်းသစ် ၊ အိုးအိမ်ဒုတိယညွှန်ကြားရေးမှူး လက်မှတ်နဲ့ မြို့နယ် အိုးအိမ်ဦးစီးအရာရှိ လက်မှတ်တွေကလည်း လတ်လတ်ဆတ်ဆတ်ဘဲ မြေကွက်ရသူနဲ့ ဓာတ်ပုံကလည်း အသစ်စက်စက်ဘဲတွေ့ရတယ်။

ဂရန်သစ်ရဖို့ခက်ခဲပေမယ့် ပါမစ်အသစ်မြေကွက်က ပိုပြီးနေရာကောင်းတယ်

အဲဒီလိုသစ်လွှင်တောက်ပတဲ့ မြေချပါမစ်တွေကြောင့် အခုအရောင်းအဝယ်လောကမှာ မြေချပါမစ်ဝယ်မယ်ဆိုရင် ပါမစ်အဟောင်းနဲ့ အသစ်က တန်ဖိုးချင်ကွာခြားသလို နေရာကောင်းတာချင်လည်း မတူကြပါဘူး။ ၂၀၁၇ ခုနှ် လောက်အထိ အိုးအိမ်ဦးစီးဌာနက ထွက်လာတဲ့ မြေချပါမစ်တွေဟာ နေရာကောင်းတွေမှာတွေ့ရတယ်။ ဥပမာ- ရပ်ကွက်တစ်ခုရဲ့ ထောင့်ကွက်နေရာနဲ့ ချနှ်လှပ်ကွက်နေရာမျိုးတွေဖြစ်နေတာကို တွေ့ရတတ်တယ်ဈေးတော့သက်သာတယ်။

ဒီလိုပါမစ်အသစ်တွေကို ဝယ်ယူပြီး အိုးအိမ်မှာ အမည်ပေါက်မှန်မမှန် အခုစစ်လို့မရတော့ပါဘူး။ မြို့တော်စည်ပင် မြို့မြေစာရင်မှာလည်း အမည်ပေါက်နာမည်မရှိဘူးလို့ သိရပါတယ်။ ဒီတော့ ဒီလိုပါမစ်အသစ်တွေကို ဝယ်မိပြီဆိုရင် ဂရန်သစ်လျှောက်ယူဖို့ဆို ခက်ခဲသွားပြီ။ အလွယ်တကူနဲ့ သက်မှတ်ကာလအတွင်းမှာရဖို့ မသေချာတော့ပါဘူး။

ပါမစ်အတုအစစ်ခွဲခြားဖို့ခက်ခဲတဲ့ကာလ

အခုအခါမှာတော့ အဲဒီလိုပါမစ်အသစ်တွေကိုအကြောင်းပြုပြီးတော့ အိမ်ခြံမြေဈေးကွက်ထဲမှာ နောက်ထပ်ပါမစ်အသစ်တွေထွက်နေရင်လည်း အတုနဲ့အစစ် ကိုခွဲခြားနိုင်ဖို့က အတော်ခက်ခဲသွားပါပြီ ။အရင်ကတော့ စရန်ငွေချတော့မယ်ဆိုတာနဲ့ စာရွက်စာတမ်းမှန်ကန်ပြည့်စုံမှုရှိမရှိ မြို့နယ်အိုးအိမ်ရုံးခွဲတွေမှာ ပြေးစစ်ကြည့်လိုက်ရင် သိနိုင်တယ်လေ။ အခုတော့ မြို့နယ်အိုးအိမ်ရုံးခွဲတွေကိုလည်း တိုင်းရုံးက ပြန်ခေါ်ထားလိုက်ပြီလို့ သိရတယ်။ အဲဒီတော့ ပါမစ်အတုအစစ် ဘယ်လိုခွဲတော့မှာလဲ ။ အဲ့ဒါပြဿနာဘဲ။

