ဒီဇင်ဘာတွင် အိန္ဒိယက AstraZeneca ၏ COVID-19 ကာကွယ်ဆေးသန်း ၁၀၀ ထုတ်လုပ်နိုင်ဖွယ်ရှိ

ဒီဇင်ဘာတွင် အိန္ဒိယက AstraZeneca ၏ COVID-19 ကာကွယ်ဆေးသန်း ၁၀၀ ထုတ်လုပ်နိုင်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
17 Nov 2020 11:32 am တွင် တင်ခဲ့သည်
2625 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Serum Institute of India(SII)သည် AstraZeneca ၏ COVID-19 ကာကွယ်ဆေးကိုဒီဇင်ဘာလတွင် ထုတ်လုပ်ပြီးဖြစ်ရန် အရှိန်ဟုန်မြှင့် ကြိုးပမ်းလျက်ရှိပြီးဒီဇင်ဘာလအတွင်းတွင်ပင် အိန္ဒိယနိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးမှုများစတင်မည်ဖြစ်ကြောင်းBloombergသတင်းတစ်ရပ်တွင် ဖော်ပြသည်။

AstraZeneca ၏ ကာကွယ်ဆေးသည် ကိုရိုနာဗိုင်းရပ်စ်မှ ထိရောက်သောကာကွယ်မှုပေးကြောင်းနောက်ဆုံးဆင့် စမ်းသပ်မှု အချက်အလက်များတွင် တွေ့ရှိပါက SII သည် အိန္ဒိယအစိုးရထံမှ အရေးပေါ်အခြေအနေသုံးစွဲရန် ဒီဇင်ဘာလအတွင်းခွင့်ပြုချက် ရရှိဖွယ်ရှိကြောင်း SII ၏ အမှုဆောင်အရာရှိချုပ် အဒါးပူနာဗာလာ (Adar Poonawalla ) က Bloomberg နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။

အဆိုပါ ကနဦးထုတ်လုပ်မှုမှာအိန္ဒိယနိုင်ငံအတွင်းအသုံးပြုရန်ဖြစ်ကြောင်းပူနာဗာလာကပြောသည်။

လာမည့်နှစ်စပိုင်းတွင် အပြည့်အဝအတည်ပြုမှု ရရှိပြီးနောက်ပိုင်းထုတ်လုပ်မှုစုစုပေါင်းကို ၅၀-၅၀ အချိုးဖြင့် အိန္ဒိယနှင့် COVAX အစီအစဉ်တို့အကြားခွဲဝေသုံးစွဲသွားမည်ဟုဆိုသည်။ COVAX အစီအစဉ်ဟူသည်မှာကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကျောထောက်နောက်ခံပြု အဖွဲ့ဖြစ်ပြီးဆင်းရဲသောနိုင်ငံများအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ မျှဝေရရှိရန် ဝယ်ယူမည့်အစီအစဉ်ဖြစ်သည်။

SIIသည် ပြီးခဲ့သော ၂ လအတွင်းAstraZenecaကာကွယ်ဆေးသန်း ၄၀ ထုတ်လုပ်ခဲ့ပြီးဖြစ်ကာမကြာမီတွင် အလုံးအရင်းစတင် ထုတ်လုပ်နိုင်ရန် ရည်မှန်းထားသည်။

AstraZenecaကာကွယ်ဆေး၏ ပြိုင်ဖက်ဖြစ်သောအမေရိကန်ပြည်၊ မေရီလန်းပြည်နယ်အခြေစိုက် Novavaxကာကွယ်ဆေးကုမ္ပဏီ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးမှာလည်းအလားအလာကောင်းနေသည်။

ပူနာဗာလာသည် ၂၀၂၁ ခုနှစ်အတွင်းကာကွယ်ဆေးသန်း ၁၀၀၀ ထုတ်လုပ်နိုင်ရန်အတွက် ထုတ်လုပ်နိုင်စွမ်းမြှင့်တင်ရန် သူ့မိသားစုပိုင်ဆိုင်မှုဖြစ်သောဒေါ်လာသန်း ၂၅၀ ကိုရင်းနှီးမြှုပ်နှံမှု ပြုလုပ်လာသည်။

“ပုံအောရင်းနှီးဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်” ဟုပူနာဗာလာကပြောသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုအပေါ် စိုးရိမ်မကင်းဖြစ်သူများတွင် ပူနာဗာလာ၏ ဖခင် ဆိုင်းရပ် ပူနာဗာလာလည်းပါဝင်သည်။ ဆိုင်းရပ်သည် SII ကိုတည်ထောင်ခဲ့သူဖြစ်သည်။

