စာချုပ်တစ်စောင်တွင် မှန်ကန်ကြောင်းအသိသက်သေလက်မှတ်ရေးထိုးခြင်းကိစ္စ

စာချုပ်တစ်စောင်တွင် မှန်ကန်ကြောင်းအသိသက်သေလက်မှတ်ရေးထိုးခြင်းကိစ္စ - Property Knowledge in Myanmar from iMyanmarHouse.com
12 Nov 2020 2:05 pm တွင် တင်ခဲ့သည်
1489 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

စာချုပ်ချုပ်ဆိုသူ တစ်ဦးဦးအနေဖြင့် စာချုပ်ချုပ်သူနေရာတွင် စာချုပ်ချုပ်သူအဖြစ် လက်မှတ်ထိုးမှသာ စာချုပ်ပါကိစ္စကို သက်ဆိုင်သူ တစ်ဦးအနေနှင့် သက်သေအဖြစ် လက်မှတ်ထိုးနိုင်မည်ဖြစ်သည်။

သက်သေများက လက်မှတ်ရေးထိုးရာ၌ စာချုပ်တစ်စောင်တွင် အသိသက်သေ(၂)ဦးလက်မှတ် ရေးထိုးရန် လိုသည့်အပြင် မည်သည့်ပုံစံနှင့်မဆို လက်မှတ်ရေးထိုးခြင်းပြုနိုင်သည်။(ဥပမာ-လက်မှတ်ရေးထိုးခြင်း၊ လက်ဗွေနှိပ်ခြင်း)

အသိသက်သေအဖြစ် လက်မှတ်ရေးထိုးပေးခြင်း ဆိုသည်မှာ စာချုပ်ချုပ်ဆိုသူတို့က စာချုပ်ချုပ်ဆိုကြောင်းကို သိရှိသူများအနေဖြင့်လည်းကောင်း၊ စာချုပ်ပေါ်တွင် ချုပ်ဆိုသူတို့ လက်မှတ်ရေးထိုးသည်ကို မြင်သည့်အနေဖြင့်လည်းကောင်း လက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။ထိုသို့သိရှိခြင်း၊ မြင်တွေ့ခြင်းမရှိဘဲ စာချုပ်ပေါ်တွင် လက်မှတ်ရေးထိုးရုံသက်သက် နောက်မှလက်မှတ်ရေးထိုးခြင်းမှာ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးရာ မရောက်ပေ။

စာတမ်းအမှတ်အသားကို အသိသက်သေ လက်မှတ်ရေးထိုးရန် ဥပဒေအရ လိုအပ်စေကာမူ အသိသက်သေ လက်မှတ်ရေးထိုးထားသော စာတမ်းအမှတ်အသားကို ချုပ်ဆိုသူကိုယ်တိုင်က ချုပ်ဆိုခဲ့ကြောင်း ဝန်ခံချက်သည် ထိုသူအပေါ်တွင် ထိုစာတမ်းအမှတ်အသားကို ချုပ်ဆိုသူကိုယ်တိုင် လုံလောက်သည့် သက်သေသာဓကဖြစ်သည် ဟု သက်သေခံ ဥပဒေပုဒ်မ( ၇၀) တွင်ပြဋ္ဌာန်းထားသည်။ထိုပုဒ်မအရ အသိသက်သေ လက်မှတ်ရေးထိုးထားသော စာတမ်းအမှတ်အသားကို ချုပ်ဆိုသူကိုယ်တိုင်က ချုပ်ဆိုခဲ့ကြောင်း ဝန်ခံချက် ဟူ၍ဖော်ပြထားရာ ချုပ်ဆိုသူက စာချုပ်ချုပ်ဆိုခဲ့ကြောင်း ဝန်ခံရုံမျှနှင့် မလုံလောက်ချေ။အသိသက်သေများ လက်မှတ်ရေးထိုးထားသော စာတမ်းအမှတ်အသားကို ချုပ်ဆိုခဲ့ပါသည်ဟု ဝန်ခံမှသာ လုံလောက်သည့် ဝန်ခံချက်ဖြစ်သည်။

စာချုပ်စာတမ်းကို ချုပ်ဆိုသူက သက်သေများရှေ့တွင် လက်မှတ်ရေးထိုးရန်လိုသည်။ချုပ်ဆိုသူတို့က ထိုသို့ လက်မှတ်ရေးထိုးပြီးမှ အသိသက်သေများက လက်မှတ်ရေးထိုးရမည်။ချုပ်ဆိုသူတို့က အသိသက်သေများ၏ မျက်ကွယ်တွင် လက်မှတ်ရေးထိုးပြီးနောက် မိမိ၏ လက်မှတ်ဖြစ်ပါသည်ဟု ဝန်ခံပြောဆိုရုံမျှဖြင့် မလုံလောက်ပါ။