ဒါကြောင့် အိမ်ခြံမြေ အရောင်းအဝယ်စာချုပ်တော့မယ်ဆိုရင် အခုနောက်ပိုင်းရှေ့နေတွေခေါ်ပြီး ချုပ်ဆိုကြတာများလာတာကိုတွေ့ရတယ်။ ဟော…. ဒီနေရာမှာ ရှေ့နေတွေရဲ့ မြေချပါမစ်အပေါ်စစ်ဆေးတဲ့နေရာမှာ ကျွမ်းကျင်မှုလိုလာပြီလေ။ ရှေ့နေတွေကတော့ ဝယ်သူမနစ်နာအောင် စာချုပ်ကို ခိုင်မာအောင်ချုပ်ပေးဖို့လိုသလို ဝယ်သင့်မဝယ်သင့် ပြောဖို့လည်း လိုပါတယ်။

ဒါပေမဲ့ ရောင်းသူထုတ်ပြတဲ့ မြေချပါမစ်ဟာ ၊ အဟောင်းလား၊ အသစ်လား၊ အတုလား၊ အစစ်လားရှေ့နေကစစ်ဆေးပေးရတော့မယ်။ ဥပမာ - ၁၉၉၃ ခုနှစ်က ထုတ်ပေးထားတဲ့ မြေချပါမစ်ဆိုရင် အဟောင်းပေါ့။ အဟောင်းဆိုတဲ့ စာရွက်တွေက ဝါကြင့်ကြင့်စစ်တောင်းစက္ကူနဲ့ထုတ်ပေးထားတာမျိုးဖြစ်မယ်။ အတွေ့အကြုံများတဲ့ ရှေ့နေဆိုရင် စစ်ကြည့်တာနဲ့ အတုအစစ်ခွဲခြားနိုင်တယ်။ပိုပြီးသေချာအောင် ရန်ကုန်မြို့တော်စည်ပင်မြို့မြေစာရင်းမှာ ပြေးစစ်ကြည့်လိုက်ပြီး ဝယ်ဖို့အာမခံရဲတယ်။

ပါမစ်အဟောင်းမဟုတ်ဘဲ ၂၀၀၇ ခုနှစ်အထိ အသစ်ထွက်နေတာတွေ့ရတဲ့ မြေချပါမစ်မျိုးဆိုရင် အတုအစစ်ဘယ်လိုခွဲခြားမလဲ။ အိုးအ်ိမ်ရုံးမှာလည်း တရားဝင်ပြေးစစ်လို့မရ ၊ မြို့တော်စည်ပင် မြို့မြေစာရင်းမှာတော့ စာရင်းတောင်မဝင်သေးဘူးဆိုတော့ ဘယ်ရှေ့နေက အာမခံရဲမှာလဲ။

ဒါကြောင့် အိမ်ခြံမြေဝယ်တော့မယ်ဆိုရင် မြေယာဌါနကတကယ်တက်ကျွမ်းနားလည်တဲ့ အိုအိမ်ဝန်ထမ်းတို့စည်ပင်ဝန်ထမ်းတို့နဲ့ စာချုပ်စာတမ်းကျွမ်းကျင်သူများရဲ့အကြံညဏ်ယူပြီး ဝယ်ယူသင့်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

“ အတ္တာဟိ အတ္တနော နာထော ”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အိမ္ျခံေျမ ပါမစ္ဝယ္ေတာ့မယ္ဆိုရင္ အသစ္နဲ႕အေဟာင္း ခြဲျခားသိရမယ္

အိမ္ျခံေျမဝယ္တဲ့အခါ ေျမခ်ပါမစ္ ဝယ္ရတာ အေကာင္းဆံုး အလြယ္ကူဆံုးဘဲလို႕ အိမ္ျခံေျမအက်ိဳးေဆာင္ အခ်ိဳ႕က ေျပာၾကတယ္။ အဲဒီလို အသိစိတ္တစ္ခု အသဲစြဲေနတာေၾကာင့္ ဝယ္သူလာရင္ ေျမခ်ပါမစ္ ေတြ႕တာနဲ႕ ေရာ့.. ပတၱျမား၊ ေရာ့..နဂါးဆိုသလို ခ်က္ျခင္းအေရာင္းအဝယ္လုပ္လို႔ရတယ္။ အခြန္ေဆာင္စရာမလိုဘူး။ ျပန္ေရာင္းရင္လည္းလြယ္တယ္။ အေရာင္းသြက္တယ္ဆိုျပီး ဝယ္ဖို႕ေျပာဆိုစည္းရုံးၾကေလ့ရွိၾကတယ္။

