နိုင်ငံ ၄ ခုမှ ဆေးဝါးကုမ္ပဏီ ၁၈ ခုပူးပေါင်းကာဖွံ့ဖြိုးဆဲနိုင်ငံများအတွက် COVID-19ဆေးများထုတ်လုပ်မည်ဟုကတိပြု

နိုင်ငံ ၄ ခုမှ ဆေးဝါးကုမ္ပဏီ ၁၈ ခုပူးပေါင်းကာဖွံ့ဖြိုးဆဲနိုင်ငံများအတွက် COVID-19ဆေးများထုတ်လုပ်မည်ဟုကတိပြု - Property News in Myanmar from iMyanmarHouse.com
13 Nov 2020 11:32 am တွင် တင်ခဲ့သည်
1340 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် တောင်အာဖရိကနိုင်ငံတို့ရှိဆေးဝါးကုမ္ပဏီ ၁၈ ခုပူးပေါင်းလိုက်ကြပြီးဝင်ငွေ အလယ်အလတ်နှင့် နိမ့်ပါးသော နိုင်ငံများအတွက် COVID-19ဆေးများသန်းပေါင်းများစွာရရှိနိုင်မှု မြန်ဆန်ရေးအတွက် ပူးပေါင်းလုပ်ဆောင်ကြမည်ဟုကတိပြုလိုက်ကြသည်။

အဆိုပါ ကုမ္ပဏီများသည် အကျိုးအမြတ်အတွက် မရည်ရွယ်သောMedicines Patent Pool (MPP)အဖွဲ့အောက်တွင် ပူးပေါင်းလုပ်ဆောင်ကြမည်ဖြစ်သည်။ MPP သည် ကုလသမဂ္ဂကျောထောက်နောက်ခံပြု ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် COVID-19ဆေးများထုတ်လုပ်မည့် အစီအစဉ်တွင် ပါဝင်လာသောအိန္ဒိယကုမ္ပဏီများမှာ

• Sun Pharma

• Lupin

• Aurobindo

• ZydusCadila

• Hetero

• Natco

• Strides Shasunတို့ ဖြစ်ကြသည်။

“ပုံမှန်အားဖြင့် ပြိုင်ဖက်ဖြစ်နေတဲ့ ဒီကုမ္ပဏီတွေရဲ့ အရင်ကမရှိခဲ့ဖူးတဲ့ ခုလိုပူးပေါင်းဆောင်ရွက်လာကြမှုဟာကပ်ဘေးထိန်းချုပ်ရေးနဲ့ အောင်နိုင်ရေးအတွက် အရေးပါတဲ့ ဆေးဝါးတွေ လူတိုင်းတန်းတူညီမျှ ရနိုင်ဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေ အောင်မြင်လာတယ် ဆိုတာကို ပြသနေပါတယ်”ဟုMPP ၏ အမှုဆောင်ဒါရိုက်တာချားလ်စ် ဂိုးကပြောကြားသည်။

ကုမ္ပဏီ ၁၈ ခုလုံးသည် သမားရိုးကျဆေးဝါးများနှင့်ပုံတူဆဲလ်မှ ထုတ်လုပ်သည့် ပဋိပစ္စည်းအပါအဝင် သက်ရှိအဏုဇီဝများမှ ထုတ်လုပ်သည့်ဆေးများအလုံးအရင်းထုတ်လုပ်နိုင်စွမ်းရှိ ကြသည့် ကုမ္ပဏီများ ဖြစ်ကြသည်။

အထက်ဖော်ပြပါ ကတိကဝတ်သည် COVID-19အတွက် ဆေးဝါးသစ်များထုတ်လုပ်နေသော (သို့မဟုတ်) ရှိရင်းစွဲဆေးများကိုစမ်းသပ်နေသောကုမ္ပဏီများအတွက် ဆေးအဆောတလျင်လိုအပ်နေသူများရရှိစေရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်လာစေရန် အင်အားဖြစ်စေကြောင်း MPP က ယုံကြည်သည်။

