''မြေချပါမစ်နဲ့ ချပေးထားတဲ့ လယ်ယာမြေကို နိုင်ငံတော်အစိုးရက ပြန်လည်သိမ်းနိုင်ပါသလား''

''မြေချပါမစ်နဲ့ ချပေးထားတဲ့ လယ်ယာမြေကို နိုင်ငံတော်အစိုးရက ပြန်လည်သိမ်းနိုင်ပါသလား'' - Property Knowledge in Myanmar from iMyanmarHouse.com
7 Nov 2020 12:02 pm တွင် တင်ခဲ့သည်
763 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

''မြေချပါမစ်နဲ့ ချပေးထားတဲ့ လယ်ယာမြေကို နိုင်ငံတော်အစိုးရက ပြန်လည်သိမ်းနိုင်ပါသလားဆရာ’'

မိတ်ဆွေစီးပွားရေးသမားတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးခြင်း ဖြစ်သည်။

''ပြန်သိမ်းမယ်လို့ သတင်းကြားလို့လား''

''ဒါနဲ့ မိတ်ဆွေကြီးလည်း စိတ် လှုပ်ရှားစိုးရိမ်သွားတယ်ပေါ့'' ''ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော် အဆောက်အအုံနဲ့ မြေကွက်တွေကို လုပ်ငန်းလုပ်ကိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ရယူထားပြီး အမှန်တကယ်လုပ်ကိုင် ခြင်းမရှိတဲ့ မြေကွက်နဲ့ အဆောက် အအုံတွေကို နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းယူဖို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းတယ်လို့ ကြားသိရလို့ပါ''

''ဆိုပါတော့ ဆရာရယ်။ အမှန် တကယ် ပြန်လည်သိမ်းခဲ့ရင် ကျွန်တော်တို့ ဝယ်ထားတဲ့ သူတွေဘယ်လို အခွင့်အရေးရနိုင်ပါသလဲ။ ဥပဒေ အရ အခွင့်အရေးရှိ မရှိ သိချင်လို့ပါ''

အခုထိတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ဆုံးဖြတ်အတည်ပြုတာတော့ မရှိသေးပါဘူး။ ဆွေးနွေးဆဲပဲဖြစ်ပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ “နိုင်ငံတော်ရှိမြေအားလုံး၊ မြေပေါ်မြေအောက် ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်သည် နိုင်ငံတော်ဖြစ်သည်”လို့ ပြဋ္ဌာန်းထားတယ်။ ဒါကြောင့် မည်သည့်အချိန်မဆိုပင် ရင်းပိုင်ရှင်ဖြစ်တဲ့ နိုင်ငံတော်က ပြန်လည်သိမ်းယူခွင့်ရှိပါတယ် ''ဒါဆို ပြန်လည်သိမ်းယူနိုင် တယ်ပေါ့နော်''

''ဒါပေမယ့် ဥပဒေနဲ့အညီ ဆောင်ရွက်မှာဖြစ်တဲ့အတွက် စိုးရိမ်ရမယ့်ကိစ္စတော့ မဟုတ်ပါဘူး။ မိတ် ဆွေကြီးဝယ်ထားတယ်ဆိုတဲ့ လယ်ယာမြေတွေက ဘယ်မှာလဲ၊ ဘယ်လို အထောက်အထားရရှိထားပါသလဲ''

''ရှင်းရှင်းပြောရရင်တော့ လှိုင်သာယာမြို့နယ်ထဲမှာရှိတဲ့ လယ်ယာမြေတွေပါဆရာ။ လယ်ယာမြေတွေကို နိုင်ငံတော်ကသိမ်းပြီး အကွက် ရိုက်ရောင်းချကာ မြေချပါမစ်ထုတ် ပေးတဲ့အထိ ဆောင်ရွက်ပေးတာဖြစ်တယ်''

''သက်ဆိုင်ရာ အဖွဲ့အစည်းက လယ်ယာမြေကို အခြားနည်းအသုံး ပြုခွင့်ပေးနိုင်ကြောင်း လယ်ယာမြေ ဥပဒေမှာ ပြဋ္ဌာန်းထားတာရှိတယ်။ လူအများသိနေတဲ့ ပုံစံ ၃ဝ (က)(ခ) ပေါ့ဗျာ။ အဲဒီကနေ ပုံစံ ၁၅ ခွင့်ပြုချက်ထုတ်ပေးပြီး အဲဒီအဆင့်ကနေ မြေချပါမစ်၊ ဂရန်စသဖြင့် ဆောင် ရွက်ပေးခွင့်ရှိပါတယ်''

