ဒေါ်နယ်ထရမ့် သမ္မတရာထူးမှဆင်းချိန်တွင် မုဒိမ်းမှု အပါအဝင် ရင်ဆိုင်ရမည့် အမှု ၆ မှု

ဒေါ်နယ်ထရမ့် သမ္မတရာထူးမှဆင်းချိန်တွင် မုဒိမ်းမှု အပါအဝင် ရင်ဆိုင်ရမည့် အမှု ၆ မှု - Property News in Myanmar from iMyanmarHouse.com
12 Nov 2020 1:18 pm တွင် တင်ခဲ့သည်
2754 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် သာမန်အဘိုးအိုဒေါ်နယ်ထရမ့်ဘဝသို့ ပြန်ရောက်ရန် ၆၉ ရက်သာလိုတော့သည်။ ထရမ့်အနေဖြင့် သမ္မတရာထူးမှဆင်းချိန်တွင် ရင်ဆိုင်ရမည့် အမှုအများအပြားစောင့်ကြိုလျက်ရှိနေသည်။

၁။ မန်ဟက်တန် ဒိစတြိတ် ရှေ့နေရုံးက Trump Organization ၏ ဘဏ္ဍာရေးကိစ္စများစုံစမ်းခြင်း

ဤအမှုတွင် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲကာလအတွင်းထရမ့်၏ အကျိုးဆောင်ဟောင်းတစ်ဦးဖြစ်သောမိုက်ကယ် ကိုဟင်ကထရမ့်နှင့် ဖောက်ပြန်နေသောအမျိုးသမီးတစ်ဦးထံ နှုတ်ပိတ်ခငွေကြေးကြိမ်ဖန်များစွာပေးခဲ့မှုအပေါ် မန်ဟက်တန် ဒိစတြိတ် ရှေ့နေဆိုင်းရပ်စ် ဗန့်စ် ဂျူနီယာ (Cyrus Vance Jr.,) က စစ်ဆေးလျက်ရှိသောအမှုဖြစ်သည်။

၂။ နယူးယောက်ပြည်နယ် ရှေ့နေချုပ်မှ ထရမ့်က သူ၏ ပိုင်ဆိုင်မှုများကိုမည်သို့ တန်ဖိုးဖြတ်ထားသည်ဟူခြင်းကိုစုံစမ်းနေခြင်း။

မိုက်ကယ် ကိုဟင်က ၂၀၁၉ ခုနှစ်အတွင်းအောက်လွှတ်တော် (Congress) တွင် အစစ်ခံထွက်ဆိုခဲ့ရာတွင် ထရမ့်သည် သူ၏ ပိုင်ဆိုင်မှုများကိုမကြာခဏအတိုးအလျှော့ လုပ်လေ့ရှိကြောင်း၊ ဖော့ဘ်မဂ္ဂဇင်းကြီး၏ အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတွင် ပါလိုသောအခါမျိုးတွင် ပိုင်ဆိုင်မှုများကိုများပြားစွာပြလေ့ရှိပြီးအိမ်ခြံမြေခွန် လျှော့ချပေးဆောင်လိုသည့်အခါတွင် ပိုင်ဆိုင်မှုများကိုလျှော့ချဖော်ပြလေ့ရှိကြောင်းထွက်ဆိုထားသည်။

၃။ မေရီလန်းပြည်နယ်နှင့် ဝါရှင်တန်ဒီစီတို့၏ ရှေ့နေချုပ်များကတရားစွဲထားခြင်း

ယခုအမှုမှာ ၂၀၁၇ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁ ၊ အခန်း ၉၊ အပိုဒ် ၈ ပါ ပြဌာန်းချက်မှာ ပြည်ပသြဇာလွှမ်းမှု ကာကွယ်ရန် ရည်ရွယ်ပြဌာန်းထားခြင်းဖြစ်ပြီးအစိုးရအဖွဲ့ဝင်များအနေဖြင့် ပြည်ပအစိုးရများထံမှ ဘွဲ့ထူးဂုဏ်ထူးများ၊ လက်ဆောင်များ၊ အလုပ်အကိုင်များရယူမှု တားမြစ်ထားသည်။ ထရမ့်သည် ဝါရှင်တန်မြို့လယ်ရှိ ၎င်းပိုင်ဆိုင်ထားသောထရမ့်ဟိုတယ်တွင် ပြည်ပအစိုးရအဖွဲ့ဝင်များ၏ တည်းခိုသုံးစွဲမှုများမှတဆင့် အမြတ်အစွန်းရယူနေခြင်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်ကို ချိုးဖောက်နေကြောင်းစွပ်စွဲထားခြင်း ဖြစ်သည်။

