သလဲသီးစားရင် အစေ့ကိုထွေးမပစ်သင့်တဲ့ အကြောင်းရင်း (၁၅) ချက်

သလဲသီးစားရင် အစေ့ကိုထွေးမပစ်သင့်တဲ့ အကြောင်းရင်း (၁၅) ချက် - Property Knowledge in Myanmar from iMyanmarHouse.com
15 Nov 2020 11:11 am တွင် တင်ခဲ့သည်
12722 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

နေပူပူမှာ ရင်အေးစေတဲ့ သလဲသီးလေးကို စားတဲ့အခါ အရည်ပဲစုပ်ပြီး အစေ့ကိုပြန်ထွေးပစ်ကြတာလား။ တကယ်တော့ နှမျောဖို့ကောင်းပါတယ်နော်။ အရည်နဲ့အစေ့မှာပါတဲ့ အစွမ်းအာနိသင်တွေကို အကုန်ရနိုင်ဖို့က ဖျော်ရည်အဖြစ် ကြိတ်သောက်ပစ်လိုက်တာပဲဖြစ်ပါတယ်။

သလဲသီးရဲ့အချိုရည်ထဲမှာ အပင်ထွက်ဓာတုပစ္စည်း အမျိုးပေါင်း ၁၀၀ ကျော်ပါဝင်တာကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက ဆေးဖက်ဝင်ပစ္စည်းအဖြစ်အသုံးပြုလာခဲ့ကြပါတယ်။

ကနေ့ခေတ်မှာလည်း သလဲသီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်း သုတေသနတွေပြုလုပ်ခဲ့ကြပြီးနောက် ၎င်းက ကင်ဆာကာကွယ်နိုင်၊ ကိုယ်ခံအားကို ကောင်းစေပြီး သားသမီးရရှိနိုင်ဖို့လည်း အထောက်အကူပြုတယ်လို့ တွေ့ရှိရပါတယ်။

သလဲသီးရဲ့ အကျိုးကျေးဇူးတွေကတော့ –

(၁) ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတယ်

သလဲသီးရဲ့အစေ့တွေမှာ ပိုလီဖနောဓာတ်တွေပါတာကြောင့် အနီရဲရဲအရောင်ရှိပါတယ်။ သည်ဓာတ်တွေက အစွမ်းထက်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ပါတယ်။

သလဲသီးမှာ တခြားသစ်သီးဖျော်ရည်တွေမှာထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှုပိုများပြီး ဝိုင်နီနဲ့ လက်ဖက်စိမ်းတို့မှာထက်လည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်း သုံးဆပိုများပါတယ်။ သူ့မှာပါတဲ့ သည်ဓာတ်တွေက free radicals တွေကို ဖယ်ရှားပေးပြီး ဆဲလ်တွေမပျက်စီးအောင်ကာကွယ်ပေးတဲ့အပြင် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

(၂) ဗီတာမင် C များတယ်

သလဲသီးတစ်လုံးစာ ဖျော်ရည်မှာ တစ်နေ့စာလိုအပ်တဲ့ ဗီတာမင် C ပမာဏရဲ့၄၀ ရာခိုင်နှုန်းကျော်ပါဝင်ပါတယ်။ ထုပ်ပိုးမှုမှာ အပူဓာတ်နဲ့ပိုးသတ်တာတွေလုပ်တဲ့အခါ ဗီတာမင်C ကဓာတ်ပြယ်တတ်တာကြောင့် အာဟာရဓာတ်အပြည့်အဝရ ချင်ရင် အိမ်မှာဖျော်သောက်တာ ကောင်းပါတယ်။

(၃) ကင်ဆာကာကွယ်နိုင်တယ်

သလဲသီးဖျော်ရည်က ဆီးကျိတ်ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို တားဆီးနိုင်တယ်လို့ သုတေသီတွေက မကြာသေးမီက တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် တွေ့ရှိမှုရလဒ်တွေက အစောပိုင်းအဆင့်သာရှိသေးတာဖြစ်ပြီး ရေရှည်မှာ ကင်ဆာကာကွယ်နိုင်သလား၊ ကင်ဆာရောဂါအန္တရာယ်ကို လျော့နည်းစေနိုင်သလားဆိုတာ သက်သေမပြနိုင်သေးပါဘူး။