''ဟုတ်ပါတယ် ဆရာ၊ အချို့ မြေကွက်တွေဆိုရင် ဂရန်ကျပြီးဖြစ် နေတာရှိတယ်''

''ဂရန်ရပြီမို့ ဒီမြေကွက်ကို အပြီးအပိုင် ပိုင်ဆိုင်ခွင့်ရပြီလို့ သတ်မှတ်မရဘူး။ ဂရန်စာချုပ်ဆိုတာ မြေငှားစာချုပ်ပဲဖြစ်တယ်။ အဆောက်အအုံ ဆောက်နေထိုင်ဖို့ အတွက် နှစ် ၆ဝ၊ နှစ် ၉ဝ စသဖြင့် မြေငှားစာချုပ် ထုတ်ပေးတာဖြစ်တယ်''

''ဒါဆိုရင် မြေဂရန်အမည် ပေါက်သူက မြေပိုင်ရှင်မဟုတ်ဘူးပေါ့'' ''ဥပဒေအရ ပြောရရင်တော့ နိုင်ငံတော်အစိုးရက မိမိစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေနယ်နိမိတ်ကို အခြားသူအား လွှဲပြောင်းပေးခွင့်ရှိပါတယ်။ ဒါကြောင့် မြေငှားဂရန်အရပဲဖြစ်ဖြစ်၊ ပါမစ်မြေအဖြစ် သတ်မှတ်၍ပဲဖြစ် ဖြစ်စီမံခန့်ခွဲခွင့်ကို လွှဲပြောင်းပေးတဲ့ သဘောဖြစ်တယ်''

''တရားရုံးတွေမှာ တရားစွဲဆိုရင် မြေဂရန်အမည်ပေါက်သူက ပိုင်ရှင်အဖြစ် တရားစွဲဆိုကြတာလို့ သိထား ပါတယ်''

''မှန်ပါတယ်။ ဥပဒေအရတော့ ဂရန်အမည်ပေါက်သူကို မြေမပိုင်ဟု ဆုံးဖြတ်ခွင့်မရှိကြောင်း တရားရုံးချုပ်က ဆုံးဖြတ်တဲ့ ဒေါ်ကြင်ယုံ (ခ) ဒေါ်နှင်းအောင်ပါ (၂) နှင့် ဒေါ်စိန် တင်ပါ (၂) ၁၉၉၉ ခုနှစ် စီရင်ထုံး စာမျက်နှာ ၉၁ မှာ တွေ့ရှိရပါတယ်။ ဒါကြောင့် ဥပဒေအရတော့ ဂရန် အမည်ပေါက်သူဟာ ယင်းမြေကို စီမံ ခန့်ခွဲပိုင်ခွင့်ရှိသူ (ပိုင်ရှင်) လို့ အသိအမှတ်ပြုထားပါတယ်။ ဒါပေမယ့် မြေငှားစာချုပ်ပါ ကတိတွေကိုတော့ လိုက်နာရန် တာဝန်ရှိတယ်''

''အချို့လည်း ဂရန်မရသေးဘဲ ပါမစ်လက်မှတ်သာရှိတာတွေလည်း ဖြစ်နေကြတယ်''

''ဘယ်လိုပဲဖြစ်ဖြစ်၊ သတ်မှတ်ထားတဲ့ စည်းကမ်းကို လိုက်နာရန် တာဝန်ရှိတယ်။ အခုဖြစ်နေတဲ့ ပြဿနာက မြေချပါမစ်ရသူပဲဖြစ် ဖြစ်၊ ဂရန်စာချုပ်ရသူပဲဖြစ်ဖြစ်၊ အဆိုပါ မြေကွက်ပေါ်မှာ ဆောက်လုပ်နေထိုင်ခြင်းမရှိဘဲ မြေကွက်သက် သက်ထားတဲ့ကိစ္စတွေဖြစ်တယ်''

''ဟုတ်ပါတယ်။ ကျွန်တော့်မှာ မြေကွက် ၁ဝ ကွက်ရှိပေမယ့် နှစ်ကွက်ပဲ အဆောက်အအုံဆောက်ထား ပြီး ပစ္စည်းသိုလှောင်ထားတယ်''

