လက်သန့်ဆေးရည် (Hand Sanitizer) သုံးမယ်ဆိုရင် သတိထား

လက်သန့်ဆေးရည် (Hand Sanitizer) သုံးမယ်ဆိုရင် သတိထား - Property Knowledge in Myanmar from iMyanmarHouse.com
10 Nov 2020 1:04 pm တွင် တင်ခဲ့သည်
4078 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ရနံ့ခပ်သင်းသင်းနဲ့ ဘူးလှလှလေးတွေနဲ့ အလွယ်တကူသယ်ဆောင်လို့ရတဲ့ လက်သန့်ဆေးရည် (Hand Sanitizer) တွေဟာ ဒီကနေ့ခေတ်မှာ လူသုံးများကြပါတယ်။ အလျှင်အမြန် ခြောက်သွေ့လွယ်တယ်၊ လက်ကို သန့်စင်စေတယ်၊ ရောဂါပိုးတွေကို သေစေနိုင်တယ်စတဲ့ အကျိုးကျေးဇူးတွေကြောင့်လည်း လူကြိုက်များကြတာဖြစ်ပါတယ်။

လက်သန့်ဆေးရည်ဆိုတာ ဘာလဲ?

လက်သန့်ဆေးရည် (Hand Sanitizer) တွေကို ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ နယ်ပယ်တွေမှာ အသုံးပြုဖို့ တီထွင်ခဲ့တာဖြစ်ပါတယ်။ ဆေးရုံလိုနေရာမျိုးတွေမှာ တာဝန်ထမ်းဆောင်နေသူတွေ၊ ဒါမှမဟုတ် လူနာတွေနဲ့ လူနာစောင့်တွေအနေနဲ့ လက်မှာကပ်ညိလာနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို ကင်းစင်အောင် ဖယ်ရှားဖို့ ရည်ရွယ်ချက်နဲ့ပါ။ ဆရာဝန်တွေနဲ့ သူနာပြုဝန်ထမ်းတွေဟာ နေ့စဉ်လူနာတွေကို ကိုင်တွယ်ထိတွေ့နေရတာမို့ အသုံးတည့်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ လက်ကို ဆပ်ပြာ၊ ရေသန့်တွေနဲ့ ဆေးကျောသန့်စင်ဖို့ အချိန်နည်းပါးတာမို့ ဒီနည်းလမ်းဟာ ထိရောက်ပြီး မြန်ဆန်တဲ့နည်းလမ်းတစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။

လက်သန့်ဆေးရည်တွေက ဘယ်လို သန့်စင်ပေးသလဲ

ဆပ်ပြာနဲ့ ရေသန့်ကို အသုံးပြုပြီး လက်ကို သန့်စင်တာကအရေပြားမှာ ကပ်ညိနေတဲ့ ပိုးမွှားတွေကို သေစေနိုင်သလို ထိရောက်စွာလည်း ဖယ်ရှားပေးနိုင်ပါတယ်။ လက်သန့်ဆေးရည်တွေကတော့ အရေပြားမှာ ကပ်ညိနေပြီး ပိုးမွှားတွေကို သတ်ဖြတ်တာဖြစ်ပါတယ်။ အယ်လ်ကိုဟော ၆၀% ပါဝင်တဲ့ လက်သန့်ဆေးရည်တွေဟာ သုံးစွဲဖို့အသင့်တော်ဆုံးဖြစ်ပြီး ရောဂါပိုးမွှားတွေကို သေစေနိုင်ပါတယ်။ ဒါပေမယ့် ပြဿနာကတော့ အရေပြားပေါ်မှာ အယ်လ်ကိုဟော ပမာဏ အများအပြား ကျန်ရှိနေနိုင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် ဘေးထွက်ဆိုးကျိုးအနေနဲ့ အကြိမ်များများသုံးလေလေ အရေပြားရဲ့ အပေါ်ယံ သဘာဝအလွှာတွေကို ထိခိုက်လေလေဖြစ်နိုင်ပါတယ်။

