တစ်ရွက် ၅၀၀ ကျပ်ခန့်နဲ့ ရောင်းကုန်ဖြစ်လာတဲ့ သရက်ရွက်တွေရဲ့ အကျိုးကျေးဇူး ၁၀ ခု

တစ်ရွက် ၅၀၀ ကျပ်ခန့်နဲ့ ရောင်းကုန်ဖြစ်လာတဲ့ သရက်ရွက်တွေရဲ့ အကျိုးကျေးဇူး ၁၀ ခု - Property Knowledge in Myanmar from iMyanmarHouse.com
7 Nov 2020 11:41 am တွင် တင်ခဲ့သည်
6387 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

သရက်ရွက်ဆိုတာ ကျွန်မတို့ မြန်မာနိုင်ငံမှာ ပေါပေါများများတွေ့ရတာကြောင့် သရက်ရွက်ကို မြင်ရင် ကျွန်မတို့စိတ်ထဲ သာမန်သစ်ရွက်လို့ပဲ အများအားဖြင့် ခံစားလာခဲ့ကြရမှာပါ။

ကျွန်မတို့အတွက် မထူးခြားတဲ့ သရက်ရွက်တွေဟာ အခုနောက်ပိုင်း အမေရိကန်အပါအဝင် ပြည်ပနိုင်ငံအများအပြားမှာ အစိုဆို ဈေးတစ်မျိုး (တစ်ရွက်လျှင် ၀.၄ အမေရိကန်ဒေါ်လာဝန်းကျင် (ယနေ့ပေါက်ဈေးဖြင့် မြန်မာငွေ ၅၀၀ ကျပ်ခန့်) သို့မဟုတ် ၁ အောင်စကို ၂ ဒေါ်လာဝန်းကျင် (၂၅၇၀ ကျပ်ခန့်) အခြောက်ဆို ဈေးတစ်မျိုး (၂ အောင်စကို ၁၃ ဒေါ်လာဝန်းကျင် (၁၆,၇၀၀ ခန့်)) နဲ့ ရောင်းချနေကြတာကို Amazon ၊ Alibaba စတဲ့ အီးကောမာ့စ်ဝက်ဘ်ဆိုက်ဒ်တွေကနေတစ်ဆင့် လွယ်ကူသေချာစွာ သိနိုင်ပါတယ်။

အဓိကအားဖြင့် သူတို့ပတ်ဝန်းကျင်မှာ သဘာဝအတိုင်းပေါက်ရောက်စိုက်ပျိုးထားတဲ့ သရက်ပင်ရှားပါးတာကြောင့် ဒီလိုမျိုးငွေကြေးတန်ဖိုးတစ်ခုနဲ့ အရောင်းအဝယ်ရှိကြတယ်ဆိုတာကို အလိုအလျောက်သဘောပေါက်ရပေမဲ့ သရက်ရွက်တွေက ဘာတွေများ အသုံးဝင်လို့ အခုလိုမျိုး အရောင်းအဝယ်ဖြစ်နေကြတာပါလိမ့်နော်?

စံပြုလောက်စရာ ‌နွေရာသီသစ်သီးဖြစ်တဲ့ သရက်သီးဟာ အချိုတည်းဖို့အတွက် လုံးဝကိုပြီးပြည့်စုံပါတယ်။ ဒါပေမဲ့ သရက်သီးလိုမျိုး ချိုမွှေး၊ အရည်ရွှမ်းပြီး အရသာလည်းရှိတဲ့ သစ်သီးဟာ ကျန်းမာရေးအတွက် သိပ်ကိုကောင်းမွန်တဲ့အစားအစာတစ်မျိုးလည်း ဖြစ်တယ်ဆိုတာကို ဘယ်သူတွေကများ မှန်းဆမိမှာပါလိမ့်။