ကာကွယ်ဆေးများသည် အအေးဓာတ်အလွန်အားကောင်းသည့် သိုလှောင်မှုစနစ်လိုအပ်သည်ဖြစ်ရာဖွံ့ဖြိုးဆဲနိုင်ငံများအတွက် မလွယ်ချေ။

ပူနာဗာလာကပြောရာတွင် ကမ္ဘာ့လူဦးရေအားလုံးကို ၂၀၂၄ ခုနှစ်အထိအားလုံးကာကွယ်ဆေးထိုး၍ မပြီးနိုင်သေးကြောင်းပြောရာအခြားသောအားတက်ဖွယ်ခန့်မှန်းချက်များနှင့် ဆန့်ကျင်နေသည်။

Gavi နှင့် the Gates Foundationတို့ကကာကွယ်ဆေးများကို မျှတသောဈေးနှုန်းဖြင့်ရလိုကြောင်းပြောကြားထားကြောင်း၊ မိမိအနေဖြင့်မူကုန်ကျထားခဲ့ရသည်တို့ကို ပြန်လည်ကာမိလိုကြောင်းပူနာဗာလာကပြောသည်။

မိမိတို့ ကုမ္ပဏီအနေဖြင့် ထုတ်လုပ်သောကာကွယ်ဆေး၏ ထက်ဝက်ကိုအိန္ဒိယနိုင်ငံအတွင်းသုံးစွဲမည်ဟုကတိပြုထားကြောင်း၊ AstraZenecaကာကွယ်ဆေးများစတင်ထုတ်လုပ်နေခဲ့ပြီဖြစ်ပြီးသန်း ၂၀ ခန့် ထုတ်လုပ်ထားပြီးဖြစ်ကြောင်း၊ လာမည့် ၄ လအတွင် ထိုပမာဏ၏ ၁၀ ဆခန့် ထုတ်လုပ်နိုင်မည်ဟုမျှော်လင့်ကြောင်းလည်းပူနာဗာလာကပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: India may get 100 million doses of AstraZeneca's COVID-19 vaccine by Dec 2020 (zeenews.india)

 

[Zawgyi]

ဒီဇင္ဘာတြင္ အိႏိၵယက AstraZeneca ၏ COVID-19 ကာကြယ္ေဆးသန္း ၁၀၀ ထုတ္လုပ္ႏိုင္ဖြယ္ရွိ

Serum Institute of India(SII)သည္ AstraZeneca ၏ COVID-19 ကာကြယ္ေဆးကိုဒီဇင္ဘာလတြင္ ထုတ္လုပ္ျပီးျဖစ္ရန္ အရွိန္ဟုန္ျမွင့္ ၾကိဳးပမ္းလ်က္ရွိျပီးဒီဇင္ဘာလအတြင္းတြင္ပင္ အိႏိၵယႏိုင္ငံတစ္ဝန္းကာကြယ္ေဆးထိုးမႈမ်ားစတင္မည္ျဖစ္ေၾကာင္းBloombergသတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

AstraZeneca ၏ ကာကြယ္ေဆးသည္ ကိုရိုနာဗိုင္းရပ္စ္မွ ထိေရာက္ေသာကာကြယ္မႈေပးေၾကာင္းေနာက္ဆံုးဆင့္ စမ္းသပ္မႈ အခ်က္အလက္မ်ားတြင္ ေတြ႔ရွိပါက SII သည္ အိႏိၵယအစိုးရထံမွ အေရးေပၚအေျခအေနသံုးစြဲရန္ ဒီဇင္ဘာလအတြင္းခြင့္ျပဳခ်က္ ရရွိဖြယ္ရွိေၾကာင္း SII ၏ အမႈေဆာင္အရာရွိခ်ဳပ္ အဒါးပူနာဗာလာ (Adar Poonawalla ) က Bloomberg ႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ ေျပာသည္။

အဆိုပါ ကနဦးထုတ္လုပ္မႈမွာအိႏိၵယႏိုင္ငံအတြင္းအသံုးျပဳရန္ျဖစ္ေၾကာင္းပူနာဗာလာကေျပာသည္။

လာမည့္ႏွစ္စပိုင္းတြင္ အျပည့္အဝအတည္ျပဳမႈ ရရွိျပီးေနာက္ပိုင္းထုတ္လုပ္မႈစုစုေပါင္းကို ၅၀-၅၀ အခ်ဳိးျဖင့္ အိႏိၵယႏွင့္ COVAX အစီအစဥ္တို႔အၾကားခြဲေဝသံုးစြဲသြားမည္ဟုဆိုသည္။ COVAX အစီအစဥ္ဟူသည္မွာကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) ေက်ာေထာက္ေနာက္ခံျပဳ အဖြဲ႔ျဖစ္ျပီးဆင္းရဲေသာႏိုင္ငံမ်ားအတြက္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးမ်ား မွ်ေဝရရွိရန္ ဝယ္ယူမည့္အစီအစဥ္ျဖစ္သည္။

