သြစတေးလျတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသန်း ၃၀ စတင်ထုတ်လုပ်ပြီ

သြစတေးလျတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသန်း ၃၀ စတင်ထုတ်လုပ်ပြီ - Property News in Myanmar from iMyanmarHouse.com
10 Nov 2020 12:33 pm တွင် တင်ခဲ့သည်
1555 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သြစတေးလျနိုင်ငံ ၊ မဲလ်ဘုန်းမြို့ရှိဓာတ်ခွဲခန်းတစ်ခုတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုးကိုအလုံးရေသန်း ၃၀ ထုတ်လုပ်မှု စတင်လိုက်ပြီ ဖြစ်သည်။

ဇီဝနည်းပညာကုမ္ပဏီဖြစ်သောCSL က ကာကွယ်ဆေးကို ကြိုတင်ထုတ်လုပ်နေခြင်းဖြစ်ပြီးအဆင့် ၃ စမ်းသပ်မှု အောင်မြင်ပြီဆိုသည်နှင့် ဈေးကွက်သို့ ဖြန့်ချိရန် အသင့်ရှိနေမည် ဖြစ်သည်။

CSL က စတင်ထုတ်လုပ်သည့် ကာကွယ်ဆေးသည် အောက်စ်ဖို့ဒ်တက္ကသိုလ်ကဖော်ထုတ်ခဲ့သည့် AstraZeneca COVID-19ကာကွယ်ဆေးဖြစ်ပြီးအဆိုပါဆေးသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ကမ္ဘာပေါ်တွင် အလားအလာအကောင်းဆုံးဆေးအဖြစ် ရှုမြင်ခြင်းခံထားရသည်။

လုပ်ထုံးလုပ်နည်းလိုအပ်ချက်များကျော်ဖြတ်ပြီးပါကလာမည့်နှစ် ပထမနှစ်ဝက်တ်ွ အဆိုပါကာကွယ်ဆေးရရှိနိုင်တော့မည်ဟုမျှော်လင့်ရသည်။

အဆင့် ၃ စမ်းသပ်မှုများ၏ ရလဒ်များမှာဒီဇင်ဘာလမကုန်မီရရှိမည်ဟုမျှော်မှန်းထားသည်။

နိုဝင်ဘာ ၉ ရက်မှ စတင်ပြီးကာကွယ်ဆေးသန်း ၃၀ ထုတ်လုပ်မည်ကာရက်ပေါင်း ၅၀ ခန့် ကြာမြင့်နိုင်ကြောင်း Sydney Morning Herald သတင်းတစ်ရပ်တွင် ဖော်ပြသည်။

“ကျွန်တော်တို့ဟာကာကွယ်ဆေးကို ကြိုတင်ထုတ်လုပ်နေပါပြီ။ လက်တွေ့စမ်းသပ်မှုတွေက ကျွန်တော်တို့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာမည်ဆိုရင် ကာကွယ်ဆေးအသင့်ရှိတာကြောင့် ကမ္ဘာ့ပြည်သူတွေကို ဖြန့်ဖြူးပေးသွားနိုင်မှာ ဖြစ်ပါတယ်” ဟုCSL ၏ သိပ္ပံပညာအကြီးအကဲအင်ဒရူးနက်ရှ်က ပြောသည်။

ကာကွယ်ဆေးကိုအရည်နိုက်ထရိုဂျင်တွင် အေးခဲထားပြီးနောက် ပြန်လည်နွေးထွေးစေကာဇီဝဓာတ်ပြုစက်တွင် ထည့်သွင်းပြီးဇီဝဖြိုခွဲမှု လုပ်ဆောင်မည်ဖြစ်သည်။ ယင်းနောက် ကာကွယ်ဆေးကိုသန့်စင်ကာပဋိပစ္စည်း (သို့မဟုတ်) ကာကွယ်ဆေးသာကျန်နေရစ်စေပြီးဆေးထိုးရန် အသင့်ရရှိမည် ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးကို သြစတေးလျ ဆေးဝါးကုထုံးပစ္စည်းများကွပ်ကဲရေး၏ အတည်ပြုချက် ရယူရဦးမည် ဖြစ်သည်။

CSLသည် ယခုကာကွယ်ဆေးသန်း ၃၀ ထုတ်လုပ်ရန်အတွက် သြစတေးလျအစိုးရ၊ AstraZenecaကုမ္ပဏီတို့နှင့် သီးခြားသဘောတူညီချက်များရယူထားသည်။

CSLသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၂ မျိုးထုတ်လုပ်နေရာအောက်စ်ဖို့တက္ကသိုလ်၏ AstraZenecaကာကွယ်ဆေးနှင့် ကွင်းစလန်တက္ကသိုလ် (University of Queensland) မှ ဖော်ထုတ်သည့် ကာကွယ်ဆေးတို့ ဖြစ်ကြသည်။

ကမ္ဘာတစ်ဝန်းတွင် စမ်းသပ်နေသောCOVID-19ကာကွယ်ဆေးပေါင်း ၁၅၀ ဝန်းကျင်ရှိပြီး ၄၀ ခန့်မှာလူသားတို့နှင့် စမ်းသပ်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

AstraZeneca COVID-19ကာကွယ်ဆေးစမ်းသပ်မှု အောင်မြင်ပါကကာကွယ်ဆေးထိုးမည့်သူများသည် ၂ ကြိမ် ထိုးနှံရမည် ဖြစ်သည်။

သြစတေးလျအစိုးရကကြေညာခဲ့ရာတွင် အခြားသောအလားအလာရှိသည့် COVID-19ကာကွယ်ဆေး ၂ မျိုးအတွက် အလုံးရေသန်း ၅၀ မှာယူထားကြောင်းကြေညာသည်။

သြစတေးလျအစိုးရသည် ဆေးဝါးကုမ္ပဏီကြီးများဖြစ်သောNovavax၊ Pfizerတို့နှင့် သဘောတူစာချုပ်များ ချုပ်ဆိုထားပြီးစာချုပ်တန်ကြေးမှာဒေါ်လာ ၁ ဒသမ ၅ ဘီလီယံမှ ၃ ဒသမ ၅ ဘီလီယံကြားရှိသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Melbourne lab to start producing 30 million doses of promising coronavirus vaccine today (9news,xinhua)

 

[Zawgyi]

ၾသစေတးလ်တြင္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးသန္း ၃၀ စတင္ထုတ္လုပ္ျပီ

ၾသစေတးလ်ႏိုင္ငံ ၊ မဲလ္ဘုန္းျမိဳ႕ရွိဓာတ္ခြဲခန္းတစ္ခုတြင္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးတစ္မ်ဳိးကိုအလံုးေရသန္း ၃၀ ထုတ္လုပ္မႈ စတင္လိုက္ျပီ ျဖစ္သည္။

ဇီဝနည္းပညာကုမၸဏီျဖစ္ေသာCSL က ကာကြယ္ေဆးကို ၾကိဳတင္ထုတ္လုပ္ေနျခင္းျဖစ္ျပီးအဆင့္ ၃ စမ္းသပ္မႈ ေအာင္ျမင္ျပီဆိုသည္ႏွင့္ ေစ်းကြက္သို႔ ျဖန္႔ခ်ိရန္ အသင့္ရွိေနမည္ ျဖစ္သည္။

CSL က စတင္ထုတ္လုပ္သည့္ ကာကြယ္ေဆးသည္ ေအာက္စ္ဖို႔ဒ္တကၠသိုလ္ကေဖာ္ထုတ္ခဲ့သည့္ AstraZeneca COVID-19ကာကြယ္ေဆးျဖစ္ျပီးအဆိုပါေဆးသည္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ ကမၻာေပၚတြင္ အလားအလာအေကာင္းဆံုးေဆးအျဖစ္ ရႈျမင္ျခင္းခံထားရသည္။

လုပ္ထံုးလုပ္နည္းလိုအပ္ခ်က္မ်ားေက်ာ္ျဖတ္ျပီးပါကလာမည့္ႏွစ္ ပထမႏွစ္ဝက္တြ္ အဆိုပါကာကြယ္ေဆးရရွိႏိုင္ေတာ့မည္ဟုေမွ်ာ္လင့္ရသည္။

အဆင့္ ၃ စမ္းသပ္မႈမ်ား၏ ရလဒ္မ်ားမွာဒီဇင္ဘာလမကုန္မီရရွိမည္ဟုေမွ်ာ္မွန္းထားသည္။

ႏိုဝင္ဘာ ၉ ရက္မွ စတင္ျပီးကာကြယ္ေဆးသန္း ၃၀ ထုတ္လုပ္မည္ကာရက္ေပါင္း ၅၀ ခန္႔ ၾကာျမင့္ႏိုင္ေၾကာင္း Sydney Morning Herald သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