သတိထားသင့်တဲ့အချက်တွေ

အမေရိကန်အခြေစိုက် ရောဂါထိမ်းချုပ်ရေးဗဟိုဌာန (CDC) ရဲ့အဆိုအရ လက်ကို ဆပ်ပြာ၊ ရေသန့်တို့နဲ့ ဆေးကျောတာဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒါတွေမရနိုင်တဲ့ အခြေအနေမျိုးတွေမှာ လက်သန့်ဆေးရည်တွေကို သုံးနိုင်ပါတယ်တဲ့။ အနည်းဆုံး အယ်လ်ကိုဟော ပမာဏ ၆၀% – ၉၅% ကြားပါဝင်တဲ့ လက်သန့်ဆေးရည်တွေကို အသုံးပြုဖို့ CDC က သတိပေးထားပါတယ်။ လက်သန့်ဆေးရည်တွေဟာ အကျိုးရှိသလို သုံးစွဲရာမှာ သတိထားသင့်တဲ့အချက်တွေလည်း ရှိနေပါတယ်။

အဲဒါတွေကတော့ …

ရောဂါပိုးတွေကို သေစေနိုင်တယ် – အယ်လ်ကိုဟောကို အခြေပြုဖန်တီးထားတဲ့ လက်သန့်စင်ဆေးရည်တွေဟာ သေးငယ်လှတဲ့ မိုက်ခရိုဘက်တီးရီးယားလေးတွေကအစ အမျိုးမျိုးသော ရောဂါပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဆပ်ပြာနဲ့ ရေသန့်က လက်သန့်ဆေးရည်ထက်ပိုပြီး ကောင်းမွန်ရတဲ့အကြောင်းအရင်းကတော့ လူကို အကျိုးပြုနိုင်တဲ့ ပိုးမွှားတွေကို မထိခိုက်စေလို့ဖြစ်ပါတယ်။ လက်သန့်ဆေးရည်ကတော့ ပိုးမွှားအားလုံးကို ဖယ်ရှားပစ်နိုင်ပါတယ်။

အဆီတွေကို မဖယ်ရှားနိုင်ဘူး – လက်သန့်ဆေးရည်တွေဟာ ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ပေမယ့် အဆီတွေနဲ့ ညစ်ပေနေတာတွေကိုတော့ မဖယ်ရှားပေးနိုင်ပါဘူး။ ဥပမာ မုန့်တို့ မြေကြီးတို့ ပေကျံနေတာတွေကို မဖယ်ရှားနိုင်ပါဘူး။

ဓာတုဗေဒပစ္စည်းတွေကိုလည်း မဖယ်ရှားနိုင်ဘူး – လက်သန့်ဆေးရည်တွေဟာ အန္တရာယ်ရှိတဲ့ ဓာတုဗေဒပစ္စည်းအမျိုးအစား တော်တော်များများကိုလည်း မဖယ်ရှားပေးနိုင်ပါဘူး။ အထူးသဖြင့် ပိုးသတ်ဆေးတို့ ကြွက်သတ်ဆေးတို့လို လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆေးဝါးတွေကို လက်သန့်ဆေးရည်နဲ့ သန့်စင်လို့မရနိုင်ပါဘူး။

ကလေးတွေကို ပေးမသုံးပါနဲ့ – CDC ရဲ့ သတိပေးချက်တွေအရ လက်သန့်ဆေးရည်တွေကို ကလေးတွေနဲ့ ဝေးရာမှာ ထားတာဟာ အကောင်းဆုံးလို့ဆိုပါတယ်။ ကလေးငယ်တွေရဲ့ အရေပြားဟာ အလွန်နူးညံ့တာမို့ လက်သန့်ဆေးရည်တွေကြောင့် ထိခိုက်နိုင်ချေပိုမြင့်ပါတယ်။ ဓာတ်မတည့်မှုဖြစ်ရင်လည်း ကလေးတွေဟာ ပိုထိခိုက်နိုင်တာကြောင့်ဖြစ်ပါတယ်။

ပါးစပ်ထဲ မထည့်မိပါစေနဲ့ – အယ်လ်ကိုဟောကို အခြေပြုထုတ်လုပ်ထားတဲ့ လက်သန့်ဆေးရည်တွေဟာ မျိုမချမိအောင် သတိထားဖို့လည်း လိုအပ်ပါတယ်။ ဒီဆေးရည်တွေကို ပါးစပ်အပြည့်နဲ့ တိုက်ရိုက် မျိုချမိရင် အယ်လ်ကိုဟောအဆိပ်သင့်နိုင်တာကြောင့်ပါ။