(၄) အယ်ဇိုင်းမားရောဂါကာကွယ်နိုင်တယ်

သူ့မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အယ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုအရှိန်ကို တန့်စေပြီး မှတ်ဉာဏ်ကို မထိခိုက်အောင်ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။

(၅) အစာချေဖျက်မှုကောင်းစေတယ်

သလဲသီးက အူတွင်းရောင်ရမ်းမှုကိုလျော့ကျစေနိုင်ပြီး အစာချေဖျက်မှုကိုကောင်းမွန်စေပါတယ်။ Crohn’s disease၊ အူမကြီးရောင်ရမ်းနာနဲ့ တခြားအူလမ်းကြောင်းရောင်ရမ်းမှုရောဂါရှိသူတွေအတွက် ကောင်းကျိုးပြု တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဝမ်းလျှောခြင်းအတွက် သလဲသီးက ကောင်းကျိုးပြုသလား၊ ပိုဆိုးစေနိုင်သလားဆိုတာကို သုတေသီတွေအကြား အငြင်းပွားနေတာတွေရှိတာကြောင့် ရောဂါသက်သာလာတဲ့အချိန်ထိ သလဲသီးကို ရှောင်ထားပါလို့ ဆရာဝန်အများစုက အကြံပြုကြပါတယ်။

(၆) ရောင်ရမ်းမှုလျော့ကျစေနိုင်တယ်

သလဲသီးက ခန္ဓာကိုယ်အနှံ့ကရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်ပြီး ဓာတ်တိုးမှုဖြစ်စဉ်နဲ့ထိခိုက်မှုတွေ ဖြစ်မလာအောင် ကာကွယ်ပေးပါတယ်။

(၇) အဆစ်ရောင်ရောဂါကာကွယ်တယ်

သလဲသီးမှာပါတဲ့ ဖလေဗနောက အရိုးပွအဆစ်ရောင်နာနဲ့ အရိုးနုပျက်စီးမှုတို့ဖြစ်စေတဲ့ ရောင်ရမ်းမှုကို တားဆီးပေးနိုင်ပါတယ်။

(၈) နှလုံးကျန်းမာရေးအတွက်ကောင်းတယ်

သလဲသီးဖျော်ရည်က နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးထဲမှာပါဝင်ပြီး နှလုံးနဲ့ နှလုံးသွေးကြောတွေအတွက် ကောင်းကျိုးပြု ကာကွယ်ပေးပါတယ်။ သူကနှလုံးသွေးကြောအတွင်း အဆီနဲ့ကိုလက်စထရော စုပုံကပ်ငြိမှု အန္တရာယ်ကိုနှေးကွေးစေနိုင်ပါတယ်။ ဒါပေမယ့် statins တွေလိုမျိုး သွေးတိုးနဲ့ကိုလက်စထရောဆိုင်ရာ ဆေးဝါးတွေနဲ့ မကောင်းတဲ့ဓာတ်ပြုမှုရှိတတ်တာကြောင့် သည်ဆေးတွေနဲ့ကုသမှုခံယူနေရရင် သလဲသီးကို အားဖြည့်ဓာတ်စာအဖြစ်သောက်သုံးဖို့ ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။

(၉) သွေးတိုးထိန်းတယ်

သလဲသီးဖျော်ရည်ကိုနေ့တိုင်းသောက်ရင် သွေးတိုး(အပေါ်သွေး)ကျစေနိုင်ပါတယ်။ ဒါပေမယ့် ရေရှည်မှာ အပေါ်သွေး၊အောက်သွေး (သွေးဖိအားများခြင်း) ကို ကျစေနိုင်မလားဆိုတာ လေ့လာမှုတွေထပ်လုပ်ဖို့ လိုပါသေးတယ်။

(၁၀) ရောဂါပိုးမွှားတွေကိုသေစေနိုင်တယ်

ဗီတာမင် C နဲ့ ဗီတာမင် E တို့လို တခြားကိုယ်ခံအားမြှင့်တင်တဲ့အဟာရဓာတ်တွေကြားမှာ သလဲသီးက ဖျားနာခြင်းကို ကာကွယ်ပြီး ရောဂါကို ခုခံတိုက်ထုတ်ပေးပါတယ်။ ဓာတ်ခွဲခန်းစစ်ဆေးမှုတွေအရ သလဲသီးတွေဟာ ဘက်တီးရီးယားသေစေနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