“ကၽြန္ေတာ္တို႔ဟာကာကြယ္ေဆးကို ၾကိဳတင္ထုတ္လုပ္ေနပါျပီ။ လက္ေတြ႔စမ္းသပ္မႈေတြက ကၽြန္ေတာ္တို႔ ေမွ်ာ္လင့္ထားတဲ့အတိုင္း ျဖစ္လာမည္ဆိုရင္ ကာကြယ္ေဆးအသင့္ရွိတာေၾကာင့္ ကမၻာ့ျပည္သူေတြကို ျဖန္႔ျဖဴးေပးသြားႏိုင္မွာ ျဖစ္ပါတယ္” ဟုCSL ၏ သိပၸံပညာအၾကီးအကဲအင္ဒရူးနက္ရွ္က ေျပာသည္။

ကာကြယ္ေဆးကိုအရည္ႏိုက္ထရိုဂ်င္တြင္ ေအးခဲထားျပီးေနာက္ ျပန္လည္ေႏြးေထြးေစကာဇီဝဓာတ္ျပဳစက္တြင္ ထည့္သြင္းျပီးဇီဝျဖိဳခြဲမႈ လုပ္ေဆာင္မည္ျဖစ္သည္။ ယင္းေနာက္ ကာကြယ္ေဆးကိုသန္႔စင္ကာပဋိပစၥည္း (သို႔မဟုတ္) ကာကြယ္ေဆးသာက်န္ေနရစ္ေစျပီးေဆးထုိးရန္ အသင့္ရရွိမည္ ျဖစ္သည္။

အဆိုပါ ကာကြယ္ေဆးကို ၾသစေတးလ် ေဆးဝါးကုထံုးပစၥည္းမ်ားကြပ္ကဲေရး၏ အတည္ျပဳခ်က္ ရယူရဦးမည္ ျဖစ္သည္။

CSLသည္ ယခုကာကြယ္ေဆးသန္း ၃၀ ထုတ္လုပ္ရန္အတြက္ ၾသစေတးလ်အစိုးရ၊ AstraZenecaကုမၸဏီတို႔ႏွင့္ သီးျခားသေဘာတူညီခ်က္မ်ားရယူထားသည္။

CSLသည္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ၂ မ်ဳိးထုတ္လုပ္ေနရာေအာက္စ္ဖို႔တကၠသိုလ္၏ AstraZenecaကာကြယ္ေဆးႏွင့္ ကြင္းစလန္တကၠသုိလ္ (University of Queensland) မွ ေဖာ္ထုတ္သည့္ ကာကြယ္ေဆးတို႔ ျဖစ္ၾကသည္။

ကမၻာတစ္ဝန္းတြင္ စမ္းသပ္ေနေသာCOVID-19ကာကြယ္ေဆးေပါင္း ၁၅၀ ဝန္းက်င္ရွိျပီး ၄၀ ခန္႔မွာလူသားတုိ႔ႏွင့္ စမ္းသပ္သည့္ အဆင့္သို႔ ေရာက္ရွိေနျပီ ျဖစ္သည္။

AstraZeneca COVID-19ကာကြယ္ေဆးစမ္းသပ္မႈ ေအာင္ျမင္ပါကကာကြယ္ေဆးထိုးမည့္သူမ်ားသည္ ၂ ၾကိမ္ ထိုးႏံွရမည္ ျဖစ္သည္။

ၾသစေတးလ်အစိုးရကေၾကညာခဲ့ရာတြင္ အျခားေသာအလားအလာရွိသည့္ COVID-19ကာကြယ္ေဆး ၂ မ်ဳိးအတြက္ အလံုးေရသန္း ၅၀ မွာယူထားေၾကာင္းေၾကညာသည္။

ၾသစေတးလ်အစိုးရသည္ ေဆးဝါးကုမၸဏီၾကီးမ်ားျဖစ္ေသာNovavax၊ Pfizerတို႔ႏွင့္ သေဘာတူစာခ်ဳပ္မ်ား ခ်ဳပ္ဆိုထားျပီးစာခ်ဳပ္တန္ေၾကးမွာေဒၚလာ ၁ ဒသမ ၅ ဘီလီယံမွ ၃ ဒသမ ၅ ဘီလီယံၾကားရွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Melbourne lab to start producing 30 million doses of promising coronavirus vaccine today (9news,xinhua)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service