ဟုတ်ပါတယ်။ ဒါအမှန်ပါပဲ။ သူ့မှာ ဗီတာမင်အေ၊ ဗီတာမင်စီတွေ ကြွယ်ဝတဲ့အပြင် ကြေးနီ၊ ပိုတက်ဆီယမ်နဲ့ မက်ဂနီဆီယမ်လိုမျိုး သတ္တုဓာတ်တွေလည်း ပေါများစွာ ပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး။ သရက်ရွက်တွေဟာ သိပ်ကိုကောင်းမွန်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအဖြစ်လည်း လက်တွေ့ကျကျလုပ်ဆောင်နိုင်ပါတယ်။ သရက်ရွက်တွေမှာ အနာရောဂါကုစားပေးနိုင်တဲ့ ဆေးဖက်ဝင် ဂုဏ်သတ္တိတွေ အပြည့်ရှိပါတယ်။ အရှေ့တိုင်းဆေးပညာမှာလည်း အလွန့်အလွန်အရေးပါတဲ့အထိကို သရက်ရွက်တွေရဲ့ အကျိုးကျေးဇူးတွေကတော့ အမျိုးမျိုးစုံလင်ကျယ်ပြောလှပါတယ်။

သရက်ရွက်တွေမှာ ဗီတာမင် စီ၊ ဘီနဲ့ အေတွေ ပါဝင်သလို အခြားအာဟာရဓာတ်များစွာလည်း ပေါကြွယ်ဝပါတယ်။ ဒီအရွက်တွေမှာ ဖလေဗိုနွိုက် (flavonoid) နဲ့ ဖီနောလ် (phenol) ဒြပ်ပေါင်းတွေ ပါဝင်မှုမြင့်မားတဲ့အတွက် အားကောင်းတဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေလည်း ရှိပါတယ်။

အဆီအနှစ်တွေထွက်လာတဲ့အထိ ရေနဲ့ပြုတ်နိုင်သလို အမှုန့်ဖြစ်အောင်လုပ်ပြီးတော့လည်း စားသုံးနိုင်ပါတယ်။ အရှေ့တောင်အာရှမှာတော့ သရက်ရွက်နုလေးတွေကို ချက်စားကြပါတယ်။ သရက်ရွက်နုလေးတွေကို ဆေးဖြစ်ဝါးဖြစ်အလို့ငှာလည်း စားသုံးသင့်ပါတယ်။ တန်ဆေးလွန်ဘေးမဖြစ်အောင်တော့ ဆင်ခြင်ရမှာပါ။

သရက်ရွက်တွေရဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေနဲ့ရောဂါပိုးမွှားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိတွေက နာမကျန်းမှုအမျိုးမျိုးကို ထိထိရောက်ရောက် ကူညီကုသပေးနိုင်ပါတယ်။

သင်မသိရှိသေးကောင်း မသိရှိနိုင်တဲ့ သရက်ရွက်ရဲ့ အံ့အားသင့်ဖွယ်အကျိုးကျေးဇူး ၁၀ ခုကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆီးချိုရောဂါကို ထိန်းညှိပေးခြင်း

- သရက်ရွက်နုလေးတွေမှာပါတဲ့ အန်သိုဆိုင်ယာနီဒင်း (anthocyanidine) လို့ ခေါ်တဲ့ တန်နင်(သဘာဝဆိုးဆေးအဖြစ် အသုံးများသော ဒြပ်ပေါင်း) တွေက ဆီးချိုရောဂါအစောပိုင်းအဆင့်ကို ကုသပေးနိုင်ပါတယ်။ အခြောက်ခံကာ အမှုန့်လုပ်ပြီး ဖျော်သောက် ဒါမှမဟုတ် နှပ်သောက်ရတာပဲ ဖြစ်ပါတယ်။ ဆီးချိုရောဂါကြောင့်ဖြစ်တဲ့ သွေးကြောရောဂါ (diabetic angiopathy) နဲ့ ဆီးချိုရောဂါကြောင့်ဖြစ်တဲ့ မျက်လုံးပြဿနာ (diabetic retinopathy) တွေကို ကုသဖို့လည်း အထောက်အကူဖြစ်ပါတယ်။ ရွက်နုတွေကို တစ်ညလုံး ရေဖန်ခွက်တစ်ခွက်ထဲစိမ်ပါ။ စိမ်ပြီးလျှင် ရေစစ်ပြီးတော့ အဲဒီရေကို ဆီးချိုရောဂါလက္ခဏာတွေ လျော့ပါးသက်သာစေဖို့ သောက်ပါ။ သွေးတွင်သကြားဓာတ်မြင့်မားတဲ့ရောဂါကိုလည်း ဒီနည်းက ကုသပေးပါတယ်။

