သွေးတိုး၊ သွေးပေါင်ကျခြင်းနှင့် လေဖြတ်ခြင်းများကို သက်သာပျောက်ကင်းစေသည့်အပြင် အိမ်မွေးတိရ စ္ဆာန်များရှိခြင်း၏ ကောင်းကျိုး ၁၀ ပါး

သွေးတိုး၊ သွေးပေါင်ကျခြင်းနှင့် လေဖြတ်ခြင်းများကို သက်သာပျောက်ကင်းစေသည့်အပြင် အိမ်မွေးတိရ စ္ဆာန်များရှိခြင်း၏ ကောင်းကျိုး ၁၀ ပါး - Property Knowledge in Myanmar from iMyanmarHouse.com
14 Nov 2020 12:18 pm တွင် တင်ခဲ့သည်
787 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အိမ်မွေးတိရ စ္ဆာန်များသည် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် အကောင်းမွန်ဆုံး အဖော်မွန်ဖြစ်သည်ဟူသည်မှာ ငြင်းဖွယ်မရှိချေ။

ထို့အပြင် အိမ်မွေး တိရ စ္ဆာန်တို့ရှိခြင်းသည် ပိုင်ရှင်များကျန်းမာရေးကောင်းမွန်စေရန် များစွာအထောက်အကူပြုကြောင်း သိပ္ပံသုတေသန အထောက်အထားများစွာ တွေ့ရှိလာနေသည်။

အိမ်မွေးတိရ စ္ဆာန်များသည် အပြင်းအထန်နာမကျန်းဖြစ်နေသူတို့ကို အလျင်အမြန် ပြန်လည်နာလံထလာစေရန် အထောက်အကူပြု သည်ဟု ဆိုသည်။

အိမ်မွေးတိရ စ္ဆာန်များ ထားရှိခြင်းသည် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို ဓာတ်မတည့်ခြင်းများ ဖြစ်စေနိုင်သည်ဟု အချို့က ယူဆကြသည်။

သို့သော် သိပ္ပံနည်းကျ သက်သေပြချက်များအရ အိမ်မွေးတိရ စ္ဆာန်များနှင့်အတူ ကြီးပြင်းလာကြသော ကလေးငယ်များသည် ဓာတ်မတည့်ခြင်းနှင့် ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ချေ ပိုမိုနည်းပါးကြောင်း တွေ့ရှိကြသည်။ အိမ်မွေးတိရ စ္ဆာန်များ ပိုင်ဆိုင်ထားသူများအတွက် ကောင်းကျိုးများစွာရှိနေရာ ယင်းအနက်မှ ကောင်းကျိုး ၁၀ ပါးကို ဖော်ပြအပ်ပါသည်။

၁။ မိတ်ဆွေကောင်း

ခွေး၊ ကြောင် (သို့မဟုတ်) အခြား လယ်ယာသုံး တိရ စ္ဆာန်များသည် မိသားစုဝင်တိုင်းအတွက် မိတ်ဆွေကောင်းများ ဖြစ်ကြသည်။

အဘယ်ကြောင့်ဆိုလျှင် ၎င်းတို့သည် ချစ်ခြင်းမေတ္တာနှင့် ခင်မင်မှုများ၏ ကြီးမားသော ရင်းမြစ်ကြီး ဖြစ်၏။

အိမ်မွေးတိရ စ္ဆာန်တို့သည် နေအိမ်အတွင်း ပျော်ရွှင်မှုများ ဆောင်ကြဉ်းပေးသူများဖြစ်ပြီး အိမ်ရှိ ကြီးငယ်မရွေး လူအားလုံးကို ပျော်ရွှင်စေသူလည်း ဖြစ်သည်။

တိရ စ္ဆာန်များကို အဖော်ပြုတတ်သည့် လူကြီးများ၊ အိမ်မွေးတိရ စ္ဆာန်များနှင့်အတူ ကြီးပြင်းလာသည့် ကလေးငယ်များသည် အိမ်မွေးတိရ စ္ဆာန် မရှိသူများနှင့် နှိုင်းယှဉ်လျှင် တစ်ကိုယ်ကောင်းစိတ် နည်းပါးသည်ကို တွေ့ရသည်ဟု ဆိုသည်။

အိမ်တွင် အိမ်မွေးတိရ စ္ဆာန်များရှိပါက မည်သည့်နေရာသို့ ရောက်သည်ဖြစ်စေ စိတ်က အိမ်တွင်သာ ရောက်နေမည် ဖြစ်သည်။

၂။ မိတ်ဆွေသစ်များ ရရှိစေ

အိမ်တွင် ခွေးကဲ့သို့ အိမ်မွေးတိရ စ္ဆာန်ရှိပါက မနက်ခင်းတိုင်းနှင့် တခါတရံ ညနေဘက်များတွင်ပါ အပြင်သို့ ခွေးနှင့်အတူ လမ်းလျှောက်ထွက်ကြရသည်။

အစပိုင်းကာလများတွင်မူ သင့်အနေဖြင့် စိတ်မပါလက်မပါ ဖြစ်နေနိုင်သော်လည်း ရက်အနည်းငယ်ကြာလျှင် ခွေးနှုင့် အပြင်ထွက်ရသည့်အလုပ်ကို စတင်နှစ်သက်လာလိမ့်မည် ဖြစ်၏။