''မိတ်ဆွေတို့ရဲ့ ဂရန်မြေငှား စာချုပ်မှာ စာချုပ်ချုပ်ဆိုသည့်နေ့မှ ခြောက်လအတွင်း အဆောက်အအုံ စတင်ဆောက်လုပ်ရမယ်၊ နှစ်နှစ် အတွင်း အပြီးဆောက်လုပ်ရမယ်လို့ သတ်မှတ်ချက်တွေပါတယ်။ အဲဒီလိုပဲ မြေချပါမစ်မှာလည်း အိမ်ရာဆောက် လုပ်နေထိုင်ခွင့်ပြုတာဖြစ်လို့ မြေလက်ခံရရှိသူသည့်နေ့မှစ၍ (တစ်လ) အတွင်း အိမ်ရာဆောက်လုပ်နေ ထိုင်ရမယ်လို့ စည်းကမ်းချက်မှာ ဖော်ပြထားတာ တွေ့ပါလိမ့်မယ်''

''သတ်မှတ်တဲ့ ကာလအတွင်း အဆောက်အအုံဆောက်လုပ်နေထိုင် ခြင်းမရှိရင် မြေကွက်ကို ပြန်လည် သိမ်းယူနိုင်ပါသလား''

''စည်းကမ်းချက်မှာတော့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်ကို မလိုက်နာရင် ဂရန်မြေငှားစာချုပ်ကို ပယ်ဖျက်နိုင်တဲ့အပြင် မြေကွက်ကို ပြန်လည်သိမ်းယူခွင့်ရှိတယ်လို့ ဖော် ပြထားတယ်။ ဒီလိုပဲ မြေချပါမစ်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံတော်က ဥပဒေ စည်းကမ်းနဲ့ မလိုက်နာသူတွေကို ထိရောက်စွာ စိစစ်ဆောင်ရွက်ခွင့်ရှိပါတယ်''

''တကယ်လို့ ပြန်လည်အသိမ်းခံရရင် နစ်နာကြေးရနိုင်ပါသလား'' ''ဒါကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းက ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ လယ်ယာမြေဥပဒေ ပုဒ်မ(၂၆) မှာတော့ တည်ဆဲဥပဒေက တစ်ရပ်ရပ်တွင်မည်သို့ပင်ပါရှိစေကာမူ နိုင်ငံတော်အကျိုးငှာ၊ အများပြည်သူ အကျိုးငှာ သိမ်းခြင်းဖြစ်တယ်ဆိုရင်တော့ နစ်နာသူကို ထိုက်သင့်တဲ့ လျော်ကြေးပေးရန် ဆောင်ရွက်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်''

ကျွန်တော်တို့လည်း မြေကွက်အားလုံးမှာ အဆောက်အအုံ မဆောက်နိုင်သေးတော့ မြေကွက်အတိုင်းထား တာတွေလည်း ရှိတယ်ပေါ့၊ အချို့မြေကွက်တွေကိုတော့ခြံစည်း ရိုးခတ်ထားပါတယ်''

''မှန်ပါတယ်၊ အဆောက်အအုံ မဆောက်ဖြစ်တဲ့ မြေကွက်တွေမှာ ကျူးကျော်နေထိုင်သူတွေလည်း ရှိနေတတ်လို့ အမှုအခင်းတွေဖြစ်နေကြတာ မနည်းပါဘူး။ ဒါကြောင့် သက်ဆိုင်ရာက ပြန်လည်စဉ်းစားတာဖြစ်မယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် စည်း ကမ်းအတိုင်း လိုက်နာဆောင်ရွက် တာအကောင်းဆုံးပါ''ဟု အကြံပြု ဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

''ေျမခ်ပါမစ္နဲ႔ ခ်ေပးထားတဲ့ လယ္ယာေျမကို ႏိုင္ငံေတာ္အစိုးရက ျပန္လည္သိမ္းႏိုင္ပါသလား''

''ေျမခ်ပါမစ္နဲ႔ ခ်ေပးထားတဲ့ လယ္ယာေျမကို ႏိုင္ငံေတာ္အစိုးရက ျပန္လည္သိမ္းႏိုင္ပါသလားဆရာ’'

မိတ္ေဆြစီးပြားေရးသမားတစ္ဦးက စာေရးသူထံ လာေရာက္ေဆြးေႏြးျခင္း ျဖစ္သည္။

''ျပန္သိမ္းမယ္လို႔ သတင္းၾကားလို႔လား''