အခြန္ေဆာင္စရာမလိုဘူး ဆိုေလ ဝယ္သူသေဘာက်ေလ

ဝယ္သူအခ်ိဳ႕ကလည္း အဲဒီလိုပြဲစားကေျပာရင္ ယံုၾကည္တက္ၾကတယ္။ ေရႊဝယ္သလိုမ်ိဳးထင္ေနၾကသလား မသိပါဘူး။ မိမိဝယ္ယူမည့္ ေျမဟာ ဂရန္ေျမဆိုရင္ အခြန္ေဆာင္ရမွာ စိုးလို႕ေရွာင္ခ်င္ၾကတယ္။ အဲဒီလို ဝယ္သူမ်ိဳးေတြ႕ရင္ အခ်ိဳ႕ပြဲစားေတြကလည္း အၾကိဳက္ဘဲ။ ေျမခ်ပါမစ္ ေကာင္းေၾကာင္း ညႊန္းေတာ့တာဘဲ။ ဝယ္သူက နားမလည္ပါဘူးေျပာေလ၊ စိတ္ခ်ပါဆိုျပီး ဝယ္ယူဖို႕ အျမန္တိုက္တြန္းေလဘဲ။

ပါမစ္အေဟာင္းထုတ္ေပးခဲ့တာက အနွစ္ (၂၀) ေက်ာ္

ဟုတ္ပါျပီ။ အက်ိဳးေဆာင္ပြဲစားအခ်ိဳ႕ေျပာသလို ေျမခ်ပါမစ္္ က အခြန္မေဆာင္ရဘဲ ဝယ္သူအမည္ေပါက္ ဂရန္သစ္ေလွ်ာက္လို႕ရတယ္ ဆိုပါစို႕ ေျမခ်ပါမစ္ဆိုတာ ကလည္း ပံုေသနည္းတြက္ဝယ္လို႔ရတာ မဟုတ္ဘူးေလ။ ပါမစ္ထုတ္ေပးတဲ့ နွစ္ကာလအပိုင္းအျခားေတြၾကည့္ရေသးတယ္။ ျမိဳ႕သစ္ေတြမွာဆိုရင္ ၁၉၉၀၊ ၁၉၉၃ ၊ ၁၉၉၆ ၊ ၁၉၉၇ ၊ ၁၉၉၈ စသျဖင့္ ဌာနဆိုင္ရာဝန္ထမ္းေတြနဲ႕ က်ဳးေက်ာ္ေတြကို ထုတ္ေပးခဲ့တဲ့ ေျမခ်ပါမစ္ေတြက တစ္မ်ိဳး ။

ပါမစ္အသစ္က ဒီမိုကေရစီေခတ္မွေပၚလာတာ

ေဟာ…. ၂၀၁၅ ၂၀၁၆ ၂၀၁၇ ခုနွစ္ေလာက္မွာ အသစ္ထြက္လာတဲ့ ေျမခ်ပါမစစ္အသစ္ေတြက တစ္ဖံု။ အမ်ိဳးမ်ိဳးနဲ႕ ေတြ႕ရတယ္ေလ။ ၾကည့္လိုက္ရင္ေတာ့ ပါမစ္ေျမကြက္ေတြက အတူတူဘဲ။ ပါမစ္အသစ္ေတြၾကည့္လိုက္ရင္ စည္းတံဆိပ္ အဝိုင္းသစ္ ၊ အိုးအိမ္ဒုတိယညႊန္ၾကားေရးမွဴး လက္မွတ္နဲ႕ ျမိဳ႕နယ္ အိုးအိမ္ဦးစီးအရာရွိ လက္မွတ္ေတြကလည္း လတ္လတ္ဆတ္ဆတ္ဘဲ ေျမကြက္ရသူနဲ႔ ဓာတ္ပံုကလည္း အသစ္စက္စက္ဘဲေတြ႕ရတယ္။