၂။ သွေးဖိအားကို လျှော့ချပေးခြင်

- သရက်ရွက်တွေမှာ သွေးဖိအားကို လျော့ကျစေတဲ့ ဂုဏ်သတ္တိတွေ ရှိတာကြောင့် သွေးဖိအားကို ကူညီလျှော့ချပေးပါတယ်။ သွေကြောတွေကို အားကောင်းစေပြီး သွေးကြောထုံးခြင်းပြဿနာကို ကုသပေးပါတယ်။

၃။ ဂနာမငြိမ်ခြင်းကို ခုခံပယ်ရှားပေးခြင်း

- စိုးရိမ်ပူပန်မှုသောကကြောင့် ဂနာမငြိမ်ဖြစ်နေတဲ့သူတွေအတွက် သရက်ရွက်တွေက အိမ်တွင်းကုထုံးကောင်းတစ်ခုဖြစ်နိုင်ပါတယ်။ သရက်ရွက်အနည်းငယ် ဒါမှမဟုတ် သရက်ရွက်ပြုတ်ရည်နှစ်ခွက်လောက်ကို သင်ချိုးမယ့်ရေထဲ ထည့်ပါ။ သင့်ခန္ဓာကိုယ်ကို သောကဖိစီးမှုလျော့ပါးစေပြီး ပြန်လည်လန်ဆန်းစေဖို့ ထောက်ကူပေးပါတယ်။

၄။ ကျောက်ကပ်နှင့် သည်းခြေအိတ်တွင် ကျောက်တည်ခြင်းကို ကုသပေးခြင်း

- ကျောက်ကပ်နဲ့ သည်းခြေအိတ်တွေမှာ ‌ကျောက်တည်တာကို ကုသဖို့ သရက်ရွက်တွေက ပံ့ပိုးပေးပါတယ်။ ညက်နေအာင် ကြိတ်ထားတဲ့ သရက်ရွက်မှုန့်တွေကို ဖန်ခွက်ထဲ ညသိပ်ထားတဲ့ ရေနဲ့ နေ့စဥ်သောက်ပေးခြင်းအားဖြင့် ၎င်းကျောက်တွေ ကျိုးကျေထွက်ကုန်စေနိုင်ပါတယ်။

၅။ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကို ကုသပေးခြင်း

- သရက်ရွက်တွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေအားလုံးအတွက် ကောင်းပါတယ်။ အထူးသဖြင့် အအေးမိ၊ ချောင်းဆိုးရင်ကျပ်နာနဲ့ ပန်းနာရင်ကျပ်ရောဂါသည်တွေအတွက် အသုံးဝင်ပါတယ်။ သရက်ရွက်တွေကို ပျားရည်အနည်းငယ်ရောထားတဲ့‌ရေနဲ့ အဆီအနှစ်တွေထွက်လာတဲ့အထိပြုတ်သောက်ခြင်းဖြင့် ချောင်းဆိုးခြင်းကို ထိထိရောက်ရောက် ကုသနိုင်ပါတယ်။ အသံဝင်လျှင်လည်း အလားတူကုသနိုင်ပါတယ်။

၆။ ဝမ်းကိုက်ရောဂါကို ကုသပေးခြင်း

- သရက်ရွက်တွေဟာ သွေးဝမ်းကိုက်ရောဂါကုသရာမှာလည်း အကျိုးပြုပါတယ်။ ဝမ်းကိုက်တာကို ရပ်သွားစေဖို့ အရိပ်ရတဲ့နေရာမှာ သရက်ရွက်တွေကို အခြောက်လှမ်းပြီး အမှုန့်လုပ်ကာ တစ်နေ့ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ ရေနဲ့ သောက်သုံးပေးရမှာပဲဖြစ်ပါတယ်။