သင်၏ အိမ်မွေးတိရ စ္ဆာန်နှင့်အတူ လမ်းပေါ်(သို့မဟုတ်) ပန်းခြံများသို့ သွားပြီဆိုသည်နှင့် လူအမျိုးမျိုးနှင့် တွေ့ရတော့မည်ကား မလွဲချေ။

ခွေးများနှင့်အတူ လမ်းလျှောက်ထွက်လာသော အခြားသူများကို တွေ့ပါကလည်း လမ်းပေါ်၊ ပန်းခြံများထဲတွင် ရပ်တန့်ကာ စကားပြောဖြစ်ကြလေ့ရှိမည်ဟာ ဖြစ်သည်။

၃။ စိတ်တင်းကျပ်မှု ပြေပျောက်စေခြင်း

အလုပ်တွင် တနေကုန် ကာလကြာရှည်ဖြတ်သန်းပြီးနောက် အိမ်ပြန်ရောက်ချိန်တွင် သင့်ဘေးနား၌ အိမ်မွေးတိရ စ္ဆာန်ကလေးရှိနေပြီး သင့်ကိုလျှာဖြင့် လျက်ကာ သူနှင့်အတူ ဆော့ကစားရန် တောင်းဆိုနေခြင်းမျိုး ကြုံရခြင်းမှာ အလွန်အပန်းပြေ စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။

အိမ်မွေးတိရ စ္ဆာန်ကလေးများနှင့်အတူ အချိန်အနည်းငယ်ပေးကာ ဆော့ကစားခြင်းသည် သင်၏ စိတ်တင်းကျပ်မှုများနှင့် ပင်ပန်းနွမ်းနယ်မှု အများစုကို ဖြေဖျောက်ပေးနိုင်ကြောင်း သုတေသီတို့က ဆိုသည်။

အိမ်မွေးတိရ စ္ဆာန်များ (အထူးသဖြင့် ခွေး) နှင့် ဆော့ကစားခြင်းသည် ဦးနှောက်၏ လုပ်ဆောင်ချက်ကို မြှင့်တင်ပေးသည့်အပြင် ကျေနပ်နှစ်သိမ့်မှုနှင့် စိတ်အေးချမ်းမှုတို့ကိုလည်း မြင့်တက်စေသည်ဟု ဆိုသည်။

အိမ်မွေးတိရ စ္ဆာန်ကလေးများနှင့် အချိန်အနည်းငယ် ဆော့ကစားခြင်းသည် သင့်အား ပိုမိုနုပျိုလန်းဆန်းလာစေသည့်အပြင် အပန်းပြေသည့် စိတ်ခံစားချက် ပိုမိုရရှိစေမည်ဖြစ်ရာ မိသားစုဘဝကို ပိုမိုကောင်းမွန်လာစေနိုင်မည် ဖြစ်သည်။

၄။ သစ္စာတရား၊ မေတ္တာတရားတို့အကြောင်း

အိမ်မွေးတိရ စ္ဆာန်ကလေးများသည် သင့်နေအိမ်သို့ သာယာပျော်ရွှင်မှုအပေါင်း ဆောင်ကြဉ်းပေးရုံမျှမကဘဲ ကလေးငယ်များအတွက် ပညာသင်ကြားမှုဆိုင်ရာ ကောင်းကျိုးတရားများလည်း ဆောင်ကြဉ်းပေးနိုင်စွမ်းရှိသည်။

အိမ်မွေးတိရ စ္ဆာန်ကလေးတစ်ကောင်ကောင် ပိုင်ဆိုင်ထားပါက သင်နှင့် ကလေးငယ်များကို ချစ်ခြင်းမေတ္တာ၊ တာဝန်ယူတတ်မှု၊ အပြန်အလှန် ယုံကြည်မှု အစရှိသည်တို့ကို နားလည်လာစေနိုင်မည် ဖြစ်သည်။

အိမ်မွေးတိရ စ္ဆာန်ကလေးများရှိပါက ကလေးငယ်များသည် သစ္စာတရားကဲ့သို့သော အလွန်ကောင်းမွန်သည့် အကျင့်ကောင်းတစ်ခု မွေးမြူနိုင်မည့် သင်ခန်းစာမျိုး ရရှိနိုင်သည်။ အိမ်မွေးတိရ စ္ဆာန်ကလေးကို ကောင်းစွာအစာကျွေးခြင်း၊ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ခြင်း အစရှိသော အလေ့အထများသည် သင်၏ ကလေးငယ်ကိုလည်း အလားတူ စောင့်ရှောက်မှုမျိုးပေးရန် သင်ခန်းစာရယူနိုင်လေသည်။

၅။ ကျန်းမာရေးကောင်းမွန်စေ

သင်သည် နေ့စဉ်ဘဝတွင် လေးကန်ထိုင်းမှိုင်းစွာ နေထိုင်တတ်သူ ဖြစ်ပါကလည်း အိမ်မွေးတိရ စ္ဆာန်ကလေးရှိပါက နံနက်ခင်းတွင် စောစောထကာ ခွေးနှင့်အတူ လမ်းလျှောက်ရမည်ဖြစ်ပြီး တခါတရံတွင် ညနေဘက်တွင်ပါ လမ်းလျှောက်ပေးရဦးမည် ဖြစ်သည်။