ဂရန္သစ္ရဖို႕ခက္ခဲေပမယ့္ ပါမစ္အသစ္ေျမကြက္က ပိုျပီးေနရာေကာင္းတယ္

အဲဒီလိုသစ္လႊင္ေတာက္ပတဲ့ ေျမခ်ပါမစ္ေတြေၾကာင့္ အခုအေရာင္းအဝယ္ေလာကမွာ ေျမခ်ပါမစ္ဝယ္မယ္ဆိုရင္ ပါမစ္အေဟာင္းနဲ႕ အသစ္က တန္ဖိုးခ်င္ကြာျခားသလို ေနရာေကာင္းတာခ်င္လည္း မတူၾကပါဘူး။ ၂၀၁၇ ခုနွ္ ေလာက္အထိ အိုးအိမ္ဦးစီးဌာနက ထြက္လာတဲ့ ေျမခ်ပါမစ္ေတြဟာ ေနရာေကာင္းေတြမွာေတြ႕ရတယ္။ ဥပမာ- ရပ္ကြက္တစ္ခုရဲ႕ ေထာင့္ကြက္ေနရာနဲ႕ ခ်န္ွလွပ္ကြက္ေနရာမ်ိဳးေတြျဖစ္ေနတာကို ေတြ႕ရတတ္တယ္ေဈးေတာ့သက္သာတယ္။

ဒီလိုပါမစ္အသစ္ေတြကို ဝယ္ယူျပီး အိုးအိမ္မွာ အမည္ေပါက္မွန္မမွန္ အခုစစ္လို႕မရေတာ့ပါဘူး။ ျမိဳ႕ေတာ္စည္ပင္ ျမိဳ႕ေျမစာရင္မွာလည္း အမည္ေပါက္နာမည္မရွိဘူးလို႕ သိရပါတယ္။ ဒီေတာ့ ဒီလိုပါမစ္အသစ္ေတြကို ဝယ္မိျပီဆိုရင္ ဂရန္သစ္ေလွ်ာက္ယူဖို႕ဆို ခက္ခဲသြားျပီ။ အလြယ္တကူနဲ႕ သက္မွတ္ကာလအတြင္းမွာရဖို႕ မေသခ်ာေတာ့ပါဘူး။

ပါမစ္အတုအစစ္ခြဲျခားဖို႕ခက္ခဲတဲ့ကာလ

အခုအခါမွာေတာ့ အဲဒီလိုပါမစ္အသစ္ေတြကိုအေၾကာင္းျပဳျပီးေတာ့ အိမ္ျခံေျမေဈးကြက္ထဲမွာ ေနာက္ထပ္ပါမစ္အသစ္ေတြထြက္ေနရင္လည္း အတုနဲ႕အစစ္ ကိုခြဲျခားႏိုင္ဖို႕က အေတာ္ခက္ခဲသြားပါျပီ ။အရင္ကေတာ့ စရန္ေငြခ်ေတာ့မယ္ဆိုတာနဲ႕ စာရြက္စာတမ္းမွန္ကန္ျပည့္စံုမႈရွိမရွိ ျမိဳ႕နယ္အိုးအိမ္ရုံးခြဲေတြမွာ ေျပးစစ္ၾကည့္လိုက္ရင္ သိႏိုင္တယ္ေလ။ အခုေတာ့ ျမိဳ႕နယ္အိုးအိမ္ရုံးခြဲေတြကိုလည္း တိုင္းရုံးက ျပန္ေခၚထားလိုက္ျပီလို႕ သိရတယ္။ အဲဒီေတာ့ ပါမစ္အတုအစစ္ ဘယ္လိုခြဲေတာ့မွာလဲ ။ အဲ့ဒါျပႆနာဘဲ။