(၁၁) ဗီတာမင်တွေကြွယ်ဝတယ်

ဗီတာမင် C နဲ့ E အပြင် သလဲသီးမှာ ဖောလစ်အက်စစ်၊ ပိုတက်ဆီယမ်နဲ့ ဗီတာမင် K တို့ကြွယ်ဝစွာပါဝင်ပါတယ်။

(၁၂) မှတ်ဉာဏ်ကောင်းစေတယ်

တစ်နေ့ကို သလဲသီးဖျော်ရည် ၈အောင်စ သောက်ပေးရင် သင်ယူလေ့လာနိုင်စွမ်းနဲ့ မှတ်ဉာဏ်တို့မှာ တိုးတက်ကောင်းမွန်လာစေနိုင်တယ်လို့ မကြာသေးမီက သုတေသနတစ်ခုမှာဖော်ပြထားပါတယ်။

(၁၃) လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်နဲ့ သားသမီးရရှိနိုင်စွမ်း မြှင့်တင်ပေးတယ်

သလဲသီးဖျော်ရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှုများပြားတာကြောင့် သန္ဓေအောင်ခြင်းကို အလားအလာ ကောင်းစေနိုင်ပါတယ်။ ဓာတ်တိုးဖြစ်စဉ် (Oxidative stress) တွေက သုက်ပိုးချို့ယွင်းမှုကိုဖြစ်စေပြီး အမျိုးသမီးတွေမှာလည်း မျိုးဥသန္ဓေအောင်နိုင်စွမ်းနည်းပါးစေပါတယ်။

သလဲသီးဖျော်ရည်ကို သောက်သုံးခြင်းဖြင့် အမျိုးသားနဲ့အမျိုးသမီးတွေမှာ testosterone ဟော်မုန်းပမာဏ တိုးစေ ပါတယ်။

(၁၄) အားကစားစွမ်းဆောင်ရည်မှာ ခံနိုင်ရည်အားပြည့်စေတယ်

ဖျော်ရည်က အားကစားစွမ်းဆောင်ရည်ကိုမြှင့်တင်ပေးမယ့် ဆေးတစ်မျိုးဖြစ်နေပြီး နာကျင်မှုကို သက်သာစေ၊ ခွန်အားပြန်လည်ဖြည့်တင်းမှုကိုကောင်းမွန်းစေနိုင်ပါတယ်။

(၁၅) ဆီးချိုရောဂါအတွက် အကျိုးပြုတယ်

သလဲသီးကို အရှေ့အလယ်ပိုင်းနဲ့အိန္ဒိယတို့မှာ ဆီးချိုရောဂါအတွက်ဆေးဝါးအဖြစ် အရင်တည်းက သုံးစွဲခဲ့ကြပါတယ်။ သူ့ရဲ့အကျိုးပြုပုံသက်ရောက်မှုကို အများကြီးမသိရသေးပေမယ့် အင်ဆူလင်မတုံ့ပြန်နိုင်မှု ကို လျော့ပါးစေပြီး သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

သလဲသီးစားရင္ အေစ့ကိုေထြးမပစ္သင့္တဲ့ အေၾကာင္းရင္း (၁၅) ခ်က္

ေနပူပူမွာ ရင္ေအးေစတဲ့ သလဲသီးေလးကို စားတဲ့အခါ အရည္ပဲစုပ္ၿပီး အေစ့ကိုျပန္ေထြးပစ္ၾကတာလား။ တကယ္ေတာ့ ႏွေမ်ာဖို႔ေကာင္းပါတယ္ေနာ္။ အရည္နဲ႔အေစ့မွာပါတဲ့ အစြမ္းအာနိသင္ေတြကို အကုန္ရႏိုင္ဖို႔က ေဖ်ာ္ရည္အျဖစ္ ႀကိတ္ေသာက္ပစ္လိုက္တာပဲျဖစ္ပါတယ္။

သလဲသီးရဲ႕အခ်ိဳရည္ထဲမွာ အပင္ထြက္ဓာတုပစၥည္း အမ်ိဳးေပါင္း ၁၀၀ ေက်ာ္ပါဝင္တာေၾကာင့္ လြန္ခဲ့တဲ့ ႏွစ္ေပါင္းေထာင္ခ်ီကတည္းက ေဆးဖက္ဝင္ပစၥည္းအျဖစ္အသုံးျပဳလာခဲ့ၾကပါတယ္။