သက်သေများရှေ့မှောက်တွင် စာချုပ်သူက စာချုပ်၌ လက်မှတ်ရေးထိုးခြင်း၊ အမှတ်အသားပြုခြင်းကို နှုတ်ဖြင့် သော်လည်းကောင်း၊ အမူအယာဖြင့်သော်လည်းကောင်း အခြားတစ်နည်းနည်းဖြင့်သော် လည်းကောင်း ပြုလုပ်ခြင်းသည် ကိုယ်တိုင်ဝန်ခံခြင်းမည်သည်။အကယ်၍ မိမိညွှန်ကြားချက်အရ အခြားသူတစ်ဦးအား လက်မှတ်ရေးထိုးစေခဲ့လျှင် ရေးထိုးစေခဲ့ကြောင်း ကိုယ်တိုင်ဝန်ခံရန်လိုသည်။ကိုယ်စားလှယ်မှ တစ်ဆင့် ဝန်ခံ၍မရပါ။

မှန်ကြောင်းလက်မှတ် ရေးထိုးသည် ဆိုခြင်းမှာ စာချုပ်ချုပ်ဆိုသည်ကို သက်သေက တွေ့မြင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။မှန်ကြောင်းလက်မှတ် ရေးထိုးရန်လိုသည့် စာချုပ်စာတမ်းကို တရားရုံးတွင် မည်သို့မည်ပုံ ထင်ရှားအောင် ပြသရမည်ဟု သက်သေခံဥပဒေပုဒ်မ-၆၈အရ အနည်းဆုံး အသက်ရှင်လျှက်ရှိသော သက်သေတစ်ဦး သက်သေထူရန်လိုသည့်အပြင် စာချုပ်၌ အသိသက်သေ အနည်းဆုံးနှစ်ဦး လက်မှတ်ထိုးခဲ့ကြောင်း ထင်ရှားအောင်ပြသရသည်။

သက်သေခံဥပဒေပုဒ်မ-၆၉အရ အသိသက်သေကို ရှာမတွေ့လျှင် ဖြစ်စေ၊စာချုပ်သည် နိုင်ငံရပ်ခြား၌ ချုပ်ဆိုသော စာချုပ်ဖြစ်လျှင်ဖြစ်စေ သက်သေတစ်ဦးဦး၏ လက်မှတ်သည် ထိုသူ၏ လက်ရေးဖြစ်ကြောင်း တင်ပြလျှင် သက်သေကို စစ်ဆေးဘိသကဲ့သို့ အကျိုးသက်ရောက်သည်။

သက်သေခံဥပဒေပုဒ်မ-၇၀ အရ စာချုပ်ချုပ်ဆိုသူက စာချုပ်ချုပ်ဆိုခြင်းကို ဝန်ခံလျှင် ချုပ်ဆိုကြောင်း လုံလောက်သည့် သက်သေခံချက်ဖြစ်သည်။အပေါင်စာချုပ်ကို ဝန်ခံလျှင်မူ အသိသက်သေကို ရုံးသို့ ခေါ်ယူစစ်ဆေးရန်မလိုဘဲ အသိသက်၏ လက်မှတ်ကို အခြားနည်းဖြင့် ထင်ရှားအောင် ပြသနိုင်သည်။

အသိသက်သေက လက်မှတ်မထိုးရပါဟု ငြင်းဆိုလျှင်ဖြစ်စေ၊သတိမရဟု ငြင်းဆိုလျှင်ဖြစ်စေ ပုဒ်မ-၇၁ အရ စာချုပ်ချုပ်ဆိုကြောင်း ထင်ရှားအောင် အခြားသက်သေခံချက်ဖြင့် တင်ပြခွင့်ပြုထားသည်။

စာမတတ်သူသည် မှန်ကြောင်း လက်မှတ်ရေးထိုးသည့် သက်သေမဖြစ်နိုင်သော်လည်း ကြက်ခြေခတ်ခြင်း၊လက်ဗွေနှိပ်ခြင်း အစရှိသည့် အမှတ်အသားကို ကိုယ်တိုင်ပြုလုပ်ပါက စာမတတ်သူတစ်ဦးသည် မှန်ကြောင်း လက်မှတ်ရေးထိုးသည့် သက်သေတစ်ဦး ဖြစ်လာနိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

စာခ်ဳပ္တစ္ေစာင္တြင္ မွန္ကန္ေၾကာင္းအသိသက္ေသလက္မွတ္ေရးထိုးျခင္းကိစၥ

စာခ်ဳပ္ခ်ဳပ္ဆိုသူ တစ္ဦးဦးအေနျဖင့္ စာခ်ဳပ္ခ်ဳပ္သူေနရာတြင္ စာခ်ဳပ္ခ်ဳပ္သူအျဖစ္ လက္မွတ္ထိုးမွသာ စာခ်ဳပ္ပါကိစၥကို သက္ဆိုင္သူ တစ္ဦးအေနႏွင့္ သက္ေသအျဖစ္ လက္မွတ္ထိုးႏိုင္မည္ျဖစ္သည္။