၇။ နားကိုက်ခြင်းများအတွက် ဆေး

- နားကိုက်တဲ့ဝေဒနာက အတော်လေးနာကျင်ခံရခက်ပါတယ်နော်။ သရက်ရွက်တွေကို နားကိုက်ပျောက်ကင်းသက်သာစေဖို့ အိမ်တွင်းဆေးဝါးတစ်ခုအနေနဲ့ သုံးလို့ရပါတယ်။ သရက်ရွက်တွေကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာအရည်ရအောင်ကြိတ်ချေညစ်ကာ အနည်းငယ်အပူပေးပြီး နားထဲအစက်ချပေးပါ။

၈။ မီး၊ အပူ၊ အက်စစ်စသည် လောင်သည့်ဒဏ်ရာအကွက်များကို ကုစားပေးခြင်း

- သရက်ရွက်ရဲ့ ပြာတွေကို ဒဏ်ရာနေရာမှာ သုတ်လိမ်းရမှာပါ။ အရေပြားကို ဝေဒနာကနေ သက်သာရာရစေပါတယ်။

၉။ ကြို့ထိုးခြင်းကို ရပ်စေခြင်း

- မကြာခဏကြိုးထိုးခြင်း ဒါမှမဟုတ် အခြားလည်ချောင်းပြဿနာတွေ ခံစားနေရတယ်ဆိုရင် သရက်ရွက်တွေက အိမ်တွင်း မဟာကုထုံးတစ်ခု ဖြစ်နိုင်ပါတယ်။ သရက်ရွက်အနည်းငယ်ကို မီးရှို့ပြီး ထွက်လာတဲ့မီးခိုးကို ရှူပေးပါ။ ဒီနည်းက ကြို့ထိုးခြင်းနဲ့ လည်‌ချောင်းပြဿနာတွေကို ကုသပေးနိုင်ပါတယ်။

၁၀။ အူအတွက် ကောင်းခြင်း

- သရက်ရွက်အချို့ကို ဘူးတစ်ခုထဲ ရေနွေးထဲထည့်ပြီး အဖုံးအုပ်ကာ ညသိပ်ထားပါ။ နောက်နေ့မနက် အိပ်ယာထထချင်း ၎င်းရေကို စစ်သောက်ပေးပါ။‌ နေ့စဥ်ပုံမှန်သောက်ပေးမယ်ဆိုရင် အစာအိမ်အတွက် အားဆေးကောင်းတစ်ခုဖြစ်ကာ သင့်ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး သင့်အစာအိမ်ကို သန့်စင်စေမှာပဲ ဖြစ်ပါတယ်ရှင်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

တစ္႐ြက္ ၅၀၀ က်ပ္ခန္႔နဲ႔ ေရာင္းကုန္ျဖစ္လာတဲ့ သရက္႐ြက္ေတြရဲ႕ အက်ိဳးေက်းဇူး ၁၀ ခု

သရက္႐ြက္ဆိုတာ ကြၽန္မတို႔ ျမန္မာႏိုင္ငံမွာ ေပါေပါမ်ားမ်ားေတြ႕ရတာေၾကာင့္ သရက္႐ြက္ကို ျမင္ရင္ ကြၽန္မတို႔စိတ္ထဲ သာမန္သစ္႐ြက္လို႔ပဲ အမ်ားအားျဖင့္ ခံစားလာခဲ့ၾကရမွာပါ။