ဘေးထွက်ဆိုးကျိုးများ

လက်သန့်ဆေးရည်တွေဟာ သင့်ရဲ့လက်ကို ထိခိုက်နာကျင်စေမှာမဟုတ်ပါဘူး။ ရောဂါပိုးမွှားတွေကိုလည်း ထိထိရောက်ရောက် သေစေနိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဘေးထွက်ဆိုးကျိုးတွေရှိနေပါတယ်။ အဲဒါတွေကတော့ …

အရေပြား ခြောက်သွေ့တာ – အယ်လ်ကိုဟော ပမာဏအများအပြားပါဝင်တဲ့ လက်သန့်ဆေးရည်တွေမှာ Isopropyl ၊ Ethanol နဲ့ N-propanol တို့လည်းပါဝင်ပါတယ်။ ဒီအရာတွေဟာ အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပြီးတော့ လက်မှာရှိနေတဲ့ သဘာဝအဆီနဲ့ အက်ဆစ်အလွှာတွေကို ဖယ်ရှားပစ်တာမျိုး၊ ဆဲလ်စ်တွေကို ရေဓာတ်ခန်းခြောက်စေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ တစ်ချို့သူတွေကို အရေပြားရောင်ယမ်းတာမျိုးဖြစ်စေနိုင်ပါတယ်။

အိုမင်းရင့်ရော်မှုကို ပိုမိုမြန်ဆန်စေတာ – လက်သန့်စင်ဆေးရည်တွေကြောင့် အရေပြားကို ပိုမို အိုမင်းရင့်ရော်စေနိုင်ပါတယ်။ အရေးကြောင်းထတာမျိုး အသားမာတက်တာမျိုး၊ အရေပြားအက်ကွဲတာမျိုး၊ အရေပြားကွာကျတာမျိုးတွေလည်း ဖြစ်စေနိုင်ပါတယ်။

အရေပြားကို ပျက်ဆီးစေတာ – သိပ္ပံနည်းကျ လေ့လာချက်တွေအရ လက်သန့်ဆေးရည်တွေမှာပါဝင်တဲ့ အယ်လ်ကိုဟောဓာတ်ဟာ အရေပြားပေါ်က ဆဲလ်စ်လေးတွေကို ထိခိုက်ပျက်ယွင်းစေနိုင်ပါတယ်။

ပဋိဇီဝဆေး မတိုးတာ – အမေရိကန်အခြေစိုက် ရောဂါထိမ်းချုပ်ရေးဗဟိုဌာနရဲ့ သတိပေးချက်တွေအရ လက်သန့်ဆေးရည်တွေဟာ အရေပြားကို ပဋိဇီဝဆေး မတိုးတဲ့ ဘေးထွက်ဆိုးကျိုးမျိုး ကြုံရနိုင်ချေရှိတယ်လို့ ဆိုထားပါတယ်။

ကိုယ်ခံအားစနစ်ကို အားနည်းစေတာ – ယျေဘုယျအားဖြင့် လက်သန့်ဆေးရည်တွေကို အသုံးပြုရင် ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တာမို့ ဖျားနာနိုင်ချေနည်းပါးသွားလိမ့်မယ်လို့ လူတော်တော်များများက ယူဆကြပါတယ်။ ဒီအချက်ဟာ မှန်ပေမယ့် တစ်ဖက်မှာလည်း လက်သန့်ဆေးရည်က အရေပြားကို အလွန်အကျွံသန့်စင်ပစ်လိုက်တာမို့ ကိုယ်ခံအားစနစ်ကိုပါ အားနည်းသွားစေလေ့ရှိတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

လက္သန္႔ေဆးရည္ (Hand Sanitizer) သုံးမယ္ဆိုရင္ သတိထား

ရနံ႔ခပ္သင္းသင္းနဲ႔ ဘူးလွလွေလးေတြနဲ႔ အလြယ္တကူသယ္ေဆာင္လို႔ရတဲ့ လက္သန္႔ေဆးရည္ (Hand Sanitizer) ေတြဟာ ဒီကေန႔ေခတ္မွာ လူသုံးမ်ားၾကပါတယ္။ အလွ်င္အျမန္ ေျခာက္ေသြ႕လြယ္တယ္၊ လက္ကို သန္႔စင္ေစတယ္၊ ေရာဂါပိုးေတြကို ေသေစႏိုင္တယ္စတဲ့ အက်ိဳးေက်းဇူးေတြေၾကာင့္လည္း လူႀကိဳက္မ်ားၾကတာျဖစ္ပါတယ္။

လက္သန္႔ေဆးရည္ဆိုတာ ဘာလဲ?