ကေန႔ေခတ္မွာလည္း သလဲသီးရဲ႕က်န္းမာေရးအက်ိဳးေက်းဇူးေတြအေၾကာင္း သုေတသနေတြျပဳလုပ္ခဲ့ၾကၿပီးေနာက္ ၎က ကင္ဆာကာကြယ္ႏိုင္၊ ကိုယ္ခံအားကို ေကာင္းေစၿပီး သားသမီးရ႐ွိႏိုင္ဖို႔လည္း အေထာက္အကူျပဳတယ္လို႔ ေတြ႕႐ွိရပါတယ္။

သလဲသီးရဲ႕ အက်ိဳးေက်းဇူးေတြကေတာ့ –

(၁) ဓာတ္တိုးဆန္႔က်င္ပစၥည္းႂကြယ္ဝတယ္

သလဲသီးရဲ႕အေစ့ေတြမွာ ပိုလီဖေနာဓာတ္ေတြပါတာေၾကာင့္ အနီရဲရဲအေရာင္႐ွိပါတယ္။ သည္ဓာတ္ေတြက အစြမ္းထက္တဲ့ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြျဖစ္ပါတယ္။

သလဲသီးမွာ တျခားသစ္သီးေဖ်ာ္ရည္ေတြမွာထက္ ဓာတ္တိုးဆန္႔က်င္ပစၥည္းပါဝင္မႈပိုမ်ားၿပီး ဝိုင္နီနဲ႔ လက္ဖက္စိမ္းတို႔မွာထက္လည္း ဓာတ္တိုးဆန္႔က်င္ပစၥည္း သုံးဆပိုမ်ားပါတယ္။ သူ႕မွာပါတဲ့ သည္ဓာတ္ေတြက free radicals ေတြကို ဖယ္႐ွားေပးၿပီး ဆဲလ္ေတြမပ်က္စီးေအာင္ကာကြယ္ေပးတဲ့အျပင္ ေရာင္ရမ္းမႈကို ေလ်ာ့က်ေစပါတယ္။

(၂) ဗီတာမင္ C မ်ားတယ္

သလဲသီးတစ္လုံးစာ ေဖ်ာ္ရည္မွာ တစ္ေန႔စာလိုအပ္တဲ့ ဗီတာမင္ C ပမာဏရဲ႕၄၀ ရာခိုင္ႏႈန္းေက်ာ္ပါဝင္ပါတယ္။ ထုပ္ပိုးမႈမွာ အပူဓာတ္နဲ႔ပိုးသတ္တာေတြလုပ္တဲ့အခါ ဗီတာမင္C ကဓာတ္ျပယ္တတ္တာေၾကာင့္ အာဟာရဓာတ္အျပည့္အဝရ ခ်င္ရင္ အိမ္မွာေဖ်ာ္ေသာက္တာ ေကာင္းပါတယ္။

(၃) ကင္ဆာကာကြယ္ႏိုင္တယ္

သလဲသီးေဖ်ာ္ရည္က ဆီးက်ိတ္ကင္ဆာဆဲလ္ေတြ ႀကီးထြားမႈကို တားဆီးႏိုင္တယ္လို႔ သုေတသီေတြက မၾကာေသးမီက ေတြ႕႐ွိခဲ့ပါတယ္။ ဒါေပမယ့္ ေတြ႕႐ွိမႈရလဒ္ေတြက အေစာပိုင္းအဆင့္သာ႐ွိေသးတာျဖစ္ၿပီး ေရ႐ွည္မွာ ကင္ဆာကာကြယ္ႏိုင္သလား၊ ကင္ဆာေရာဂါအႏၲရာယ္ကို ေလ်ာ့နည္းေစႏိုင္သလားဆိုတာ သက္ေသမျပႏိုင္ေသးပါဘူး။

(၄) အယ္ဇိုင္းမားေရာဂါကာကြယ္ႏိုင္တယ္

သူ႕မွာပါဝင္တဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြေၾကာင့္ အယ္ဇိုင္းမားေရာဂါ ျဖစ္ပြားမႈအ႐ွိန္ကို တန္႔ေစၿပီး မွတ္ဉာဏ္ကို မထိခိုက္ေအာင္ကာကြယ္ေပးႏိုင္တယ္လို႔ ယုံၾကည္ထားၾကပါတယ္။