ကြၽန္မတို႔အတြက္ မထူးျခားတဲ့ သရက္႐ြက္ေတြဟာ အခုေနာက္ပိုင္း အေမရိကန္အပါအဝင္ ျပည္ပႏိုင္ငံအမ်ားအျပားမွာ အစိုဆို ေဈးတစ္မ်ိဳး (တစ္႐ြက္လွ်င္ ၀.၄ အေမရိကန္ေဒၚလာဝန္းက်င္ (ယေန႔ေပါက္ေဈးျဖင့္ ျမန္မာေငြ ၅၀၀ က်ပ္ခန္႔) သို႔မဟုတ္ ၁ ေအာင္စကို ၂ ေဒၚလာဝန္းက်င္ (၂၅၇၀ က်ပ္ခန္႔) အေျခာက္ဆို ေဈးတစ္မ်ိဳး (၂ ေအာင္စကို ၁၃ ေဒၚလာဝန္းက်င္ (၁၆,၇၀၀ ခန္႔)) နဲ႔ ေရာင္းခ်ေနၾကတာကို Amazon ၊ Alibaba စတဲ့ အီးေကာမာ့စ္ဝက္ဘ္ဆိုက္ဒ္ေတြကေနတစ္ဆင့္ လြယ္ကူေသခ်ာစြာ သိႏိုင္ပါတယ္။

အဓိကအားျဖင့္ သူတို႔ပတ္ဝန္းက်င္မွာ သဘာဝအတိုင္းေပါက္ေရာက္စိုက္ပ်ိဳးထားတဲ့ သရက္ပင္႐ွားပါးတာေၾကာင့္ ဒီလိုမ်ိဳးေငြေၾကးတန္ဖိုးတစ္ခုနဲ႔ အေရာင္းအဝယ္႐ွိၾကတယ္ဆိုတာကို အလိုအေလ်ာက္သေဘာေပါက္ရေပမဲ့ သရက္႐ြက္ေတြက ဘာေတြမ်ား အသုံးဝင္လို႔ အခုလိုမ်ိဳး အေရာင္းအဝယ္ျဖစ္ေနၾကတာပါလိမ့္ေနာ္?

စံျပဳေလာက္စရာ ‌ေႏြရာသီသစ္သီးျဖစ္တဲ့ သရက္သီးဟာ အခ်ိဳတည္းဖို႔အတြက္ လုံးဝကိုၿပီးျပည့္စုံပါတယ္။ ဒါေပမဲ့ သရက္သီးလိုမ်ိဳး ခ်ိဳေမႊး၊ အရည္႐ႊမ္းၿပီး အရသာလည္း႐ွိတဲ့ သစ္သီးဟာ က်န္းမာေရးအတြက္ သိပ္ကိုေကာင္းမြန္တဲ့အစားအစာတစ္မ်ိဳးလည္း ျဖစ္တယ္ဆိုတာကို ဘယ္သူေတြကမ်ား မွန္းဆမိမွာပါလိမ့္။

ဟုတ္ပါတယ္။ ဒါအမွန္ပါပဲ။ သူ႕မွာ ဗီတာမင္ေအ၊ ဗီတာမင္စီေတြ ႂကြယ္ဝတဲ့အျပင္ ေၾကးနီ၊ ပိုတက္ဆီယမ္နဲ႔ မက္ဂနီဆီယမ္လိုမ်ိဳး သတၱဳဓာတ္ေတြလည္း ေပါမ်ားစြာ ပါဝင္ပါတယ္။ ဒါတင္မကေသးပါဘူး။ သရက္႐ြက္ေတြဟာ သိပ္ကိုေကာင္းမြန္တဲ့ ေဆးဖက္ဝင္ပစၥည္းေတြအျဖစ္လည္း လက္ေတြ႕က်က်လုပ္ေဆာင္ႏိုင္ပါတယ္။ သရက္႐ြက္ေတြမွာ အနာေရာဂါကုစားေပးႏိုင္တဲ့ ေဆးဖက္ဝင္ ဂုဏ္သတၱိေတြ အျပည့္႐ွိပါတယ္။ အေ႐ွ႕တိုင္းေဆးပညာမွာလည္း အလြန္႔အလြန္အေရးပါတဲ့အထိကို သရက္႐ြက္ေတြရဲ႕ အက်ိဳးေက်းဇူးေတြကေတာ့ အမ်ိဳးမ်ိဳးစုံလင္က်ယ္ေျပာလွပါတယ္။

