ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
မြေနုကျွန်းနဲ့ပတ်သက်ပြီး တည်ဆဲဥပဒေတွေရဲ့ ဥပဒေအကာအကွယ်တွေက ဘာတွေလဲ ဆိုတာကတော့ နည်းနည်းကျယ်ပြန့်ပါသည်။ မြေနုကျွန်းပိုင်ဆိုင်ခွင့် အခွင့်အရေးက နယ်နိမိတ်ခွဲခြားခြင်းပေါ် မူတည်ပါသည်။ မြေနုကျွန်းများပေါ်ပေါက်လာပါက မည်သည့်မြို့နယ် ခရိုင်၏ နယ်နိမိတ်အတွင်းဖြစ်သည်၊ မည်သူများမှ မြေနုကျွန်း လုပ်ပိုင်ခွင့်ရရှိမည် ဆိုသည့်ကိစ္စများနဲ့ ပတ်သက်ပြီး ကိုလိုနီ ခေတ်ကတည်းက အငြင်းပွါးမှုများ ရှိခဲ့ပါတယ်။
၁၉၆၃ ခုနှစ်၊ သီးစားချထားရေးနည်းဥပဒေ ပေါ်ထွက်လာသည့်အခါ ယခင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များပြောင်းလဲသွားပါသည်။သီးစားချထားရေးနည်းဥပဒေ ၁၀၅၊ ၁၀၆၊ ၁၁၂ တို့အရအောက်ပါအတိုင်းသတ်မှတ်ပါသည်။
(၁) ရေနက်စီးကြောင်းဖြင့် နယ်နိမိတ် ခွဲခြား စီရင်ပိုင်ခွင့်အစား မြေနုကျွန်းပေါ်နှင့် အနီးဆုံး ကျေးရွာသို့ လုပ်ပိုင်ခွင့် ချပေးသည့်တဲ့ မူ ဖြစ်သွားပါသည်။ရွာစည်းရိုးနှင့် အနီးဆုံးကျေးရွာကိုပေးသည်။
(၂) ယခင်က နယ်နမိတ်ခွဲခြားမှုအရ မြေနုကျွန်းပေါ်သည် တစ်ဘက်စီရင်ခွင့် အုပ်ချုပ်ရေးနယ်သို့ ရောက်ရှိသွားလင့်ကစား ပေါ်လာသောကျွန်းသည် ယခင် မိမိတို့ လုပ်ကိုင်ခဲ့သော ကျွန်းဟောင်းဖြစ်သည်ဟု သိသာထင်ရှားက မနှစ်က စီမံခန့်ခွဲခွင့်ရှိသောကျေးရွာမှ ဆက်လက် စိမံခန့်ခွဲရမည်..ဟူသည့် မူလလုပ်ကိုင်သူများ ဆက်လုပ်ခွင့် ရှိသည်ဆိုသော မူသည် ၁၉၆၃ခုနှစ်၊ သီးစားချထားရေးနည်းဥပဒေပုဒ်မ-၁၆ အရ ယခင် လုပ်ကိုင်ခဲ့ရသည်ဟူသော အချက်ကို မူ မတည်တော့ဘဲ တစ်နှစ်တစ်ရာသီသာ လုပ်ကိုင်ခွင့်ရတော့သည်။ မှတ်ပုံတင်ကြေးပေးဆောင်ရန်မလိုဘဲမြေခွန်ုသာပေးဆောင်ရသည်။
(၃) ယခင်က သူကြီးနှင့် သမာဓိများမှ ချထားစေသည့်မူမှ အစိုးရကိုယ်စား ရပ်ကွက်/ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့များနှင့်ညှိနှိုင်း၍ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့အတည်ပြုချက်ဖြင့် သတ်မှတ် သည်။