(၅) အစာေခ်ဖ်က္မႈေကာင္းေစတယ္

သလဲသီးက အူတြင္းေရာင္ရမ္းမႈကိုေလ်ာ့က်ေစႏိုင္ၿပီး အစာေခ်ဖ်က္မႈကိုေကာင္းမြန္ေစပါတယ္။ Crohn’s disease၊ အူမႀကီးေရာင္ရမ္းနာနဲ႔ တျခားအူလမ္းေၾကာင္းေရာင္ရမ္းမႈေရာဂါ႐ွိသူေတြအတြက္ ေကာင္းက်ိဳးျပဳ တယ္လို႔ သိရပါတယ္။

ဒါေပမယ့္ ဝမ္းေလွ်ာျခင္းအတြက္ သလဲသီးက ေကာင္းက်ိဳးျပဳသလား၊ ပိုဆိုးေစႏိုင္သလားဆိုတာကို သုေတသီေတြအၾကား အျငင္းပြားေနတာေတြ႐ွိတာေၾကာင့္ ေရာဂါသက္သာလာတဲ့အခ်ိန္ထိ သလဲသီးကို ေ႐ွာင္ထားပါလို႔ ဆရာဝန္အမ်ားစုက အၾကံျပဳၾကပါတယ္။

(၆) ေရာင္ရမ္းမႈေလ်ာ့က်ေစႏိုင္တယ္

သလဲသီးက ခႏၶာကိုယ္အႏွံ႔ကေရာင္ရမ္းမႈေတြကို ေလ်ာ့က်ေစႏိုင္ၿပီး ဓာတ္တိုးမႈျဖစ္စဥ္နဲ႔ထိခိုက္မႈေတြ ျဖစ္မလာေအာင္ ကာကြယ္ေပးပါတယ္။

(၇) အဆစ္ေရာင္ေရာဂါကာကြယ္တယ္

သလဲသီးမွာပါတဲ့ ဖေလဗေနာက အ႐ိုးပြအဆစ္ေရာင္နာနဲ႔ အ႐ိုးႏုပ်က္စီးမႈတို႔ျဖစ္ေစတဲ့ ေရာင္ရမ္းမႈကို တားဆီးေပးႏိုင္ပါတယ္။

(၈) ႏွလုံးက်န္းမာေရးအတြက္ေကာင္းတယ္

သလဲသီးေဖ်ာ္ရည္က ႏွလုံးက်န္းမာေရးအတြက္ အေကာင္းဆုံးထဲမွာပါဝင္ၿပီး ႏွလုံးနဲ႔ ႏွလုံးေသြးေၾကာေတြအတြက္ ေကာင္းက်ိဳးျပဳ ကာကြယ္ေပးပါတယ္။ သူကႏွလုံးေသြးေၾကာအတြင္း အဆီနဲ႔ကိုလက္စထေရာ စုပုံကပ္ၿငိမႈ အႏၲရာယ္ကိုေႏွးေကြးေစႏိုင္ပါတယ္။ ဒါေပမယ့္ statins ေတြလိုမ်ိဳး ေသြးတိုးနဲ႔ကိုလက္စထေရာဆိုင္ရာ ေဆးဝါးေတြနဲ႔ မေကာင္းတဲ့ဓာတ္ျပဳမႈ႐ွိတတ္တာေၾကာင့္ သည္ေဆးေတြနဲ႔ကုသမႈခံယူေနရရင္ သလဲသီးကို အားျဖည့္ဓာတ္စာအျဖစ္ေသာက္သုံးဖို႔ ဆရာဝန္နဲ႔အရင္တိုင္ပင္ပါ။

(၉) ေသြးတိုးထိန္းတယ္

သလဲသီးေဖ်ာ္ရည္ကိုေန႔တိုင္းေသာက္ရင္ ေသြးတိုး(အေပၚေသြး)က်ေစႏိုင္ပါတယ္။ ဒါေပမယ့္ ေရ႐ွည္မွာ အေပၚေသြး၊ေအာက္ေသြး (ေသြးဖိအားမ်ားျခင္း) ကို က်ေစႏိုင္မလားဆိုတာ ေလ့လာမႈေတြထပ္လုပ္ဖို႔ လိုပါေသးတယ္။