သရက္႐ြက္ေတြမွာ ဗီတာမင္ စီ၊ ဘီနဲ႔ ေအေတြ ပါဝင္သလို အျခားအာဟာရဓာတ္မ်ားစြာလည္း ေပါႂကြယ္ဝပါတယ္။ ဒီအ႐ြက္ေတြမွာ ဖေလဗိုႏြိဳက္ (flavonoid) နဲ႔ ဖီေနာလ္ (phenol) ျဒပ္ေပါင္းေတြ ပါဝင္မႈျမင့္မားတဲ့အတြက္ အားေကာင္းတဲ့ ဓာတ္တိုးဆန္႔က်င္ဂုဏ္သတၱိေတြလည္း ႐ွိပါတယ္။

အဆီအႏွစ္ေတြထြက္လာတဲ့အထိ ေရနဲ႔ျပဳတ္ႏိုင္သလို အမႈန္႔ျဖစ္ေအာင္လုပ္ၿပီးေတာ့လည္း စားသုံးႏိုင္ပါတယ္။ အေ႐ွ႕ေတာင္အာ႐ွမွာေတာ့ သရက္႐ြက္ႏုေလးေတြကို ခ်က္စားၾကပါတယ္။ သရက္႐ြက္ႏုေလးေတြကို ေဆးျဖစ္ဝါးျဖစ္အလို႔ငွာလည္း စားသုံးသင့္ပါတယ္။ တန္ေဆးလြန္ေဘးမျဖစ္ေအာင္ေတာ့ ဆင္ျခင္ရမွာပါ။

သရက္႐ြက္ေတြရဲ႕ ဓာတ္တိုးဆန္႔က်င္ဂုဏ္သတၱိေတြနဲ႔ေရာဂါပိုးမႊားေတြကို ေသေစႏိုင္တဲ့ ဂုဏ္သတၱိေတြက နာမက်န္းမႈအမ်ိဳးမ်ိဳးကို ထိထိေရာက္ေရာက္ ကူညီကုသေပးႏိုင္ပါတယ္။

သင္မသိ႐ွိေသးေကာင္း မသိ႐ွိႏိုင္တဲ့ သရက္႐ြက္ရဲ႕ အံ့အားသင့္ဖြယ္အက်ိဳးေက်းဇူး ၁၀ ခုကို ေအာက္ပါအတိုင္း ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ဆီးခ်ိဳေရာဂါကို ထိန္းညႇိေပးျခင္း

- သရက္႐ြက္ႏုေလးေတြမွာပါတဲ့ အန္သိုဆိုင္ယာနီဒင္း (anthocyanidine) လို႔ ေခၚတဲ့ တန္နင္(သဘာဝဆိုးေဆးအျဖစ္ အသုံးမ်ားေသာ ျဒပ္ေပါင္း) ေတြက ဆီးခ်ိဳေရာဂါအေစာပိုင္းအဆင့္ကို ကုသေပးႏိုင္ပါတယ္။ အေျခာက္ခံကာ အမႈန္႔လုပ္ၿပီး ေဖ်ာ္ေသာက္ ဒါမွမဟုတ္ ႏွပ္ေသာက္ရတာပဲ ျဖစ္ပါတယ္။ ဆီးခ်ိဳေရာဂါေၾကာင့္ျဖစ္တဲ့ ေသြးေၾကာေရာဂါ (diabetic angiopathy) နဲ႔ ဆီးခ်ိဳေရာဂါေၾကာင့္ျဖစ္တဲ့ မ်က္လုံးျပႆနာ (diabetic retinopathy) ေတြကို ကုသဖို႔လည္း အေထာက္အကူျဖစ္ပါတယ္။ ႐ြက္ႏုေတြကို တစ္ညလုံး ေရဖန္ခြက္တစ္ခြက္ထဲစိမ္ပါ။ စိမ္ၿပီးလွ်င္ ေရစစ္ၿပီးေတာ့ အဲဒီေရကို ဆီးခ်ိဳေရာဂါလကၡဏာေတြ ေလ်ာ့ပါးသက္သာေစဖို႔ ေသာက္ပါ။ ေသြးတြင္သၾကားဓာတ္ျမင့္မားတဲ့ေရာဂါကိုလည္း ဒီနည္းက ကုသေပးပါတယ္။