“ယနေ့မှာ ကျွန်တော်တို့အနေနဲ့ ကမ္ဘာတဝန်းကအခြားသောဆေးဝါးထုတ်လုပ်သူတွေ၊ ထောက်ပံ့ဖြန့်ဖြူးသူတွေကိုဒီလိုညီညွတ်တဲ့ ကြိုးပမ်းမှုမှာ ကျွန်တော်တို့နဲ့အတူပူးပေါင်းကြဖို့ တောင်းဆိုပါတယ်။ ဒီလိုပူးပေါင်းလာကြမယ်ဆိုရင် ကပ်ဘေးကြီးကိုအဆုံးသတ်စေဖို့ အတွက် အချင်းချင်းရင်ဘောင်တန်းပြီးလုပ်ကိုင်ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်” ကုမ္ပဏီတို့၏ ကတိကဝတ်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“သူတို့ရဲ့ အသိပညာဆိုင်ရာပိုင်ဆိုင်မှုတွေကိုမူပိုင်ခွင့် လိုင်စင်ထားပြီးသော်လည်းကောင်း၊ လိုင်စင်မထားပဲသော်လည်းကောင်းလုပ်ဆောင်နိုင်ကြပါတယ်။ မြင့်မားတဲ့လိုအပ်ချက်တွေကို ပြည့်မီအောင် ထုတ်လုပ်နိုင်စွမ်းရှိဖို့အတွက် နည်းလမ်းတွေကိုလွယ်ကူအောင် ပြုလုပ်ကြရမှာဖြစ်ပါတယ်”…ဟုလည်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ကျွန်တော်တို့ ကုမ္ပဏီအသီးသီးဟာ ကျွန်တော်တို့ရဲ့ နည်းပညာပိုင်းကျွမ်းကျင်မှု၊ အရည်အသွေးရှိတဲ့ ဆေးဝါးတွေ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းအပိုင်းမှာကာလကြာရှည်ရှိခဲ့တဲ့ အတွေ့အကြုံတွေနဲ့အတူ COVID-19 ကိုရင်ဆိုင်ကြဖို့ အသင့်ရပ်တည်နေကြပါပြီ”ဟုကုမ္ပဏီများ၏ ကတိပြုချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:  18 generic drug companies pledge to make COVID-19 drugs for developing countries  (thehindu)

[Zawgyi]

ႏိုင္ငံ ၄ ခုမွ ေဆးဝါးကုမၸဏီ ၁၈ ခုပူးေပါင္းကာဖြံ႔ျဖိဳးဆဲႏိုင္ငံမ်ားအတြက္ COVID-19ေဆးမ်ားထုတ္လုပ္မည္ဟုကတိျပဳ

အိႏိၵယ၊ တရုတ္၊ ဘဂၤလားေဒ့ရွ္ႏွင့္ ေတာင္အာဖရိကႏိုင္ငံတို႔ရွိေဆးဝါးကုမၸဏီ ၁၈ ခုပူးေပါင္းလိုက္ၾကျပီးဝင္ေငြ အလယ္အလတ္ႏွင့္ နိမ့္ပါးေသာ ႏိုင္ငံမ်ားအတြက္ COVID-19ေဆးမ်ားသန္းေပါင္းမ်ားစြာရရွိႏိုင္မႈ ျမန္ဆန္ေရးအတြက္ ပူးေပါင္းလုပ္ေဆာင္ၾကမည္ဟုကတိျပဳလုိက္ၾကသည္။

အဆိုပါ ကုမၸဏီမ်ားသည္ အက်ဳိးအျမတ္အတြက္ မရည္ရြယ္ေသာMedicines Patent Pool (MPP)အဖြဲ႔ေအာက္တြင္ ပူးေပါင္းလုပ္ေဆာင္ၾကမည္ျဖစ္သည္။ MPP သည္ ကုလသမဂၢေက်ာေထာက္ေနာက္ခံျပဳ ျပည္သူ႔က်န္းမာေရးအဖြဲ႔အစည္းတစ္ခု ျဖစ္သည္။

ဖြံ႔ျဖိဳးဆဲႏိုင္ငံမ်ားအတြက္ COVID-19ေဆးမ်ားထုတ္လုပ္မည့္ အစီအစဥ္တြင္ ပါဝင္လာေသာအိႏိၵယကုမၸဏီမ်ားမွာ

• Sun Pharma

• Lupin

• Aurobindo

• ZydusCadila

• Hetero

• Natco

• Strides Shasunတို႔ ျဖစ္ၾကသည္။

“ပံုမွန္အားျဖင့္ ျပိဳင္ဖက္ျဖစ္ေနတဲ့ ဒီကုမၸဏီေတြရဲ႕ အရင္ကမရွိခဲ့ဖူးတဲ့ ခုလိုပူးေပါင္းေဆာင္ရြက္လာၾကမႈဟာကပ္ေဘးထိန္းခ်ဳပ္ေရးနဲ႔ ေအာင္ႏိုင္ေရးအတြက္ အေရးပါတဲ့ ေဆးဝါးေတြ လူတိုင္းတန္းတူညီမွ် ရႏိုင္ဖို႔ ကၽြန္ေတာ္တို႔ရဲ႕ ၾကိဳးပမ္းမႈေတြ ေအာင္ျမင္လာတယ္ ဆိုတာကို ျပသေနပါတယ္”ဟုMPP ၏ အမႈေဆာင္ဒါရိုက္တာခ်ားလ္္စ္ ဂိုးကေျပာၾကားသည္။