၄။ E. Jean Carroll က တရားစွဲထားသောမုဒိမ်းမှု

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီကာလများတွင် E. Jean Carrollအမည်ရှိအမျိုးသမီးကထရမ့်သည် ၁၉၉၀ ပြည့်လွန်ကာလများအတွင်းသူမအားအဓမ္မကျင့်ခဲ့သည်ဆိုကာတရားစွဲလာမှုကိုပယ်ချပေးရန် ထရမ့်ကတောင်းဆိုခဲ့သော်လည်း ပြည်ထောင်စုတရားသူကြီးတစ်ဦးက ငြင်းပယ်ခဲ့သည်။ ထရမ့်က E. Jean Carroll ၏ စွပ်စွဲချက်ကို ငြင်းပယ်ထားပြီး “သူက ကျွန်တော်ကြိုက်တဲ့ပုံစံမျိုးမဟုတ်ပါဘူး” ဟုပြောထားသည်။ အဆိုပါအမှုကို ပြည်ထောင်စုတရားရုံးတွင် ဆက်လက်ကိုင်တွယ်ဆောင်ရွက်နေဆဲ ဖြစ်သည်။

၅။ Summer Zervos ၏ အမှု

ဒေါ်နယ်ထရမ့် စီစဉ်အကောင်အထည်ဖော်သည့် ရုပ်သံအစီအစဉ်ဖြစ်သောThe Apprenticeတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည့် အမျိုးသမီးတစ်ဦးဖြစ်သူZervos က ၂၀၁၇ ခုနှစ်အတွင်းဖြစ်ပျက်ခဲ့သည့်ဖြစ်ရပ်တစ်ခုကို ပြန်လည်တရားစွဲဆိုခဲ့သည်။ The Apprenticeရုပ်သံအစီအစဉ်သည် ပါဝင်ယှဉ်ပြိုင်သူများ၏ စီးပွားရေးကျွမ်းကျင်မှုကိုဒိုင်လူကြီးများကအကဲဖြတ်သည့် ပြိုင်ပွဲအစီအစဉ်ဖြစ်သည်။

The Apprenticeအစီအစဉ်တွင် ဒေါ်နယ်ထရမ့်အပြင် ၎င်း၏ အကြီးဆုံးသားဒေါ်နယ်ထရမ့်ဂျူနီယာ၊ သမီးဖြစ်သူအိုင်ဗန်ကာ (သမ္မတအကြံပေး)နှင့် သားငယ် အဲရစ်ထရမ့်တို့လည်းပါဝင်တင်ဆင်ခဲ့ကြသည်။

လက်ရှိအချိန်ထိ၁၅ ရာသီကျင်းပပြီးစီးခဲ့ပြီဖြစ်ပြီးအစီအစဉ် ထုတ်လုပ်သူမှာထရမ့်နှင့် အက်ရှင်မင်းသားအာနိုးတို့ဖြစ်ကာနေရာမှာနယူးယောက်မြို့ရှိထရမ့်တာဝါတွင် ပြုလုပ်ခြင်းဖြစ်သည်။

Zervos က ၂၀၀၇ ခုနှစ်အတွင်း ပြိုင်ပွဲဝင်စဉ် ထရမ့်က မိမိအားမဖွယ်မရာလုပ်ခဲ့ကြောင်းစွပ်စွဲခဲ့သောထရမ့်က ငြင်းပယ်ခဲ့ကြောင်း၊ ထိုသို့ငြင်းပယ်မှုများမိမိအားအသရေဖျက်ခြင်းဖြစ်ကြောင်းပြောကြားကာတရားစွဲထားသည်။

အဆိုပါအမှုကိုပိတ်သိမ်းစေရန် ၂၀၁၉ နှစ်ကုန်ပိုင်းကထရမ့်ကြိုးပမ်းခဲ့သော်လည်းမအောင်မြင်ခဲ့။