''ဒါနဲ႔ မိတ္ေဆြႀကီးလည္း စိတ္ လႈပ္ရွားစိုးရိမ္သြားတယ္ေပါ့'' ''ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးမွာ ႏိုင္ငံေတာ္ အေဆာက္အအုံနဲ႔ ေျမကြက္ေတြကို လုပ္ငန္းလုပ္ကိုင္ဖို႔ နည္းအမ်ိဳးမ်ိဳးနဲ႔ ရယူထားၿပီး အမွန္တကယ္လုပ္ကိုင္ ျခင္းမရွိတဲ့ ေျမကြက္နဲ႔ အေဆာက္ အအုံေတြကို ႏိုင္ငံပိုင္အျဖစ္ ျပန္လည္သိမ္းယူဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက အဆိုတင္သြင္းတယ္လို႔ ၾကားသိရလို႔ပါ''

''ဆိုပါေတာ့ ဆရာရယ္။ အမွန္ တကယ္ ျပန္လည္သိမ္းခဲ့ရင္ ကြၽန္ေတာ္တို႔ ဝယ္ထားတဲ့ သူေတြဘယ္လို အခြင့္အေရးရႏိုင္ပါသလဲ။ ဥပေဒ အရ အခြင့္အေရးရွိ မရွိ သိခ်င္လို႔ပါ''

အခုထိေတာ့ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္က ဆုံးျဖတ္အတည္ျပဳတာေတာ့ မရွိေသးပါဘူး။ ေဆြးေႏြးဆဲပဲျဖစ္ပါတယ္။ ႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာေတာ့ “ႏိုင္ငံေတာ္ရွိေျမအားလုံး၊ ေျမေပၚေျမေအာက္ ေရေပၚေရေအာက္ႏွင့္ ေလထုအတြင္းရွိ သယံဇာတ ပစၥည္းအားလုံး၏ ပင္ရင္းပိုင္ရွင္သည္ ႏိုင္ငံေတာ္ျဖစ္သည္”လို႔ ျပ႒ာန္းထားတယ္။ ဒါေၾကာင့္ မည္သည့္အခ်ိန္မဆိုပင္ ရင္းပိုင္ရွင္ျဖစ္တဲ့ ႏိုင္ငံေတာ္က ျပန္လည္သိမ္းယူခြင့္ရွိပါတယ္ ''ဒါဆို ျပန္လည္သိမ္းယူႏိုင္ တယ္ေပါ့ေနာ္''

''ဒါေပမယ့္ ဥပေဒနဲ႔အညီ ေဆာင္႐ြက္မွာျဖစ္တဲ့အတြက္ စိုးရိမ္ရမယ့္ကိစၥေတာ့ မဟုတ္ပါဘူး။ မိတ္ ေဆြႀကီးဝယ္ထားတယ္ဆိုတဲ့ လယ္ယာေျမေတြက ဘယ္မွာလဲ၊ ဘယ္လို အေထာက္အထားရရွိထားပါသလဲ''

''ရွင္းရွင္းေျပာရရင္ေတာ့ လႈိင္သာယာၿမိဳ႕နယ္ထဲမွာရွိတဲ့ လယ္ယာေျမေတြပါဆရာ။ လယ္ယာေျမေတြကို ႏိုင္ငံေတာ္ကသိမ္းၿပီး အကြက္ ႐ိုက္ေရာင္းခ်ကာ ေျမခ်ပါမစ္ထုတ္ ေပးတဲ့အထိ ေဆာင္႐ြက္ေပးတာျဖစ္တယ္''

''သက္ဆိုင္ရာ အဖြဲ႕အစည္းက လယ္ယာေျမကို အျခားနည္းအသုံး ျပဳခြင့္ေပးႏိုင္ေၾကာင္း လယ္ယာေျမ ဥပေဒမွာ ျပ႒ာန္းထားတာရွိတယ္။ လူအမ်ားသိေနတဲ့ ပုံစံ ၃ဝ (က)(ခ) ေပါ့ဗ်ာ။ အဲဒီကေန ပုံစံ ၁၅ ခြင့္ျပဳခ်က္ထုတ္ေပးၿပီး အဲဒီအဆင့္ကေန ေျမခ်ပါမစ္၊ ဂရန္စသျဖင့္ ေဆာင္ ႐ြက္ေပးခြင့္ရွိပါတယ္''

''ဟုတ္ပါတယ္ ဆရာ၊ အခ်ိဳ႕ ေျမကြက္ေတြဆိုရင္ ဂရန္က်ၿပီးျဖစ္ ေနတာရွိတယ္''