ဒါေၾကာင့္ အိမ္ျခံေျမ အေရာင္းအဝယ္စာခ်ဳပ္ေတာ့မယ္ဆိုရင္ အခုေနာက္ပိုင္းေရွ႕ေနေတြေခၚျပီး ခ်ဳပ္ဆိုၾကတာမ်ားလာတာကိုေတြ႕ရတယ္။ ေဟာ…. ဒီေနရာမွာ ေရွ႕ေနေတြရဲ႕ ေျမခ်ပါမစ္အေပၚစစ္ေဆးတဲ့ေနရာမွာ ကၽြမ္းက်င္မႈလိုလာျပီေလ။ ေရွ႕ေနေတြကေတာ့ ဝယ္သူမနစ္နာေအာင္ စာခ်ဳပ္ကို ခိုင္မာေအာင္ခ်ဳပ္ေပးဖို႕လိုသလို ဝယ္သင့္မဝယ္သင့္ ေျပာဖို႕လည္း လိုပါတယ္။

ဒါေပမဲ့ ေရာင္းသူထုတ္ျပတဲ့ ေျမခ်ပါမစ္ဟာ ၊ အေဟာင္းလား၊ အသစ္လား၊ အတုလား၊ အစစ္လားေရွ႕ေနကစစ္ေဆးေပးရေတာ့မယ္။ ဥပမာ - ၁၉၉၃ ခုနွစ္က ထုတ္ေပးထားတဲ့ ေျမခ်ပါမစ္ဆိုရင္ အေဟာင္းေပါ့။ အေဟာင္းဆိုတဲ့ စာရြက္ေတြက ဝါၾကင့္ၾကင့္စစ္ေတာင္းစကၠဴနဲ႕ထုတ္ေပးထားတာမ်ိဳးျဖစ္မယ္။ အေတြ႕အၾကံဳမ်ားတဲ့ ေရွ႕ေနဆိုရင္ စစ္ၾကည့္တာနဲ႕ အတုအစစ္ခြဲျခားႏိုင္တယ္။ပိုျပီးေသခ်ာေအာင္ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္ျမိဳ႕ေျမစာရင္းမွာ ေျပးစစ္ၾကည့္လိုက္ျပီး ဝယ္ဖို႕အာမခံရဲတယ္။

ပါမစ္အေဟာင္းမဟုတ္ဘဲ ၂၀၀၇ ခုနွစ္အထိ အသစ္ထြက္ေနတာေတြ႕ရတဲ့ ေျမခ်ပါမစ္မ်ိဳးဆိုရင္ အတုအစစ္ဘယ္လိုခြဲျခားမလဲ။ အိုးအိ္မ္ရုံးမွာလည္း တရားဝင္ေျပးစစ္လို႕မရ ၊ ျမိဳ႕ေတာ္စည္ပင္ ျမိဳ႕ေျမစာရင္းမွာေတာ့ စာရင္းေတာင္မဝင္ေသးဘူးဆိုေတာ့ ဘယ္ေရွ႕ေနက အာမခံရဲမွာလဲ။

ဒါေၾကာင့္ အိမ္ျခံေျမဝယ္ေတာ့မယ္ဆိုရင္ ေျမယာဌါနကတကယ္တက္ကၽြမ္းနားလည္တဲ့ အိုအိမ္ဝန္ထမ္းတို႕စည္ပင္ဝန္ထမ္းတို႕နဲ႕ စာခ်ဳပ္စာတမ္းကၽြမ္းက်င္သူမ်ားရဲ႕အၾကံညဏ္ယူျပီး ဝယ္ယူသင့္ပါေၾကာင္း သတင္းေကာင္းပါးလိုက္ရပါတယ္။

“ အတၱာဟိ အတၱေနာ နာေထာ ”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service