သက္ေသမ်ားက လက္မွတ္ေရးထိုးရာ၌ စာခ်ဳပ္တစ္ေစာင္တြင္ အသိသက္ေသ(၂)ဦးလက္မွတ္ ေရးထုိးရန္ လိုသည့္အျပင္ မည္သည့္ပုံစံႏွင့္မဆို လက္မွတ္ေရးထိုးျခင္းျပဳႏိုင္သည္။(ဥပမာ-လက္မွတ္ေရးထိုးျခင္း၊ လက္ေဗြႏွိပ္ျခင္း)

အသိသက္ေသအျဖစ္ လက္မွတ္ေရးထိုးေပးျခင္း ဆိုသည္မွာ စာခ်ဳပ္ခ်ဳပ္ဆိုသူတို႔က စာခ်ဳပ္ခ်ဳပ္ဆိုေၾကာင္းကို သိရွိသူမ်ားအေနျဖင့္လည္းေကာင္း၊ စာခ်ဳပ္ေပၚတြင္ ခ်ဳပ္ဆိုသူတို႔ လက္မွတ္ေရးထိုးသည္ကို ျမင္သည့္အေနျဖင့္လည္းေကာင္း လက္မွတ္ေရးထိုးၾကျခင္း ျဖစ္သည္။ထိုသို႔သိရွိျခင္း၊ ျမင္ေတြ႕ျခင္းမရွိဘဲ စာခ်ဳပ္ေပၚတြင္ လက္မွတ္ေရးထိုး႐ုံသက္သက္ ေနာက္မွလက္မွတ္ေရးထိုးျခင္းမွာ အသိသက္ေသအျဖစ္ လက္မွတ္ေရးထိုးရာ မေရာက္ေပ။

စာတမ္းအမွတ္အသားကို အသိသက္ေသ လက္မွတ္ေရးထိုးရန္ ဥပေဒအရ လိုအပ္ေစကာမူ အသိသက္ေသ လက္မွတ္ေရးထိုးထားေသာ စာတမ္းအမွတ္အသားကို ခ်ဳပ္ဆိုသူကိုယ္တိုင္က ခ်ဳပ္ဆိုခဲ့ေၾကာင္း ဝန္ခံခ်က္သည္ ထိုသူအေပၚတြင္ ထိုစာတမ္းအမွတ္အသားကို ခ်ဳပ္ဆိုသူကိုယ္တိုင္ လုံေလာက္သည့္ သက္ေသသာဓကျဖစ္သည္ ဟု သက္ေသခံ ဥပေဒပုဒ္မ( ၇၀) တြင္ျပ႒ာန္းထားသည္။ထိုပုဒ္မအရ အသိသက္ေသ လက္မွတ္ေရးထိုးထားေသာ စာတမ္းအမွတ္အသားကို ခ်ဳပ္ဆိုသူကိုယ္တိုင္က ခ်ဳပ္ဆိုခဲ့ေၾကာင္း ဝန္ခံခ်က္ ဟူ၍ေဖာ္ျပထားရာ ခ်ဳပ္ဆိုသူက စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း ဝန္ခံ႐ုံမွ်ႏွင့္ မလုံေလာက္ေခ်။အသိသက္ေသမ်ား လက္မွတ္ေရးထိုးထားေသာ စာတမ္းအမွတ္အသားကို ခ်ဳပ္ဆိုခဲ့ပါသည္ဟု ဝန္ခံမွသာ လုံေလာက္သည့္ ဝန္ခံခ်က္ျဖစ္သည္။

စာခ်ဳပ္စာတမ္းကို ခ်ဳပ္ဆိုသူက သက္ေသမ်ားေရွ႕တြင္ လက္မွတ္ေရးထိုးရန္လိုသည္။ခ်ဳပ္ဆိုသူတို႔က ထိုသို႔ လက္မွတ္ေရးထိုးၿပီးမွ အသိသက္ေသမ်ားက လက္မွတ္ေရးထိုးရမည္။ခ်ဳပ္ဆိုသူတို႔က အသိသက္ေသမ်ား၏ မ်က္ကြယ္တြင္ လက္မွတ္ေရးထိုးၿပီးေနာက္ မိမိ၏ လက္မွတ္ျဖစ္ပါသည္ဟု ဝန္ခံေျပာဆို႐ုံမွ်ျဖင့္ မလုံေလာက္ပါ။