၆။ မေရီထရမ့်၏ တရားစွဲဆိုထားမှု

သမ္မတထရမ့်၏ တူမဖြစ်ပြီး"Too Much and Never Enough: How My Family Created the World's Most Dangerous Man"အမည်ရှိစာအုပ်ကိုရေးသားထားသူမေရီထရမ့်က ပြီးခဲ့သောစက်တင်ဘာလအတွင်းထရမ့်အားတရားစွဲခဲ့သည်။ မေရီထရမ့်၏ တရားစွဲဆိုမှုတွင် ထရမ့်၊ ထရမ့်၏ ညီမနှင့် ကွယ်လွန်သွားသောထရမ့်၏ ညီတို့သည် ထရမ့်၏ ဖခင် ဖရက် စီနီယာထံမှ အမွေများ၏ သူမရသင့်သည့် ပမာဏကိုမသမာမှု လုပ်ခဲ့ကြကြောင်းပြောကြားကာတရားစွဲထားသည်။

အထက်ပါတို့ကားသမ္မတရာထူးမှ ဆင်းချိန်တွင် ထရမ့်ရင်ဆိုင်ရမည့် အမှုများဖြစ်သည်။ သေချာသည့်အချက်မှာသမ္မတနေရာတွင် တာဝန်ယူထားချိန်ထက် ရာထူးမရှိတော့ချိန်တွင် ဥပဒေအကာအကွယ် ထရမ့်အတွက် နည်းပါးသွားမည် ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 6 lawsuits Donald Trump is going to have to deal with when he leaves office (CNN)

[Zawgyi]

ေဒၚနယ္ထရမ့္ သမၼတရာထူးမွဆင္းခ်ိန္တြင္ မုဒိမ္းမႈ အပါအဝင္ ရင္ဆိုင္ရမည့္ အမႈ ၆ မႈ

အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ သာမန္အဘိုးအိုေဒၚနယ္ထရမ့္ဘဝသို႔ ျပန္ေရာက္ရန္ ၆၉ ရက္သာလိုေတာ့သည္။ ထရမ့္အေနျဖင့္ သမၼတရာထူးမွဆင္းခ်ိန္တြင္ ရင္ဆိုင္ရမည့္ အမႈအမ်ားအျပားေစာင့္ၾကိဳလ်က္ရွိေနသည္။

၁။ မန္ဟက္တန္ ဒိစၾတိတ္ ေရွ႕ေနရံုးက Trump Organization ၏ ဘ႑ာေရးကိစၥမ်ားစံုစမ္းျခင္း

ဤအမႈတြင္ ၂၀၁၆ ခုႏွစ္ ေရြးေကာက္ပြဲကာလအတြင္းထရမ့္၏ အက်ဳိးေဆာင္ေဟာင္းတစ္ဦးျဖစ္ေသာမိုက္ကယ္ ကိုဟင္ကထရမ့္ႏွင့္ ေဖာက္ျပန္ေနေသာအမ်ဳိးသမီးတစ္ဦးထံ ႏႈတ္ပိတ္ခေငြေၾကးၾကိမ္ဖန္မ်ားစြာေပးခဲ့မႈအေပၚ မန္ဟက္တန္ ဒိစၾတိတ္ ေရွ႕ေနဆိုင္းရပ္စ္ ဗန္႔စ္ ဂ်ဴနီယာ (Cyrus Vance Jr.,) က စစ္ေဆးလ်က္ရွိေသာအမႈျဖစ္သည္။

၂။ နယူးေယာက္ျပည္နယ္ ေရွ႕ေနခ်ဳပ္မွ ထရမ့္က သူ၏ ပိုင္ဆိုင္မႈမ်ားကိုမည္သုိ႔ တန္ဖိုးျဖတ္ထားသည္ဟူျခင္းကိုစံုစမ္းေနျခင္း။

