တိုက်ခန်းအရောင်းအဝယ်ကိစ္စတစ်ခုအတွက် တံဆိပ်ခေါင်းမလုံလောက်သည့်အရပ်စာချုပ်ဖြင့် ချုပ်ဆိုထားပြီးတစ်ဖက် ဖက်မှ ပျက်ကွက်ခြင်းအတွက် တရားစွဲဆိုမည်ဆိုလျှင် တရားစွဲဆို၍ ရ/မရ။

တိုက်ခန်းအရောင်းအဝယ်ကိစ္စတစ်ခုအတွက် တံဆိပ်ခေါင်းမလုံလောက်သည့်အရပ်စာချုပ်ဖြင့် ချုပ်ဆိုထားပြီးတစ်ဖက် ဖက်မှ ပျက်ကွက်ခြင်းအတွက် တရားစွဲဆိုမည်ဆိုလျှင် တရားစွဲဆို၍ ရ/မရ။ - Property Knowledge in Myanmar from iMyanmarHouse.com
10 Nov 2020 1:57 pm တွင် တင်ခဲ့သည်
912 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

တံဆိပ်ခေါင်းမလုံလောက်သည့်စာချုပ်နဲ့ဆိုရင်တော့ တရားရုံးတော်ကနေတံဆိပ်ခေါင်းဥပဒေပုဒ်မ- ၃၃(၁) အရ သိမ်းချုပ်၍သတင်းပေးပို့ပြီးကော်လိတော်အရာရှိ ပြည်တွင်းအခွန်များဦးစီးဌာနကိုပေးပို့ရပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာနက လိုအပ်တဲ့တံဆိပ်ခေါင်းပေါ်မှာ ဒဏ်ငွေ (၁၀)ဆ တပ်ရိုက်ပြီး တရားရုံးကိုပြန်လည်ပေးပို့ပါသည်။

ထိုသို့ဆောင်ရွက်ပြီးရင်တော့ သက်သေခံတင်သွင်းလို့ရပါပြီ။တံဆိပ်ခေါင်းမလုံလောက်သည့်စာချုပ်သည် တရားစွဲလို့ ရသော်လည်း သက်သေခံဝင်ဖို့အတွက်တော့ အထက်ကအတိုင်းလုပ်မှသာ သက်သေခအဖြစ်လက်ခံခွင့်ရှိမှာဖြစ်ပါသည်။

တစ်ဖက်က ကတိပျက်ကွက်နေတဲ့အတွက် တရားစွဲမယ်ဆိုရင် ကျွန်တော်တို့ ဒီစာချုပ်စာတမ်းတွေနဲ့ ပတ်သက် ပြီး တချို့စတိုးဆိုင်က ဝယ်တဲ့စာချုပ်တွေဖြစ်လို့ တံဆိပ်ခေါင်းပြည့်မပြည့် တော်ရုံတန်ရုံတော့ မသိနိုင်ဘူး။ နှစ်ဦးသဘောတူစာချုပ်ဆိုရင် ၂၀၁၄ ခုနှစ်၊ လေးလပိုင်း၊ တစ်ရက်နေ့ကစပြီး သုံးရာတန် တံဆိပ်ခေါင်း ကပ်ရတယ်။ ဒါပေမဲ့ သုံးရာတန် တံဆိပ်ခေါင်းကပ်ရမယ်ဆိုရင်ပေမဲ့လည်း ဒီဟာကနှစ်ဦးသဘောတူစာချုပ်တွေမှာ သိန်းတစ်ထောင်ငါးရာနဲ့ဝယ်တဲ့စာချုပ်တွေက တံဆိပ်ခေါင်းက တစ်ရာပဲကပ်ထားတယ်။ အဲဒါကြောင့်မို့ တရားရုံးကတရားသူကြီးက သိမ်းချုပ်ပြီးတော့ အခွန်ဦးစီးဌာနကို ပို့လိုက်တယ်။ ပို့လိုက်တဲ့အခါကျတော့ အများနားလည်ထားတာက သုံးရာတန်တံဆိပ်ခေါင်းဆိုရင်လုံလောက်တယ်ဆိုတော့ အခုက တစ်ရာထဲ ဆိုတော့လည်း နှစ်ရာလိုတယ်ပေါ့။ နှစ်ရာဆိုတော့ ဒဏ်ငွေက နှစ်ထောင်။ ဒဏ်ကြေးငွေက နှစ်ထောင်ဆိုရင် သက်သေခံတင်ပြလို့ရပြီးလို့ထင်တာ။

ဒါပေမဲ့ မြို့နယ်အခွန်ဦးစီးဌာနက ဦးစီးမှူးထံမှ တိုင်းအခွန်ဦးစီးမှူးသို့ လှမ်းတင်ပြလိုက်တဲ့အခါမှာ တိုက်ခန်းတန်ဖိုး သိန်းတစ်ထောင်ငါးရာမှာ ၄ ရာခိုင်နှုန်းတံဆိပ်ခေါင်းထမ်းဆောင်ရမယ်၊ တံဆိပ်ခေါင်းက သိန်းခြောက်ဆယ်ကပ်ရမည်ဖြစ်ပါသည်။ အဲ့တော့ ဒဏ်ကြေးက ဆယ်ဆဆိုတော့ သိန်းခြောက်ရာ၊စုစုပေါင်းသိန်းခြောက်ရာခြောက်ဆယ်ကပ်မှသာစာချုပ်ကို တရားရုံးပြန်ပို့ပြီးတော့မှ သက်သေခံတင်သွင်းလို့ရပါတယ်။

အမှုသည်က သိန်းသုံးရာသုံးဆယ်တောင် ကပ်ရမယ်ဆိုတဲ့အခါမှာ မကပ်နိုင်တဲ့ အခက်အခဲတွေ တွေ့တယ်။ အများစုက နှစ်ဦးသဘောတူတိုက်ခန်းစာချုပ်တွေမှာ ၆၀၀ တန်တံဆိပ်ခေါင်း၊ သုံးရာတန်တံဆိပ်ခေါင်းစသည်ဖြင့် ကပ်ဖို့လိုအပ်နေတယ်လို့ထင်တယ်။ တံဆိပ်ခေါင်းဥပဒေပုဒ်မ ၃၃(၁)၊ ၃၈ (၁) စသည်တို့အရတိုက်ခန်းတွေရဲ့ ဝယ်ရင်းတန်ဖိုးပေါ်မှာ ၄ ရာခိုင်းနှုန်း တံဆိပ်ခေါင်း ထမ်းရမှာဖြစ်ပါသည်။

တိုက်ခန်းများသည် မှတ်ပုံတင်ခြင်း၊ အမည်ပေါက်ဆောင်ရွက်ခြင်း ပြုလုပ်၍မရသည့်အတွက် အများစုကဝယ်ခွန် ၆ ရာခိုင်နှုန်း၊ တံဆိပ်ခေါင်းခွန် ၄ရာခိုင်နှုန်းကိုပေးဆောင်ခြင်းမရှိဘဲပုံသေတံဆိပ်ခေါင်းခွန်သာပေးဆောင်ကျတာဖြစ်ပါသည်။ အကယ်၍အလွဲမရှောင်သာတရားစွဲဆိုရသည့်ကိစ္စရှိမှသာထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်၏ (၁၀)ဆကိုဒဏ်ကြေးပေးဆောင် တရားစွဲဆိုကျတာဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]













 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service