(၁၀) ေရာဂါပိုးမႊားေတြကိုေသေစႏိုင္တယ္

ဗီတာမင္ C နဲ႔ ဗီတာမင္ E တို႔လို တျခားကိုယ္ခံအားျမႇင့္တင္တဲ့အဟာရဓာတ္ေတြၾကားမွာ သလဲသီးက ဖ်ားနာျခင္းကို ကာကြယ္ၿပီး ေရာဂါကို ခုခံတိုက္ထုတ္ေပးပါတယ္။ ဓာတ္ခြဲခန္းစစ္ေဆးမႈေတြအရ သလဲသီးေတြဟာ ဘက္တီးရီးယားေသေစႏိုင္စြမ္း႐ွိတယ္လို႔ သိရပါတယ္။

(၁၁) ဗီတာမင္ေတြႂကြယ္ဝတယ္

ဗီတာမင္ C နဲ႔ E အျပင္ သလဲသီးမွာ ေဖာလစ္အက္စစ္၊ ပိုတက္ဆီယမ္နဲ႔ ဗီတာမင္ K တို႔ႂကြယ္ဝစြာပါဝင္ပါတယ္။

(၁၂) မွတ္ဉာဏ္ေကာင္းေစတယ္

တစ္ေန႔ကို သလဲသီးေဖ်ာ္ရည္ ၈ေအာင္စ ေသာက္ေပးရင္ သင္ယူေလ့လာႏိုင္စြမ္းနဲ႔ မွတ္ဉာဏ္တို႔မွာ တိုးတက္ေကာင္းမြန္လာေစႏိုင္တယ္လို႔ မၾကာေသးမီက သုေတသနတစ္ခုမွာေဖာ္ျပထားပါတယ္။

(၁၃) လိင္ပိုင္းဆိုင္ရာစြမ္းေဆာင္ရည္နဲ႔ သားသမီးရ႐ွိႏိုင္စြမ္း ျမႇင့္တင္ေပးတယ္

သလဲသီးေဖ်ာ္ရည္မွာ ဓာတ္တိုးဆန္႔က်င္ပစၥည္းပါဝင္မႈမ်ားျပားတာေၾကာင့္ သေႏၶေအာင္ျခင္းကို အလားအလာ ေကာင္းေစႏိုင္ပါတယ္။ ဓာတ္တိုးျဖစ္စဥ္ (Oxidative stress) ေတြက သုက္ပိုးခ်ိဳ႕ယြင္းမႈကိုျဖစ္ေစၿပီး အမ်ိဳးသမီးေတြမွာလည္း မ်ိဳးဥသေႏၶေအာင္ႏိုင္စြမ္းနည္းပါးေစပါတယ္။

သလဲသီးေဖ်ာ္ရည္ကို ေသာက္သုံးျခင္းျဖင့္ အမ်ိဳးသားနဲ႔အမ်ိဳးသမီးေတြမွာ testosterone ေဟာ္မုန္းပမာဏ တိုးေစ ပါတယ္။

(၁၄) အားကစားစြမ္းေဆာင္ရည္မွာ ခံႏိုင္ရည္အားျပည့္ေစတယ္

ေဖ်ာ္ရည္က အားကစားစြမ္းေဆာင္ရည္ကိုျမႇင့္တင္ေပးမယ့္ ေဆးတစ္မ်ိဳးျဖစ္ေနၿပီး နာက်င္မႈကို သက္သာေစ၊ ခြန္အားျပန္လည္ျဖည့္တင္းမႈကိုေကာင္းမြန္းေစႏိုင္ပါတယ္။

(၁၅) ဆီးခ်ိဳေရာဂါအတြက္ အက်ိဳးျပဳတယ္

သလဲသီးကို အေ႐ွ႕အလယ္ပိုင္းနဲ႔အိႏၵိယတို႔မွာ ဆီးခ်ိဳေရာဂါအတြက္ေဆးဝါးအျဖစ္ အရင္တည္းက သုံးစြဲခဲ့ၾကပါတယ္။ သူ႕ရဲ႕အက်ိဳးျပဳပုံသက္ေရာက္မႈကို အမ်ားႀကီးမသိရေသးေပမယ့္ အင္ဆူလင္မတုံ႔ျပန္ႏိုင္မႈ ကို ေလ်ာ့ပါးေစၿပီး ေသြးတြင္းသၾကားဓာတ္ကို က်ဆင္းေစတယ္လို႔ ဆိုပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service