အိမ်မွေးတိရ စ္ဆာန်ကလေးများက သင့်ကို အိမ်တွင် သွက်လက်စွာနေထိုင်လာစေမည့် တွန်းအားတစ်ခုဖြစ်လာမည်ဖြစ်သည်။

သူတို့နှင့်အတူ ဆော့ကစားရန် ၊ သူတို့အပေါ် ဂရုစိုက်ရန် သင့်ကိုမျှော်လင့်နေကြသည်။ ထို့ကြောင့် အိမ်မွေးတိရ စ္ဆာန်ကလေးများနှင့်အတူ နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခုသဖွယ် ကစားခြင်း၊ အစာကျွေးခြင်းများ ပြုလုပ်ရတော့မည် ဖြစ်၏။

ထိုအပြုအမူမှာ သင့်အား ကျန်းမာရေးကောင်းမွန်လာစေရန် များစွာအထောက်အကူပြုမည် ဖြစ်သည်။

၆။ လေ့ကျင့်ခန်းလုပ်ဖြစ်စေ

အားကစားလေ့ကျင့်ရေးခန်းမသို့သွားကာ လေးလံသည့် ဝိတ်တုံးကြီးများ မ,နေခြင်းမျိုးကိုသာ လေ့ကျင့်ခန်းလုပ်ခြင်းဟု မဆိုနိုင်။

သင်၏ ကြောင်ကလေးနောက်သို့ ပြေးလိုက်ခြင်း၊ ခွေးကလေးနှင့်အတူ ပန်းခြံများအတွင်း ခပ်ဝေးဝေးလမ်းလျှောက်ခြင်းမျိုးကလည်း လေ့ကျင့်ခန်းလုပ်ခြင်းဖြစ်သည်ဟု ဆိုရမည်သာဖြစ်သည်။

အဆိုပါ လုပ်ရိုးလုပ်စဉ်မျိုး နေ့စဉ်ဘဝတွင် ထည့်သွင်းပေးမည်ဆိုပါက သင့်အားကျန်းမာလာစေမည်မှာ အမှန်ပင်ဖြစ်သည်။

အိမ်မွေးတိရ စ္ဆာန်ကလေးများနှင့်အတူ လေ့ကျင့်ခန်းပြုလုပ်ခြင်းမှာ သင့်အား အပန်းပြေစေမည့်အပြင် အာရုံစူးစိုက်မှု ကောင်းမွန်ခြင်း၊ စိတ်နှလုံးရွှင်လန်းစေခြင်းများ ရရှိလာစေနိုင်မည် ဖြစ်သည်။

၇။ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတို့ကို လျှော့ချပေးနိုင်

အိမ်မွေးတိရ စ္ဆာန်တို့သည် စိတ်ဖိစီးမှုကို လွင့်ပြယ်စေနိုင်မည့် အကောင်းဆုံးအရာများအဖြစ် အသိအမှတ်ပြုခြင်း ခံထားရသည်။

အိမ်မွေးတိရ စ္ဆာန်တစ်ကောင် သင့်အနီးတွင်ရှိလျှင် စိတ်ဓာတ်ကျဆင်းခြင်း၊ စိတ်ဖိစီးခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတို့ကို လျော့ပါးစေသည်ဟု ဆိုသည်။

အနီးတွင် အိမ်ထောင်ဖက်၊ မိသားစု၊ မိတ်ဆွေများရှိခြင်းထက် အိမ်မွေးတိရ စ္ဆာန်များရှိခြင်းက စိတ်ဖိစီးမှုနှင့် စိုးရိမ်သောကတို့ကို လျော့နည်းစေနိုင်သည်ကို တွေ့ရှိရသည်ဟု သုတေသီတို့က ဆိုသည်။

ငါးပြတိုက်တွင် ရောင်စုံငါးကလေးများ ကူးခတ်သွားလာနေပုံကို ကြည့်ရှုရသည့် လူနာများသည် စိတ်ဖိစီးမှု သောကအချို့ ဖြေဖျောက်နိုင်သည်ကို တွေ့ရှိရသည်ဟု ဆို၏။

လူတို့သည် ၎င်းတို့ကို မျက်နှာလိုမျက်နှာရလုပ်မည့်၊ ၎င်းတို့က အလိုလိုက်ရမည့် အိမ်မွေးတိရ စ္ဆာန်ကလေးများရှိသည့်အခါ ပိုမိုပျော်ရွှင်မှု ရလေ့ရှိကြသည်။

၈။ သွေးတိုးကျစေ

အိမ်မွေးတိရ စ္ဆာန်ကလေးများနှင့်အတူရှိနေခြင်း၊ ပွတ်သပ်ပေးခြင်း (သို့မဟုတ်) မြင်နေရခြင်းသည်ပင်လျှင် ဝေဒနာခံစားနေရသည့် လူနာတစ်ဦးကို စိတ်အပန်းဖြေစေနိုင်သည်။

ထိုသို့ စိတ်နှလုံး အပန်းပြေစေခြင်းကြောင့် နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို့ကို လျော့ကျစေရန် အထောက်အကူပြုပေးသည်။

အိမ်မွေးတိရ စ္ဆာန်ရှိသောသူများ၏ သွေးဖိအားနှင့် စိတ်ဖိစီးမှု အတိုင်းအတာသည် အိမ်မွေးတိရ စ္ဆာန်မရှိသူများနှင့် နှိုင်းယှဉ်လျှင် များစွာနည်းပါးသည်ဟု ဆိုသည်။