၂။ ေသြးဖိအားကို ေလွ်ာ့ခ်ေပးျခင္း

- သရက္႐ြက္ေတြမွာ ေသြးဖိအားကို ေလ်ာ့က်ေစတဲ့ ဂုဏ္သတၱိေတြ ႐ွိတာေၾကာင့္ ေသြးဖိအားကို ကူညီေလွ်ာ့ခ်ေပးပါတယ္။ ေသြေၾကာေတြကို အားေကာင္းေစၿပီး ေသြးေၾကာထုံးျခင္းျပႆနာကို ကုသေပးပါတယ္။

၃။ ဂနာမၿငိမ္ျခင္းကို ခုခံပယ္႐ွားေပးျခင္း

- စိုးရိမ္ပူပန္မႈေသာကေၾကာင့္ ဂနာမၿငိမ္ျဖစ္ေနတဲ့သူေတြအတြက္ သရက္႐ြက္ေတြက အိမ္တြင္းကုထုံးေကာင္းတစ္ခုျဖစ္ႏိုင္ပါတယ္။ သရက္႐ြက္အနည္းငယ္ ဒါမွမဟုတ္ သရက္႐ြက္ျပဳတ္ရည္ႏွစ္ခြက္ေလာက္ကို သင္ခ်ိဳးမယ့္ေရထဲ ထည့္ပါ။ သင့္ခႏၶာကိုယ္ကို ေသာကဖိစီးမႈေလ်ာ့ပါးေစၿပီး ျပန္လည္လန္ဆန္းေစဖို႔ ေထာက္ကူေပးပါတယ္။

၄။ ေက်ာက္ကပ္ႏွင့္ သည္းေျခအိတ္တြင္ ေက်ာက္တည္ျခင္းကို ကုသေပးျခင္း

- ေက်ာက္ကပ္နဲ႔ သည္းေျခအိတ္ေတြမွာ ‌ေက်ာက္တည္တာကို ကုသဖို႔ သရက္႐ြက္ေတြက ပံ့ပိုးေပးပါတယ္။ ညက္ေနအာင္ ႀကိတ္ထားတဲ့ သရက္႐ြက္မႈန္႔ေတြကို ဖန္ခြက္ထဲ ညသိပ္ထားတဲ့ ေရနဲ႔ ေန႔စဥ္ေသာက္ေပးျခင္းအားျဖင့္ ၎ေက်ာက္ေတြ က်ိဳးေက်ထြက္ကုန္ေစႏိုင္ပါတယ္။

၅။ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာျပႆနာမ်ားကို ကုသေပးျခင္း

- သရက္႐ြက္ေတြဟာ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာျပႆနာေတြအားလုံးအတြက္ ေကာင္းပါတယ္။ အထူးသျဖင့္ အေအးမိ၊ ေခ်ာင္းဆိုးရင္က်ပ္နာနဲ႔ ပန္းနာရင္က်ပ္ေရာဂါသည္ေတြအတြက္ အသုံးဝင္ပါတယ္။ သရက္႐ြက္ေတြကို ပ်ားရည္အနည္းငယ္ေရာထားတဲ့‌ေရနဲ႔ အဆီအႏွစ္ေတြထြက္လာတဲ့အထိျပဳတ္ေသာက္ျခင္းျဖင့္ ေခ်ာင္းဆိုးျခင္းကို ထိထိေရာက္ေရာက္ ကုသႏိုင္ပါတယ္။ အသံဝင္လွ်င္လည္း အလားတူကုသႏိုင္ပါတယ္။