ကုမၸဏီ ၁၈ ခုလံုးသည္ သမားရိုးက်ေဆးဝါးမ်ားႏွင့္ပံုတူဆဲလ္မွ ထုတ္လုပ္သည့္ ပဋိပစၥည္းအပါအဝင္ သက္ရွိအဏုဇီဝမ်ားမွ ထုတ္လုပ္သည့္ေဆးမ်ားအလံုးအရင္းထုတ္လုပ္ႏိုင္စြမ္းရွိ ၾကသည့္ ကုမၸဏီမ်ား ျဖစ္ၾကသည္။

အထက္ေဖာ္ျပပါ ကတိကဝတ္သည္ COVID-19အတြက္ ေဆးဝါးသစ္မ်ားထုတ္လုပ္ေနေသာ (သို႔မဟုတ္) ရွိရင္းစြဲေဆးမ်ားကိုစမ္းသပ္ေနေသာကုမၸဏီမ်ားအတြက္ ေဆးအေဆာတလ်င္လိုအပ္ေနသူမ်ားရရွိေစေရးအတြက္ ေဆြးေႏြးမႈမ်ား ျပဳလုပ္လာေစရန္ အင္အားျဖစ္ေစေၾကာင္း MPP က ယံုၾကည္သည္။

“ယေန႔မွာ ကၽြန္ေတာ္တို႔အေနနဲ႔ ကမၻာတဝန္းကအျခားေသာေဆးဝါးထုတ္လုပ္သူေတြ၊ ေထာက္ပံ့ျဖန္႔ျဖဴးသူေတြကိုဒီလိုညီညြတ္တဲ့ ၾကိဳးပမ္းမႈမွာ ကၽြန္ေတာ္တို႔နဲ႔အတူပူးေပါင္းၾကဖို႔ ေတာင္းဆိုပါတယ္။ ဒီလိုပူးေပါင္းလာၾကမယ္ဆိုရင္ ကပ္ေဘးၾကီးကိုအဆံုးသတ္ေစဖို႔ အတြက္ အခ်င္းခ်င္းရင္ေဘာင္တန္းျပီးလုပ္ကိုင္ေဆာင္ရြက္ႏိုင္ၾကမွာ ျဖစ္ပါတယ္” ကုမၸဏီတို႔၏ ကတိကဝတ္ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

“သူတို႔ရဲ႕ အသိပညာဆိုင္ရာပိုင္ဆိုင္မႈေတြကိုမူပိုင္ခြင့္ လိုင္စင္ထားျပီးေသာ္လည္းေကာင္း၊ လိုင္စင္မထားပဲေသာ္လည္းေကာင္းလုပ္ေဆာင္ႏိုင္ၾကပါတယ္။ ျမင့္မားတဲ့လိုအပ္ခ်က္ေတြကို ျပည့္မီေအာင္ ထုတ္လုပ္ႏိုင္စြမ္းရွိဖုိ႔အတြက္ နည္းလမ္းေတြကိုလြယ္ကူေအာင္ ျပဳလုပ္ၾကရမွာျဖစ္ပါတယ္”…ဟုလည္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

“ကၽြန္ေတာ္တို႔ ကုမၸဏီအသီးသီးဟာ ကၽြန္ေတာ္တို႔ရဲ႕ နည္းပညာပိုင္းကၽြမ္းက်င္မႈ၊ အရည္အေသြးရွိတဲ့ ေဆးဝါးေတြ ထုတ္လုပ္ျခင္း၊ ျဖန္႔ျဖဴးျခင္းအပိုင္းမွာကာလၾကာရွည္ရွိခဲ့တဲ့ အေတြ႔အၾကံဳေတြနဲ႔အတူ COVID-19 ကိုရင္ဆိုင္ၾကဖို႔ အသင့္ရပ္တည္ေနၾကပါျပီ”ဟုကုမၸဏီမ်ား၏ ကတိျပဳခ်က္တြင္ ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref:  18 generic drug companies pledge to make COVID-19 drugs for developing countries (thehindu)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service