အိမ်မွေးတိရ စ္ဆာန်ကလေးများနှင့် အတူဆော့ကစားခြင်းသည် လူနာတစ်ဦး၏ စိတ်ဖိစီးမှုတို့ကို လျှော့ချပေးနိုင်ပြီး စိတ်ခံစားမှုနှင့် သွေးပေါင်ချိန် တည်ငြိမ်စေရန် အထောက်အကူပြုသည်။

အိမ်မွေးတိရ စ္ဆာန်ရှိသော သွေးတိုးဝေဒနာရှင်များနှင့် သွေးပေါင်ကျသူများသည် ဆရာဝန်များထံ မကြာခဏသွားရလေ့မရှိကြောင်း တွေ့ရှိထားပြီး ဖြစ်သည်။

၉။ လေဖြတ်ခြင်းကို ကာကွယ်

အိမ်တွင် ခွေး (သို့မဟုတ်) ကြောင်ရှိသူတို့တွင် ကျန်းမာရေး ကောင်းကျိုးများစွာ ရှိနေသည်။

အိမ်တွင် ကြောင်တစ်ကောင်ရှိသူသည် လေဖြတ်ရန် (သို့မဟုတ်) နှလုံးရောဂါ ဝေဒနာများရရှိရန် ဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်း နည်းပါးကြောင်း သိပ္ပံနည်းကျ လက်ခံထားသည်ဟု ဆိုသည်။

အိမ်မွေးတိရ စ္ဆာန်များသည် နှလုံးရောဂါနှင့် ပြင်းထန်စွာနာမကျန်းဖြစ်ခြင်းများမှ အမြန်ပြန်လည် နာလံထူလာစေရန်လည်း အကူအညီဖြစ်စေသည်။

အိမ်မွေးတိရ စ္ဆာန်ကလေးများနှင့်အတူ ဆော့ကစားခြင်း (သို့မဟုတ်) အနီးတွင် ရှိနေစေခြင်းအားဖြင့် သင်၏စိတ်ကို လှုံ့ဆော်မှုပေးနိုင်ပြီး စိတ်ကျဝေဒနာ ဖြစ်နိုင်ချေ နည်းပါးစေသည်။

၁၀။ ဓာတ်မတည့်ခြင်းနှင့် ပန်းနာရောဂါဖြစ်နိုင်ချေ နည်းပါးစေ

လူအချို့က ယူဆသည်မှာ အိမ်တွင် အိမ်မွေးတိရ စ္ဆာန်ရှိလျှင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို ဓာတ်မတည့်ခြင်းနှင့် ပန်းနာရင်ကျပ်ရောဂါများဖြစ်စေနိုင်သည်ဟု အယူအဆမျိုး ရှိကြသည်။

သို့ရာတွင် သုတေသနပြုချက်အသစ်များအရ တွေ့ရှိလာသည်မှာမူ ခွေး၊ ကြောင်တို့ အပါအဝင် အခြားယာတောတိရ စ္ဆာန်များနှင့်အတူ ကြီးပြင်းလာသည့် ကလေးငယ်များသည် ဓာတ်မတည့်ခြင်းနှင့် ပန်းနာရင်ကျပ်ဖြစ်နိုင်ချေ ပိုမိုနည်းပါးစေကြောင်း တွေ့ရှိလာသည်။ ပန်းနာရင်ကျပ်နှင့် ဓာတ်မတည့်ခြင်း ဖြစ်နိုင်ချေ ကျဆင်းစေရုံမက နှင်းခူရောဂါ ဖြစ်နိုင်ချေလည်း နည်းပါးစေကြောင်း တွေ့ရှိထားသည်။

အိမ်မွေးတိရ စ္ဆာန်များသည် ကိုယ်ခံအားစနစ်ကို သွယ်ဝိုက်သောနည်းအားဖြင့် အားကောင်းစေခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

ေသြးတိုး၊ ေသြးေပါင္က်ျခင္းႏွင့္ ေလျဖတ္ျခင္းမ်ားကို သက္သာေပ်ာက္ကင္းေစသည့္အျပင္ အိမ္ေမြးတိရ စၦာန္မ်ားရွိျခင္း၏ ေကာင္းက်ဳိး ၁၀ ပါး

အိမ္ေမြးတိရ စၦာန္မ်ားသည္ ကေလးငယ္မ်ားႏွင့္ သက္ၾကီးရြယ္အိုမ်ားအတြက္ အေကာင္းမြန္ဆံုး အေဖာ္မြန္ျဖစ္သည္ဟူသည္မွာ ျငင္းဖြယ္မရွိေခ်။

ထို႔အျပင္ အိမ္ေမြး တိရ စၦာန္တို႔ရွိျခင္းသည္ ပိုင္ရွင္မ်ားက်န္းမာေရးေကာင္းမြန္ေစရန္ မ်ားစြာအေထာက္အကူျပဳေၾကာင္း သိပၸံသုေတသန အေထာက္အထားမ်ားစြာ ေတြ႔ရွိလာေနသည္။

အိမ္ေမြးတိရ စၦာန္မ်ားသည္ အျပင္းအထန္နာမက်န္းျဖစ္ေနသူတို႔ကို အလ်င္အျမန္ ျပန္လည္နာလံထလာေစရန္ အေထာက္အကူျပဳ သည္ဟု ဆိုသည္။