(၄) ယခင်က ကျွန်းအား စီမံခန့်ခွဲခွင့်ရှိသော ကျေးရွာမှ ၎င်းတို့ ကျေးရွာသားများသို့သာ ခွဲဝေချထားစေသော်လည်း သီးစားချထားနည်းဥပဒေက အနီးစပ်ဆုံးရွာရှိ သတ်မှတ်ချက် ကိုက်ညီသူများအား ကုန်းပေါ်လုပ်ကိုင်သည့် သာမန်တောင်သူတစ်ဦး အကျိုးအမြတ် ရသလောက်သာ ရစေမည့် မြေပမာဏကိုသာ မြေနုတွင် ခွဲဝေ၍ ပိုလျှံပါက ကျွန်းနှင့် အနီးဆုံးကျေးရွာများမှ အရည်အချင်းသတ်မှတ်ချက် ကိုက်ညီသူများကို ထပ်မံခွဲဝေ ပေးရသည်။ အခြားရွာမှ သူများကိုပါ ခွဲဝေပေးရသည့်စနစ် ပေါ်လာသည်။ (၅) ယခင် ကျေးရွာသားများကို ခွဲဝေပေးရာ၌ ကျေးရွာအတွင်း နေထိုင်မှုကိုသာ အဓိက ထားသော်လည်း ယခုမူတွင် ကျေးရွာတွင်း နေရုံမျှမက လယ်ယာမြေရှိသူများ၊ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း မပြုသူများ၊ ချမ်းသာသူများကို ချန်လှပ်၍ မြေယာမဲ့များ၊ သူရင်းငှားများ၊ လယ်ယာလုပ်သားများကို ရွေးချယ်ချထားရသည်။
အဲဒါက ဥပဒေပါ အခွင့်အရေးတွေပါ။ ပြဌာန်းချက်တွေပါ။ ပေါ်လာသည့် မြေနုကျွန်းသည် မည်သည့်နယ်အတွင်း ကျရောက်၍ မည်သည့်ကျေးရွာမှ လုပ်ပိုင်ခွင့်ရမည်၊ ယင်း ကျေးရွာအတွင်းမှ စီးပွါးရေး စစ်တမ်းအရ မည်သူများ လုပ်ပိုင်ခွင့်ရမည်၊ လုပ်ပိုင်ခွင့်သည် တစ်နှစ်တစ်ရာသီအတွက်သာဖြစ်သည်၊ မိမိတို့ သဘောဖြင့် ဝင်လုပ်ခွင့်မရှိ။ ချထားခြင်း မပြုသေးဘဲ လက်ဦးမှုရယူဝင်လုပ်၍ လက်ရှိလက်ငုတ်ဟု အခွင့်အရေး တောင်းခြင်း ကို အသိအမှတ်မပြု၊ ဆိုင်ရာမြေယာကော်မတီ၏ ချထားမှုအရသာ အကွက်ရိုက် မဲနှိုက် စနစ်ဖြင့် လုပ်ပိုင်ခွင့် ရစေရမည်.. စသည့် အဓိအချက်များဖြင့် မြေနုကိစ္စရပ်တွေကို ၁၉၆၃ခုနှစ် နောက်ပိုင်း စီမံကွပ်ကဲပါသည်။
သို့သော် မြေနုဆိုတာ အကျိုးအမြတ်များသည့်အတွက် လောဘ ဖက်တတ်ပါတယ်။ မြေနုကျွန်း ချထားရေးမူများကို တောင်သူများရော၊ အာဏာပိုင်များပါ စနစ်တကျ လိုက်နာမှုမရှိသည့်အတွက် ပြဿနာ ဖြစ်လေ့ရှိပါတယ်။ ပြဿနာကြီးထွားနိုင်သည့် နေရာများတွင် ဗဟိုကျွန်းများအဖြစ် သတ်မှတ်ပြီး သက်ဆိုင်ရာ ခရိုင်/ မြို့နယ်အာဏာပိုင်များ ပါဝင်သည့် ဗဟိုကျွန်း အုပ်ချုပ်ရေးအဖွဲများဖြင့် စီမံချထားရမှုများရှိခဲ့ပါသည်။
ယခုခေတ်ကာလတွင် မြေနုကျွန်းကိုကျေးရွာခြင်းလုခြင်း၊ ခရိုင်ခြင်းလုခြင်းစသည်ဖြင့် အငြင်းပွားမှု များဖြစ်ပွားသည့်အခါ ပြည်နယ်/တိုင်းလယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ၏ အဆုံးအဖြတ်ခံယူရပါသည်။ ထိုအခါ အချိန်ကြန့်ကြာခြင်းများကြောင့် တရားမဝင်ဝင်ရောက်လုပ်ကိုင်ခြင်းများ၊ ရိုက်မှု၊ လုမှုများဖြစ်ပွားပြီးတရားစွဲဆိုခံရခြင်းများ ဖြစ်ပွားလျက်ရှိပါကြောင်းဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ေျမႏုကၽြန္းလုပ္ပိုင္ခြင့္ကိုမည္သို႔သတ္မွတ္ၿပီးဥပေဒအရ မည္သို႔ဆံုးျဖတ္သလဲ။