SIIသည္ ျပီးခဲ့ေသာ ၂ လအတြင္းAstraZenecaကာကြယ္ေဆးသန္း ၄၀ ထုတ္လုပ္ခဲ့ျပီးျဖစ္ကာမၾကာမီတြင္ အလံုးအရင္းစတင္ ထုတ္လုပ္ႏိုင္ရန္ ရည္မွန္းထားသည္။

AstraZenecaကာကြယ္ေဆး၏ ျပိဳင္ဖက္ျဖစ္ေသာအေမရိကန္ျပည္၊ ေမရီလန္းျပည္နယ္အေျခစိုက္ Novavaxကာကြယ္ေဆးကုမၸဏီ၏ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးမွာလည္းအလားအလာေကာင္းေနသည္။

ပူနာဗာလာသည္ ၂၀၂၁ ခုႏွစ္အတြင္းကာကြယ္ေဆးသန္း ၁၀၀၀ ထုတ္လုပ္ႏိုင္ရန္အတြက္ ထုတ္လုပ္ႏိုင္စြမ္းျမွင့္တင္ရန္ သူ႔မိသားစုပိုင္ဆိုင္မႈျဖစ္ေသာေဒၚလာသန္း ၂၅၀ ကိုရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္လာသည္။

“ပံုေအာရင္းႏွီးဖို႔ ကၽြန္ေတာ္ဆံုးျဖတ္ခဲ့တယ္” ဟုပူနာဗာလာကေျပာသည္။

အဆိုပါ ရင္းႏွီးျမွဳပ္ႏွံမႈအေပၚ စိုးရိမ္မကင္းျဖစ္သူမ်ားတြင္ ပူနာဗာလာ၏ ဖခင္ ဆိုင္းရပ္ ပူနာဗာလာလည္းပါဝင္သည္။ ဆိုင္းရပ္သည္ SII ကိုတည္ေထာင္ခဲ့သူျဖစ္သည္။

ကာကြယ္ေဆးမ်ားသည္ အေအးဓာတ္အလြန္အားေကာင္းသည့္ သိုေလွာင္မႈစနစ္လိုအပ္သည္ျဖစ္ရာဖြံ႔ျဖိဳးဆဲႏိုင္ငံမ်ားအတြက္ မလြယ္ေခ်။

ပူနာဗာလာကေျပာရာတြင္ ကမၻာ့လူဦးေရအားလံုးကို ၂၀၂၄ ခုႏွစ္အထိအားလံုးကာကြယ္ေဆးထိုး၍ မျပီးႏိုင္ေသးေၾကာင္းေျပာရာအျခားေသာအားတက္ဖြယ္ခန္႔မွန္းခ်က္မ်ားႏွင့္ ဆန္႔က်င္ေနသည္။

Gavi ႏွင့္ the Gates Foundationတို႔ကကာကြယ္ေဆးမ်ားကို မွ်တေသာေစ်းႏႈန္းျဖင့္ရလိုေၾကာင္းေျပာၾကားထားေၾကာင္း၊ မိမိအေနျဖင့္မူကုန္က်ထားခဲ့ရသည္တို႔ကို ျပန္လည္ကာမိလိုေၾကာင္းပူနာဗာလာကေျပာသည္။

မိမိတို႔ ကုမၸဏီအေနျဖင့္ ထုတ္လုပ္ေသာကာကြယ္ေဆး၏ ထက္ဝက္ကိုအိႏိၵယႏိုင္ငံအတြင္းသံုးစြဲမည္ဟုကတိျပဳထားေၾကာင္း၊ AstraZenecaကာကြယ္ေဆးမ်ားစတင္ထုတ္လုပ္ေနခဲ့ျပီျဖစ္ျပီးသန္း ၂၀ ခန္႔ ထုတ္လုပ္ထားျပီးျဖစ္ေၾကာင္း၊ လာမည့္ ၄ လအတြင္ ထိုပမာဏ၏ ၁၀ ဆခန္႔ ထုတ္လုပ္ႏိုင္မည္ဟုေမွ်ာ္လင့္ေၾကာင္းလည္းပူနာဗာလာကေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: India may get 100 million doses of AstraZeneca's COVID-19 vaccine by Dec 2020 (zeenews.india)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service