၆။ ဝမ္းကိုက္ေရာဂါကို ကုသေပးျခင္း

- သရက္႐ြက္ေတြဟာ ေသြးဝမ္းကိုက္ေရာဂါကုသရာမွာလည္း အက်ိဳးျပဳပါတယ္။ ဝမ္းကိုက္တာကို ရပ္သြားေစဖို႔ အရိပ္ရတဲ့ေနရာမွာ သရက္႐ြက္ေတြကို အေျခာက္လွမ္းၿပီး အမႈန္႔လုပ္ကာ တစ္ေန႔ကို ႏွစ္ႀကိမ္ကေန သုံးႀကိမ္အထိ ေရနဲ႔ ေသာက္သုံးေပးရမွာပဲျဖစ္ပါတယ္။

၇။ နားကိုက္ျခင္းမ်ားအတြက္ ေဆး

- နားကိုက္တဲ့ေဝဒနာက အေတာ္ေလးနာက်င္ခံရခက္ပါတယ္ေနာ္။ သရက္႐ြက္ေတြကို နားကိုက္ေပ်ာက္ကင္းသက္သာေစဖို႔ အိမ္တြင္းေဆးဝါးတစ္ခုအေနနဲ႔ သုံးလို႔ရပါတယ္။ သရက္႐ြက္ေတြကို လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာအရည္ရေအာင္ႀကိတ္ေခ်ညစ္ကာ အနည္းငယ္အပူေပးၿပီး နားထဲအစက္ခ်ေပးပါ။

၈။ မီး၊ အပူ၊ အက္စစ္စသည္ ေလာင္သည့္ဒဏ္ရာအကြက္မ်ားကို ကုစားေပးျခင္း

- သရက္႐ြက္ရဲ႕ ျပာေတြကို ဒဏ္ရာေနရာမွာ သုတ္လိမ္းရမွာပါ။ အေရျပားကို ေဝဒနာကေန သက္သာရာရေစပါတယ္။

၉။ ႀကိဳ႕ထိုးျခင္းကို ရပ္ေစျခင္း

- မၾကာခဏႀကိဳးထိုးျခင္း ဒါမွမဟုတ္ အျခားလည္ေခ်ာင္းျပႆနာေတြ ခံစားေနရတယ္ဆိုရင္ သရက္႐ြက္ေတြက အိမ္တြင္း မဟာကုထုံးတစ္ခု ျဖစ္ႏိုင္ပါတယ္။ သရက္႐ြက္အနည္းငယ္ကို မီး႐ိႈ႕ၿပီး ထြက္လာတဲ့မီးခိုးကို ႐ွဴေပးပါ။ ဒီနည္းက ႀကိဳ႕ထိုးျခင္းနဲ႔ လည္‌ေခ်ာင္းျပႆနာေတြကို ကုသေပးႏိုင္ပါတယ္။

၁၀။ အူအတြက္ ေကာင္းျခင္း

- သရက္႐ြက္အခ်ိဳ႕ကို ဘူးတစ္ခုထဲ ေရေႏြးထဲထည့္ၿပီး အဖုံးအုပ္ကာ ညသိပ္ထားပါ။ ေနာက္ေန႔မနက္ အိပ္ယာထထခ်င္း ၎ေရကို စစ္ေသာက္ေပးပါ။‌ ေန႔စဥ္ပုံမွန္ေသာက္ေပးမယ္ဆိုရင္ အစာအိမ္အတြက္ အားေဆးေကာင္းတစ္ခုျဖစ္ကာ သင့္ခႏၶာကိုယ္ထဲ႐ွိ အဆိပ္အေတာက္မ်ားကို ဖယ္႐ွားေပးၿပီး သင့္အစာအိမ္ကို သန္႔စင္ေစမွာပဲ ျဖစ္ပါတယ္႐ွင္။

အိမ္ျခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာ႐ွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ျခံေျမမ်ားကို သင္စိတ္တိုင္းက် ႐ွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ျခံေျမမ်ားကို သင္စိတ္တိုင္းက် ႐ွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service