လက္သန္႔ေဆးရည္ (Hand Sanitizer) ေတြကို က်န္းမာေရးနဲ႔သက္ဆိုင္တဲ့ နယ္ပယ္ေတြမွာ အသုံးျပဳဖို႔ တီထြင္ခဲ့တာျဖစ္ပါတယ္။ ေဆး႐ုံလိုေနရာမ်ိဳးေတြမွာ တာဝန္ထမ္းေဆာင္ေနသူေတြ၊ ဒါမွမဟုတ္ လူနာေတြနဲ႔ လူနာေစာင့္ေတြအေနနဲ႔ လက္မွာကပ္ညိလာႏိုင္တဲ့ ဘက္တီးရီးယားေတြနဲ႔ ဗိုင္းရပ္စ္ေတြကို ကင္းစင္ေအာင္ ဖယ္႐ွားဖို႔ ရည္႐ြယ္ခ်က္နဲ႔ပါ။ ဆရာဝန္ေတြနဲ႔ သူနာျပဳဝန္ထမ္းေတြဟာ ေန႔စဥ္လူနာေတြကို ကိုင္တြယ္ထိေတြ႕ေနရတာမို႔ အသုံးတည့္တဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။ သူတို႔ေတြအေနနဲ႔ လက္ကို ဆပ္ျပာ၊ ေရသန္႔ေတြနဲ႔ ေဆးေက်ာသန္႔စင္ဖို႔ အခ်ိန္နည္းပါးတာမို႔ ဒီနည္းလမ္းဟာ ထိေရာက္ၿပီး ျမန္ဆန္တဲ့နည္းလမ္းတစ္ရပ္လည္း ျဖစ္ခဲ့ပါတယ္။

လက္သန္႔ေဆးရည္ေတြက ဘယ္လို သန္႔စင္ေပးသလဲ

ဆပ္ျပာနဲ႔ ေရသန္႔ကို အသုံးျပဳၿပီး လက္ကို သန္႔စင္တာကအေရျပားမွာ ကပ္ညိေနတဲ့ ပိုးမႊားေတြကို ေသေစႏိုင္သလို ထိေရာက္စြာလည္း ဖယ္႐ွားေပးႏိုင္ပါတယ္။ လက္သန္႔ေဆးရည္ေတြကေတာ့ အေရျပားမွာ ကပ္ညိေနၿပီး ပိုးမႊားေတြကို သတ္ျဖတ္တာျဖစ္ပါတယ္။ အယ္လ္ကိုေဟာ ၆၀% ပါဝင္တဲ့ လက္သန္႔ေဆးရည္ေတြဟာ သုံးစြဲဖို႔အသင့္ေတာ္ဆုံးျဖစ္ၿပီး ေရာဂါပိုးမႊားေတြကို ေသေစႏိုင္ပါတယ္။ ဒါေပမယ့္ ျပႆနာကေတာ့ အေရျပားေပၚမွာ အယ္လ္ကိုေဟာ ပမာဏ အမ်ားအျပား က်န္႐ွိေနႏိုင္တာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ အႀကိမ္မ်ားမ်ားသုံးေလေလ အေရျပားရဲ႕ အေပၚယံ သဘာဝအလႊာေတြကို ထိခိုက္ေလေလျဖစ္ႏိုင္ပါတယ္။

သတိထားသင့္တဲ့အခ်က္ေတြ

အေမရိကန္အေျခစိုက္ ေရာဂါထိမ္းခ်ဳပ္ေရးဗဟိုဌာန (CDC) ရဲ႕အဆိုအရ လက္ကို ဆပ္ျပာ၊ ေရသန္႔တို႔နဲ႔ ေဆးေက်ာတာဟာ အေကာင္းဆုံးလို႔ ဆိုပါတယ္။ ဒါေပမယ့္ ဒါေတြမရႏိုင္တဲ့ အေျခအေနမ်ိဳးေတြမွာ လက္သန္႔ေဆးရည္ေတြကို သုံးႏိုင္ပါတယ္တဲ့။ အနည္းဆုံး အယ္လ္ကိုေဟာ ပမာဏ ၆၀% – ၉၅% ၾကားပါဝင္တဲ့ လက္သန္႔ေဆးရည္ေတြကို အသုံးျပဳဖို႔ CDC က သတိေပးထားပါတယ္။ လက္သန္႔ေဆးရည္ေတြဟာ အက်ိဳး႐ွိသလို သုံးစြဲရာမွာ သတိထားသင့္တဲ့အခ်က္ေတြလည္း ႐ွိေနပါတယ္။

