မြန်မာနိုင်ငံအပါအဝင် မဲခေါင်မြစ်ဝှမ်းနိုင်ငံများအား COVID-19 ကာကွယ်ဆေးရရှိရေးကူညီပံ့ပိုးမည်ဟုတောင်ကိုရီးယားသမ္မတကတိပြု
မြန်မာနိုင်ငံအပါအဝင် မဲခေါင်မြစ်ဝှမ်းနိုင်ငံများအား COVID-19 ကာကွယ်ဆေးရရှိရေးကူညီပံ့ပိုးမည်ဟုတောင်ကိုရီးယားသမ္မတကတိပြု - Property News in Myanmar from iMyanmarHouse.com
17 Nov 2020 11:46 am တွင် တင်ခဲ့သည်
986 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
မြန်မာနိုင်ငံအပါအဝင် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများမှ ပြည်သူများအတွက် COVID-19 ကာကွယ်ဈေး ကြိုတင်ဈေးကွက် ကတိကဝတ် [COVID-19 Vaccines Advance Market Commitment (COVAX) ]အစီအစဉ်အရသင့်လျော်မည့် မည်သည့်ကာကွယ်ဆေးမဆိုရရှိနိုင်ရေးအတွက် တောင်ကိုရီးယားနိုင်ငံကဖွံ့ဖြိုးဆဲနိုင်ငံများအားကန်ဒေါ်လာ ၁၀ သန်းထောက်ပံ့သွားမည်ဖြစ်ကြောင်းဒုတိယအကြိမ်မြောက် မဲခေါင်- တောင်ကိုရီးယားထိပ်သီးဆွေးနွေးပွဲတွင် တောင်ကိုရီးယားသမ္မတမွန်ဂျေးအင်ကပြောကြားလိုက်သည်။
COVAXသည် နိုင်ငံစုံပါဝင်သည့် အစီအစဉ်လမ်းကြောင်းတစ်ခုဖြစ်ပြီးဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးရရှိရေးရန်ပုံငွေ ထူထောင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ပထမအကြိမ် မဲခေါင်- တောင်ကိုရီးယားထိပ်သီးကို ပြီးခဲ့သောနှစ်ကဘူဆန်မြို့တွင် ကျင်းပခဲ့စဉ်က ပြည်သူ၊ ပေါကြွယ်ဝမှုနှင့် ငြိမ်းချမ်းရေးတို့အတွက် မဲခေါင်-ဟန်မြစ် မိတ်ဖက်ထူထောင်မှု ကြေညာချက်ကိုမွန်ဂျေးအင်က ပြန်လည်ကိုးကားခဲ့ပြီးအဆိုပါပူးပေါင်းဆောင်ရွက်မှု၏ နောက်တစ်ဆင့်သို့ လျှောက်လှမ်းရန်ဖြစ်ကြောင်းပြောကြားသွားသည်။
ယခုနှစ်တွင် ကပ်ဘေးကြီးပေါ်ပေါက်နေသော်လည်းကိုရိုနာဗိုင်းရပ်စ် စမ်းသပ်သည့် test kits များထောက်ပံ့ခြင်းနှင့် ကပ်ဘေးထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွေ့အကြုံ မျှဝေခြင်းများဖြင့် အဖွဲ့ဝင်နိုင်ငံတို့သည် ၎င်းတို့ကြားမိတ်သင်္ဂဟဖြစ်မှုနှင့် ယုံကြည်မှုတို့ကိုဆက်လက်တည်ဆောက်ထားနိုင်ခဲ့သည်။
တောင်ကိုရီးယားနှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများ (ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်) တို့သည် အခြေခံအဆောက်အအုံစီမံကိန်းများအပြင် ကပ်ဘေးအောင်နိုင်ရေးနှင့် ဆေးဘက်စွမ်းရည်တည်ဆောက်ရေးတို့တွင် လက်တွဲလုပ်ကိုင်ရန် ကတိပြုခဲ့ကြကြောင်းမွန်ဂျေးအင်ကပြောသည်။
ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် တောင်ကိုရီးယားတို့သည် နှစ်နိုင်ငံချင်းဆက်ဆံရေးများကို ပြည်သူ၊ ပေါကြွယ်ဝမှုနှင့် ငြိမ်းချမ်းရေးတည်းဟူသောမဟာဗျူဟာမြောက် မိတ်ဘက်အဖြစ် အဆင့်မြှင့်တင်ရန်၊ ဦးစားပေးကဏ္ဍကြီး ၇ ရပ် (ယဉ်ကျေးမှုဆိုင်ရာကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ အခြေခံအဆောက်အအုံ၊ သတင်းအချက်အလက် နည်းပညာ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး၊ လူ့အရင်းအမြစ် ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သမားရိုးကျမဟုတ်သောလုံခြုံရေးစိန်ခေါ်မှုများ) တွင် ပူးပေါင်းဆောင်ရွက်မှုများအလေးထားဆောင်ရွက်ရန်၊ ဒေသတွင်းထောက်ပံ့မှုကွင်းဆက် (supply chains) ကို မြှင့်တင်ပေးရေး၊ ၆ နိုင်ငံမှ လုပ်ငန်းများ၏ လုပ်ကိုင်ဆောင်ရွက်မှုများလွယ်ကူချောမွေ့စေရေးအစရှိသည်တို့ ဆွေးနွေးခဲ့ကြသည်။
တောင်ကိုရီးယားသမ္မတကတောင်ကိုရီးယားနှင့် မဲခေါင် ၅ နိုင်ငံတို့အကြားကုန်သွယ်မှုပမာဏကိုချီးကျုးခဲ့ပြီးကမ္ဘာလုံးဆိုင်ရာခရီးသွားလာမှုများနှင့် ရေကြောင်းပို့ဆောင်မှုများထိခိုက်ခဲ့ရသော်လည်းယခင်နှစ် ပမာဏနှင့် တူညီကြောင်း၊ ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးတို့တွင် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်းပြောကြားသည်။
မွန်ဂျေးအင်ကဆက်လက်ပြောဆိုရာတွင် မဲခေါင်မြစ်၏ ဂေဟဝန်းကျင်ကိုထိန်းသိမ်းရန် ၊ ရေအရင်းအမြစ်များကိုစီမံခန့်ခွဲရန်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်တို့အတွက် ရည်ရွယ်သည့် နှစ်နိုင်ငံသဘောတူညီမှု စီမံကိန်းတစ်ရပ် ဖော်ဆောင်ရန် တွန်းအားပေးလိုကြောင်းပြောသည်။
ထို့အပြင် အဆိုပါစီမံကိန်းတွင် ကုလသမဂ္ဂကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများလည်းပါဝင်လာရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းမွန်ဂျေးအင်က ဖြည့်စွက်ပြောကြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: RoK commits to supporting Mekong countries in accessing COVID-19 vaccine (khmertimeskh)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service