အိမ္ေမြးတိရ စၦာန္မ်ား ထားရွိျခင္းသည္ ကေလးငယ္မ်ားႏွင့္ သက္ၾကီးရြယ္အုိမ်ားကို ဓာတ္မတည့္ျခင္းမ်ား ျဖစ္ေစႏိုင္သည္ဟု အခ်ဳိ႕က ယူဆၾကသည္။

သို႔ေသာ္ သိပၸံနည္းက် သက္ေသျပခ်က္မ်ားအရ အိမ္ေမြးတိရ စၦာန္မ်ားႏွင့္အတူ ၾကီးျပင္းလာၾကေသာ ကေလးငယ္မ်ားသည္ ဓာတ္မတည့္ျခင္းႏွင့္ ပန္းနာရင္က်ပ္ေရာဂါ ျဖစ္ႏိုင္ေခ် ပိုမိုနည္းပါးေၾကာင္း ေတြ႔ရွိၾကသည္။ အိမ္ေမြးတိရ စၦာန္မ်ား ပိုင္ဆိုင္ထားသူမ်ားအတြက္ ေကာင္းက်ဳိးမ်ားစြာရွိေနရာ ယင္းအနက္မွ ေကာင္းက်ဳိး ၁၀ ပါးကို ေဖာ္ျပအပ္ပါသည္။

၁။ မိတ္ေဆြေကာင္း

ေခြး၊ ေၾကာင္ (သို႔မဟုတ္) အျခား လယ္ယာသံုး တိရ စၦာန္မ်ားသည္ မိသားစုဝင္တိုင္းအတြက္ မိတ္ေဆြေကာင္းမ်ား ျဖစ္ၾကသည္။

အဘယ္ေၾကာင့္ဆိုလွ်င္ ၎တို႔သည္ ခ်စ္ျခင္းေမတၱာႏွင့္ ခင္မင္မႈမ်ား၏ ၾကီးမားေသာ ရင္းျမစ္ၾကီး ျဖစ္၏။

အိမ္ေမြးတိရ စၦာန္တို႔သည္ ေနအိမ္အတြင္း ေပ်ာ္ရႊင္မႈမ်ား ေဆာင္ၾကဥ္းေပးသူမ်ားျဖစ္ျပီး အိမ္ရွိ ၾကီးငယ္မေရြး လူအားလံုးကို ေပ်ာ္ရႊင္ေစသူလည္း ျဖစ္သည္။

တိရ စၦာန္မ်ားကို အေဖာ္ျပဳတတ္သည့္ လူၾကီးမ်ား၊ အိမ္ေမြးတိရ စၦာန္မ်ားႏွင့္အတူ ၾကီးျပင္းလာသည့္ ကေလးငယ္မ်ားသည္ အိမ္ေမြးတိရ စၦာန္ မရွိသူမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ တစ္ကိုယ္ေကာင္းစိတ္ နည္းပါးသည္ကို ေတြ႔ရသည္ဟု ဆိုသည္။

အိမ္တြင္ အိမ္ေမြးတိရ စၦာန္မ်ားရွိပါက မည္သည့္ေနရာသို႔ ေရာက္သည္ျဖစ္ေစ စိတ္က အိမ္တြင္သာ ေရာက္ေနမည္ ျဖစ္သည္။

၂။ မိတ္ေဆြသစ္မ်ား ရရွိေစ

အိမ္တြင္ ေခြးကဲ့သို႔ အိမ္ေမြးတိရ စၦာန္ရွိပါက မနက္ခင္းတိုင္းႏွင့္ တခါတရံ ညေနဘက္မ်ားတြင္ပါ အျပင္သို႔ ေခြးႏွင့္အတူ လမ္းေလွ်ာက္ထြက္ၾကရသည္။

အစပိုင္းကာလမ်ားတြင္မူ သင့္အေနျဖင့္ စိတ္မပါလက္မပါ ျဖစ္ေနႏိုင္ေသာ္လည္း ရက္အနည္းငယ္ၾကာလွ်င္ ေခြးႏွုင့္ အျပင္ထြက္ရသည့္အလုပ္ကို စတင္ႏွစ္သက္လာလိမ့္မည္ ျဖစ္၏။

သင္၏ အိမ္ေမြးတိရ စၦာန္ႏွင့္အတူ လမ္းေပၚ(သို႔မဟုတ္) ပန္းျခံမ်ားသို႔ သြားျပီဆိုသည္ႏွင့္ လူအမ်ဳိးမ်ဳိးႏွင့္ ေတြ႔ရေတာ့မည္ကား မလြဲေခ်။

ေခြးမ်ားႏွင့္အတူ လမ္းေလွ်ာက္ထြက္လာေသာ အျခားသူမ်ားကို ေတြ႔ပါကလည္း လမ္းေပၚ၊ ပန္းျခံမ်ားထဲတြင္ ရပ္တန္႔ကာ စကားေျပာျဖစ္ၾကေလ့ရွိမည္ဟာ ျဖစ္သည္။