အဲဒါေတြကေတာ့ …

ေရာဂါပိုးေတြကို ေသေစႏိုင္တယ္ – အယ္လ္ကိုေဟာကို အေျချပဳဖန္တီးထားတဲ့ လက္သန္႔စင္ေဆးရည္ေတြဟာ ေသးငယ္လွတဲ့ မိုက္ခ႐ိုဘက္တီးရီးယားေလးေတြကအစ အမ်ိဳးမ်ိဳးေသာ ေရာဂါပိုးမႊားေတြကို ဖယ္႐ွားေပးႏိုင္ပါတယ္။ ဆပ္ျပာနဲ႔ ေရသန္႔က လက္သန္႔ေဆးရည္ထက္ပိုၿပီး ေကာင္းမြန္ရတဲ့အေၾကာင္းအရင္းကေတာ့ လူကို အက်ိဳးျပဳႏိုင္တဲ့ ပိုးမႊားေတြကို မထိခိုက္ေစလို႔ျဖစ္ပါတယ္။ လက္သန္႔ေဆးရည္ကေတာ့ ပိုးမႊားအားလုံးကို ဖယ္႐ွားပစ္ႏိုင္ပါတယ္။

အဆီေတြကို မဖယ္႐ွားႏိုင္ဘူး – လက္သန္႔ေဆးရည္ေတြဟာ ပိုးမႊားေတြကို ဖယ္႐ွားေပးႏိုင္ေပမယ့္ အဆီေတြနဲ႔ ညစ္ေပေနတာေတြကိုေတာ့ မဖယ္႐ွားေပးႏိုင္ပါဘူး။ ဥပမာ မုန္႔တို႔ ေျမႀကီးတို႔ ေပက်ံေနတာေတြကို မဖယ္႐ွားႏိုင္ပါဘူး။

ဓာတုေဗဒပစၥည္းေတြကိုလည္း မဖယ္႐ွားႏိုင္ဘူး – လက္သန္႔ေဆးရည္ေတြဟာ အႏၲရာယ္႐ွိတဲ့ ဓာတုေဗဒပစၥည္းအမ်ိဳးအစား ေတာ္ေတာ္မ်ားမ်ားကိုလည္း မဖယ္႐ွားေပးႏိုင္ပါဘူး။ အထူးသျဖင့္ ပိုးသတ္ေဆးတို႔ ႂကြက္သတ္ေဆးတို႔လို လူကို အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ ေဆးဝါးေတြကို လက္သန္႔ေဆးရည္နဲ႔ သန္႔စင္လို႔မရႏိုင္ပါဘူး။

ကေလးေတြကို ေပးမသုံးပါနဲ႔ – CDC ရဲ႕ သတိေပးခ်က္ေတြအရ လက္သန္႔ေဆးရည္ေတြကို ကေလးေတြနဲ႔ ေဝးရာမွာ ထားတာဟာ အေကာင္းဆုံးလို႔ဆိုပါတယ္။ ကေလးငယ္ေတြရဲ႕ အေရျပားဟာ အလြန္ႏူးညံ့တာမို႔ လက္သန္႔ေဆးရည္ေတြေၾကာင့္ ထိခိုက္ႏိုင္ေခ်ပိုျမင့္ပါတယ္။ ဓာတ္မတည့္မႈျဖစ္ရင္လည္း ကေလးေတြဟာ ပိုထိခိုက္ႏိုင္တာေၾကာင့္ျဖစ္ပါတယ္။

ပါးစပ္ထဲ မထည့္မိပါေစနဲ႔ – အယ္လ္ကိုေဟာကို အေျချပဳထုတ္လုပ္ထားတဲ့ လက္သန္႔ေဆးရည္ေတြဟာ မ်ိဳမခ်မိေအာင္ သတိထားဖို႔လည္း လိုအပ္ပါတယ္။ ဒီေဆးရည္ေတြကို ပါးစပ္အျပည့္နဲ႔ တိုက္႐ိုက္ မ်ိဳခ်မိရင္ အယ္လ္ကိုေဟာအဆိပ္သင့္ႏိုင္တာေၾကာင့္ပါ။

