ဟိန္ဒူဘာသာဝင်များ၏ အမွေဆက်ခံခြင်းအကြောင်း
ဟိန္ဒူဘာသာဝင်များ၏ အမွေဆက်ခံခြင်းအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
7 Nov 2020 12:50 pm တွင် တင်ခဲ့သည်
4133 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
မြန်မာဓလေ့ထုံးတမ်းဥပဒေနဲ့ ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေနဲ့က ကွဲပြားခြားနားပါသည်။ မြန်မာနိုင်ငံ တရားဥပဒေများအက်ဥပဒေ ပုဒ်မ-၁၃(၁) အရ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ အမွေ ဆက်ခံရေး၊ ထိမ်မြားလက်ထပ်ရေး၊ မျိုးနွယ်ရေး၊ ဘာသာရေးတွေ အားလုံးကို ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေအရပဲ အဆုံးအဖြတ်ပြုရမှာ ဖြစ်ပါသည်။
ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေသည် ပူးတွဲပိုင်ဆိုင်တဲ့ မိသားစုပုံစံကို အခြေခံ ထားပါတယ်။ မည်သို့ဆိုလျှင် အမွေရှင်ရဲ့ သား၊ သူ့သားရဲ့သား၊ မြေး ဆိုပြီး အဲ့လိုပုံစံမျိုးဖြင့် အမွေရှင်ရဲ့ အမွေ ကို သွေးတူသူတွေက ဆက်ခံတာဖြစ်ပါသည်။
မျိုးဆက်အစီအစဉ်များ - ယေဘုယျအားဖြင့်ယောက်ျားနှင့်ပတ်သက်၍ အမွေဆက်ခံရေးတွင် လိုက်နာအပ်သော နည်းဥပဒေများသည် မိန်းမများအတွက် လိုက်နာရသည် နည်းဥပဒေများနှင့်မတူပါ။ ဟိန္ဒူ ဓလေ့ထုံးတမ်းဥပဒေအရ အမွေဆက်ခံရေးတွင် မိတက်ရှရဂိုဏ်းအယူအဆနှင့် ဒေယျာဘာဂဂိုဏ်း အယူအဆ တို့ မတူချေ။
မိတက်ရှရဂိုဏ်းအရ ယောက်ျားများအတွက် ပူးတွဲထားသော ပစ္စည်းများကို ကျန်ရစ်သူကရရှိမည်။ သီးခြားပစ္စည်းအတွက်ကိုမူ အမွေဆက်ခံရေး မျိုးဆက်အစီအစဉ်နှင့်အညီ ပြဋ္ဌာန်းထားသောစနစ်အရ လိုက်နာ ရသည်။
ဒေယျဘာဂဂိုဏ်း၏အယူအဆမှာ အမွေဆက်ခံမှုအခွင့်အရေးသည် သဂြိုလ်သည့် အခမ်းအနားအား ပြုခွင့်နှင့် အမျှအတန်း ပေးဝေနိုင်ခွင့်ရှိသည့်အပေါ်တွင် အကြောင်းပြထားသည်။ ဤအခွင့်အရေးကို သုံး၍ လိုအပ်သည့် အခမ်းအနားနှင့် ရိုးရာထုံးစံများကို ဆောင်ရွက်နိုင်သူများသည် အမွေဆက်ခံနိုင်ခွင့် ရှိကြသည်။ ဤအခွင့် အရေးသည် သေသူ အောက်မျိုးဆက် (၃) ဆက်အထိ စုန်သွားနိုင်သည်။ အကယ်၍ အောက်သို့ မစုန်နိုင်လျှင် အထက်သို့ မျိုးဆက် (၃) ဆက်ထိ ဆန်တက်နိုင်သည်။
မိတက်ရှရဂိုဏ်း၏အယူအဆမှာ အမွေဆက်ခံရန် လိုအပ်သော အင်္ဂါရပ်သည် မျိုးဆက်နည်းခြင်းနှင့် ယောက်ျားဖြစ်ရခြင်းကိုသာ အကြောင်းပြုထားသည်။ မိန်းမများ၌ ကန့်သတ်ထားသော အခွင့်အရေးရှိ၍ အမွေ ဆက်ခံပိုင်ခွင့်မှာ သမီးများ၊ အမေများနှင့် မုဆိုးမများသာ ရပိုင်ခွင့်ရှိသည်။ သို့ရာတွင် သေသူ၏ယောက်ျား ဆွေမျိုးများ၏ အခွင့်အရေးနှင်စာသော် များစွာနိမ့်ကျလေသည်။
မိတက်ရှရနှင့် ဒေယျဘာဂ(၂) ဂိုဏ်းစလုံးတွင် ရှေ့တန်းအကျဆုံး အမွေဆက်ခံပိုင်ခွင့်ရှိသူများ အထဲ တွင် သားများ၊ မြေးများနှင့် မြစ်များဟု အသိအမှတ်ပြုသည်။ ဒုတိယအခြေအနေအဖြစ် မုဆိုးမသည် အခွင့် အရေးရှိသည်။
ရှေးက ဟိန္ဒူဇတ်ပျက်သွားလျှင် အမွေဆက်ခံပိုင်ခွင့် ဆုံးရှုံးသွားသည်။ သို့ရာတွင် ယခုအခါ၌ The Hindu Inheritance ( Removal Of Disabilities ) Act နှင့် The Hindu Law Of Inheritance Amendment Act များအရ အမွေဆက်ခံမှု ဆုံးရှုံးခြင်းကို ကာကွယ်ပေးထားပါသည်။
သားသမီးတွေက မိဘတွေနောက်မှာ ကွယ်လွန်ရင်တော့ သေတဲ့သူတွေရဲ့ သားသမီးမြေး၊ မြစ်တွေက အမွေဆက်ခံခွင့်ရမယ်။ ဒါပေမဲ့ မိဘတွေအရင် ကွယ်လွန်ရင်တော့ ကိုယ်စားပြုဆက်ခံနိုင်ခွင့် မရှိတဲ့ အတွက်ကြောင့် အမွေမရနိုင်ပါဘူး။ နောက်တစ်ခါ ဟိန္ဒူတွေရဲ့ ဓလေ့ထုံးတမ်းက သား၊ သားရဲ့ သား ဆိုတဲ့အတိုင်းပဲ သားယောက်ျားလေးဖြစ်တဲ့ အစ်ကို ရှိနေလျှင် သမီးမိန်းကလေးဖြစ်တဲ့ ညီမဖြစ်တဲ့သူက အမွေ ရခွင့်ရှိမည်မဟုတ်ကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
MIngalardon Garden City
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service