ေျမႏုကၽြန္းနဲ႔ပတ္သက္ျပီး တည္ဆဲဥပေဒေတြရဲ႕ ဥပေဒအကာအကြယ္ေတြက ဘာေတြလဲ ဆိုတာကေတာ့ နည္းနည္းက်ယ္ျပန္႔ပါသည္။ ေျမႏုကၽြန္းပိုင္ဆိုင္ခြင့္ အခြင့္အေရးက နယ္နိမိတ္ခြဲျခားျခင္းေပၚ မူတည္ပါသည္။ ေျမႏုကၽြန္းမ်ားေပၚေပါက္လာပါက မည္သည့္ၿမိဳ႕နယ္ ခရိုင္၏ နယ္နိမိတ္အတြင္းျဖစ္သည္၊ မည္သူမ်ားမွ ေျမႏုကၽြန္း လုပ္ပိုင္ခြင့္ရရွိမည္ ဆိုသည့္ကိစၥမ်ားနဲ႔ ပတ္သက္ၿပီး ကိုလိုနီ ေခတ္ကတည္းက အျငင္းပြါးမႈမ်ား ရွိခဲ့ပါတယ္။
၁၉၆၃ ခုႏွစ္၊ သီးစားခ်ထားေရးနည္းဥပေဒ ေပၚထြက္လာသည့္အခါ ယခင္ေဆာင္ရြက္ခဲ့သည့္ လုပ္ငန္းစဥ္မ်ားေျပာင္းလဲသြားပါသည္။သီးစားခ်ထားေရးနည္းဥပေဒ ၁၀၅၊ ၁၀၆၊ ၁၁၂ တို႔အရေအာက္ပါအတုိင္းသတ္မွတ္ပါသည္။
(၁) ေရနက္စီးေၾကာင္းျဖင့္ နယ္နိမိတ္ ခြဲျခား စီရင္ပိုင္ခြင့္အစား ေျမႏုကၽြန္းေပၚႏွင့္ အနီးဆံုး ေက်းရြာသို႔ လုပ္ပိုင္ခြင့္ ခ်ေပးသည့္တဲ့ မူ ျဖစ္သြားပါသည္။ရြာစည္းရိုးႏွင့္ အနီးဆံုးေက်းရြာကိုေပးသည္။
(၂) ယခင္က နယ္နမိတ္ခြဲျခားမႈအရ ေျမႏုကၽြန္းေပၚသည္ တစ္ဘက္စီရင္ခြင့္ အုပ္ခ်ဳပ္ေရးနယ္သို႔ ေရာက္ရွိသြားလင့္ကစား ေပၚလာေသာကၽြန္းသည္ ယခင္ မိမိတို႔ လုပ္ကိုင္ခဲ့ေသာ ကၽြန္းေဟာင္းျဖစ္သည္ဟု သိသာထင္ရွားက မႏွစ္က စီမံခန္႔ခြဲခြင့္ရွိေသာေက်းရြာမွ ဆက္လက္ စိမံခန္႔ခြဲရမည္..ဟူသည့္ မူလလုပ္ကိုင္သူမ်ား ဆက္လုပ္ခြင့္ ရွိသည္ဆိုေသာ မူသည္ ၁၉၆၃ခုႏွစ္၊ သီးစားခ်ထားေရးနည္းဥပေဒပုဒ္မ-၁၆ အရ ယခင္ လုပ္ကိုင္ခဲ့ရသည္ဟူေသာ အခ်က္ကို မူ မတည္ေတာ့ဘဲ တစ္ႏွစ္တစ္ရာသီသာ လုပ္ကိုင္ခြင့္ရေတာ့သည္။ မွတ္ပံုတင္ေၾကးေပးေဆာင္ရန္မလိုဘဲေျမခြန္ုသာေပးေဆာင္ရသည္။
(၃) ယခင္က သူႀကီးႏွင့္ သမာဓိမ်ားမွ ခ်ထားေစသည့္မူမွ အစိုးရကိုယ္စား ရပ္ကြက္/ေက်းရြာအုပ္စုလယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႔မ်ားႏွင့္ညွိႏႈိင္း၍ခရုိင္လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႔အတည္ျပဳခ်က္ျဖင့္ သတ္မွတ္ သည္။
(၄) ယခင္က ကၽြန္းအား စီမံခန္႔ခြဲခြင့္ရွိေသာ ေက်းရြာမွ ၄င္းတို႔ ေက်းရြာသားမ်ားသို႔သာ ခြဲေ၀ခ်ထားေစေသာ္လည္း သီးစားခ်ထားနည္းဥပေဒက အနီးစပ္ဆံုးရြာရွိ သတ္မွတ္ခ်က္ ကိုက္ညီသူမ်ားအား ကုန္းေပၚလုပ္ကိုင္သည့္ သာမန္ေတာင္သူတစ္ဦး အက်ိဳးအျမတ္ ရသေလာက္သာ ရေစမည့္ ေျမပမာဏကိုသာ ေျမႏုတြင္ ခြဲေ၀၍ ပိုလွ်ံပါက ကၽြန္းႏွင့္ အနီးဆံုးေက်းရြာမ်ားမွ အရည္အခ်င္းသတ္မွတ္ခ်က္ ကိုက္ညီသူမ်ားကို ထပ္မံခြဲေ၀ ေပးရသည္။ အျခားရြာမွ သူမ်ားကိုပါ ခြဲေ၀ေပးရသည့္စနစ္ ေပၚလာသည္။ (၅) ယခင္ ေက်းရြာသားမ်ားကို ခြဲေ၀ေပးရာ၌ ေက်းရြာအတြင္း ေနထိုင္မႈကိုသာ အဓိက ထားေသာ္လည္း ယခုမူတြင္ ေက်းရြာတြင္း ေနရံုမွ်မက လယ္ယာေျမရွိသူမ်ား၊ လယ္ယာလုပ္ငန္းျဖင့္ အသက္ေမြး၀မ္းေက်ာင္း မျပဳသူမ်ား၊ ခ်မ္းသာသူမ်ားကို ခ်န္လွပ္၍ ေျမယာမဲ့မ်ား၊ သူရင္းငွားမ်ား၊ လယ္ယာလုပ္သားမ်ားကို ေရြးခ်ယ္ခ်ထားရသည္။
အဲဒါက ဥပေဒပါ အခြင့္အေရးေတြပါ။ ျပဌာန္းခ်က္ေတြပါ။ ေပၚလာသည့္ ေျမႏုကၽြန္းသည္ မည္သည့္နယ္အတြင္း က်ေရာက္၍ မည္သည့္ေက်းရြာမွ လုပ္ပိုင္ခြင့္ရမည္၊ ယင္း ေက်းရြာအတြင္းမွ စီးပြါးေရး စစ္တမ္းအရ မည္သူမ်ား လုပ္ပိုင္ခြင့္ရမည္၊ လုပ္ပိုင္ခြင့္သည္ တစ္နွစ္တစ္ရာသီအတြက္သာျဖစ္သည္၊ မိမိတို႔ သေဘာျဖင့္ ၀င္လုပ္ခြင့္မရွိ။ ခ်ထားျခင္း မျပဳေသးဘဲ လက္ဦးမႈရယူ၀င္လုပ္၍ လက္ရွိလက္ငုတ္ဟု အခြင့္အေရး ေတာင္းျခင္း ကို အသိအမွတ္မျပဳ၊ ဆိုင္ရာေျမယာေကာ္မတီ၏ ခ်ထားမႈအရသာ အကြက္ရိုက္ မဲႏိႈက္ စနစ္ျဖင့္ လုပ္ပိုင္ခြင့္ ရေစရမည္.. စသည့္ အဓိအခ်က္မ်ားျဖင့္ ေျမႏုကိစၥရပ္ေတြကို ၁၉၆၃ခုႏွစ္ ေနာက္ပိုင္း စီမံကြပ္ကဲပါသည္။
သို႔ေသာ္ ေျမႏုဆိုတာ အက်ိဳးအျမတ္မ်ားသည့္အတြက္ ေလာဘ ဖက္တတ္ပါတယ္။ ေျမႏုကၽြန္း ခ်ထားေရးမူမ်ားကို ေတာင္သူမ်ားေရာ၊ အာဏာပိုင္မ်ားပါ စနစ္တက် လိုက္နာမႈမရွိသည့္အတြက္ ျပႆနာ ျဖစ္ေလ့ရွိပါတယ္။ ျပႆနာႀကီးထြားႏိုင္သည့္ ေနရာမ်ားတြင္ ဗဟိုကၽြန္းမ်ားအျဖစ္ သတ္မွတ္ၿပီး သက္ဆိုင္ရာ ခရိုင္/ ၿမိဳ႕နယ္အာဏာပိုင္မ်ား ပါ၀င္သည့္ ဗဟိုကၽြန္း အုပ္ခ်ဳပ္ေရးအဖြဲမ်ားျဖင့္ စီမံခ်ထားရမႈမ်ားရွိခဲ့ပါသည္။
ယခုေခတ္ကာလတြင္ ေျမႏုကၽြန္းကိုေက်းရြာျခင္းလုျခင္း၊ ခရိုင္ျခင္းလုျခင္းစသည္ျဖင့္ အျငင္းပြားမႈ မ်ားျဖစ္ပြားသည့္အခါ ျပည္နယ္/တိုင္းလယ္ယာေျမစီမံခန္႔ခြဲေရးေကာ္မတီ၏ အဆံုးအျဖတ္ခံယူရပါသည္။ ထိုအခါ အခ်ိန္ၾကန္႔ၾကာျခင္းမ်ားေၾကာင့္ တရားမဝင္ဝင္ေရာက္လုပ္ကိုင္ျခင္းမ်ား၊ ရိုက္မႈ၊ လုမႈမ်ားျဖစ္ပြားၿပီးတရားစြဲဆိုခံရျခင္းမ်ား ျဖစ္ပြားလ်က္ရွိပါေၾကာင္းဥပေဒဗဟုသုတရရွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
iMyanmarHouse.com ၏ ဥပေဒအၾကံေပး ပညာ႐ွင္အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com