သက္ေသမ်ားေရွ႕ေမွာက္တြင္ စာခ်ဳပ္သူက စာခ်ဳပ္၌ လက္မွတ္ေရးထိုးျခင္း၊ အမွတ္အသားျပဳျခင္းကို ႏႈတ္ျဖင့္ ေသာ္လည္းေကာင္း၊ အမူအယာျဖင့္ေသာ္လည္းေကာင္း အျခားတစ္နည္းနည္းျဖင့္ေသာ္ လည္းေကာင္း ျပဳလုပ္ျခင္းသည္ ကိုယ္တိုင္ဝန္ခံျခင္းမည္သည္။အကယ္၍ မိမိၫႊန္ၾကားခ်က္အရ အျခားသူတစ္ဦးအား လက္မွတ္ေရးထိုးေစခဲ့လွ်င္ ေရးထိုးေစခဲ့ေၾကာင္း ကိုယ္တိုင္ဝန္ခံရန္လိုသည္။ကိုယ္စားလွယ္မွ တစ္ဆင့္ ဝန္ခံ၍မရပါ။

မွန္ေၾကာင္းလက္မွတ္ ေရးထိုးသည္ ဆိုျခင္းမွာ စာခ်ဳပ္ခ်ဳပ္ဆိုသည္ကို သက္ေသက ေတြ႕ျမင္ျခင္းကို ဆိုလိုျခင္းျဖစ္သည္။မွန္ေၾကာင္းလက္မွတ္ ေရးထိုးရန္လိုသည့္ စာခ်ဳပ္စာတမ္းကို တရား႐ုံးတြင္ မည္သို႔မည္ပုံ ထင္ရွားေအာင္ ျပသရမည္ဟု သက္ေသခံဥပေဒပုဒ္မ-၆၈အရ အနည္းဆုံး အသက္ရွင္လွ်က္ရွိေသာ သက္ေသတစ္ဦး သက္ေသထူရန္လိုသည့္အျပင္ စာခ်ဳပ္၌ အသိသက္ေသ အနည္းဆုံးႏွစ္ဦး လက္မွတ္ထိုးခဲ့ေၾကာင္း ထင္ရွားေအာင္ျပသရသည္။

သက္ေသခံဥပေဒပုဒ္မ-၆၉အရ အသိသက္ေသကို ရွာမေတြ႕လွ်င္ ျဖစ္ေစ၊စာခ်ဳပ္သည္ ႏိုင္ငံရပ္ျခား၌ ခ်ဳပ္ဆိုေသာ စာခ်ဳပ္ျဖစ္လွ်င္ျဖစ္ေစ သက္ေသတစ္ဦးဦး၏ လက္မွတ္သည္ ထိုသူ၏ လက္ေရးျဖစ္ေၾကာင္း တင္ျပလွ်င္ သက္ေသကို စစ္ေဆးဘိသကဲ့သို႔ အက်ိဳးသက္ေရာက္သည္။

သက္ေသခံဥပေဒပုဒ္မ-၇၀ အရ စာခ်ဳပ္ခ်ဳပ္ဆိုသူက စာခ်ဳပ္ခ်ဳပ္ဆိုျခင္းကို ဝန္ခံလွ်င္ ခ်ဳပ္ဆိုေၾကာင္း လုံေလာက္သည့္ သက္ေသခံခ်က္ျဖစ္သည္။အေပါင္စာခ်ဳပ္ကို ဝန္ခံလွ်င္မူ အသိသက္ေသကို ႐ုံးသို႔ ေခၚယူစစ္ေဆးရန္မလိုဘဲ အသိသက္၏ လက္မွတ္ကို အျခားနည္းျဖင့္ ထင္ရွားေအာင္ ျပသႏိုင္သည္။

အသိသက္ေသက လက္မွတ္မထိုးရပါဟု ျငင္းဆိုလွ်င္ျဖစ္ေစ၊သတိမရဟု ျငင္းဆိုလွ်င္ျဖစ္ေစ ပုဒ္မ-၇၁ အရ စာခ်ဳပ္ခ်ဳပ္ဆိုေၾကာင္း ထင္ရွားေအာင္ အျခားသက္ေသခံခ်က္ျဖင့္ တင္ျပခြင့္ျပဳထားသည္။

စာမတတ္သူသည္ မွန္ေၾကာင္း လက္မွတ္ေရးထိုးသည့္ သက္ေသမျဖစ္ႏိုင္ေသာ္လည္း ၾကက္ေျခခတ္ျခင္း၊လက္ေဗြႏွိပ္ျခင္း အစရွိသည့္ အမွတ္အသားကို ကိုယ္တိုင္ျပဳလုပ္ပါက စာမတတ္သူတစ္ဦးသည္ မွန္ေၾကာင္း လက္မွတ္ေရးထိုးသည့္ သက္ေသတစ္ဦး ျဖစ္လာႏိုင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
Mingalar Market
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service