၃။ စိတ္တင္းက်ပ္မႈ ေျပေပ်ာက္ေစျခင္း

အလုပ္တြင္ တေနကုန္ ကာလၾကာရွည္ျဖတ္သန္းျပီးေနာက္ အိမ္ျပန္ေရာက္ခ်ိန္တြင္ သင့္ေဘးနား၌ အိမ္ေမြးတိရ စၦာန္ကေလးရွိေနျပီး သင့္ကိုလွ်ာျဖင့္ လ်က္ကာ သူႏွင့္အတူ ေဆာ့ကစားရန္ ေတာင္းဆိုေနျခင္းမ်ဳိး ၾကံဳရျခင္းမွာ အလြန္အပန္းေျပ စိတ္လႈပ္ရွားဖြယ္ ေကာင္းလွသည္။

အိမ္ေမြးတိရ စၦာန္ကေလးမ်ားႏွင့္အတူ အခ်ိန္အနည္းငယ္ေပးကာ ေဆာ့ကစားျခင္းသည္ သင္၏ စိတ္တင္းက်ပ္မႈမ်ားႏွင့္ ပင္ပန္းႏြမ္းနယ္မႈ အမ်ားစုကို ေျဖေဖ်ာက္ေပးႏိုင္ေၾကာင္း သုေတသီတို႔က ဆိုသည္။

အိမ္ေမြးတိရ စၦာန္မ်ား (အထူးသျဖင့္ ေခြး) ႏွင့္ ေဆာ့ကစားျခင္းသည္ ဦးေႏွာက္၏ လုပ္ေဆာင္ခ်က္ကို ျမွင့္တင္ေပးသည့္အျပင္ ေက်နပ္ႏွစ္သိမ့္မႈႏွင့္ စိတ္ေအးခ်မ္းမႈတို႔ကိုလည္း ျမင့္တက္ေစသည္ဟု ဆိုသည္။

အိမ္ေမြးတိရ စၦာန္ကေလးမ်ားႏွင့္ အခ်ိန္အနည္းငယ္ ေဆာ့ကစားျခင္းသည္ သင့္အား ပိုမိုႏုပ်ဳိလန္းဆန္းလာေစသည့္အျပင္ အပန္းေျပသည့္ စိတ္ခံစားခ်က္ ပိုမိုရရွိေစမည္ျဖစ္ရာ မိသားစုဘဝကို ပိုမိုေကာင္းမြန္လာေစႏိုင္မည္ ျဖစ္သည္။

၄။ သစၥာတရား၊ ေမတၱာတရားတို႔အေၾကာင္း

အိမ္ေမြးတိရ စၦာန္ကေလးမ်ားသည္ သင့္ေနအိမ္သို႔ သာယာေပ်ာ္ရႊင္မႈအေပါင္း ေဆာင္ၾကဥ္းေပးရံုမွ်မကဘဲ ကေလးငယ္မ်ားအတြက္ ပညာသင္ၾကားမႈဆိုင္ရာ ေကာင္းက်ဳိးတရားမ်ားလည္း ေဆာင္ၾကဥ္းေပးႏုိင္စြမ္းရွိသည္။

အိမ္ေမြးတိရ စၦာန္ကေလးတစ္ေကာင္ေကာင္ ပိုင္ဆိုင္ထားပါက သင္ႏွင့္ ကေလးငယ္မ်ားကို ခ်စ္ျခင္းေမတၱာ၊ တာဝန္ယူတတ္မႈ၊ အျပန္အလွန္ ယံုၾကည္မႈ အစရွိသည္တို႔ကို နားလည္လာေစႏိုင္မည္ ျဖစ္သည္။

အိမ္ေမြးတိရ စၦာန္ကေလးမ်ားရွိပါက ကေလးငယ္မ်ားသည္ သစၥာတရားကဲ့သို႔ေသာ အလြန္ေကာင္းမြန္သည့္ အက်င့္ေကာင္းတစ္ခု ေမြးျမဴႏိုင္မည့္ သင္ခန္းစာမ်ဳိး ရရွိႏိုင္သည္။ အိမ္ေမြးတိရ စၦာန္ကေလးကို ေကာင္းစြာအစာေကၽြးျခင္း၊ လမ္းေလွ်ာက္ေလ့က်င့္ခန္းလုပ္ျခင္း အစရွိေသာ အေလ့အထမ်ားသည္ သင္၏ ကေလးငယ္ကိုလည္း အလားတူ ေစာင့္ေရွာက္မႈမ်ဳိးေပးရန္ သင္ခန္းစာရယူႏိုင္ေလသည္။

၅။ က်န္းမာေရးေကာင္းမြန္ေစ

သင္သည္ ေန႔စဥ္ဘဝတြင္ ေလးကန္ထိုင္းမိႈင္းစြာ ေနထုိင္တတ္သူ ျဖစ္ပါကလည္း အိမ္ေမြးတိရ စၦာန္ကေလးရွိပါက နံနက္ခင္းတြင္ ေစာေစာထကာ ေခြးႏွင့္အတူ လမ္းေလွ်ာက္ရမည္ျဖစ္ျပီး တခါတရံတြင္ ညေနဘက္တြင္ပါ လမ္းေလွ်ာက္ေပးရဦးမည္ ျဖစ္သည္။

အိမ္ေမြးတိရ စၦာန္ကေလးမ်ားက သင့္ကို အိမ္တြင္ သြက္လက္စြာေနထိုင္လာေစမည့္ တြန္းအားတစ္ခုျဖစ္လာမည္ျဖစ္သည္။