''ဂရန္ရၿပီမို႔ ဒီေျမကြက္ကို အၿပီးအပိုင္ ပိုင္ဆိုင္ခြင့္ရၿပီလို႔ သတ္မွတ္မရဘူး။ ဂရန္စာခ်ဳပ္ဆိုတာ ေျမငွားစာခ်ဳပ္ပဲျဖစ္တယ္။ အေဆာက္အအုံ ေဆာက္ေနထိုင္ဖို႔ အတြက္ ႏွစ္ ၆ဝ၊ ႏွစ္ ၉ဝ စသျဖင့္ ေျမငွားစာခ်ဳပ္ ထုတ္ေပးတာျဖစ္တယ္''

''ဒါဆိုရင္ ေျမဂရန္အမည္ ေပါက္သူက ေျမပိုင္ရွင္မဟုတ္ဘူးေပါ့'' ''ဥပေဒအရ ေျပာရရင္ေတာ့ ႏိုင္ငံေတာ္အစိုးရက မိမိစီမံခန႔္ခြဲပိုင္ခြင့္ရွိတဲ့ ေျမနယ္နိမိတ္ကို အျခားသူအား လႊဲေျပာင္းေပးခြင့္ရွိပါတယ္။ ဒါေၾကာင့္ ေျမငွားဂရန္အရပဲျဖစ္ျဖစ္၊ ပါမစ္ေျမအျဖစ္ သတ္မွတ္၍ပဲျဖစ္ ျဖစ္စီမံခန႔္ခြဲခြင့္ကို လႊဲေျပာင္းေပးတဲ့ သေဘာျဖစ္တယ္''

''တရား႐ုံးေတြမွာ တရားစြဲဆိုရင္ ေျမဂရန္အမည္ေပါက္သူက ပိုင္ရွင္အျဖစ္ တရားစြဲဆိုၾကတာလို႔ သိထား ပါတယ္''

''မွန္ပါတယ္။ ဥပေဒအရေတာ့ ဂရန္အမည္ေပါက္သူကို ေျမမပိုင္ဟု ဆုံးျဖတ္ခြင့္မရွိေၾကာင္း တရား႐ုံးခ်ဳပ္က ဆုံးျဖတ္တဲ့ ေဒၚၾကင္ယုံ (ခ) ေဒၚႏွင္းေအာင္ပါ (၂) ႏွင့္ ေဒၚစိန္ တင္ပါ (၂) ၁၉၉၉ ခုႏွစ္ စီရင္ထုံး စာမ်က္ႏွာ ၉၁ မွာ ေတြ႕ရွိရပါတယ္။ ဒါေၾကာင့္ ဥပေဒအရေတာ့ ဂရန္ အမည္ေပါက္သူဟာ ယင္းေျမကို စီမံ ခန႔္ခြဲပိုင္ခြင့္ရွိသူ (ပိုင္ရွင္) လို႔ အသိအမွတ္ျပဳထားပါတယ္။ ဒါေပမယ့္ ေျမငွားစာခ်ဳပ္ပါ ကတိေတြကိုေတာ့ လိုက္နာရန္ တာဝန္ရွိတယ္''

''အခ်ိဳ႕လည္း ဂရန္မရေသးဘဲ ပါမစ္လက္မွတ္သာရွိတာေတြလည္း ျဖစ္ေနၾကတယ္''

''ဘယ္လိုပဲျဖစ္ျဖစ္၊ သတ္မွတ္ထားတဲ့ စည္းကမ္းကို လိုက္နာရန္ တာဝန္ရွိတယ္။ အခုျဖစ္ေနတဲ့ ျပႆနာက ေျမခ်ပါမစ္ရသူပဲျဖစ္ ျဖစ္၊ ဂရန္စာခ်ဳပ္ရသူပဲျဖစ္ျဖစ္၊ အဆိုပါ ေျမကြက္ေပၚမွာ ေဆာက္လုပ္ေနထိုင္ျခင္းမရွိဘဲ ေျမကြက္သက္ သက္ထားတဲ့ကိစၥေတြျဖစ္တယ္''

''ဟုတ္ပါတယ္။ ကြၽန္ေတာ့္မွာ ေျမကြက္ ၁ဝ ကြက္ရွိေပမယ့္ ႏွစ္ကြက္ပဲ အေဆာက္အအုံေဆာက္ထား ၿပီး ပစၥည္းသိုေလွာင္ထားတယ္''