ေဘးထြက္ဆိုးက်ိဳးမ်ား

လက္သန္႔ေဆးရည္ေတြဟာ သင့္ရဲ႕လက္ကို ထိခိုက္နာက်င္ေစမွာမဟုတ္ပါဘူး။ ေရာဂါပိုးမႊားေတြကိုလည္း ထိထိေရာက္ေရာက္ ေသေစႏိုင္ပါတယ္။ ဒါေပမယ့္ တစ္ဖက္မွာလည္း ေဘးထြက္ဆိုးက်ိဳးေတြ႐ွိေနပါတယ္။ အဲဒါေတြကေတာ့ …

အေရျပား ေျခာက္ေသြ႕တာ – အယ္လ္ကိုေဟာ ပမာဏအမ်ားအျပားပါဝင္တဲ့ လက္သန္႔ေဆးရည္ေတြမွာ Isopropyl ၊ Ethanol နဲ႔ N-propanol တို႔လည္းပါဝင္ပါတယ္။ ဒီအရာေတြဟာ အေရျပားကို စပ္ဖ်ဥ္းဖ်ဥ္းျဖစ္ေစႏိုင္ၿပီးေတာ့ လက္မွာ႐ွိေနတဲ့ သဘာဝအဆီနဲ႔ အက္ဆစ္အလႊာေတြကို ဖယ္႐ွားပစ္တာမ်ိဳး၊ ဆဲလ္စ္ေတြကို ေရဓာတ္ခန္းေျခာက္ေစတာမ်ိဳးေတြ ျဖစ္ေစႏိုင္ပါတယ္။ တစ္ခ်ိဳ႕သူေတြကို အေရျပားေရာင္ယမ္းတာမ်ိဳးျဖစ္ေစႏိုင္ပါတယ္။

အိုမင္းရင့္ေရာ္မႈကို ပိုမိုျမန္ဆန္ေစတာ – လက္သန္႔စင္ေဆးရည္ေတြေၾကာင့္ အေရျပားကို ပိုမို အိုမင္းရင့္ေရာ္ေစႏိုင္ပါတယ္။ အေရးေၾကာင္းထတာမ်ိဳး အသားမာတက္တာမ်ိဳး၊ အေရျပားအက္ကြဲတာမ်ိဳး၊ အေရျပားကြာက်တာမ်ိဳးေတြလည္း ျဖစ္ေစႏိုင္ပါတယ္။

အေရျပားကို ပ်က္ဆီးေစတာ – သိပၸံနည္းက် ေလ့လာခ်က္ေတြအရ လက္သန္႔ေဆးရည္ေတြမွာပါဝင္တဲ့ အယ္လ္ကိုေဟာဓာတ္ဟာ အေရျပားေပၚက ဆဲလ္စ္ေလးေတြကို ထိခိုက္ပ်က္ယြင္းေစႏိုင္ပါတယ္။

ပဋိဇီဝေဆး မတိုးတာ – အေမရိကန္အေျခစိုက္ ေရာဂါထိမ္းခ်ဳပ္ေရးဗဟိုဌာနရဲ႕ သတိေပးခ်က္ေတြအရ လက္သန္႔ေဆးရည္ေတြဟာ အေရျပားကို ပဋိဇီဝေဆး မတိုးတဲ့ ေဘးထြက္ဆိုးက်ိဳးမ်ိဳး ၾကဳံရႏိုင္ေခ်႐ွိတယ္လို႔ ဆိုထားပါတယ္။

ကိုယ္ခံအားစနစ္ကို အားနည္းေစတာ – ေယ်ဘုယ်အားျဖင့္ လက္သန္႔ေဆးရည္ေတြကို အသုံးျပဳရင္ ဘက္တီးရီးယားပိုးမႊားေတြကို ေသေစႏိုင္တာမို႔ ဖ်ားနာႏိုင္ေခ်နည္းပါးသြားလိမ့္မယ္လို႔ လူေတာ္ေတာ္မ်ားမ်ားက ယူဆၾကပါတယ္။ ဒီအခ်က္ဟာ မွန္ေပမယ့္ တစ္ဖက္မွာလည္း လက္သန္႔ေဆးရည္က အေရျပားကို အလြန္အကြၽံသန္႔စင္ပစ္လိုက္တာမို႔ ကိုယ္ခံအားစနစ္ကိုပါ အားနည္းသြားေစေလ့႐ွိတယ္လို႔ ေလ့လာခ်က္ေတြက ဆိုထားပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service