သူတို႔ႏွင့္အတူ ေဆာ့ကစားရန္ ၊ သူတို႔အေပၚ ဂရုစိုက္ရန္ သင့္ကိုေမွ်ာ္လင့္ေနၾကသည္။ ထို႔ေၾကာင့္ အိမ္ေမြးတိရ စၦာန္ကေလးမ်ားႏွင့္အတူ ေန႔စဥ္လုပ္ရိုးလုပ္စဥ္တစ္ခုသဖြယ္ ကစားျခင္း၊ အစာေကၽြးျခင္းမ်ား ျပဳလုပ္ရေတာ့မည္ ျဖစ္၏။

ထိုအျပဳအမူမွာ သင့္အား က်န္းမာေရးေကာင္းမြန္လာေစရန္ မ်ားစြာအေထာက္အကူျပဳမည္ ျဖစ္သည္။

၆။ ေလ့က်င့္ခန္းလုပ္ျဖစ္ေစ

အားကစားေလ့က်င့္ေရးခန္းမသို႔သြားကာ ေလးလံသည့္ ဝိတ္တံုးၾကီးမ်ား မ,ေနျခင္းမ်ဳိးကိုသာ ေလ့က်င့္ခန္းလုပ္ျခင္းဟု မဆိုႏိုင္။

သင္၏ ေၾကာင္ကေလးေနာက္သို႔ ေျပးလိုက္ျခင္း၊ ေခြးကေလးႏွင့္အတူ ပန္းျခံမ်ားအတြင္း ခပ္ေဝးေဝးလမ္းေလွ်ာက္ျခင္းမ်ဳိးကလည္း ေလ့က်င့္ခန္းလုပ္ျခင္းျဖစ္သည္ဟု ဆိုရမည္သာျဖစ္သည္။

အဆိုပါ လုပ္ရိုးလုပ္စဥ္မ်ဳိး ေန႔စဥ္ဘဝတြင္ ထည့္သြင္းေပးမည္ဆိုပါက သင့္အားက်န္းမာလာေစမည္မွာ အမွန္ပင္ျဖစ္သည္။

အိမ္ေမြးတိရ စၦာန္ကေလးမ်ားႏွင့္အတူ ေလ့က်င့္ခန္းျပဳလုပ္ျခင္းမွာ သင့္အား အပန္းေျပေစမည့္အျပင္ အာရံုစူးစိုက္မႈ ေကာင္းမြန္ျခင္း၊ စိတ္ႏွလံုးရႊင္လန္းေစျခင္းမ်ား ရရွိလာေစႏိုင္မည္ ျဖစ္သည္။

၇။ စိတ္ဖိစီးမႈႏွင့္ စိုးရိမ္ပူပန္မႈတို႔ကို ေလွ်ာ့ခ်ေပးႏိုင္

အိမ္ေမြးတိရ စၦာန္တို႔သည္ စိတ္ဖိစီးမႈကို လြင့္ျပယ္ေစႏိုင္မည့္ အေကာင္းဆံုးအရာမ်ားအျဖစ္ အသိအမွတ္ျပဳျခင္း ခံထားရသည္။

အိမ္ေမြးတိရ စၦာန္တစ္ေကာင္ သင့္အနီးတြင္ရွိလွ်င္ စိတ္ဓာတ္က်ဆင္းျခင္း၊ စိတ္ဖိစီးျခင္းႏွင့္ စိုးရိမ္ပူပန္ျခင္းတု႔ိကို ေလ်ာ့ပါးေစသည္ဟု ဆိုသည္။

အနီးတြင္ အိမ္ေထာင္ဖက္၊ မိသားစု၊ မိတ္ေဆြမ်ားရွိျခင္းထက္ အိမ္ေမြးတိရ စၦာန္မ်ားရွိျခင္းက စိတ္ဖိစီးမႈႏွင့္ စိုးရိမ္ေသာကတို႔ကို ေလ်ာ့နည္းေစႏိုင္သည္ကို ေတြ႔ရွိရသည္ဟု သုေတသီတို႔က ဆိုသည္။

ငါးျပတိုက္တြင္ ေရာင္စံုငါးကေလးမ်ား ကူးခတ္သြားလာေနပံုကို ၾကည့္ရႈရသည့္ လူနာမ်ားသည္ စိတ္ဖိစီးမႈ ေသာကအခ်ဳိ႕ ေျဖေဖ်ာက္ႏိုင္သည္ကို ေတြ႔ရွိရသည္ဟု ဆို၏။

လူတို႔သည္ ၎တို႔ကို မ်က္ႏွာလိုမ်က္ႏွာရလုပ္မည့္၊ ၎တို႔က အလိုလိုက္ရမည့္ အိမ္ေမြးတိရ စၦာန္ကေလးမ်ားရွိသည့္အခါ ပိုမိုေပ်ာ္ရႊင္မႈ ရေလ့ရွိၾကသည္။

၈။ ေသြးတိုးက်ေစ

အိမ္ေမြးတိရ စၦာန္ကေလးမ်ားႏွင့္အတူရွိေနျခင္း၊ ပြတ္သပ္ေပးျခင္း (သို႔မဟုတ္) ျမင္ေနရျခင္းသည္ပင္လွ်င္ ေဝဒနာခံစားေနရသည့္ လူနာတစ္ဦးကို စိတ္အပန္းေျဖေစႏိုင္သည္။