မိုက္ကယ္ ကိုဟင္က ၂၀၁၉ ခုႏွစ္အတြင္းေအာက္လႊတ္ေတာ္ (Congress) တြင္ အစစ္ခံထြက္ဆိုခဲ့ရာတြင္ ထရမ့္သည္ သူ၏ ပိုင္ဆိုင္မႈမ်ားကိုမၾကာခဏအတိုးအေလွ်ာ့ လုပ္ေလ့ရွိေၾကာင္း၊ ေဖာ့ဘ္မဂၢဇင္းၾကီး၏ အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားစာရင္းတြင္ ပါလိုေသာအခါမ်ဳိးတြင္ ပိုင္ဆိုင္မႈမ်ားကိုမ်ားျပားစြာျပေလ့ရွိျပီးအိမ္ျခံေျမခြန္ ေလွ်ာ့ခ်ေပးေဆာင္လိုသည့္အခါတြင္ ပိုင္ဆိုင္မႈမ်ားကိုေလွ်ာ့ခ်ေဖာ္ျပေလ့ရွိေၾကာင္းထြက္ဆိုထားသည္။

၃။ ေမရီလန္းျပည္နယ္ႏွင့္ ဝါရွင္တန္ဒီစီတို႔၏ ေရွ႕ေနခ်ဳပ္မ်ားကတရားစြဲထားျခင္း

ယခုအမႈမွာ ၂၀၁၇ ခုႏွစ္တြင္ ျဖစ္ေပၚခဲ့ျခင္းျဖစ္သည္။ အေမရိကန္ျပည္ေထာင္စု၊ ဖြဲ႔စည္းပံုအေျခခံဥပေဒပုဒ္မ ၁ ၊ အခန္း ၉၊ အပိုဒ္ ၈ ပါ ျပဌာန္းခ်က္မွာ ျပည္ပၾသဇာလႊမ္းမႈ ကာကြယ္ရန္ ရည္ရြယ္ျပဌာန္းထားျခင္းျဖစ္ျပီးအစိုးရအဖြဲ႔ဝင္မ်ားအေနျဖင့္ ျပည္ပအစိုးရမ်ားထံမွ ဘြဲ႔ထူးဂုဏ္ထူးမ်ား၊ လက္ေဆာင္မ်ား၊ အလုပ္အကိုင္မ်ားရယူမႈ တားျမစ္ထားသည္။ ထရမ့္သည္ ဝါရွင္တန္ျမိဳ႕လယ္ရွိ ၎ပိုင္ဆိုင္ထားေသာထရမ့္ဟိုတယ္တြင္ ျပည္ပအစိုးရအဖြဲ႔ဝင္မ်ား၏ တည္းခိုသံုးစြဲမႈမ်ားမွတဆင့္ အျမတ္အစြန္းရယူေနျခင္းအားျဖင့္ ဖြဲ႔စည္းပံုအေျခခံဥပေဒပါ ျပဌာန္းခ်က္ကို ခ်ဳိးေဖာက္ေနေၾကာင္းစြပ္စြဲထားျခင္း ျဖစ္သည္။

၄။ E. Jean Carroll က တရားစြဲထားေသာမုဒိမ္းမႈ

၂၀၂၀ ေရြးေကာက္ပြဲမတိုင္မီကာလမ်ားတြင္ E. Jean Carrollအမည္ရွိအမ်ဳိးသမီးကထရမ့္သည္ ၁၉၉၀ ျပည့္လြန္ကာလမ်ားအတြင္းသူမအားအဓမၼက်င့္ခဲ့သည္ဆိုကာတရားစြဲလာမႈကိုပယ္ခ်ေပးရန္ ထရမ့္ကေတာင္းဆိုခဲ့ေသာ္လည္း ျပည္ေထာင္စုတရားသူၾကီးတစ္ဦးက ျငင္းပယ္ခဲ့သည္။ ထရမ့္က E. Jean Carroll ၏ စြပ္စြဲခ်က္ကို ျငင္းပယ္ထားျပီး “သူက ကၽြန္ေတာ္ၾကိဳက္တဲ့ပံုစံမ်ဳိးမဟုတ္ပါဘူး” ဟုေျပာထားသည္။ အဆိုပါအမႈကို ျပည္ေထာင္စုတရားရံုးတြင္ ဆက္လက္ကိုင္တြယ္ေဆာင္ရြက္ေနဆဲ ျဖစ္သည္။