''မိတ္ေဆြတို႔ရဲ႕ ဂရန္ေျမငွား စာခ်ဳပ္မွာ စာခ်ဳပ္ခ်ဳပ္ဆိုသည့္ေန႔မွ ေျခာက္လအတြင္း အေဆာက္အအုံ စတင္ေဆာက္လုပ္ရမယ္၊ ႏွစ္ႏွစ္ အတြင္း အၿပီးေဆာက္လုပ္ရမယ္လို႔ သတ္မွတ္ခ်က္ေတြပါတယ္။ အဲဒီလိုပဲ ေျမခ်ပါမစ္မွာလည္း အိမ္ရာေဆာက္ လုပ္ေနထိုင္ခြင့္ျပဳတာျဖစ္လို႔ ေျမလက္ခံရရွိသူသည့္ေန႔မွစ၍ (တစ္လ) အတြင္း အိမ္ရာေဆာက္လုပ္ေန ထိုင္ရမယ္လို႔ စည္းကမ္းခ်က္မွာ ေဖာ္ျပထားတာ ေတြ႕ပါလိမ့္မယ္''

''သတ္မွတ္တဲ့ ကာလအတြင္း အေဆာက္အအုံေဆာက္လုပ္ေနထိုင္ ျခင္းမရွိရင္ ေျမကြက္ကို ျပန္လည္ သိမ္းယူႏိုင္ပါသလား''

''စည္းကမ္းခ်က္မွာေတာ့ သတ္မွတ္ထားတဲ့ စည္းကမ္းခ်က္ကို မလိုက္နာရင္ ဂရန္ေျမငွားစာခ်ဳပ္ကို ပယ္ဖ်က္ႏိုင္တဲ့အျပင္ ေျမကြက္ကို ျပန္လည္သိမ္းယူခြင့္ရွိတယ္လို႔ ေဖာ္ ျပထားတယ္။ ဒီလိုပဲ ေျမခ်ပါမစ္မွာ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ ႏိုင္ငံေတာ္က ဥပေဒ စည္းကမ္းနဲ႔ မလိုက္နာသူေတြကို ထိေရာက္စြာ စိစစ္ေဆာင္႐ြက္ခြင့္ရွိပါတယ္''

''တကယ္လို႔ ျပန္လည္အသိမ္းခံရရင္ နစ္နာေၾကးရႏိုင္ပါသလား'' ''ဒါကေတာ့ သက္ဆိုင္ရာ အဖြဲ႕အစည္းက ဆုံးျဖတ္ရမယ့္ ကိစၥျဖစ္ပါတယ္။ လယ္ယာေျမဥပေဒ ပုဒ္မ(၂၆) မွာေတာ့ တည္ဆဲဥပေဒက တစ္ရပ္ရပ္တြင္မည္သို႔ပင္ပါရွိေစကာမူ ႏိုင္ငံေတာ္အက်ိဳးငွာ၊ အမ်ားျပည္သူ အက်ိဳးငွာ သိမ္းျခင္းျဖစ္တယ္ဆိုရင္ေတာ့ နစ္နာသူကို ထိုက္သင့္တဲ့ ေလ်ာ္ေၾကးေပးရန္ ေဆာင္႐ြက္ႏိုင္တယ္လို႔ ျပ႒ာန္းထားပါတယ္''

ကြၽန္ေတာ္တို႔လည္း ေျမကြက္အားလုံးမွာ အေဆာက္အအုံ မေဆာက္ႏိုင္ေသးေတာ့ ေျမကြက္အတိုင္းထား တာေတြလည္း ရွိတယ္ေပါ့၊ အခ်ိဳ႕ေျမကြက္ေတြကိုေတာ့ၿခံစည္း ႐ိုးခတ္ထားပါတယ္''

''မွန္ပါတယ္၊ အေဆာက္အအုံ မေဆာက္ျဖစ္တဲ့ ေျမကြက္ေတြမွာ က်ဴးေက်ာ္ေနထိုင္သူေတြလည္း ရွိေနတတ္လို႔ အမႈအခင္းေတြျဖစ္ေနၾကတာ မနည္းပါဘူး။ ဒါေၾကာင့္ သက္ဆိုင္ရာက ျပန္လည္စဥ္းစားတာျဖစ္မယ္ထင္တယ္။ ဘာပဲျဖစ္ျဖစ္ စည္း ကမ္းအတိုင္း လိုက္နာေဆာင္႐ြက္ တာအေကာင္းဆုံးပါ''ဟု အႀကံျပဳ ေဆြးေႏြးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတိုင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service