ထိုသို႔ စိတ္ႏွလံုး အပန္းေျပေစျခင္းေၾကာင့္ ႏွလံုးခုန္ႏႈန္းႏွင့္ ေသြးဖိအားတို႔ကို ေလ်ာ့က်ေစရန္ အေထာက္အကူျပဳေပးသည္။

အိမ္ေမြးတိရ စၦာန္ရွိေသာသူမ်ား၏ ေသြးဖိအားႏွင့္ စိတ္ဖိစီးမႈ အတိုင္းအတာသည္ အိမ္ေမြးတိရ စၦာန္မရွိသူမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ မ်ားစြာနည္းပါးသည္ဟု ဆိုသည္။

အိမ္ေမြးတိရ စၦာန္ကေလးမ်ားႏွင့္ အတူေဆာ့ကစားျခင္းသည္ လူနာတစ္ဦး၏ စိတ္ဖိစီးမႈတို႔ကို ေလွ်ာ့ခ်ေပးႏိုင္ျပီး စိတ္ခံစားမႈႏွင့္ ေသြးေပါင္ခ်ိန္ တည္ျငိမ္ေစရန္ အေထာက္အကူျပဳသည္။

အိမ္ေမြးတိရ စၦာန္ရွိေသာ ေသြးတိုးေဝဒနာရွင္မ်ားႏွင့္ ေသြးေပါင္က်သူမ်ားသည္ ဆရာဝန္မ်ားထံ မၾကာခဏသြားရေလ့မရွိေၾကာင္း ေတြ႔ရွိထားျပီး ျဖစ္သည္။

၉။ ေလျဖတ္ျခင္းကို ကာကြယ္

အိမ္တြင္ ေခြး (သို႔မဟုတ္) ေၾကာင္ရွိသူတို႔တြင္ က်န္းမာေရး ေကာင္းက်ဳိးမ်ားစြာ ရွိေနသည္။

အိမ္တြင္ ေၾကာင္တစ္ေကာင္ရွိသူသည္ ေလျဖတ္ရန္ (သို႔မဟုတ္) ႏွလံုးေရာဂါ ေဝဒနာမ်ားရရွိရန္ ျဖစ္ႏိုင္ေခ် ၃၀ ရာခိုင္ႏႈန္း နည္းပါးေၾကာင္း သိပၸံနည္းက် လက္ခံထားသည္ဟု ဆိုသည္။

အိမ္ေမြးတိရ စၦာန္မ်ားသည္ ႏွလံုးေရာဂါႏွင့္ ျပင္းထန္စြာနာမက်န္းျဖစ္ျခင္းမ်ားမွ အျမန္ျပန္လည္ နာလံထူလာေစရန္လည္း အကူအညီျဖစ္ေစသည္။

အိမ္ေမြးတိရ စၦာန္ကေလးမ်ားႏွင့္အတူ ေဆာ့ကစားျခင္း (သို႔မဟုတ္) အနီးတြင္ ရွိေနေစျခင္းအားျဖင့္ သင္၏စိတ္ကို လံႈ႔ေဆာ္မႈေပးႏိုင္ျပီး စိတ္က်ေဝဒနာ ျဖစ္ႏိုင္ေခ် နည္းပါးေစသည္။

၁၀။ ဓာတ္မတည့္ျခင္းႏွင့္ ပန္းနာေရာဂါျဖစ္ႏိုင္ေခ် နည္းပါးေစ

လူအခ်ဳိ႕က ယူဆသည္မွာ အိမ္တြင္ အိမ္ေမြးတိရ စၦာန္ရွိလွ်င္ သက္ၾကီးရြယ္အိုမ်ားႏွင့္ ကေလးငယ္မ်ားကို ဓာတ္မတည့္ျခင္းႏွင့္ ပန္းနာရင္က်ပ္ေရာဂါမ်ားျဖစ္ေစႏိုင္သည္ဟု အယူအဆမ်ဳိး ရွိၾကသည္။

သို႔ရာတြင္ သုေတသနျပဳခ်က္အသစ္မ်ားအရ ေတြ႔ရွိလာသည္မွာမူ ေခြး၊ ေၾကာင္တို႔ အပါအဝင္ အျခားယာေတာတိရ စၦာန္မ်ားႏွင့္အတူ ၾကီးျပင္းလာသည့္ ကေလးငယ္မ်ားသည္ ဓာတ္မတည့္ျခင္းႏွင့္ ပန္းနာရင္က်ပ္ျဖစ္ႏိုင္ေခ် ပိုမိုနည္းပါးေစေၾကာင္း ေတြ႔ရွိလာသည္။ ပန္းနာရင္က်ပ္ႏွင့္ ဓာတ္မတည့္ျခင္း ျဖစ္ႏိုင္ေခ် က်ဆင္းေစရံုမက ႏွင္းခူေရာဂါ ျဖစ္ႏိုင္ေခ်လည္း နည္းပါးေစေၾကာင္း ေတြ႔ရွိထားသည္။

အိမ္ေမြးတိရ စၦာန္မ်ားသည္ ကိုယ္ခံအားစနစ္ကို သြယ္ဝိုက္ေသာနည္းအားျဖင့္ အားေကာင္းေစျခင္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service