၅။ Summer Zervos ၏ အမႈ

ေဒၚနယ္ထရမ့္ စီစဥ္အေကာင္အထည္ေဖာ္သည့္ ရုပ္သံအစီအစဥ္ျဖစ္ေသာThe Apprenticeတြင္ ပါဝင္ယွဥ္ျပိဳင္ခဲ့ဖူးသည့္ အမ်ဳိးသမီးတစ္ဦးျဖစ္သူZervos က ၂၀၁၇ ခုႏွစ္အတြင္းျဖစ္ပ်က္ခဲ့သည့္ျဖစ္ရပ္တစ္ခုကို ျပန္လည္တရားစြဲဆိုခဲ့သည္။ The Apprenticeရုပ္သံအစီအစဥ္သည္ ပါဝင္ယွဥ္ျပိဳင္သူမ်ား၏ စီးပြားေရးကၽြမ္းက်င္မႈကိုဒိုင္လူၾကီးမ်ားကအကဲျဖတ္သည့္ ျပိဳင္ပြဲအစီအစဥ္ျဖစ္သည္။

The Apprenticeအစီအစဥ္တြင္ ေဒၚနယ္ထရမ့္အျပင္ ၎၏ အၾကီးဆံုးသားေဒၚနယ္ထရမ့္ဂ်ဴနီယာ၊ သမီးျဖစ္သူအိုင္ဗန္ကာ (သမၼတအၾကံေပး)ႏွင့္ သားငယ္ အဲရစ္ထရမ့္တို႔လည္းပါဝင္တင္ဆင္ခဲ့ၾကသည္။

လက္ရွိအခ်ိန္ထိ၁၅ ရာသီက်င္းပျပီးစီးခဲ့ျပီျဖစ္ျပီးအစီအစဥ္ ထုတ္လုပ္သူမွာထရမ့္ႏွင့္ အက္ရွင္မင္းသားအာႏိုးတို႔ျဖစ္ကာေနရာမွာနယူးေယာက္ျမိဳ႕ရွိထရမ့္တာဝါတြင္ ျပဳလုပ္ျခင္းျဖစ္သည္။

Zervos က ၂၀၀၇ ခုႏွစ္အတြင္း ျပိဳင္ပြဲဝင္စဥ္ ထရမ့္က မိမိအားမဖြယ္မရာလုပ္ခဲ့ေၾကာင္းစြပ္စြဲခဲ့ေသာထရမ့္က ျငင္းပယ္ခဲ့ေၾကာင္း၊ ထိုသို႔ျငင္းပယ္မႈမ်ားမိမိအားအသေရဖ်က္ျခင္းျဖစ္ေၾကာင္းေျပာၾကားကာတရားစြဲထားသည္။

အဆိုပါအမႈကိုပိတ္သိမ္းေစရန္ ၂၀၁၉ ႏွစ္ကုန္ပိုင္းကထရမ့္ၾကိဳးပမ္းခဲ့ေသာ္လည္းမေအာင္ျမင္ခဲ့။

၆။ ေမရီထရမ့္၏ တရားစြဲဆိုထားမႈ

သမၼတထရမ့္၏ တူမျဖစ္ျပီး"Too Much and Never Enough: How My Family Created the World's Most Dangerous Man"အမည္ရွိစာအုပ္ကိုေရးသားထားသူေမရီထရမ့္က ျပီးခဲ့ေသာစက္တင္ဘာလအတြင္းထရမ့္အားတရားစြဲခဲ့သည္။ ေမရီထရမ့္၏ တရားစြဲဆိုမႈတြင္ ထရမ့္၊ ထရမ့္၏ ညီမႏွင့္ ကြယ္လြန္သြားေသာထရမ့္၏ ညီတို႔သည္ ထရမ့္၏ ဖခင္ ဖရက္ စီနီယာထံမွ အေမြမ်ား၏ သူမရသင့္သည့္ ပမာဏကိုမသမာမႈ လုပ္ခဲ့ၾကေၾကာင္းေျပာၾကားကာတရားစြဲထားသည္။

အထက္ပါတို႔ကားသမၼတရာထူးမွ ဆင္းခ်ိန္တြင္ ထရမ့္ရင္ဆိုင္ရမည့္ အမႈမ်ားျဖစ္သည္။ ေသခ်ာသည့္အခ်က္မွာသမၼတေနရာတြင္ တာဝန္ယူထားခ်ိန္ထက္ ရာထူးမရွိေတာ့ခ်ိန္တြင္ ဥပေဒအကာအကြယ္ ထရမ့္အတြက္ နည္းပါးသြားမည္ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 6 lawsuits Donald Trump is going to have to deal with when he leaves office (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service